pages

Wednesday, October 31, 2012

အောင်မြင်တဲ့ဘလော့ဂါတစ်ယောက်ဖြစ်ဖို့...



(ဘလော့ဂ်ဒေးအမှတ်တရ ပို့စ်တစ်ခုရေးပေးဖို့ ကိုဖြိုး က Tag ထားပါတယ်. ဒါကြောင့် ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ် ခင်ဗျာ.)

August 31 က ကျွန်တော်တို့ ဘလော့ဂါတွေ စုပေါင်းပြီး ရန်ကုန်မှာရော မန္တလေးမှာပါ ဘလော့ဂ်ဒေး အခမ်းအနားကျင်းပခဲ့တာ အားလုံးအသိပဲဖြစ်မှာပါ။ နှစ်နေရာလုံးအောင်မြင်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ပရိသတ်ကို နည်းပညာအသစ်နဲ့ မိတ်ဆက်ပေးရုံသာမက ပျော်ရွှင်ဖွယ်ရာ အစီအစဉ်လေးတွေကိုပါ ထည့်သွင်းဖြေဖျော်ခဲ့တာ သတိထားမိပါတယ်။ ဒီလိုမျိုး စိတ်ကူးစိတ်သန်းကောင်းလေးတွေကို အသုံးချတတ်တဲ့ ဘလော့ဂါမောင်မယ်တို့ကို ချီးကျူးလေးစားမိပါတယ်.

ကဲဗျာ. ကျွန်တော်တို့ ဘလော့ဂ်ခရီးလည်း တော်တော်လေး ရောက်ခဲ့ကြပြီနော်။ ဘာတွေဖြစ်နေတယ်ဆိုတာရယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာရယ်ကို တစေ့တစောင်းလောက် အကဲခတ်ကြည့်လိုက်ကြရင်း အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ အကြောင်း နည်းနည်းလောက်ဆွေးနွေးတင်ပြချင်ပါတယ်.

ဘလော့ဂါတွေကြားထဲမှာ အရင်တုန်းက ပြဿနာတစ်ခု ပုံစံမတူဘဲ ခဏခဏ၀င်လာခဲ့ဖူးပါတယ်။ အဲဒါကတော့ စာလုံးပေါင်း သတ်ပုံအမှားအမှန်ကိစ္စပါ။ ဘလော့ဂါတစ်ယောက်က သတ်ပုံမှားရေးမိမယ်။ အဲဒါကို နောက်တစ်ယောက်က ထောက်ပြမယ်။ အဲဒီ့မှာ ပြောတဲ့သူကလည်း အပြောမတတ်ဘဲ ဆရာကြီး ၀င်လုပ်တဲ့လေသံတွေ ပါလာမယ်။ အပြောခံရသူက စိတ်တိုမယ်။ ပြန်လည်ချေပပြောဆိုမယ်။ နီးစပ်ရာဘလော့ဂါသူငယ်ချင်းတွေပါ ပါဝင်လာပြီးတော့ အုပ်စုလိုက် အငြင်းပွားမှုတွေ ဖြစ်လာမယ်။ အဖြေမရတဲ့ ငြင်းခုန်ပွဲအပြီးမှာ အုပ်စုတွေကွဲလို့ ရန်သူတွေဖြစ်ကုန်ကြပါတယ်.။ တစ်ချို့ဆို ဘလော့ဂ်လောကကို စိတ်ကုန်သွားတဲ့ အထိတောင် ဖြစ်သွားကြပါတယ်။ ခံစားဖူးသူတိုင်းသိကြမယ် ထင်ပါတယ်။

ဘလော့ဂ်ရေးတာ ခေတ်မစားမီက ဖိုရမ်တွေ၊ Chat Room တွေ အတော်လေး ခေတ်ထလိုက်ပါသေးတယ်။ အဲဒီ့တုန်းက Yangon Chat တို့၊ Planet တို့မှာ လူတွေ စည်ကားခဲ့ကြတာပေါ့ဗျာ။ ချက်ကြမယ်၊ မိတ်ဆွေဖွဲ့ကြမယ်စတဲ့လူတွေ ရှိသလို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဇွတ်မေးပြီး အတင်းမိတ်ဖွဲ့၊ ရည်းစားစကားပြောဖို့ ကြိုးစား စတဲ့သူတွေလည်းရှိပါတယ်။ ခုလည်းဒီလိုရှိနေတုန်းပါပဲ။ ဒါကိုကြိုက်တဲ့သူတွေ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဘလော့ဂ်ဆိုတာ ပေါ်လာတော့ လူငယ်တွေ ဒီဖက်ကို အလုံးလိုက်အရင်းလိုက် ၀င်လာကြပြန်ပါတယ်။

ဘလော့ဂ်ရေးတာက တစ်ခြား Activity တွေနဲ့ သိပ်မတူဘူးဗျ။ သူက ကိုယ့်ရဲ့နေ့စဉ် ဒိုင်ယာရီ သဘောမျိုးအနေနဲ့ ဖြစ်နိုင်သလို ပညာသင်ယူတဲ့နေရာ၊ ပညာမျှဝေတဲ့နေရာ၊ ပရဟိတလုပ်ငန်းများအတွက် စည်းရုံးနှိုးဆော်တဲ့နေရာ၊ လူမှုဆက်ဆံရေးနည်းပညာတွေကို သင်ယူတဲ့နေရာ စသည်ဖြင့် အမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ ကိုယ်ရေးတဲ့ဘလော့ဂ်က ဘယ်လိုပုံစံဖြစ်လာမလဲ ဆိုတာကိုလည်း ကိုယ်ပဲဆုံးဖြတ်သွားတာပါ။ အခုနောက်ပိုင်းဆိုရင် ဘလော့ဂါတွေ အများကြီးစုပေါင်းရေးသားတဲ့ ဘလော့ဂ်ကောင်းလေးတွေပါ ထွက်ပေါ်လာတာ သတိထားမိပါတယ်။ ဒီလိုရေးသားနိုင်ဖို့ ကိုယ်တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်လို့မရတော့ပါဘူး။ အများနဲ့ညှိနှိုင်းပြီး သူတို့ပါဝင်ရေးသားချင်လာအောင် ရည်ရွယ်ချက်ကောင်းဖို့၊ စည်းရုံးတတ်ဖို့ပါ လိုအပ်လာပါတယ်။

အရင်တုန်းက တော်တော်များများက ယူဆခဲ့ကြပါတယ်။ ဘလော့ဂ်ရေးတယ်ဆိုတာဟာလည်း Online Activity တစ်ခုပါပဲ။ အချိန်တန်ရင် ငြီးငွေ့သွားပြီး အသစ်တစ်ခုကို ထပ်ရှာမှာပါပဲလို့ပေါ့။ ပြီးတော့လည်း ထင်ကြပါသေးတယ်။ ဘလော့ဂါတွေဆိုတာဟာလည်း Online Community တစ်ခုပါပဲ။ အပြင်မှာ လက်တွေ့မကျဘူးလို့ ယူဆခဲ့ကြဖူးပါတယ်။

ဒီအမြင်တွေ မမှန်ကန်မပြည့်စုံဘူးဆိုတာကို မကြာခင်ကမှ ကျင်းပပြီးစီးသွားတဲ့ ဘလော့ဂ်ဒေး အခမ်းအနားနဲ့ မကြာခင်ထုတ်ဝေတော့မယ့် ဘလော့ဂ်စာအုပ်တို့က သက်သေပြနေပါတယ်။ ဘလော့ဂါတွေ Online ပေါ်မှာ တွေ့ဆုံရင်းနှီးခဲ့ကြရုံသာမက အပြင်လက်တွေ့ဘ၀ထဲမှာပါ လုပ်ဖို့ခဲယဉ်းတဲ့ ကိစ္စတွေကို အောင်မြင်စွာ လုပ်ဆောင်သွားနိုင်ခဲ့တယ်။ ရင့်ကျက်မှုတွေ၊ ပညာပြည့်ဝမှုတွေကို ပြသနိုင်ခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့ ဘလော့ဂါတွေကို အိပ်မက်ထဲမှာပဲ အိပ်ပျော်နေသူတွေ၊ မိန်းမောနေသူတွေလို့ ယူဆမိရင် မှားမယ်လို့ ရဲဝံ့စွာ ပြောချင်ပါတယ်။

ဘလော့ဂ်တစ်ခုလုပ်ဖို့ လွယ်သလားမေးရင် လွယ်ပါတယ်လို့ ပြန်ဖြေရပါမယ်။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ရော လွယ်သလားထပ်မေးရင်တော့ ထင်သလောက် မလွယ်ဘူးလို့ ပြန်ဖြေချင်ပါတယ်။

ဘာလို့လဲဆိုတော့

ဘလော့ဂါတိုင်း ဘလော့ဂ်ရှိကြတယ်။ ဒါပေမယ့် ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂါကောင်းတစ်ယောက် ဖြစ်မလာနိုင်ဘူး။

ဟုတ်ကဲ့။ မအံ့ဩပါနဲ့ခင်ဗျာ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့၊ အများလက်ခံတဲ့ စာပေတွေ ရေးသားနိုင်ဖို့ဆိုတာကျတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေသာမက ကိုယ်ပြဋ္ဌာန်းတဲ့ စေတနာပေါ်လည်း မူတည်ပါတယ်။

ကဲ. ဘလော့ဂ်တစ်ခုရပြီ။ ရေးတယ်ဗျာ။ ပို့စ်တစ်ခု. နောက်နေ့လာမယ်. ရေးမယ်. နောက်တစ်ခု. နောက်နေ့. နောက်တစ်နေ့. တစ်ပတ်နှစ်ပတ်လောက်နေတော့ ခင်ဗျား ဘာဆက်ရေးရမယ် မသိတော့ဘူး။ ကဲ. ဘယ်လိုလုပ်ကြမလဲ။

သူများတွေများ ရေးနေလိုက်တာ ပို့စ်တွေတစ်ခုပြီးတစ်ခု၊ ကော်မန့်တွေလည်း ရနေလိုက်ကြတာ သူတို့ပဲ သိမ်းကျုံးယူနေသလား အောက်မေ့ရတယ်. ငါ့ကျတော့ ဘယ်သူမှလည်း လာအားမပေး. ငါ့ရဲ့ဆီဘောက်စ်လေးမှာ ဘယ်သူမှ လာနှုတ်မဆက်. ငါကိုယ်တိုင်လည်း ဘာဆက်ရေးရမယ် မသိ. အဲဒီ့မှာ ခင်ဗျား ဘလော့ဂါဖြစ်မဖြစ် သက်သေပြရတော့မယ်..

တစ်ခုဖြတ်ပြောမယ်… ဘလော့ဂါကောင်းတစ်ယောက်အတွက် ရေးစရာမရှားဘူး. သူ့မှာ ပြဿနာနှစ်ခုပဲ ရှိနေတယ်. ရေးနိုင်ဖို့အချိန်ရယ်၊ ရေးချင်တဲ့စိတ်ရယ်ပဲ လိုနေတယ်. အဲဒီ့နှစ်ခုနဲ့ပြည့်စုံရင် ပို့စ်တွေတစ်ခုပြီးတစ်ခု ရေးနေနိုင်တယ်.

အခုခင်ဗျားမှာ ရေးစရာပြတ်နေတယ်. ဘာဆက်ရေးရမယ်မသိဘူး. နီးစပ်ရာဘလော့ဂါ တစ်ချို့ကိုမေးမြန်းပြီး အကြံဥာဏ်တောင်းကြည့်တော့လည်း သူတို့ကပြန်ပြောပါလိမ့်မယ်.

Everything is bloggable. မင်းကြိုက်တာသာရေး...

အဲဒါမှဒုက္ခ၊ ဘာရေးရမှန်းမသိပါဘူးဆို ကြိုက်တာရေးတဲ့….

ဟုတ်ပြီဗျာ. အဲလိုမျိုး ကျွန်တော့်ကို တစ်ယောက်ယောက်က လာမေးမယ်ဆိုပါတော့. ဘာရေးရမလဲ. ကိုယ့်ဘလော့ဂ်ကို လူလာအောင်ဘယ်လို လုပ်ရမလဲ. အောင်မြင်တဲ့ဘလော့ဂါတစ်ယောက်ဖြစ်အောင် ဘယ်လိုပို့စ်တွေ ရေးရမလဲ.

စိတ်ချ. ကျွန်တော်ပြောတာတွေကိုသာ တသွေမတိမ်းလုပ်. ခင်ဗျား အောင်မြင်စေရမယ်.

၁. စာဖတ်ရမယ်၊ ဗဟုသုတလေ့လာဆည်းပူးရမယ်
၂. ဘလော့ဂ်ရေးတာကို အမှန်တကယ်စိတ်ပါဝင်စားရမယ်
၃. သင့်တော်တဲ့ အချိန်တစ်ခုကို ခွဲဝေပေးနိုင်ရမယ်
၎. မိတ်ဆွေအပေါင်းအသင်းအသစ်တွေ ရယူလိုစိတ်ရှိရမယ်
၅. ကိုယ့်ရဲ့စိတ်ခံစားချက်ကို နိုင်နင်းရမယ်၊ ရိုးသားရမယ်


အဲဒီ့လောက်ဆိုရင် ခင်ဗျားမှာ ဘလော့ဂါကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေရှိလာပါပြီ. 

Monday, October 29, 2012

ဗုဒ္ဓနည်းကျ လူကဲခတ်နည်းပညာ





အနာနဲ့ဆေး တည့်အောင်ပေးနိုင်တော်မူသော မဟာသမားတော်ကြီး ဗုဒ္ဓရှင်တော်ဘုရားသည် သဗ္ဗညုတဥာဏ်တော်ပိုင်ရှင် ဖြစ်တော်မူသည့်အတွက် မည်သို့သော သူအား ၊ မည်သည့် တရားပေးတော်မူမှ ၊အို၊နာ၊သေ ကင်းသည့် နိဗ္ဗာန် ရောက်နိုင်မည့်အရေးကို သိတော်မူလေသည်။
လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့အားသူ့အကြိုက် နှင့် သူ့စရိုက်ကို(အနာကို)
သင့်လျော်သည့် ဓမ္မ (ဆေး) ဖြင့် ချမ်းသာအောင် (ရောဂါ ပျောက်ကင်းအောင်)
၄၅-၀ါ (၄၅-နှစ်)တိုင်တိုင် ပရိနိဗ္ဗာန် ၀င်စံတော် မူခါနီး သည်အထိ ကုသ ကယ်တင်တော်မူခဲ့ပါသည်။

ပရစိတ္တ၀ိဇာနနဥာဏ် (သူတပါးစိတ်ကို သိနိုင်သောဥာဏ်) ကို မရလျှင် လူကဲခတ်ဖို့ (သူတစ်ပါး စရိုက်ကိုသိဖို့)ခဲယဉ်းလှပါ၏။
သို့သော် လူတစ်ယောက်၏ အသွားအလာ အနေအထိုင် တို့ကိုလည်းကောင်း ၊
အလုပ်များ လုပ်သည့်အခါ ကျန သေသပ်မှု ရှိ / မရှိ ကိုလည်းကောင်း ၊
နှစ်သက်တတ်သော အစာအာဟာရကို ကြည့်ဖြင်းအားဖြင့်လည်းကောင်း ၊
ကြည့်ရှုပုံ ၊ နားထောင်ပုံ စသည်ကိုလည်း ၊
ကုသိုလ် အကုသိုလ် အရာမှာ များစွာ ဖြစ်လေ့ရှိသော အကြောင်းအရာကို
စဉ်းစားကြည့်ရှု သတိပြုကာ ဒီလူဟာ မည်သို့သော လူဖြစ်ဟု လူကဲခတ်နိုင်ပါကြောင်း ဗုဒ္ဓဟောကြားထားခဲ့ပါ၏။

(၁) ရာဂအကျင့်စရိုက်ရှိသူ ကို အကဲခတ် ဝေဖန်ပိုင်းခြား ကြည့်ခြင်း

(က) ရာဂအကျင့်စရိုက်ရှိသူ၏ အသွားအလာ အနေထိုင်မှာ ယဉ်ယဉ်ကျေးကျေး သေသေသပ်သပ်ရှိခြင်း။
(ခ) အလုပ်လုပ်သည့်အခါ ကျနသေသပ်ခြင်း ။
(ဂ) အစာစားရာမှာ အချိုအဆိမ့် ၊ အမွှေးအကြိုင် နှင့် နုညံ့သော အစားအစာတို့ကို နှစ်သက်တတ်ခြင်း။
(ဃ) လှလှပပ ရူပါရုံ ၊ သဒ္ဒါရုံ လေးများ တွေ့လျှင် မခွာချင်အောင် ဖြစ်တတ်ခြင်း။
(င) စိတ်နေစိတ်ထား အားဖြင့် ကောက်ကျစ် စဉ်းလဲ ၊ ပရိယာယ် မာယာများ ၊ မာနကြီး ၊
လောဘရမ္မက်ကြီးတတ်၏။

(၂) သဒ္ဓါအကျင့်စရိုက်ရှိသူ ကို အကဲခတ် ဝေဖန်ပိုင်းခြား ကြည့်ခြင်း

အထက်ပါ ရာဂအကျင့်စရိုက်ရှိသူမှာ ဖြစ်တတ်သည့် (က)၊ (ခ)၊ (ဂ) ၊ (ဃ) တို့မှာ
သဒ္ဓါအကျင့်စရိုက်ရှိသူမှာလည်း ဖြစ်လေ့ရှိ၏။
သို့သော် စိတ်နေ သဘောထားမှာ မာယာ စသော အကုသိုလ်များ ဖြစ်လေ့မရှိဘဲ ကြည်ကြည်လင်လင်ရွှင်ရွှင်လန်းလန်း ပေးကမ်း လှူဒါန်းလေ့ရှိ၏။
ဘုရားသွား ၊ ကျောင်းတတ် ပြုလုပ်ကာ ဘုရား နှင့် ရဟန်းသံဃာတော်များအား ကိုးကွယ်ဆည်းကပ်ခြင်း။တရားတော်များအား မှတ်သားနာယူလေ့ရှိ၏။

(၃) ဒေါသ အကျင့်စရိုက်ရှိသူအား ဝေဖန် သုံးသပ်ကြည့်ခြင်း

ဒေါသစရိုက်ရှိသူများဟာ -

(က) အသွားအလာ အနေအထိုင် ကြမ်းတမ်းခြင်း။

(ခ) လုပ်ငန်း ကိစ္စများ ဆောင်ရွက်ရာတွင် သပ်ရပ်မှု မရှိခြင်း။

(ဂ) ချဉ် ၊ ငန် ၊ စပ် ၊ ခါး ၊ စူးရှသော အရသာများ စားသုံးတတ်ခြင်း။

(ဃ) မကောင်းသော အာရုံများနှင့် တွေ့ဆုံလျှင် ယမ်းပုံ ထဲမှာ မီးကျသကဲ့သို့ သည်းခံ အောင့်အီး နိုင်ခြင်းမရှိဘဲဆဲဆို ၊ ငေါက်ငန်း ၊ ကြမ်းတမ်းစွာ စိတ်တိုတတ်ခြင်း။

(င) စိတ်နေ သဘောထားကား --

ရန်ငြိုးဖွဲ့မှုဟူသော အာဃာတ၊ မနာလိုမှု ၊ ၀န်တိုမှု၊ သူများဂုဏ်ကို ချေဖျက်လိုခြင်းဟူသော မက္ခ၊

ဂုဏ်တု ဂုဏ်ပြိုင် ပြုလုပ်ခြင်းဟူသော ပဠာသ ၊ အပြောအဆို အဆုံးအမခက်ခြင်း စသော

အကုသိုလ်တရားများ အဖြစ်များလေသည်။

(၄) ပညာအကျင့်စရိုက် ရှိသူများအား သုံးသပ် ဝေဖန်ကြည့်ခြင်း

ပညာစရိုက်ရှိသူများဟာ--

အသွားအလာ အနေအထိုင် မှာတော့ ဒေါသစရိုက်ရှိသူနှင့်တူ၏။

သို့သော် စိတ်တိုခြင်း စသော အပြစ်များနှင့် ရောနှော မှု မရှိဘဲ ဆိုဆုံးမ လွယ်ကူ၏။

စားသောက်သည့် နေရာမှာ ချင့်ချင့်ချိန်ချိန် စားသောက်လေ့ရှိခြင်း။

သံသရာအရေး (ရှေ့ရေး) ကို မျှော်ဆပြီး ကုသိုလ်ကောင်းမှုများ လုံလ ၀ီရိယသန်သန်ဖြင့် ပြုလုပ်လေ့ရှိခြင်းတို့ကြောင့် သူမြတ်တစ်ယောက်ဖြစ် သတ်မှတ်ရပေလိမ့်မည်။

(၅) မောဟအကျင့်စရိုက်ရှိသူများအား ဝေဖန် သုံးသပ်ကြည့်ခြင်း

မောဟစရိုက်ရှိသူများဟာ ---

အသွား အနေအထိုင်နှင့် ပတ်သတ်လို့ ဖွတ်၊ ပဒတ် ဆိုသော သတ္တ၀ါများနှင့်တူတယ်လို့ ဆရာတော်ကြီးကဥပမာပေးထားပါတယ်။ ဖွတ် ၊ ပဒတ် ဆိုတာ ဘယ်လို အကောင်မျိုးလဲဆိုတော့

သွားလာတဲ့နေရာမှာ လျှပ်လျှပ်ဆိုသွားလိုက် ပြီးရင် မှိုင်ငေးနေလိုက် နဲ့ တွေဝေနေသော အကောင်များလို့ဆိုရပါမယ်။ ဖွတ် ၊ ပဒတ် မမြင်ဘူးသူများကတော့ ပုတ်သင်ညို နဲ့ နှိုင်းကြည့်လို့လည်းရပါ၏။

လုပ်ငန်းများ လုပ်တဲ့အခါ ရှုပ်ရှုပ်ပွေပွေ လုပ်တတ်သော အကျင့်၇ှိခြင်း။

အစားအသောက်မှာ ဘယ်ဟာကြိုက်နှစ်သက်တယ်ဆိုတာမရှိ။

ကိုယ်ပိုင်စဉ်းစားဥာဏ်မရှိသဖြင့် နေရာတကာမှာ သူများနောက်လိုက်သာဖြစ်ပြီး

သူများက ချီးမွမ်းရင် လိုက်ချီးမွမ်းတာဘဲ။

သူများက ကဲ့ရဲ့ရင် လိုက်ကဲ့ရဲ့တာဘဲ။ သူများခေါင်းညိမ့်ခိုင်းတိုင်း ညိမ့်တတ်သည့် ပုတ်သင်ညိုလို့ သဘောတကျ ဖြစ်တတ်တယ်။

သတိပညာကင်းလျက် ထိုင်းမှိုင်း ဖျင်းအခြင်း ၊ ပျံလွန့်နေသော စိတ်သဘောထားတွေနဲ့ ထိုသူများ

အချိန်ကုန်လွန်လေ့ရှိကြ၏။

(၆) ၀ိတက်အကျင့်စရိုက်ရှိသူများအား ဝေဖန်သုံးသပ်ကြည့်ခြင်း

ဝိတက် စရိုက်ရှိသူများဟာ--

မောဟသမားများနှင့် ရွှေမန်းတင်မောင်ပါဘဲ။ (ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း)

ထူးမခြားနားပါဘဲ။

အကြံတွေများ စကားတွေကပေါ ကိစ္စမချောဘဲ မျောနေသည်ကများ၏။

ကောင်းသောလုပ်ငန်း ကုသိုလ်လမ်းများမှာ အစွမ်းအစမရှိ။ ပျင်းရိရိသာဖြစ်၏။

ဟေးလားဝါးလား မိမိလို လူ့ပေါက်ပန်း များနှင့် ရောနှော ဆက်ဆံပျော်မွေ့ကာ ထွေရာလေးပါး

အကြံများလျက် လောကကြီး၏ လူပို လူအား သက်သက်ဖြစ်လေတော့သည်။

မှတ်ချက်။ ။ တောင်မြို့ ဘာသာဋီကာ ကျမ်းပြုအကျော် ဆရာတော်ကြီး၏ သင်္ဂြိဟ်ဘာသာဋီကာမှ

ထုတ်နှုတ်ရေးသားခြင်းဖြစ်ပါသည်။

မေတ္တာဖြင့်

အရှင်ပညာဝံသ(ဥပဒေ)
မူရင်း http://www.dhammapalace.org/

Do not become slaves to any holy book. (ကျမ်းစာအုပ်၏ ကျေးကျွန်များ မဖြစ်ကြပါနှင့်။)



There was once a man who formed a religious cult and people regarded him as a very learned person. He had a few followers who recorded his instructions in a book. Over the years the book became voluminous with all sorts of instructions recorded therein. The followers were advised not to do anything without first consulting the holy book. Whenever the followers went and whatever they did, they would consult the book which served as the manual in guiding their lives. One day when the leader was crossing a timber bridge, he fell into the river. The followers were with him but none of them knew what to do under the circumstances. So they consulted the holy book.
"Help! Help!" the Master shouted, "I can't swim."
"Please wait a while Master. Please don't get drowned," they pleaded. "We are still seaching in our holy book. There must be an instruction on what to do if you fell off from a wooden bridge into a river."
While they were thus turning over the pages of the holy book in order to find out the appropriate instruction, the teacher disappeared in the water and drowned.



The important message of the story is that we should take the enligtened approach and not slavishly follow outdated conservative ideas, nor resort to any holy book without using our common sense. On the face of changing circumstances, new discoveries and knowledge, we must learn to adapt ourselves accordingly, and respond to them by using them for the benefit of everybody.

သီတင်းကျွတ် ( အဘိဓမ္မာအခါတော်နေ့ )



ဆီမီးရယ်ထိန်ထိန်လင်း-- သီတင်းကျွတ်သည်ချိန်ဆီ -- မြမြင့်မိုသည်ပွဲ ချိမ့်ချိမ့်သဲ မစဲတော့သည် -----
ကိုသန်းလှိုင်သီဆိုထားတဲ့ ဖူးပွင့်ဝေစီ ၁၂ လရာသီ သီချင်းထဲမှသီတင်းကျွတ်လ နှင့်ဆိုင်
သောအပိုဒ်ကလေးဖြစ်ပါသည် ၊ မှန်ပါသည် သီချင်းကျွတ်လ တွင် မြင့်မိုရ်ပွဲဆင်နွဲလေ့ရှိသဖြင့်
ဆီမီးတွေထိန်ထိန်လင်းရခြင်းဖြစ်ပါသည် ၊
ရှေးစာဆိုတော်ကြီးများကတော့ သီချင်းကျွတ်လကို ဤသို့ဖွဲ့ဆိုထားပါသည်

ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊
လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
...ပြာမှိန်လျက် မြူချေဆိုင်း .. ။
...ဂါရဝေ ၊
သက္ကစ္စံ ပဏမေဖြင့် သဒ္ဒါခြွေကန်တော့ပွဲကိုလ
...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊
မျိုးမြန်မာတိုင်း ............ ။

သီတင်းကျွတ်တွင် မည်သည့်နက္ခတာရာများထွန်းလင်း၍မည်သည့်ရာသီတွင်ကျရောက်သည်၊ရာသီပန်း
မှာဘာပန်းဖြစ်သည်စသည်တို့ပါဝင်အောင်စပ်ဆိုထားပါသည် ၊
မြန်မာလတလ၏အကြောင်းကိုရေးမည်ဆိုလျင်ထိုအချက်များကိုတော့မပါမဖြစ်
ဖေါ်ပြရမှာဖြစ်ပါသည် ၊
သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင်သတ္တမမြောက်လဖြစ်
သည် ၊ ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာတူရာသီဖြစ်ပြိး၊

အဿဝတီကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်၊
ရာသီအမှတ်တံဆိပ်မှာချိန်ခွင်ရုပ်ဖြစ်သည်
သီတင်းကျွတ်လ မှာရက်မစုံလဖြစ်သည် ၊ နေထွက်ချိန်နံနက် ၆ နာရီဖြစ်ပြိးနေ၀င် ချိန်ညနေ ၆ နာရီဖြစ်သဖြင့်နေ့တာညတာတူသည်၊ရာသီပန်းမှာ ကြာဖြူပန်းဖြစ်ပါသည် ကြာမျိုးငါးပါးစုံစုံလင်လင်ပွင့်ကြပါသည် ၊
ဝါတွင်းသုံးလအတွင်း ရဟန်းတော်များ ညအိပ်ခရီးမထွက်ရဘဲတနေရာထဲတွင်
သတင်းသုံးကြခဲ့ရသည် ။ လူတို့သည်လဲအိမ်ထောင်ပြုခြင်း လက်ထပ်ထိမ်းများခြင်းကို
ဝါတွင်းတွင်မပြုလုပ်ကြပါ ၊ ၀ါကျွတ်ပြီ သတင်းဝါလကျွတ်ပြီဆိုလျှင် ရဟန်းများလဲ ည
အိပ်ခရီးထွက်နိုင်ကြပြီး ။လူတို့သည်လဲ ၀ါကျွတ်ပြီဆိုလျှင် လက်ထပ်ထိမ်းမြားခြင်း ၊အိမ်
ထောင်ပြုခြင်းများကိုပြုလုပ်နိုင်ကြတော့သည် ၊
သီတင်းကျွတ် မီးထွန်းပွဲတော်သည်ရာသီပွဲတော်များတွင်ထင်ရှားသော
ထင်ရှားသောပွဲတော် တစ်ခုဖြစ်သည် ၊ သီတင်းကျွတ်လတွင်မိဘများနှင့်သက်ကြီးရွယ်
အိုများကို ၀န်ချကန်တော့ကြသောအလေ့များပြုခဲ့ကြသည်၊ထိုဓလေ့ထုံးစံများစတင်လာ
ခဲ့သည့် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါ ကစခဲ့ပါသည် ၊
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာနတ်ပြည်တွင် ၀ါဆိုတော်မူပြီး

မယ်တော် သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာအနှံ့ မှ နတ်ဗြဟ္မာအပေါင်းတို့ အားအဘိဓမ္မာတရားတော်ကိုဟောကြားတော်မူသည်
သီတင်းကျွတ်လပြည့်နေ့ ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်း ခြံရံကာ

ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်း များဖြင့် စီချယ်ထား အပ်သော
ရတနာ စောင်းတန်းဖြင့် သင်္ကဿနဂိုရ် ပြည်သို့ပြန်လည်ဆင်းသက်တော်မူ သည်၊အလွန်အံ့သြဘွယ် သပ်ပါယ်ကြည်နူးဘွယ်၊တို့ဖြင့်မြတ်စွာဘုရားကိုဖူးမြင်ရသော
ပြည်သူအပေါင်းတို့သည် မီးရှူးမီးတိုင်များ ၊ မီးပန်းများ ဆီးမီးများ ဆွမ်းပန်းရေချမ်းတို့
ဖြင့်မြတ်စွာဘုရားအားဆီးကြို ပူဇော်ကြသည်။တချို့ကတာဝတိံတာနတ်ပြည်မှစူဌာမဏီ

စေတီကိုရည်ူ၍မီးပုံးများပြုလုပ်၍ကောင်းကင်သို့လွှတ်တင်ပြီးပူဇော်ကြသည်။
ထိုကဲ့သို့ပူဇော်ကြသည်ကိုအကြောင်းပြု၍ယနေ့ခေတ်အခါတိုင်အောင်သီတင်း
ကျွတ်လပြည့်နေ့တွင်နှစ်စဉ်မီးထွန်းပွဲကိုကျင်းပပြုလုပ်ကြခြင်းဖြစ်ပါသည် ။
ဤနေရာတွင် ဂေါတမမြတ်စွာဘု၇ားသည် ၀ါတွင်း ၃ လမတိုင်ခင်ကမည်သို့
မည်ပုံမယ်တော်ရှိရာတာဝတံသာနတ်ပြည်သို့ကြွချီတော်မူသွားသည်ကိုဖေါ်ပြရန်လို
မည်ဟုထင်ပါသည် ၊ အကြောင်းက ဒီလိုပါ

ဂေါတမမြတ်စွာဘုရားဖြစ်သည့်အချိန်တွင် တိထ္တိတက္ကဒွန်းများကလဲ သူတို့
ကိုယ်သူတို့ဘုရားဟုထုတ်ဖေါ်ကျေညာပြီး သူ့ဝါဒနှင့်သူ ဘုရားလုပ်နေကြပါတယ် ၊
များသောအားဖြင့်တိထ္တိကြီးတို့မှာ အ၀တ်မ၀တ်ကြပါ။အလွန်ချိုးခြံသောအကျင့်ကိုကျင့်
နိင်သည်ဟူ၍တိထ္တိတို့ကိုကိုးကွယ်နေသူများကလည်းရှိနေပါတယ် ၊၊အနာတပိဏ်သူဌေး
ကြီးပင်လျင် နေ့စဉ်ဂေါတမဘုရားကျောင်းသို့မ၀င်မှီ တိထ္တိကြီးတို့ထံကိုလည်း
သွားရောက်လေ့ရှိပါတယ် ၊



သစ္စကပရဗိုဇ်ဆိုတဲ့တိထ္တိကြီးဆိုလျှင် ဝေသာလီပြည်ကလစ္ဆ၀ီမင်းသားတို့ပညာ
တွေသင်ပေးနေတဲ့ဆရာကြီဆိုတော့ဘုရားကိုပညာပြိုင်ချင်တယ်လို့စိန်ခေါ်ထားပါတယ်
ကျန်တဲ့တိထ္တိတွေကလဲ ဘုရားနဲပညာပျြိုင်ချင်တယ်လို့စိန်ခေါ်ထားကြပါတယ် ၊
မြတ်စွာဘုရားက တိထ္တိကြီးများကို သရက်ဖြူပင်ရင်းတွင်တန်ဘိုးပြိုင်မည်ဟုပြန်ပြီး
ကျေညာထားလိုက်ပါတယ် ၊
အ၀တ်မ၀တ်တဲ့တိထ္တိကြီးတွေကသူတို့ကိုယ်သူတို့တန်ခိုးမရှိမှန်းလဲသိပါတယ် ၊
ဒါပေမဲ့သူတို့ကိုကိုးကွယ်နေတဲ့သူတွေအထင်ကြီအောင်လို့မဏ္ဍုပ်တွေဆောက်ပြီးတန်
ခိုးပြိုင်ဘို့ပြင်ဆင်ထားကြပါတယ်၊ ဂေါတမကိုလဲ တန်ခိုးမပြနိုင်အောင်သရက်ဖြူပင်မှန်
သမျှကိုအကုန်ခုတ်ခိုင်းထားပါတယ် ၊
အဲဒီလိုဟို တိထ္တိကြီးကလဲ သူသာလျင်ဘုရားဖြစ်သည်။ ဒီက နေရာမှာတိထ္တိကြီး
ကလည်းသူသာလျင်ဘုရားဖြစ်သည်ဟု အသီးသီးဘုရားလုပ်နေကြသောကြောင့်
ရာဇဂြိုလ်ပြည်မှသူဌေးသားတဦးကဘုရားအစစ် ရဟန္တာအစစ်မည်သူဖြစ်သည်ကိုသိလို
တဲ့အတွက် စန္ဒကူးသစ်သားဖြင့်ထွင်းထုထားသောသပိတ်ကိုအတောင်ခြောက်ဆယ်အ
အမြင့်ရှိတဲ့တိုင်ပေါ်မှာချိတ်စွဲထားလိုက်ပါတယ်၊ရဟန္တာအစစ်ဆိုလျင်ဈာန်ဖြင့်ကြွပြီး

စန္ဒကူးသပိတ်ကိုအလှူခံပါ လို့ဆိုလိုက်ပါတယ် ၊
အဲဒီအချိန်မှာရာဇဂြိုလ်ပြည်ကိုဆွမ်းခံကြွလာတဲ့ရှင်မောဂ္ဂလာန်နဲ့ ရှင်ပိဏ္ဍောလ
ရဟန္တာ နှစ်ပါးက တိထ္တိတို့လုပ်ရပ်ကြောင့်သတ္တ၀ါတို့ယုံမှားသံသယဖြစ်မှာကိုစိုးပြီး ၊ရှင်
ပိဏ္ဍောလမထေရ်ကိုတန်ခိုးပြပြီး သပိတ်ကိုအလှူခံဘို့တိုက်တွန်းလိုက်တဲ့အတွက် ၊
ရှင်ပိဏ္ဍောလမထေရ်ဟာကောင်းကင်ကိုဈာန်နဲ့ကြွပြိး သူဌေးသားရဲ့သပိတ်ကိုအလှူခံ
လိုက်ပါတယ် ၊
တိထ္တိကြီးတွေက စန္ဒကူးသပိတ်ကိုမယူနိုင်ပေမဲ့ အရှက်မရှိဘဲ သူတို့မယူချင်လို့
မယူတာဆိုပြီး အမျိုးမျိုးပြောနေကြတယ် ၊ သာဝတ္တိပြည်ကိုဘုရားကြွလာပြီးတန်းခိုးပြိုင်
ဘို့ကိုဘဲအမျိုးမျိုးပြောနေကြတယ် ၊ဂေါတမမြတ်စွာဘုရား သ၀တ္တိပြည်ကိုရောက်တဲ့
အခါမှာ သရက်ဖြူဥယျာဉ်ကိုစောင့်တဲ့ဥယျာဉ်မှူးက တလုံတည်းသောကျန်တဲ့သရက်ဖြူ
သီးကိုလှူလိုက်တယ် ၊ဘုရားကဘုန်းပေးတော်မူပြီး အစေ့ကိုအပင်စိုက်ခိုင်းလိုက်တယ် ၊
အဲဒီသရက်စေ့စိုက်တဲ့မြေပေါ်ကိုဘုရားရှင်ကလက်ဆေးချလိုက်တဲ့အခါမှာချက်ချင်းဘဲ
သရက်ဖြူပင်ကြီးပေါက်လာပြိး အသီးတွေဖြိုင်ဖြိုင်သီးလာတော့တယ် ၊ လာရောက်ကြည့်ရှူနေကြတဲ့ပ၇ိတ်သတ်တွေကလဲမြတ်စွာဘုရားရဲ့တန်းခိုးတော်ကိုမြင်
ပြိးသီးလာတဲ့သရက်သီးတွေးကိုစားကြတယ်သရက်သီးအစေ့တွေနဲ့တိထ္တိကြီးတွေကို

လိုက်ပေါက်ကြပါတယ် ၊
အဲဒီအခါမှာမြတ်စွာဘုရားက ကောင်းကင်ကိုဈာန်နဲ့ကြွတော်မူပြီးရေမီးအစုံနဲ့
တန်ခိုးပြတော်မူတယ် ၊ရေမီးအစုံနဲ့တန်ခိုးတော်ပြတယ်ဆိုတာ၊ဘယ်ဘက်ခြေဖ၀ါးတော်
က ရေတွေထွက်လာပြိး ညာဘက်ခြေဖ၀ါးတော်က မီးတွေထွက်လာတယ် ၊ဘယ်ဘက်
ဘယ်ဘက်လက်ဖ၀ါးတော်ကမီးတွေထွက်လာပြိး၊ ညာဘက်လက်ဖ၀ါးတော်ကရေတွေ
ထွက်လာတယ် ၊ ဘယ်ဘက်မျက်လုံးတော်က ရေတွေထွက်လာရင် ညာဘက်မျက်လုံး
တော်က မီးတွေထွက်လာတယ် ၊ အဲဒီလို ရေမီးအစုံနဲ့တန်ခိုးတွေတော်ပြရင်းနဲ့မယ်တော်
ရှိရာတာဝတိံတာနတ်ပြည်ကိုကြွမြန်းတော်မူခဲ့တာဖြစ်ပါတယ် ၊
မြေပြင်ပေါ်ကတိထ္တိကြီးတွေလဲ ဘုရားတန်းခိုးပြတဲ့ ရေတွေထဲမှာ သူတို့်ဆောက်
ထားကြတဲ့မဏ္ဍုပ်တွေနဲ့အတူမြောကုန်ကြပါတော့တယ် ၊

ထူး -- မ ခြားနား မီးရေ စုံကား ရောင်တော်ထွေပြား --- ထူးထွေသည့်အံ့ရာ --
ဆိုတဲ့ ထူး မှခြားနား သီးချင်းကြီးကိုကြားဘူးမှာပေါ့ အဲဒါ မြတ်စွာဘုရားေ၇မီးအစုံပြပြီး
နတ်ပြည်ကို ကြွသွားတာကို ပူဇော်တဲ့သီချင်းကြီသီချင်းခန့်ဖြစ်ပါတယ် ၊ မြ၀တီမင်းကြီး
ဦးစ ရေးစပ်သီးကုံးတယ်လို့ထင်ပါတယ် ၊

မြတ်စွာဘုရားနတ်ပြည်မှာမယ်တော်ကို အဘိဓမ္မာတရားဟောပါတယ်၊အဘိဓမ္မာ
တရားဟာအလွန်ခက်ခဲနက်နဲပါတယ်၊တရားကိုတဆက်ထဲတောက်လျှောက်နာရမှနား
လည်တယ်လို့ဆိုပါတယ် ၊ ဒီအဘိဓမ္မာတရားကိုလူ့ပြည်မှာဟောရင် ၃လလောက်ကြာ

မှာမို့လူသားများအနေနဲ့နာနိင်မှာမဟုတ်တဲ့အတွက် နတ်ပြည်မှာဟောရခြင်းဖြစ်ပါတယ်
နတ်ပြည်ကတော့အချိန်ကလများလူ့ပြည် ၃ ဆိုတာ နတ်ပြည်မှာ တနာရီတောင်မပြည့်
ဘူးလို့လို့ဆိုပါတယ် ၊မြတ်စွာဘုရားကလဲလူသားဗုဒ္ဓဆိုတော့ ခန္ဒာကိစ္စ၊ဆွမ်းစားဆွမ်းခံ
လုပ်ရသေးတာမို့  ထိုကိစ္စများကိုက္ကုဒ္ဓိအစိန္တယျတန်ခိုးတော်ဖြင့်နိမ္မိတကိုယ်ပွါးတော်တ

တကိုယ်ဖန်ဆင်းပြီးလူပြည်ကိုခန္ဓာကိစ္စဆွမ်းစားဆွမ်းခံကြွတော်မူရပါတယ် ၊
အဲဒီအခါမှာ စန္ဒကူးတောမှာဝါကပ်တော်မူနေတဲ့ အရှင်သာရပုတ္တရာတွေ့ပြီး နတ်ပြည်
မှာဟောကြားနေတဲ့ အဘိဓမ္မာတရားတော်ကိုအကျဉ်းမျှဟောကြားခဲ့ပါတယ် ၊

အဘိဓမ္မာသည်ကျမ်းအားဖြင့် ဓမ္မသင်္ဂဏီ ၊ ၀ိဘင်း ၊ ဓာတုကထာ ၊ ပုဂ္ဂလပညတ်
ကထာဝတ္တု ၊ ယမိုက် ၊ ပဌာန်း ဟူ၍ ခုနှစ်ကျမ်းရှိသည် အရှင်သာရိပုတ္တရာသည် ဗုဒ္ဓအ
ကျဉ်းမျှဟောကြားတော်မူခဲ့သောအဘိဓမ္မာ တရားကိ မိမိဥာဏ်ဖြင့်အဖန်ဖန်သုံးသပ်ပြီး
လူသားတို့ဥာဏ်အမှီသလောက်ကိုထပ်ဆင့်အကျဉ်းချုံး၍၀ါဆိုတော်မူကြသောရဟန်း
များအားပြန်လည်ဟောကြားတော်မူခဲ့သည် ၊ အဘိဓမ္မာတရားတော်ကိုလူပြည်တွင်ရှေး
ဦးစွာနာယူရသောပုဂ္ဂိုလ်မှာ အရှင်သာရိပုတ္တရာဖြစ်သည် ၊ နတ်ပြည်လူ့ပြည်တို့၌
အဘိဓမ္မာတရားစတင်ပေါ်ထွန်းသည့်အနှစ်မှာ မဟာသက္ကရဇ် ၁၀၉ ခုနှစ်ဖြစ်ပါသည် ၊
ဟောကြားနေသည်ကာလမှာ ၀ါတွင်း သုံးလ ဟောကြားပြီးဆုံးသည့်ကာလမှာ
သတင်းကျွတ်ပြည့်နေဖြစ်သည် ၊ထို့ကြောင့် လူပြည်တွင် သတင်းကျွတ်လပြည်နေ့ကို
အဘိဓမ္မာအခါတော်နေု့သတ်မှတ်ပြိး အဘိဓမ္မာတရားများဟောကြားကြခြင်းဖြစ်ပါသည်
များသောအားဖြင့် ပဌာန်ဒေသနာတော်ကိုအသံမစဲပူဇော်ကြသည်ကို တွေကြုံရမည်ဖြစ်
ပါသည် ၊
သီတင်းကျွတ်လ ၀ါကျွတ်တွင် လူကြီးမိဘများအား ၀န်ချတောာင်းပန်ကန်တော့
ကြသောဓလေ့မှာလဲ မြတ်ဗုဒ္ဓနှင့် ဗုဒ္ဓရဟန်းတော်များနှင့်ပတ်သက်၍ဖြစ်ပေါ်လာရခြင်း
ပင်ဖြစ်ပါသည် ၊
ဗုဒ္ဓသည် နတ်ပြည်တွင်မယ်တော်အား အဘိဓမ္မာတရားဟောရခြင်းသည်မိခင်
အားကျေးဇူးဆပ်ခြင်းဖြစ်သည် ၊
ဒွေမေ ဘိက္ခဝေ ဒုလ္လဘာ လောကသ္မီံ ပုဗ္ဗကာရီ ကတဒေ၀ီ လို့ အဂုင်္ထို၇်ပါဌိ
တော်မှာ ပါရှိပါတယ် ၊
ချစ်သားတို့ လောက၌ရှေးဦးမဆွကျေးဇူးပြုတက်သောသူ၊ သူပြုသောကျေးဇူးကို
ဖေါ်ထုတ်ကျေးဇူးဆက်သောသူ သည်တွေ့ရခဲသည် ။ အမိအဘတို့သည်ရှေးဦးမဆွ
ကျေးဇူးပြုအပ်သောသူများဖြစ်သည် ၊ကျေးဇူးဆပ်ရာတွင် အယူမှားနေသောမိဘကို
အယူမှန်လာအောင် ၊ သရဏဂုံမတည်သောမိဘကိုသရဏဂုံတည်လာအောင်တရားဖြင့်
ကျေးဇူးဆပ်ခြင်းသည်အမြတ်ဆုံးဖြစ်သည်ဟုမိန့်တော်မူပါတယ် ၊
ဤသို့ဘုရားရှင်ကိုယ်တော်တိုင်ကျေးဇူးဆပ်ခြင်း ၊ကျေးဇူးပြုခြင်းကိုအလေးထား
၍ပြုတော်မူခဲ့သည်ကိုနှလုံးမူကြလျက် အမိအဘတို့အား ကျေးဇူးဆပ်သောအနေဖြင့်
ကန်တော့ကြခြင်းဖြစ်ပေသည် ၊
မင်္ဂလသုတ်မှာလဲ မာတာမိတုဥပထာနံ ပုတ္တာဓရသင်္ဂဟော လို့ဟောတော်မူ
ပါတယ် ၊ အမိအဘနဲ့ သက်ကြီးဝါကြီးများကို ရိုသေလေးစားခြင်း သည်မင်္ဂလာလို့ဟော်
ထားတြာ့ဖစ်ပါတယ် ၊
ကန်တော့ရာတွင် မိမိပြုမှားမိခဲ့သောအပြစ်များကို ခွင့်လွှတ်ပါရန် ၀န်ချတောင်း
ပန်၍ကန်တော့ခြင်းကိုလဲ ထိုသီတင်းကျွတ်တွင်ပင်ပြုလုပ်ကြသည် ၊
ဒီအကြောင်းကလဲ သီတင်းကျွတ်မှာဘဲဖြစ်ပါတယ်၊ တခုသောဝါမဆိုခင်ကာလတ
ခုမှာကောသမ္ဗီပြည်မှာ ၀ိနည်းဆောင်ရဟန်းများ နဲ့ သုတ္တန်ဆောင်ရဟန်းများအချင်းများ
ကြရာမှာ ဗုဒ္ဓဆုံးမသည်ကိုပင် မနာယူကြဘဲ သံဃာ့အဓိကရုဏ်ကြီးဖြစ်ပြီးသံဃာများ
ဂုဏ်းကွဲကုန်ကြတဲ့အတွက် ဘုရားရှင်ဟာ ရဟန်းများ နောင်တတရားရစေရန်အတွက်
ကောသမ္ဗီပြည်ကနေ ပုလလဲတောကို တပါးထဲကြွပြိး ပုလလဲတောမှာဘဲ ၀ါဆိုတော်မူ
နေပါတယ် ၊ အဲဒီအချိန်မှာ ပုလလဲတောဆင်ကြီးကလဲ အပေါင်းအသင်းတွေနဲ့နေရတာ
မပျော်ပိုက်တာနဲ့ တကောင်ထဲထွက်လာရာမှာ ဘုရားနဲ့တွေ့ပြီး အ၀ါတွင်းလုံးဘုရားကို
အလုပ်အကြွေးပြုစုနေပါတယ် ၊
ဝါတွင်းသုံးလပတ်လုံး ဘုရားကိုလဲမဖူးရ ဘုရားတရားကိုမနာရတော့ကောသမ္ဗီ ပြည်သူတွေက

ရဟန်းများ ဘုရားအဆုံးအမကိုမနာခံဘဲ ဂိုဏ်းကွဲနေတာကိုသိတဲ့ကြ
တော့ ရဟန်းများပြန်လည်မသင့်မြတ်ရင် ဆွမ်းမလောင်းဘူးလို့အကြပ်ကိုင်တော့မှ
ဝါကျွတ်မှာဘုရားရှင်ကို ရှင်အနန္ဒာဦးဆောင်ပြိးပြန်ပင့်ကြပါတယ် ၊
မြတ်စွာဘုရားက ပုထုစဉ်နှင့် အရိယာများစိတ်နေစိတ်ထားကွာခြားပုံ သောတ
ပန်တို့ရဲ့စိတ်နေသဘောထားကိုဟောကြားတဲ့အတွက် သံဃာများအချင်းချင်း မိမိတို့
အချင်းချင်း ပြု မှားခဲ့တာတွေကို အပြန်အလှန်ဝန်ချတောင်းကြပြီးတဲ့နောက်ပြန်လည်
သင့်မြတ်သွားကြပါတယ် ၊ ( ကောသမ္ဗီသုတ် )
ဒါကြောင့် သီတင်းကျွတ်မှာ မိဘနဲ့တကွ လူကြီးသူမ များကို ကန်တော့တဲ့အခါ
မှာ မိမိတို့ ကာယကံ ၀စီကံ မနောကံတို့ဖြင့် ပစ်မှားခဲ့သည်ရှိသော် ခွင့်လွှတ်ပါလို့ဝန်ချ
ပြိး တောင်းပန်ကန်တော့ကြရတာဖြစ်ပါတယ် ၊
ကန်တော့ခံကြရတဲ့လူကြီးမိဘတွေကလဲ ထုံးစံအတိုင်း ဘုန်းကြီးပါစေ ၊ သက်
ရှည်ပါစေ အန္တရယ်မျိုး ၉၆ ပါး ကင်းကြပါစေ လို့ ဆုပေးပြိးတဲ့အပြင် မင်းတို့ ငါတို့
အပေါ်မှာ ကာယံ ၀စီကံ မနောက တို့ဖြင့်ပစ်မှားထားတာတွေရှိရင်ခွင့်လွှတ်ပါတယ် လို့
ပြန်ပြီး ဆုပေးဘို့လိုပါတယ် ၊ ဒါမှ ခလေးတွေဟာ အပစ်ကင်းတဲ့သူကလေးတွေဖြစ်ပြီး
ဒီတနှစ်မှာ ပျော်ပျော်ရွှင်နဲ့ ဘ၀ခရီးကိုဆက်လက်ပြီးလျှောက်လှမ်းနိုင်ကြမှာဖြစ်ပါတယ်
လို့ တင်ပြရင်း သီးတင်းကျွတ်ဆောင်းပါးကိုနိဂုံးချုပ်လိုက်ပါတယ် ၊


မောင်သုည
မှီငြမ်းကိုးကားသောစာပေများ
မောင်ထင် ၁၂ လရာသီဆောင်းပါးများ
ဒေါ်ခင်မျိုးချစ် ၁၂ လရာသီဆောင်းပါးများ
ရတနာစည်ဆရာတော် ( လွယ်လင်) ၏ အဘိဓမ္မာနှင့်မြန်မာ
မောင်ပိုင် ၏ ကျေးဇူးဆပ် ထူးမြတ်အခါ သီတင်းကျွတ် ပုဏ္ဏမာ

မူရင်း http://crazybag.ning.com/ 

မိမိ (Facebook, G talk,etc…) Account အခိုးမခံရအောင် ဘာတွေလုပ်ရမလဲ


မိမိ (Facebook, G talk,etc…) Account အခိုးမခံရအောင် ဘာတွေလုပ်ရမလဲ



အကောင့်အခိုးခံရတယ်၊ အဟက်ခံရတယ်လို့ ခဏခဏ ကြားနေရပါတယ်။ စာရေးသူ စဉ်းစားကြည့်လိုက် ပါတယ်။ ဘာလို့ သူတို့တွေချည်း ကွက်ကြားမိုး ရွာလို့ အကောင့်တွေ အခိုးခံနေရတာပါလိမ့်လို့။ မသိသူ ကျော်သွား သိသူဖော်စားဆိုတာထက်၊ မသိသူတွေချည်း ခံနေရပုံ ပေါက်ပါတယ်။

ဘာလို့ Account တွေ အခိုးခံရ သလဲ

အဓိကကတော့ မိမိ Account လုံခြုံရေးအားနည်းလို့ပါပဲ။ ဘာလို့လုံခြုံရေး အားနည်းတာလဲလို့ မေးရင်တော့ နံပါတ် ၁ - နည်းပညာ ဗဟုသုတ နည်းပါးမှု၊ နံပါတ် ၂ - နမော်နမဲ့နိုင်မှု ဖြစ်ပါတယ်။ အချို့ ကျ Hardware ရော၊ Software ရော ဆရာကျနေအောင် တော်ပြီး အကောင့်လေးတစ်ခုကျတော့ ခဏခဏပျောက်တတ် ကြပါတယ်။ အချို့ ကျပြန်တော့လဲ တကယ်မသိလို့ အညှပ်ချခံရပြီး အကောင့်တွေ ဆုံးရှုံးကြပါတယ်။



ဒါဆို သိသင့်တဲ့အချက်တွေက ဒီမှာ စပါပြီ။

Facebook ပဲသုံးသုံး၊ Twitter ပဲသုံးသုံး - ဆိုရှယ် Network တော်တော် များများဟာ Address bar မှာ https:// ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ s ပါတယ်ဆိုတဲ့အကြောင်းက မိမိရဲ့ လျှို့ ဝှက်ကုဒ်နံပါတ်နဲ့ Data တွေကို SSL နည်းပညာနဲ့ ကာကွယ်တားဆီးပေးထားခြင်းဖြစ်ပါတယ်။ သူ့ကို Transport Layer Security လို့လည်း လူသိများပြီး မိမိ Transport လုပ်လိုက်တဲ့ အချက်အလက်တိုးကို လုံခြုံစေမှာ ဖြစ်ပါတယ်။ s သာ မပါရင်တော့ ဒါဟာ အင်မတန် လုံခြုံရေး ညံ့ဖျင်းတဲ့ ဝဘ်ဆိုဒ်ပဲဖြစ်ပါတယ်။ s မပါတဲ့ အခြား Social Network တွေလည်း ရှိကြပါတယ်။ သုံးသင့်မသုံးသင့်ဆိုတာကတော့ မိမိဘာသာ ဆုံးဖြတ်စေချင်ပါတယ်။.

နတ်ကိုးကွယ်သူများ သရဏဂုံ ပျက်- မပျက်

သရဏဂုံတည်မှု၊ သရဏဂုံပျက်မှု နှစ်ခုလုံးသည် ရှိခိုးခြင်းစသည်ကိုပြုသူ၏ နှလုံးသွင်းစိတ်ထားအပေါ် အခြေပြုနေကြောင်း ထင်ရှားပေသည်။ ဤသဘောကို သုတ်သီလက္ခန်အဋ္ဌကထာ၊ အဂုင်္တ္တိုရ် အဋ္ဌကထာများ၌ “သေဋ္ဌ ဝသေနေဝ ဟိ သရဏံ ဂဏှာတိ၊ သေဋ္ဌဝသေန စ ဘိဇ္ဇတိ” ဟု အတိအကျ မုချမိန့်ဆိုထားကြ၏။ အဓိပ္ပာယ်မှာ “ရတနာသုံးပါးကို လောကဓာတ်တစ်ခုလုံး၌ အမြတ်ဆုံးအလှူခံဟု မှတ်ယူကာ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ အရိုအသေပြုခြင်းတို့ကို ပြုလုပ်လျှင် သရဏဂုံယူပြီးဖြစ်၏။ သရဏဂုံ တည်ပြီးဖြစ်၏။ (အသေချာ မှတ်သားထားသင့်၏)။ သရဏဂုံ တည်ပြီးသူသည် ရတနာသုံးပါးမှတစ်ပါး အခြား နတ်၊ ဘိုးတော်၊ တိတ္ထိရဟန်း စသည်တို့တွင် တစ်ဦးဦးကို တစ်လောကလုံးတွင် အမြတ်ဆုံးအလှူခံဟု နှလုံးသွင်းကာ ရှိခိုးခြင်း စသည်တို့ကို ပြုမိလျှင် မူလဆောက်တည်ထားသည့် သရဏဂုံ ပျက်တော့၏” ဟု ဆိုလိုပေသည်။

အဋ္ဌကထာများလာ ပါဠိဝါကျ၏ အနက်မှာ “ဟိ- သရဏဂုံတည်ပုံ ပျက်ပုံကို အတိုချုပ်ပြဆိုဦးအံ့။ သေဋ္ဌဝသေနေဝ- တစ်လောကလုံးတွင် အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်၏ အစွမ်းအားဖြင့်သာလျှင်၊ သရဏံ- ကိုးကွယ်ခြင်းကို (ဝါ) သရဏဂုံကို၊ ဂဏှာတိ-ယူရာရောက်၏။ စ- ထို့ပြင်၊သေဋ္ဌဝသေန- အမြတ်ဆုံး အလှူခံ ပုဂ္ဂိုလ်၏ အစွမ်းအားဖြင့်သာလျှင်၊ သရဏံ- တည်နေသော သရဏဂုံသည်၊ ဘိဇ္ဇတိ- ပျက်သွားတော့၏။” ဤအဋ္ဌကထာများ၏ အဆိုအမိန့်သည် သရဏဂုံတည်မှု၊ သရဏဂုံပျက်မှုတို့နှင့်ပတ်သတ်၍ ခွဲခြမ်းဝေဖန် စိစစ်ရမည့် “စံ”ဖြစ်သည်။ ဤ “စံ” ဖြင့် စိစစ်တိုင်းတာ၍ သရဏဂုံတည်သည်၊ သို့မဟုတ် သရဏဂုံပျက်သည်ဟု ဆုံးဖြတ်ရမည်။

နတ်ကိုးကွယ်သူ၊ ဘိုးတော် စသည်တို့ကို ကိုးကွယ်သူတို့ မူလခံယူဆောက်တည်ထားသည့် သရဏဂုံ ပျက်- မပျက်နှင့် ပတ်သက်ရာ၌လည်း ဤအဋ္ဌကထာများလာ (စံ) ဖြင့်ပင် စိစစ်တိုင်းတာ၍ ဆုံးဖြတ်ရပါမည်။ ကိုးကွယ် ဟူသော ဝေါဟာရကို (၁)ဆည်းကပ်ပူဇော်အားထားသည်။(၂)။ အားထားမှီခိုသည်။(၃)။ နတ်ပူဇော် ပသသည်ဟု မြန်မာအဘိဓာန်၌ သုံးနက်ဖွင့်ဆိုထားသည်။ ဤပဏိပါတ သရဏဂုံအရ ရှိခိုးခြင်း၊ ခရီးဦးကြိုဆို ခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းတို့သည်လည်း သရဏဂုံ= ကိုးကွယ်မှုပင်ဖြစ်၏။

အကျဉ်းချုပ် စိစစ်ရလျှင် မူလသရဏဂုံတည်နေသော ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်ယောက်သည် တစ်လောက လုံးတွင် အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်(အဂ္ဂဒက္ခိဏေယျ) ဟု နှလုံးသွင်းမှတ်ယူကာ နတ်၊ ဘိုးတော်၊စသူတို့ကို ကိုးကွယ်လျှင်(ဝါ)ရှိခိုးမှု၊ ခရီးဦးကြိုဆိုမှု၊ အရိုအသေပြုမှု၊ လက်အုပ်ချီမှုတို့ကို ပြုလျှင် မူလသရဏဂုံပျက်ပါ သည်။ တစ်လောကလုံးတွင် အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်ဟု နှလုံးသွင်းမှတ်ယူမှုမျိုး မရှိဘဲ မပူဇော် မပသလျှင် (ဝါ) မရှိခိုးလျှင် ဘေးအန္တရာယ်ပြုမည်စိုးသောကြောင့်လည်းကောင်း၊ စီးပွားလာဘ်လာဘ တိုးတက်စေလိုသော အကြောင်း စသည်တို့ကြောင့်လည်းကောင်း ထိုနတ်၊ ဘိုးတော်၊ စသူတို့အား ပူဇော်ပသမှု၊ ရှိခိုးမှုကိုပြုလျှင် မူလသရဏဂုံ မပျက်ပါချေ။( အသေအချာ မှတ်သားရန်လို၏)

ဆက်၍ဆိုပါဦးမည်။ ဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့် နတ် ဘိုးတော် စသူတို့ကို ကိုးကွယ်ကောင်းသည်ဟု ဆိုရသော်လည်း သူတို့ကို ကိုးကွယ်သည့်အခါ ရတနာသုံးပါထက် မကျော်လွန်မိဖို့ အထူးသတိပြုသင့်ကြ၏။ ဘုရားကို ဆွမ်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှုပူဇော်ရန် သတိမရကြသော်လည်း နတ်ပွဲ၊ ဘိုးတော်ပွဲများမှာ အုန်းသီး၊ ငှက်ပျောသီး၊ ပန်းစသည်တို့ မညှိုးနွမ်း မခြောက်ရလေအောင် အထူးဂရုစိုက်သူများ ရှိကြ၏။ နတ်၊ ဘိုးတော်တို့၏ ရုပ်တု၊ ရုပ်ပုံများကိုလည်း ဘုရားစင်တွင် ဘုရားနှင့် တစ်တန်းတည်း တင်ထားကိုးကွယ်ကြ၏။ အထူးသတိထားသင့်ပါသည်။

ဤအပြုအမူများသည် နတ်၊ဘိုးတော်တို့ကို ရတနာသုံးပါထက် ပိုပြီး အမြတ်ထားသည့်သဘော သက်ရောက်နေ သည့်အတွက်မူလ သရဏဂုံ ပျက်နိုင်ပါသည်။ ထို့ကြောင့် နတ် စသူတို့ကို ကိုးကွယ်သူများသည် နတ်၊ ဘိုးတော် စသူတို့ထက် ရတနာသုံးပါးကို ပိုပြီး ဂရုတစိုက် ကိုးကွယ်ဆည်းကပ်ကြရမည်။ ရတနာသုံးပါးကို ထိုအရာများ ထက် ပိုပြီး အမြတ်တနိုးထားနိုင်ပါမှ၊၊ ဂရုစိုက်နိုင်ပါမှ မူလခံယူဆောက်တည်ထားသည့် သရဏဂုံ တည်မြဲမည် ဖြစ်ပါသည်။ အမရပူရမဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကလည်း ဤအဋ္ဌကထာများလာ အဆိုအမိန့်များကို ကိုးကား၍ ဖော်ပြခဲ့သည့်အတိုင်း ဆုံးဖြတ်ထားပေသည်။ အချုပ်မှာ နတ်၊ ဘိုးတော်၊ စသူတို့ကို ကိုးကွယ်တိုင်း သရဏဂုံမပျက်၊ ပျက်သည်လည်းရှိ၏။ မပျက်သည်လည်းရှိ၏။ ကိုးကွယ်မှုအနေအထားကိုလိုက်၍ ပျက်- မပျက် ဆုံးဖြတ်ရမည်။

သရဏဂုံညစ်နွမ်းခြင်း
လောကုတ္တရာသရဏဂုံ၊ လောကီသရဏဂုံနှစ်ပါးတို့တွင် လောကုတ္တရာ သရဏဂုံသည် မည်သည့်အခါမျှ ညှိုးနွမ်းမှုမရှိ၊ ပျက်မှုမရှိ။ အမြဲတစေ သန့်ရှင်းစင်ကြယ်လျက်ရှိ၏။ ပုထုဇဉ်တို့ သန္တာန်၌ ဖြစ်သော လောကီသရဏဂုံမှာမူ ရတနာသုံးပါးတို့၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို မသိနားမလည်ခြင်း(အညာဏ)၊ ရတနာသုံးပါတို့အပေါ်၌ တကယ့်ဘုရားစစ် ဘုရားမှန်ပဲဖြစ်သလား၊ ဘုရားစစ်ဘုရားမှန် မဟုတ်ဘဲ ဖြစ်လေသလား” ဟု ယုံမှားသံသယဖြစ်ခြင်း(သံသယ)၊ ရတနာသုံးပါးတို့၏ ဂုဏ်တော်၊ ကျေးဇူးတော်များကို မှန်ကန်သည့် ဂုဏ်တော်၊ ကျေးဇူးတော်များ မဟုတ်ဟု မမှန်မကန် ဖောက်ဖောက်ပြန်ပြန် ရှုမြင်ခြင်း၊(မိစ္ဆာဥာဏ)၊ ရတနာသုံးပါးတို့၌ လေးစားမှု ရိုသေမှုများ ကင်းမဲ့ခြင်း၊(အနာဒရ၊ အဂါရဝ)) စသည်တို့ကြောင့် ညစ်နွမ်း၏။ ထိုသရဏဂုဏ်သည် မစင်ကြယ်၍ အရောင်မလတ်၊ အစွမ်းသတ္တိ မကြီးမြတ် တော့ချေဟု အဋ္ဌကထာ၌ ဖွင့်၏။ အထူးသတိထားရမည်ဖြစ်ပါသည်။
ဆက်လက်ရေးသားပါဦးမည်။
မှတ်ချက်။          ။ ဓမ္မာစရိယဦးအေးနိုင်(ဘီအေ)၏ ဗုဒ္ဓဘာသာဂုဏ်ရည်စာအုပ်မှ ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။

နောက်ထက်ကြီးပွားကြောင်းတရားလေးပါး



(၁)ဥဋ္ဌာန သမ္ပဒါ-ထကြွလုံ့လနဲ့ပြည့်စုံခြင်း
ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေက စေတနာကောင်းရင်၊ ဘုရားရှိခိုးနေရင်၊ ပရိတ်ပဋ္ဌာန်းစ တဲ့တရား စာတွေ ဂါထာတွေ ရွက်နေရင်၊ ပုတီးစိပ်ရင် အလိုလိုပစ္စည်းဥစ္စာတွေ ၀င်လာတယ်လို့ထင်ကြ တယ်။ တချို့ နလဘိန်းတုန်းတွေကတော့ နတ်တို့၊ ဓာတ်တို့ကိုးကွယ်နေရင်သူတို့က မစမယ်လို့တောင် ယုံကြည်နေကြသေးတယ်။ဒီနေရာမှာ ကြားဖြတ်ပြီးပြောချင်တာက ဗုဒ္ဓဘာသာဆိုတာ
၁။creator 
၂။saviour 
၃။destroyer ဆိုတဲ့ပုဂ္ဂိုလ်သုံးမျိုး သို့မဟုတ်  အရာသုံးမျိုးကိုပယ်ပြီး မိမိမှာရှိတဲ့ စွမ်းရည်သတ္တိကိုအသုံးချတဲ့သူကို ဆိုလိုတာပါ။
   တနည်းအားဖြင့် အဲဒီသုံးကို ပယ်ခြင်းပါပဲ။စွမ်းရည်သတ္တိဆိုတာ အပြင်ဘက်စွမ်းရည်သတ္တိနဲ့ အတွင်းဘက်စွမ်းရည်ဆိုပြီးနှစ်မျိုးရှိပါတယ်။ဗုဒ္ဓဘာသာဟာ External powerကို အားမကိုးပဲ မိမိနှလုံးသားထဲက  Internal powerဆိုတဲ့ စိတ်စွမ်းရည်သတ္တိကိုသာလျှင် အားကိုးပါတယ်။ မိမိသည်သာလျှင်မိမိရှိ အားကိုးရာပဲမဟုတ်လား။
တော်ကြာ ဗုဒ္ဓဘာသာလို့ အမည်ခံပြီး ဗုဒ္ဓဘာသာမဖြစ်ပဲ ဖြစ်နေအုန်းမယ်။
ကဲဟုတ်ပြီ။ဝီရိယရဲ့ ဘယ်လောက်အရေးကြီးသလဲ ဆိုတာပြောရအောင်။မြတ်စွာဘုရား ဟောကြားတော်မှုတဲ့ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ကိုအကျဉ်းချုံ့ရင် ဗောဓိပက္ခိယတရား ၃၇ပါး ရပါတယ်။အဲဒါကိုအကျဉ်းပြန်ချုံ့ရင် မဂ္ဂင် ၈ပါးရတယ်။ ထပ်ချုံ့ရင်သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးရပြန်ပါတယ်။ဒီထဲမှာပြောချင်တာက ဗောဓိပက္ခိယတရား ၃၇ပါးအကြောင်းပါ။ ဗောဓိပက္ခိယတရား ၃၇ပါး ဆိုတာက နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ တရား၃၇ပါးလို့ အဓိပ္ပါယ်ရပါတယ်။ ဒါတွေကိုတရားကိုယ်ကောက်လိုက်ရင် တရားကိုယ် အများဆုံး တရားကိုယ်ဟာ ၀ီရိယပါ။ဝီရိယရဲ့ ဋ္ဌာနဟာ ၉ဋ္ဌာနရှိပါတယ်။ဝီရိယ လုပ်ဆောင်ရတဲ့နေရာ၉ နေရာရှိ ပါတယ်။ဆိုလိုတာက ၀ီရိယလုပ်မှဖြစ်နိုင်တဲ့နေရာ အားစိုက်ပြီးလုပ်မှ ပြီးနိုင်တဲ့အရာ၉ခု ရှိပါတယ်။ဒါဟာဘာကိုပြသလဲဆိုရင်ဗုဒ္ဓ၀ါဒဟာ ၀ီရိယဟာအရမ်း အရေးကြီးတယ်ဆိုတာကို ပြတာပဲ။ဝီရိယရှိမှသာလျှင်အရာရာပြီးစီးအောင်မြင်မှာပါ။ဝီရိယမပါဘဲဘယ်အရာမှ အောင်မြင် ပြီးမြောက်သွားဆိုတာမရှိပါဘူး။
ဗုဒ္ဓ၀ါဒဟာ သူတပါးအားကိုးနေတဲ့ဝါဒမဟုတ်ပါဘူး။ကိုယ်တိုင်ဖန်တီးယူရမယ်ဆိုတဲ့ theory ကိုပြောပြတဲ့ဝါဒပါ။တခါက လူငယ်လေးတဦးဟာ ဗုဒ္ဓထံရောက်ရှိလာပြီးဗုဒ္ဓကိုမေးလျှောက်ဘူး တယ်။ “အကျိုးစီးပွား အလုံးစုံရရေအတွက် ပဓာနအကျဆုံး၊ အရေးအကြီးဆုံး အကြောင်းတစ်ခု ကိုအတိုဆုံး ပုဒ်နဲ့ပြောနိုင်ပါသလား။ပြောနိုင်ရင်အဲဒီတစ်ခုတည်းသောပုဒ်ဟာ ဘာပါလဲ”တဲ့။  အဲဒီအခါဗုဒ္ဓက “အကျိုးစီးပွား အလုံးစုံကို သိမ်းကျုံမိတဲ့ အကျိုးစီးပွားဖြစ်ကြောင်း ပုဒ်ကတော့ ၀ီရိယဖြစ်တယ်” လို့ ဖြေခဲ့ဖူးပါတယ်။
ဝီရိယဆိုတဲ့နေရာမှာ
၁။ လုပ်ငန်းကျွမ်းကျင်မှု (skill)
၂။ ဇွဲ(perseverance)
 ၃။ နည်းစနည်း(method or technology)   ဒီသုံးခုပါဝင်နေပါတယ်။ဒီသုံးခုပါဝင်ပေါင်းစပ်ပြီးလုပ်ဆောင်တာကိုသာ ၀ီရိယလို့ခေါ်ပါတယ်။ လူဆိုတာ ၀ီရိယအားကိုးရတဲ့ပုဂ္ဂိုလ်ပါ။ဝီရိယမရှိရင် ဘယ်အရာမှ မပြီးစီးနိုင်ပါဘူး။ဒါကြောင့်
ထကြွနိုးကြားခြင်းဟာ အောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတရပ်ပါပဲ။

ကြီးပွားအောင်ဒါတွေဆောင်



မြတ်ဗုဒ္ဓရဲ့တရားတွေကို တချို့လူတွေက နိဗ္ဗာန်ရောက်ကြောင်းတရား၊ ပျင်းရိစရာ၊ ငြီးငွေ့စရာ တရားတွေလို့ထင်ကြပါတယ်။တချို့က “ရိုးချောက် ဂနိုင်”(Valley of dry bones) လို့တောင် ဆိုကြတယ်။တချို့များဆိုရင် တရားဆိုတာလူတွေနဲ့မဆိုင်ဘူး။ ဘုန်းကြီများနဲ့သာ ဆိုင်တာပါ လို့တောင် ဆိုလိုက်ကြသေးတယ်။တကယ်တော့ မြတ်ဗုဒ္ဓရဲ့တရားတော်တွေဟာ   တခြား သော religion တွေလိုမဟုတ်ပါဘူး။အားလုံးနဲ့ သက်ဆိုင်ပါတယ်။လက်တွေ့လိုက်နာ ကျင့်သုံး သူ တိုင်းခံစားရမှာပါ။

ဒါကြောင့်မြတ်ဗုဒ္ဓရဲ့ ကြီးပွားနည်းတွေကို တတ်နိုင်သလောက်စုစည်းပြီး ဖော်ပြပေးလိုက် ပါတယ်။
ပထမဆုံး အကြောင်းအရာက မင်္ဂလသုတ်မှာ ပါတာပါ။
၁။အချိန်အခါကိုသိရမယ်။
အလုပ်တစ်ခုကို သူ့အချိန်နဲ့သူမှန်မှန်လုပ်မှ ချောမောစွာ ပြီးမြောက်မှာပါ။
ဘယ်အချိန် ဘာလုပ်ရမယ်ဆိုတာကို သေသေချာချာသိထားရပါမယ်။
ဘယ်အလုပ်ဟာ ဘယ်အချိန်နဲ့ကိုက်ညီသလဲဆိုတာ ကိုယ်တိုင်သိထားရမှာပါ။
၂။နောက်တစ်ခုက သင့်လျော်အောင်ပြုရမယ်။
အလုပ်လုပ်ပြီဆိုရင် အလုပ်နဲ့ သင့်လျော်တဲ့အရပ် ကာလစတာတွေရွေးချယ်ပြုလုပ်နိုင်မှသာ အလုပ်ဟာအောင်မြင်မှာပါ။ဒါတွေအားလုံးသင့်လျော်မှသာအဆင်ပြေမှာပါ။မိမိနိုင်ငံ မိမိဒေသနဲ့ ကိုက်ညီအောင် နည်းစနစ်သစ်တွေနဲ့လုပ်ရပါမယ်။
၃။မပျင်းရိခြင်း
ဘယ်အလုပ်ပဲလုပ် ပျင်းရိနေမယ်ဆိုရင်တော့ ပြီးစီးမှာမဟုတ်ပါဘူး။
၎။လုံ့လရှိခြင်း
မပျင်းရုံနဲ့လဲ မလုံလောက်သေးဘူးတဲ့။ထကြွလုံ့လရှိမှာသာလျှင် အလုပ်ဟာ အောင်မြင်
မှာပါ။လုံ့လရှိခြင်းလို့ဆိုသော်လည်း နားလည်တတ်ကျွမ်းမှု(skill)ကိုပါယူရမှာပါ။
၅။မပျက်စီးစေခြင်း
အလုပ်မလုပ်ခြင်း၊အလုပ်မရှိခြင်းတွေဟာမကောင်းမှုကိုလက်ရပ်ခေါ်နေသလိုပါပဲ။ဒါကြောင့်မိမိ လုပ်သင့်တဲ့အလုပ်ကိုအမြဲလုပ်နေပြီး ပတ်ဝန်းကျင်တွေကြောင့် မပျက်စီးအောင် ဂရုစိုက်ရ မှာပါ။
ဒီနေရာမှာ မိမိကိုပျက်စီးစေတဲ့အရာလေးမျိးကိုလည်းပြောပြပါအုန်းမယ်။
(၁)ကာမဂုဏ်လွန်ကြူးခြင်း၊(၂)အရက်သေစာသောက်စားခြင်း၊(၃)လောင်းကစားကြူး
ခြင်း၊(၄)မကောင်းသောမိတ်ဆွေတို့နှင့်ပေါင်းသင်းခြင်း တို့ဖြစ်ပါတယ်။ဒါတွေကြောင့်မပျက်စီးစေဖို့
လည်းလိုပါတယ်။
   
ဒီငါးပါးနဲ့ပြည့်စုံရင်တော့ သင်ဟာကြီးပွားချမ်းသာမှာမလွဲပါဘူး။
written by shweyoelay


တံမြက်လှည်းခြင်းအကျိုး ငါးပါး နှင့် သြကာသရှင်းတမ်း



ဗုဒ္ဓဘာသာမြန်မာလူမျိုးများ မိမိတို့ ကိုးကွယ်နေကြတဲ့ ဘုန်းကြီး ကျောင်းပေါ်မှာဖြစ်စေ၊ ဘုန်းကြီးကျောင်းဝန်းထဲမှာဖြစ်စေ။ဘုရားပေါ်သို့ဘုရားဖူးသွားခိုက် ကုသိုလ်ပြုသည့် အနေနှင့် ဘုရားရင်ပြင်ပေါ်တွင်ဖြစ်စေ ပုညကိရိယာ ဝတ္ထုဆယ်ပါးမှာပါတဲ့ဝေယျာဝေစ္စကုသိုလ် ဆိုတာကို ပြုလုပ်လေ့ရှိပါတယ်။ဘယ်လိုဝေယျာဝေစ္စလဲဆိုတော့ တံမြက်လှည်းခြင်းကုသိုလ်လေးပါ။ အဲဒီ ဝေယျာဝေစ္စကုသိုလ်လေးကစာရိတ္တသီလလို့ခေါ်ပါတယ်။ပါဏာတိပါတစတဲ့သိက္ခာပုဒ်များ ကို စောင့်စည်းတဲ့ သီလကျတော့ ဝါရိတ္တသီလလို့ခေါ်ပါတယ်။ဝေယျာဝေစ္စ ကုသိုလ်ကဖြည့်ကျင့်ရတဲ့သီလ ဖြစ်လို့ စာရိတ္တသီလလို့ခေါ်ပြီး၊ပါဏာတိပါတ စတဲ့ သီလများကတော့ စောင့်စည်းရတဲ့သီလဖြစ်လို့ ဝါရိတ္တသီလလို့ခေါ်တယ်ဆိုတာ မှတ်သားထားလိုက်ပါ။

တံမြက်လှည်းခြင်းအမှုကို ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဘုရားရင်ပြင်ပေါ်တွင်ဖြစ်စေ၊ဘုန်းကြီးကျောင်း များမှာဖြစ်စေ ပြုလေ့ရှိတဲ့ကုသိုလ်လေးပါ။တစ်ချို့ကလဲ သူများနင်းထားတဲ့ နေရာများကို တံမြက်လှည်း တာဟာ အောက်တန်းကျတယ်လို့ထင်ကြသလို၊တစ်ချို့ကလည်း သူတစ်ပါး နင်းထားတဲ့ နေရာတွေကို တံမျက်လှည်းပြီးသုတ်သင်ရှင်းလင်းရတာ မြင့်မြတ်တယ်လို့ခံယူထားပါ တယ်။အောက်တန်းကျတယ် လို့ထင်မှတ်နေတဲ့သူများကတော့ ဘယ်နေရာရောက် ထိုသို့သော ကုသိုလ်မျိုးကို ပြုလုပ်လေ့မရှိပါဘူး။ မြင့်မြတ်တယ်လို့ ယူဆထားတဲ့သူများကတော့ ဘုရားရင်ပြင်ပေါ်ကိုရောက်သည်ဖြစ်စေ၊ဘုန်းကြီး ကျောင်းကို ရောက်သည်ဖြစ်စေ ထိုသို့သော ဝေယျာဝေစ္စကုသိုလ်ကို လေးလေးနက်နက်ပြုလုပ် လေ့ရှိကြပါတယ်။


တကယ်တော့ သူတစ်ပါးနင်းထားတဲ့ နေရာတွေကို သန့်ရှင်းစေဖို့ တံမြက်လှည်းတဲ့ ကုသိုလ်ဟာ အောက်တန်းမကျပါဘူး။မြင့်မြတ်တာပါ။ ထိုတံမြက်လှည်းတဲ့ကုသိုလ်ကြောင့် မြတ်စွာဘုရား လက် ထက်တော်က အရှင်အနုရုဒ္ဓါရဲ့ညီမဖြစ်သူဟာ နူနာပျောက်ကင်းသည်ထိ အကျိုးကျေးဇူးများ ခဲ့တာဟာတံမြက်လှည်းခဲ့လို့ပါ။တံမြက်လှည်းခြင်းအကျိုးတရားတွေကကျန်ပါသေးတယ်။အဲဒါဘာတွေလဲဆိုတော့
တံမြက်လှည်းအကျိုး ငါးပါး
ကိုယ့်စိတ်, သူ့စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့လေးစား၊ လွန်ပွားချစ်ခင်၊
ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်၊
နတ်ပြည်ရောက်၊ ထွန်းတောက် ကျိုးငါးအင်။
၁။ မိမိစိတ် ကြည်လင်ခြင်း၊
၂။ သူတစ်ပါးစိတ် ကြည်လင်ခြင်း၊
၃။ နတ်တို့ လေးစား ချစ်ခင်ခြင်း၊
၎။ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်စေခြင်း၊
၅။ နတ်ပြည်ရောက်ခြင်း။
(ပရိဝါ၊ ပါဠိ၊ ၂၃၁)

သြကာသ
ဒါကတော့ သြကာသအကြောင်းလေးပါ။ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ဘိုးဘွား၊မိဘများကိုးကွယ်လို့ မိမိ လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်နေကြတဲ့ မိရိုးဖလာဗုဒ္ဓဘာသာဝင်များကို သိစေချင်တာနဲ့ တင်ပေး လိုက်တာပါ။

သြကာသ သြကာသ သြကာသ ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ (တနည်း -ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို ပြစ်မှားမိသည်ရှိသော်ပျောက်ပါစေခြင်း အကျိုးငှာ ပထမ, ဒုတိယ, တတိယတစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏။ ကန်တော့ရသော အကျိုးအားကြောင့်အပါယ်လေးပါး၊ ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား, ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။

ဆန်ရင်းမျောတဲ့လှေ


ဆန်ရင်းမျောတဲ့လှေ


ကျွန်တော့်အမေ ကျောင်းမနေ 
စာမတတ်ပေမဲ့

သူ့သားတွေတလှေကြီးနဲ့ 

ရေစီးကိုမှန်မှန်ခတ်ပါလို့

ဆန်မပြတ် ဆီမပြတ်ခဲ့………။


ကျောင်းတော်မှာ

 အမေ့သားကျွန်တော်တို့တတွေ

ကျောင်းနေပညာတတ်သော်မှ

ကျွန်တော့်လှေ ကျွန်တော်ခတ်ပေမဲ့

ကျွန်တော်လှေ အမေတလှည့်စီးတော့

လှေကြီးက လေးသလို ရေစီးကနှေးသလို

ချွေးစေးတွေ လှိုင်းထန်လို့

ရေစီးမှာ ယက်ကန်ယက်ကန်နဲ့ 

ဆန်ပြတ်ဆီပြတ်ခဲ့…….။

(အမည်မသိ တက္ကသိုလ်သားတစ်ဦး)

ရွှေစကားတို့ရဲ့မြစ်ဖျား


“ငါ၏အူခွေအူမတို့သည် ဆာလောင်မွတ်သိပ်သည့်အတွက် မိမိတည်ရာ ၀မ်းဗိုက်အတွင်းမှထွက်၍ အပြင်၌ အစာရှာစေကာမူ၊ အသက်ကို စွန့်၍ရစေကာမူ၊ အသက်မွေးမူကို စောင့်ရှောက်ခြင်း၊ အာဇီဝ သီလကို မဖျက်ပေအံ့”
(ရှင်သာရိပုတ္တရာမထေရ်)

ဗုဒ္ဓ၀င်ကိုဇာတ်လမ်းတွဲရှည်ရုပ်ရှင်ကားကြီးသာ ရိုက်ဖြစ်ကြမယ်ဆိုရင် ကားတော်တော်များများမှသာ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်ကို တစ်ပါးစီလှုပ်ရှားမူ ပုံရိပ်ထက် တပူးတွဲတွဲပုံရိပ်တွေကို စုပြီးဖူးတွေ့ကြရမှာထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓ၀င်စာမျက်နှာတွေကို လှန်ကြည့် လိုက်ရင် လူဝတ်ကြောင်ဘ၀နဲ့ တပူးတွဲတွဲတရားရှာခဲ့ကြပုံ၊ ရဟန်းဘ၀နဲ့ တပူးတွဲတွဲ သာသနာပြုခဲ့ကြပုံ စတဲ့ပုံရိပ်တွေက တစ်ပါးစီလှုပ်ရှားမူ ပုံရိပ်တွေထက် ပိုပြီး ရုပ်လုံးကြွနေ သလားလို့ပါ ဒီရုပ်လုံးကြွပုံရိပ်တွေကို ဒါရိုက်တာတွေကလည်း အလွတ်ပေးမှာမဟုတ်ပါဘူး။ ဒါက အနုပညာ ရှု့ထောင့်က တွေးကြည်မိတာပါ။

အရှင်သာရိပုတ္တရာရဲ့ စကားတော် မြစ်ဖျားခံရာ လိုက်ကြည့်လိုက်တော့ အရှင်မောဂ္ဂလာန်ကိုပါ ဇာတ်ဆောင်တစ်ပါးအနေနဲ့ ပူးတွဲတွေ့ရပါတယ်။

အခါတစ်ပါးမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ အရှင်မောဂ္ဂလာန်မထေရ်နဲ့အတူ တစ်ခုသောတောအုပ်မှာ အရဟတ္တဖိုလ်သမာပတ်ကိုပွားများပြီး သီတင်းသုံးနေတော်မူပါတယ်။ အဲဒီလိုနေရင်း တစ်နေ့ အရှင်သာရိပုတ္တရာမထေရ်မှာ လေနာရောဂါတစ်ခု ဖြစ်ပေါ်လာတယ်။ ရောဂါဖြစ်လာတော့ ရောဂါရဲ့ဒဏ်ကို အနည်းနဲ့အများ ခံစားရစမြဲပေါ့။ အရှင်သာရိပုတ္တရာမထေရ်လည်း ရောဂါရဲ့ဒဏ်က သက်သာသလို သက်သာငြား လဲလျောင်းနေ တော်မူပါတယ်။ အဲဒီအချိန်မှာပဲ အရှင်မောဂ္ဂလာန်က အရှင်သာရိပုတ္တရာကို ခစားဖို့ ရောက်လာပါတယ်။ အရှင်သာရိပုတ္တရာပြူမူနေပုံ အနေအထားကို ကြည့်ပြီး ရောဂါတစ်ခုခု ခံစားနေရတာပဲလို့ သိလိုက်ပါတယ်။
“ငါ့ရှင် ဘာရောဂါ ခံစားနေရပါသလဲ”
“တပည့်တော်လေနာရောဂါ ခံစားနေရပါတယ်”
“ငါ့ရှင်ရှေးတုန်းက ဘာဆေးနဲ့ပျောက်ဖူးသလဲ”
“အို့ ငါ့ရှင် လူ့ဘောင်မှာနေစဉ်အခါတုန်းက ဒီလေနာရောဂါဖြစ်ပြီဆိုရင် ငါရဲ့မယ်တော်က ထောပတ်ပျားသကာတွေနဲ့ ရောနှောပြီး ရေမရောတဲ့နို့ရည်နဲ့ချက်တဲ့ “ဃနာနို့ထမင်း”ကို ကျွေးပါတယ်။ အဲဒီ ဃနာနို့ထမင်းနဲ့ ပျောက်ပါတယ်”

ငါ့ရှင် သာရိပုတ္တရာ သင့်ရဲ့ဘုန်းကံ ငါ့ဘုန်းကံ တစ်ကယ်လို့ရှိမယ်ဆိုရင် မနက်ဖြန်ခါ သင်ပြောတဲ့ ဃနာနို့ထမင်းကို ရကောင်းပါရဲ့

မထေရ်နှစ်ပါးအပြန်အလှန်ပြောဆိုနေတာကို သစ်ပင်စောင့်နတ်က ကြားသွားပါတယ်။ ဒီသစ်ပင်စောင့်နတ်က အရှင်သာရိ ပုတ္တရာမထေရ် ကြည်ညိုရင်းစွဲသူပါ။ သူလည်းအရှင်သာရိပုတ္တရာမထေရ် ရောဂါကို တစ်ဖက်တစ်လမ်းက ကူညီချင်ဟန် တူပါတယ်။ ဒါကြောင့် အရှင်သာရိပုတ္တရာရဲ့ ဒါယကာအိမ်သွားပြီး မနက်ဖြန် အရှင်သာရိပုတ္တရာအတွက် နို့ဃနာ ဆွမ်းလောင်းရင် သားကြီးကို လွှတ်ပေးမယ်လို့ ပြောဆိုပါတယ်။ ဒီတော့ အိမ်ရှင် တွေက “သင်မပြောလဲ အရှင်သာရိပုတ္တရာကို ငါတို့လောင်းလှူနေကျပဲ” လို့ ပြန်ပြောလိုက်ပါတယ်။

တိုတိုပြောရရင်တော့ နောက်တစ်နေ့ နံနက် အရှင်မောဂ္ဂလာန်ဆွမ်းခံကြွ၊ အရှင်မောဂ္ဂလာန်ကို အိမ်မှာ ဘုန်းပေးသုံးဆောင်စေ၊ အရှင်သာရိပုတ္တရာ အတွက် “နို့ဃနာဆွမ်း” သပိတ်ထဲအပြည့်လောင်းလှူ၊ အရှင်မောဂ္ဂလာန်ကျောင်းပြန်ပြီး အရှင်သာရိပုတ္တရာကို ဆွမ်းကပ်ပေါ့။

အရှင်သာရိပုတ္တရာက အရှင်မောဂ္ဂလာန်ကပ်တဲ့ “နို့ဃနာဆွမ်းကို ဆင်ခြင်ကြည့်လိုက်တော့ “ပယောဂ” ပါနေတယ်ဆိုတာ သိလိုက်ပါတယ်။ ဒါကြောင့် ငါ့ရှင် မောဂ္ဂလာန်၊ သုံးဆောင်ခြင်းငှာမထိုက်၊ သင့်လျော်ရာ တစ်နေရာမှာ သွန်ပစ်လိုက်ပါ။လို့ မိန့်ဆိုပါတယ်။အရှင်မောဂ္ဂလာန်ကလည်း “ငါကဲ့သို့ သောသူ ယူဆောင်လာသောဆွမ်းကို မသုံဆောင်လေတကား” လို့စိတ်ထဲစနိုး စနှောင့်အဖြစ်ဘဲ သင့်လျော်ရာမှ သွန်ပစ်လိုက်ပါတယ်။ နို့ဃနာဆွမ်း မြေပေါ်မှာ ရောက်တာနဲ့ အရှင်သာရိပုတ္တရာ မထေရ်က အောက်ပါနိဒါန်းစကားကို ကျူးရင့်လိုက်ပါတယ်။

“၀စီဝိညတ်ပြန့်ခြင်းဟုဆိုအပ်သော နှုတ်မြွတ်ပြောဆိုခြင်းကြောင့် ဖြစ်ပေါ်သော ပျားသကာတို့နှင့် ရောနှောအပ်သော နို့ဃနာဆွမ်းကို ငါသည် အကယ်၍ စားမိသည် ဖြစ်အံ့။ ငါ၏အသက်မွေးခြင်းကို သူတော်ကောင်းတို့ကဲ့ရဲအပ်သည် ဖြစ်ရာ၏။ ငါ၏အူခွေအူမတို့သည် မိမိတည်ရာဝမ်းဗိုက်အတွင်းမှထွက်၍ အပြင်၌အစာရှာစေကာမူ အသက်ကိုစွန့် ရစေကာမူ အသက်မွေးမူကိုစောင့်ရှောက်ခြင်း၊ အာဇီဝသီလကို မဖျက်ပေအံ့။ ငါသည် မိမိ၏စက်ကို နှစ်သက်စေအံ့၊ မလျောက်ပတ်သော ရှာမှီးခြင်းကို ငါစက်ဆုပ်ရွံရှာတော်မူအပ်သော မသင့်သောရှာမှီးခြင်းကို ငါရှောင်ကြဉ်ပေအံ့။ ငါသည် မြတ်စွာဘုရားကိုယ်တော်မြတ် စက်ဆုပ်ရွံရှာတော်မူအပ်သော မသင့်သော ရှာမှီးခြင်းမျိုးကို အမြဲပင်မပြုပဲနေအံ့။”

ဒီနေရာမှာ ရှင်းပြစရာတစ်ခုရှိပါတယ်။ ဘာလို့လဲဆိုတော့ အရှင်သာရိပုတ္တရာနို့ဃနာဆွမ်းကို သွန်ပစ်ရတဲ့အကြောင်းပါ။

မြတ်စွာဘုရားရဲ့ တပည့်သားရဟန်းတော်တွေဟာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးအတွက် ဒကာ၊ ဒကာမတွေကို အမှီပြုပြီး နေကြရတာပါ။ အမှီပြုပြီး နေရတယ်ဆိုတာကို အလှူခံချင်ရင် ခံခွင့်မရှိပါဘူး။ စည်းတွေဘောင်တွေရှိပါတယ်။

စာထဲမှာအလှူခံခြင်းနှင့် ပက်သက်ပြီး နိမိတ်၊ သြဘာသ၊ ပရိကထာ၊ ၀ိညတ်ဆိုတဲ့ဝေါဟာရလေးမျိုးရှိပါတယ်။ နိမိတ်ဆိုတာက လိုချင်တဲ့ပစ္စည်း တစ်ခုကို အမှတ်နိမိတ်ပြုပြီး အလှူခံတာပါ၊ သြာဘာသဆိုတာက အဖြောင့် တိုက်ရိုက်မဆိုတဲ့ ရိပ်ခါဝဲခါနဲ့ ပြောဆိုပြီး အလှူခံတာပါ။ ပရိကထာဆိုတာက ပရိယာယ်စကားကိုပြောပြီးအလှူခံတာပါ။ ၀ိညတ်ဆိုတာက “ကျောင်းလှူလော့” လို့အဖြောင့်တိုက်ရိုက် အလှူခံတာပါ။

ရဟန်းတော်တွေဟာ ပစ္စည်းလေးပါးထဲက ဆွမ်းနဲ့သင်္ကန်းကို အထက်ကပြောခဲ့တဲ့ နိမိတ်၊ သြဘာသ၊ ပရိကထာ၊ ၀ိညတ်ဆိုတဲ့ လေးမျိုးနဲ့ လုံးဝအလှူခံမကောင်းပါဘူး။ ကျောင်းကို နိမိတ်၊ သြဘာသနှစ်မျိုးနဲ့ အလှူခံကောင်းပါတယ်။ ဆေးပစ္စည်းကျတော့ နိမိတ်၊ သြဘာသ၊ ပရိကထာ၊ ၀ိညတ်လေးမျိုးလုံးနဲ့ အလှူခံခွင့်ရှိပါတယ်။ ဒါကစာမှာလာတဲ့ အဆုံးအဖြတ်ပါ။

အခု အရှင်မောဂ္ဂလာန်ရလာတဲ့နို့ဃနာဆွမ်းဟာ ကိုယ်တိုင် ပယောဂမပါပေမယ့် သစ်ပင်စောင့်နတ်ရဲ့ နှုတ်မြွက်ခြင်းဆိုတဲ့ ၀ိညတ်ပယောဂ ပါနေပါတယ်။ ဒါကိုကြည့်ပြီး အရှင်သာရိပုတ္တရာက သွန်ပစ်ခိုင်းတာဖြစ်ပါတယ်။

ဒီအပြုအမူကိုသီလထဲမှာထည့်ရင် အာဇီဝပါရိသုဒ္ဓသီလပါ။ အာဇီဝပါရိသုဒ္ဓိသီလဆိုတာက ဗေဒင်ဟောလို့ ဆေးကုလို့စသည့်ဖြင့် မသင့်သောနည်း တွေနဲ့ ရှာမှီးလို့ရတဲ့ ပစ္စည်းလာဘ်လာဘရှောင်ကြဉ်တာပါ။

အပြစ်မကင်းတဲ့အပြူအမူတွေနဲ့ ကြုံတဲ့အခါ ကြိုက်အရှက်၊ ငိုက်မရှက်အစရှိတဲ့ လောကစကားပုံတွေနဲ့ ကိုယ်အပြစ်နဲ့ကိုယ် ဖော့တွေးခဲ့ဖူးပါတယ်။ အရှင်သာရိပုတ္တရာနဲ့ အပြုအမူကို ဖတ်ပြီးကျောထဲချမ်းစိမ်းသွားတာတော့အမှန်ပါပဲ။

Sunday, October 28, 2012

ကြောက်စိတ်ကို အနိုင်ယူခြင်း






ကျနော်တို့ မသင်ယူရဘဲ၊ အတွေ့အကြုံမလိုဘဲနဲ့ မွေးကတည်းက ပါလာတဲ့အရာတစ်ခုရှိပါတယ်။
အဲဒါကတော့ ကြောက်စိတ် ပါပဲ။
ကြောက်စိတ်ကြောင့် သင် မလုပ်ချင်တဲ့အရာတစ်ခုကို လုပ်မိတာ၊ ကြောက်စိတ်ကြောင့် သင် လုပ်ချင်တဲ့အရာတစ်ခုကို မလုပ်ဖြစ်တာ။
ဒါမှမဟုတ် ကြောက်စိတ်ကြောင့် သင်လိုချင်တဲ့ ဆက်ဆံရေးတစ်ခုကို မရလိုက်တာ၊ အဲဒါမျိုးတွေ ဖြစ်ဖူးမှာပါပဲ။
ကျနော်တို့ဟာ ဘာမှန်းမသိတဲ့အရာတွေကို ကြောက်ကြတယ်။
ရှုံးနိမ့်မှာကို ကြောက်တယ်။
ကြိုးစားရမှာကို ကြောက်တယ်။ ပြောင်းလဲရမှာကို ကြောက်တယ်။
လူတွေ ကိုယ့်အပေါ် အမြင်မှားမှာကို ကြောက်တယ်။
ဒါမှမဟုတ် အောင်မြင်မှုကို ကြောက်နေတာလည်း ဖြစ်နိုင်တာပါပဲ။

ကြောက်စိတ်ဟာ နေရာတိုင်းမှာ ရှိနေပါတယ်။ ပြီးတော့ ထာဝရတည်ရှိနေမယ့် အရာတစ်ခုလည်း ဖြစ်တယ်။
ဒါပေမဲ့ ကျနော်တို့ဟာ စံပြပုဂ္ဂိုလ်တွေ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကျနော်တို့ရဲ့ ကြောက်စိတ်တွေကို အနိုင်ယူနိုင်ပါတယ်။
ဘယ်သူမှ လုံးဝ သူရဲဘောကြောင်တဲ့သူဆိုတာ မရှိပါဘူး။ အဲဒီလိုပဲ ကြောက်စိတ်လုံးဝကင်းတဲ့လူဆိုတာလည်း မရှိပါဘူး။

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်၊ ခေါင်းဆောင်မှု (Leadership) ရဲ့ လျှို့ဝှက်ချက်ကတော့ သင့်မှာရှိနေတဲ့ကြောက်စိတ်ကို အနိုင်ယူနိုင်ခြင်းပါပဲ။
လူတစ်ယောက်မှာ ကြောက်စိတ်ရှိနေတယ်ဆိုရင် သူဟာ သူ့စိတ်ရဲ့ အရှင်သခင် မဖြစ်နိုင်ပါဘူး။ သူဟာ တကယ့်အဆုံးအဖြတ်အခြေအနေတစ်ချို့မှာ ဘ၀ကို အရှုံးပေးသွားနိုင်ပါတယ်။

ပြီးတော့ လူတိုင်းလူတိုင်းမှာ ငုပ်နေတဲ့ သတ္တိတွေ ရှိပါတယ်။ ဒါတွေကို ဖွံ့ဖြိုးအောင် လုပ်လို့ရပါတယ်။
သတ္တိရှိစေတဲ့ စာတွေကို ဖတ်နိုင်တယ်။ ရဲရင့်တဲ့လူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်နိုင်တယ်။
ပျော့ညံ့တဲ့လူတွေကို ရှောင်ရှားပါ။

သင် ကြောက်တဲ့အရာကို လုပ်ပါ။
ကြောက်စိတ်ကို အနိုင်ယူဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ အဲဒီအရာကို ပြုလုပ်ခြင်းပါပဲ။
သင် ကြောက်တဲ့အရာတစ်ခုကို ရှောင်ပြေးနေမယ်ဆိုရင် အဲဒါက သင့်အတွက် ပိုပြီး ကြောက်စရာကောင်းလာမှာပါပဲ။

ကျောင်းသားတစ်ယောက်ဟာ ဘာသာရပ်တစ်ခုကို ကြောက်တယ်။ သင်္ချာကို ကြောက်တယ်ပေါ့။
သူဟာ သင်္ချာဘာသာရပ်ကို ကြောက်တဲ့အတွက် အဲဒီဘာသာရပ်ကို ရှောင်ပြေးမယ်။ အဲဒီအချိန်တွေမှာ အတန်းမတက်ဘူး။
ဒါဆိုရင် သူဟာ သင်္ချာကို ပိုကြောက်လာပါလိမ့်မယ်။
ကြောက်စိတ်ကို အနိုင်ယူဖို့ဆိုရင် သူဟာ သူကြောက်တဲ့အရာကို လုပ်ရပါလိမ့်မယ်။
သင်္ချာကို ကြောက်တဲ့အတွက် သူဟာ အဲဒီဘာသာရပ်ကို ပိုပြီး လုပ်မယ်။ ပိုပြီး ကြိုးစားမယ်ဆိုရင် ကြောက်စိတ်ကို တဖြည်းဖြည်းနဲ့ အနိုင်ယူနိုင်လာပါလိမ့်မယ်။
ရှောင်ပြေးနေမယ်ဆိုရင်တော့ ကြောက်စိတ်ဟာ ပိုပြီး ကြီးထွားလာမှာပဲ ဖြစ်ပါတယ်။

သင်ကြောက်တဲ့အရာတစ်ခုကို လုပ်ပါ။
သင်ဟာ ကြောက်စိတ်ကို အနိုင်ယူနိုင်ပါလိမ့်မယ်။

ဒါမှမဟုတ် သင်ဟာ မဖြစ်သေးတဲ့ အခြေအနေတစ်ခုခုကို ကြောက်နေတာလည်း ဖြစ်နိုင်ပါတယ်။
သင့်ကိုယ်သင် မေးပါ။
” ဒီအခြေအနေကနေ အဆိုးဆုံး ဘာဖြစ်နိုင်မလဲ”

” ဆင်းရဲခြင်းလား။ ဟုတ်ပါပြီ။ ဒီတော့..။ ငါဟာ အခု ကြီးကျယ်မြင့်မြတ်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတွေ ဆင်းရဲခဲ့တာထက် ပိုပြီး ဆင်းရဲသွားမှာလား ”

” ထောင်သွင်းအကျဉ်းချခံရခြင်းလား။ အင်း.. အဲဒါကိုတော့ စဉ်းစားတောင် မကြည့်ရဲဘူး။ မီလ်တန် တို့ ဂယ်လီလီယိုတို့ဟာ ထောင်မကျခဲ့ဘူးလား။ ပြီးတော့ ဆာဗန်တီးစ်၊ ကိုလံဘတ်စ်၊ ပြီးတော့ ကမ္ဘာမှာ အမြင့်မြတ်ဆုံးဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေရော ?”

” ကဲ့ရဲ့အပြစ်တင်ခံရခြင်းလား။ ငါဟာ ကလိဗ်၊ ဒါမှမဟုတ် ဂျော့ အီးလိယော့တ် ဒါမှမဟုတ် အင်္ဂလန်ရဲ့ ရှင်ဘုရင်ကြီးတစ်ချို့ ကြောက်ရွံ့ခဲ့ရတာတွေထက် ပိုဆိုးတာတွေကို ကြုံတွေ့ရမှာလား”

” သေခြင်းတရားလား။ ဟုတ်ပါပြီ၊ ဒီတော့ .. ။ သေခြင်းတရားဆိုတာ ဘ၀ရဲ့ သဘာဝတရားမဟုတ်ဘူးလား။ လူတိုင်းကြုံတွေ့ရမယ့်အရာတစ်ခု မဟုတ်ဘူးလား။
သေခြင်းတရားက ငါ့ဆီကို ရောက်မလာဘူးဆိုမှသာ နှစ်ဆပိုပြီး ကြောက်စရာကောင်းလာမှာ မဟုတ်ဘူးလား။ ဒါဆို သေခြင်းတရားလိုမျိုး ရှောင်လွှဲလို့မရတဲ့အရာတစ်ခုကို ကြောက်နေတာနဲ့ပဲ ငါ့ဘ၀ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်ဆုံးစေတော့မှာလား”

တစ်ခုခုကို ကြောက်နေခြင်းဟာ အဲဒီအရာကို ကောင်းစွာ နားမလည်လို့ပဲ ဖြစ်ပါတယ်။
အဆိုးဆုံး အခြေအနေကို ရှင်းရှင်းလင်းလင်းသိထားမယ်ဆိုရင် အဲဒီအရာတွေကို သင် မကြောက်တော့ပါဘူး။
ပြီးတော့ အထက်မှာပြခဲ့တဲ့ ဥပမာတွေဟာ ထင်ရှားတဲ့ ဥပမာတွေကို ပြလိုက်တာပါ။
သင့်ရဲ့ အခြေအနေဟာ အဲဒီဥပမာတွေလောက်တော့ မဆိုးရွားနိုင်ဘူးဆိုတာ သေချာပါတယ်။

ကျနော်တို့ကို အောင်မြင်မှု၊ ပျော်ရွှင်မှုနဲ့ ဝေးအောင်လုပ်နေတဲ့အရာဟာ ကြောက်စိတ်ပါပဲ။
ကြောက်စိတ်ကြောင့် ကျနော်တို့ မလုပ်ဖြစ်ခဲ့တာတွေ၊ လွတ်သွားတဲ့ အခွင့်အရေးတွေ အများကြီးပါပဲ။
ကျနော်တို့ဟာ ရှုံးနိမ့်မှာကိုကြောက်တယ်၊ ကြိုးစားရမှာကိုကြောက်တယ်။ ပြောင်းလဲရမှာကို ကြောက်တယ်။
ဒါမှမဟုတ် အောင်မြင်မှုကို ကြောက်နေတာလည်း ဖြစ်နိုင်တာပါပဲ။

သင် ဘာကို ကြောက်သလဲ။
အဲဒီအရာကို လုပ်ပါ။
ကြောက်စိတ်ကို အနိုင်ယူနိုင်ပါလိမ့်မယ်။
သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။
ပြီးတော့ သင်ဟာ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချစ်ခြင်းမေတ္တာနဲ့ အခြား သင်လိုချင်သမျှ အရာတိုင်းကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Ref: How to Understand Human Nature by Herbert N. Casson

လုပ်သင့်တဲ့အရာတွေကို ဘာကြောင့် မလုပ်ဖြစ်ကြသလဲ






ဒီလိုမျိုးအချိန်တွေ ရှိဖူးမှာပါပဲ။
စိတ်ထဲက လုပ်သင့်တယ်လို့သိနေတဲ့ အရာတစ်ခုကို မလုပ်ဖြစ်တာမျိုး။
ဥပမာ- မနက်တိုင်း လေ့ကျင့်ခန်းလုပ်ဖို့လည်း ဖြစ်ချင်ဖြစ်မယ်။ စာမေးပွဲအတွက် စာတွေ စ ကျက်ဖို့လည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ်ပေါ့။
အဲဒီအရာကို အမှန်တကယ် မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ စိတ်ထဲကတော့ လုပ်သင့်တယ်မှန်းသိနေတယ်။
အဲဒါဟာ ဘာကြောင့်လဲ။
ပြီးတော့ အဲဒီအကျင့်ကို ဘယ်လိုကျော်လွှားကြမလဲ။
သင့်ရဲ့စိတ်ထဲက လုပ်သင့်တယ်လို့သိနေတဲ့အရာတွေကို လုပ်ဖြစ်ဖို့အတွက် နည်းလမ်းတွေကို ကြည့်ကြရအောင်။

၁။ ထိုင်မနေပါနဲ့
လူအများစုဟာ သူတို့လုပ်သင့်တာတွေကို မလုပ်ဖြစ်ကြတဲ့ အကြောင်းတစ်ခုကတော့ ထိုင်တွေးနေတဲ့ နေရာမှာတင် လမ်းဆုံးသွားကြလို့ပါပဲ။
တစ်ခုခုကို လုပ်ဖို့အတွက်ဆိုရင် ” ဘာ့ကြောင့် ” ဆိုတာက အပေါ်ယံနဲ့ မလုံလောက်ပါဘူး။
တစ်ခုခုကို လုပ်တော့မယ်ဆိုရင် သင့်ကိုယ်သင် မေးကြည့်ပါ။
” ငါ ဒါကို ဘာလို့လုပ်နေတာလဲ၊ ဘာအတွက်လဲ ”
ဒီမေးခွန်းက အလွန် အရေးကြီးပါတယ်။ ဒီမေးခွန်းက သင်လုပ်သင့်တဲ့အရာတွေကို လုပ်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
သင်လုပ်နေတဲ့အရာတစ်ခုဟာ သင့်ကို သင့်ရည်မှန်းချက်နဲ့လည်း ပိုမနီးစေဘူး။ ပြီးတော့ သင့်ရဲ့စိတ်ကိုလည်း တက်ကြွအောင် မလုပ်နိုင်ဘူးဆိုရင် ဒီမေးခွန်းကို ပိုပြီး လေးလေးနက်နက် မေးဖို့ လိုနေပါပြီ။
” ငါ ဒါကို ဘာကြောင့် လုပ်နေတာလဲ။ ဘာအတွက်လဲ”
” ငါ အဲဒါကို ဘာကြောင့် လုပ်သင့်သလဲ ”
သင့်မှာ တစ်ခုခုကို ဘာ့ကြောင့်လုပ်သင့်တယ်ဆိုတဲ့ အကြောင်းပြချက် လုံလုံလောက်လောက်ရှိပြီဆိုရင် အဲဒီအရာကို လုပ်ဖြစ်မှာပါပဲ။
ဒါကြောင့်၊ ထိုင်မနေပါနဲ့။ ” ဘာကြောင့် ” ဆိုတဲ့ မေးခွန်းကို လုံလုံလောက်လောက် မေးပါ။
အဲဒါက သင့်ကို ပိုပြီး ခရီးရောက်စေပါလိမ့်မယ်။

၂။ ဆင်ခြေများ
ကျနော်တို့ လုပ်သင့်တဲ့အရာတစ်ခုခုကို မလုပ်ဖြစ်တာဟာ ဆင်ခြေတွေကြောင့်လည်း ပါပါတယ်။ ကျနော်တို့ဟာ ဆင်ခြေတွေ အများကြီး ပေးကြတယ်။
” တခြားဟာတွေ လုပ်စရာရှိနေတယ်”
” ငါ မအားဘူး”
” အချိန် မရှိဘူး ”
ကျနော်တို့ဟာ အဲဒီဆင်ခြေတွေကို သတိထား စောင့်ကြည့်နေဖို့လိုပါတယ်။
ပြီးတော့ ကျနော်တို့ ဘ၀မှာ နေထိုင်တဲ့အခါ ” ဘာ့ကြောင့် ” ဆိုတဲ့ မေးခွန်းတွေကို မေးဖို့နဲ့ ဆင်ခြေတွေထဲကို ပြုတ်ကျမသွားဖို့လည်း သတိထားရပါမယ်။
ကျနော်တို့ တစ်ယောက်ချင်းစီ အားလုံးဟာ ဆင်ခြေတွေကို ပြုလုပ်တတ်ကြပါတယ်။ ကျနော်တို့အားလုံးပါပဲ။
ကျနော့်မှာလည်း ကျနော့်ရဲ့ ဆင်ခြေတွေရှိတယ်။ သင့်မှာလည်း သင့်ရဲ့ဆင်ခြေတွေ ရှိတာပါပဲ။
ယုံပါ။ ကျနော် အခုထိကို ဆင်ခြေတွေ ပေးမိနေတုန်းပါပဲ။
ဒါကြောင့် ကျနော်လုပ်တဲ့အရာတစ်ခုကတော့ သတိထားပြီး ပစ္စုပ္ပန်မှာ နေထိုင်ခြင်းပါပဲ။
အဲဒီလို နေတဲ့အခါ ဆင်ခြေတစ်ခုပေးတော့မယ်ဆိုရင် ချက်ချင်းသိပြီး ရပ်ပစ်နိုင်ပါတယ်။
ဒါကြောင့် အမြဲတမ်း သတိရှိနေပါ။
ကျနော်တို့ ပြုလုပ်သမျှအရာတိုင်းကို အမြဲတမ်း သတိထားပြီး ကြည့်နေရပါမယ်။

၃။ အာရုံစူးစိုက်မှု မရှိခြင်း
ကျနော်တို့ လုပ်သင့်တဲ့အရာတွေကို မလုပ်ဖြစ်တဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ အာရုံစူးစိုက်မှု မရှိခြင်း ပါပဲ။
ဘာကြောင့်လဲဆိုတော့ တစ်ချိန်ထဲမှာ အရာများစွာဟာ ဖြစ်ပျက်နေပါတယ်။
အဲဒီအထဲမှာ ကျနော်တို့ တကယ်လုပ်သင့်တဲ့အရာတွေဟာ ပျောက်သွားတတ်ပါတယ်။
ဒါကြောင့် ” အလေးထားရမယ့် အရာ(၆)ခု ” ဆိုတဲ့ နည်းလမ်းကို အသုံးပြုစေချင်ပါတယ်။
အဲဒီအရာတွေက ဘာလဲဆိုတော့ သင် မလုပ်မဖြစ် ပြီးအောင်လုပ်ရမယ့် အရေးအကြီးဆုံးအရာ (၆)ခုကို စာရင်းပြုထားဖို့ပါပဲ။
နေ့တစ်နေ့ကို စလိုက်ပြီဆိုတာနဲ့ အဲဒီစာရင်းထဲက ပထမဆုံးအရာကို စလုပ်ပါ။ အဲဒီအရာမပြီးမချင်း နောက်တစ်ခုကို မလုပ်ပါနဲ့။
ဒီလိုနည်းနဲ့ ကျနော်တို့ဟာ အာရုံစူးစိုက်နိုင်လာပါလိမ့်မယ်။ လုပ်သင့်တယ်လို့သိနေတဲ့အရာတွေကိုလည်း လုပ်ဖြစ်ပါလိမ့်မယ်။
အာရုံစူးစိုက်တဲ့နေရာမှာလည်း မှန်ကန်တဲ့အရာတွေအပေါ်မှာသာ အာရုံထားပါ။
ဆင်ခြေတွေကို အလေးမထားပါနဲ့။ လူအတော်များများကတော့ ဆင်ခြေတွေကိုသာ အလေးထားနေတတ်ကြတယ်။
ဒါကြောင့် နေ့စဉ်နေ့တိုင်းအတွက် အရေးအကြီးဆုံး အရာ (၆)ခုကို စာရင်းပြုပါ။
ကွန်ပျူတာထဲက Notepad မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စာရွက်တစ်ရွက်ပေါ်မှာပဲဖြစ်ဖြစ် ချရေးပါ။
အဲဒီအရာတွေကို တစ်ခုပြီးတစ်ခု လုပ်သွားပါ။

Saturday, October 27, 2012

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၂)


ဗုဒ္ဓဘာသာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်ကပင် လူသားထုကို အသိဥာဏ်အလင်းရရှိစေခဲ့ပြီး အနှောင်အဖွဲ့နှင့် ဥပါဒါန် အစွဲများမှ လွန်မြောက်စေသည့် သိပ္ပံနည်းကျ ဘာသာတရားဖြစ်သည်။ ဘာသာရေးအများစုမှာ တည်ထောင်သူ ဘာသာရေးခေါင်းဆောင် များ ကို ၎င်းတို့၏ နောက်လိုက်များကသာ ချီးကျူးဂုဏ်ပြုကြသော်လည်း ဗုဒ္ဓကိုမူ ယနေ့တတ်သိပညာရှင်တိုင်းက မည်သည့်ဘာသာဝင် မဆို ၎င်းတို့၏ မူလခံယူထားသော ဘာသာကိုပင် အလေးမမူတော့ဘဲ ဂုဏ်ပြုချီးကျူးကြပေသည်။
ဘာသာတရားရှိသူများသာမက လောကကိုအလေးထားသည့် လွတ်လပ်သော တွေးခေါ်ရှင်ဆိုသူများကပက် ချီးကျူးဂုဏ်ပြု ကြပေသည်။ သမိုင်းကြောင်းအမြင်အရ ဘာသာရေးလွတ်လပ်မှုသာမက လူသားတို့၏ သက်ရှင်ထင်ရှားသော ဆရာဟူ၍ တစ်စုံတစ်ယောက် မျှ မရှိခဲ့ဖူးချေ။ ဘာသာရေးကို ဗုဒ္ဓမပေါ်မီက အချို့သော ဂိုဏ်းဂဏများကသာလျှင် အပိုင်စီးထားကြသည်။ ဗုဒ္ဓသည် လူ့အဖွဲ့အစည်းတွင် လူတိုင်းအတွက် အပိုင်းအခြားမဲ့ တံခါးဖွင့်လှစ်ထားသည့် သမိုင်းဝင် ဆရာတစ်ဆူဖြစ်သည်။
ဗုဒ္ဓသည် တပည့်သာဝကတို့အား ငုတ်လျှိုးနေသော လူ့စွမ်းအားများကို လေ့ကျက်တိုးပွားစေခဲ့သည်။ သီအိုရီများ ယုံကြည်ချက် သက်သက်နှင့် ရိုးရာအလေ့အကျင့်ဖြင့်သာ မဟုတ်ဘဲ ကိုယ်ပိုင်အတွေ့အကြုံဖြင့် ဟောဖော်ခဲ့သည့် ထာဝရချမ်းသာ ကို တွေ့ရှိရန် အသိမဲ့သတ္တ၀ါတစ်ဦးအား အစေခံသဖွယ် သဘောမထားဘဲ စိတ်စွမ်းအားနှင့်အသိဥာဏ်ကို အကောင်းဆုံး အသုံးချနိုင်ရန် ပြသခဲ့သည်။ ဗုဒ္ဓ၏ အဆုံးအမများသည် ဘာသာရေး အမှတ်တံဆိပ် ခတ်နှိပ်ရန်မလိုဘဲ မည်သူမဆို လေ့ကျင့်နိုင်သည်။
အောက်တွင် ယနေ့ခေတ်သစ်ကမ္ဘာမှ တတ်သိပညာရှင်များအဖြစ် အသိအမှတ်ပြုထားသည့် ထင်ရှားသော တွေးခေါ် ပညာရှင်များ၊ သမိုင်းပညာရှင်များ၊ စာပေပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ စာရေးဆရာများ၊ ဘာသာရေးခေါင်းဆောင်များ၏ အဆို အမိန့် များကို စုစည်းဖော်ပြထားသည်။ သူတို့အဆိုအရ ဗုဒ္ဓဘာသာသည် လက်တွေ့အကျဆုံးနှင့် ကြောင်းကျိုးအညီညွှတ်ဆုံးသော ဘာသာ တရား ဖြစ်သည်။ တိကျခိုင်မာသည့် အသိပညာကို ဖြစ်ပေါ်စေနိုင်သည်။ လျော်ကန်စွာ ကျင့်ကြံအားထုတ်ပါက ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုကို အမှန်တကယ် ဆောင်ရွက်နိုင်ပေမည်။
ဤစာစုများကို ထုတ်ဖော်ပြသခြင်းသည် ဗုဒ္ဓဘာသာ၏ သာလွန်မြင့်မြတ်မှုကို ပြလိုရင်းမဟုတ်ဘဲ ပညာရှင်အသီးသီး၏ အဂတိကင်းသော အမြင်များကို ဆင်ခြင်သုံးသပ်နိုင်ရန် ဖြစ်သည်။

ဗုဒ္ဓ၏ အဆုံးအမ
ဗုဒ္ဓတွင် အားလုံးသော ဟောပြောချက်များ၊ တရားသေ အယူဝါဒများထက် ပိုမိုမြင့်မြတ်သည့်အရာ တစ်ခုရှိပြီးဖြစ်သည်။ ဗုဒ္ဓ၏ အဆုံးအမတော်သည် လူသားထုအတွက် တစ်သက်တာလုံး ရင်ကိုအေးမြစေသည်။ လူမှုဒုက္ခ သုက္ခ အရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးဒေသနာတော်သည် အတိက်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။

Nehru

အသောက မင်းကြီး ခံယူတဲ့ ဘာသာတရား

မိမိကိုးကွယ်သည့် ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ရှုတ်ချခြင်းကို မပြုလုပ်ရုံသာ မဟုတ်သေး ။ ဤအကြောင်း ထိုအကြောင်းများ ကြောင့် အခြားဘာသာဝင်များကို လေးစားချီးမြှင့်ကြရပေမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် မိမိ၏ဘာသာကို ကြီးပွားတိုးတက်စေပြီးလျှင် အခြားဘာသာတို့အားလည်း ကူညီထောက်ပံ့ ပေသည်။

Friday, October 26, 2012

ငါအိုသွားသောအခါ


ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။
 စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊လုံချည် ဖိုသီ၊ ဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ၊ ဇာတ်တော်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိတ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ှခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန့်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနှင့်၊ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ အေးမြမူတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
သားတို့သမီးတို့ရေ..... ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်။
(အမျိုသားစာပေဆုရ စာရေးဆရာကြီး မင်းသူရိန်ရေးထားတဲ့ စာလေးပါ) 

G-Mail မှ Free SMS ပို့ချင်သူများအတွက်




အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပို့ယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် မေအာက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။
အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ ..

ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။

ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..

ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Save Changes ပေးလိုက်ပါ ..

ဘလော့ပို့လုပ်နည်းအပြည့်အစုံ


  မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။
Step 1) Sign in to blogger
Step 2) Display name (or) Author name
Step 3) Name your blog
Step 4) Choose your template
Step 5) Publish your first pest

မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။

Step1) Sign to Blogger
မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။

Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com) ၊ Password နေရာတွင် ၄င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။

Step 2) Display Name (0r) Author Name
မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျှ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။
Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင်
Click တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။
မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။
Step3) Name your Blog
ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။

စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင်
Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။

URL (or) Blog Address
Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။

မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Bolg လိပ်စာအပြည့်အစုံ http://www.name.blogspot.com ဖြစ်ပါလိမ့်မည်။ Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။ Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။

လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။ ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက “available” ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။

မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ၀င်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...