pages

Friday, December 14, 2012

ပျော်ရွှင်စွာ နေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်


တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင် နေတတ်ကြတာ ဟာ အောက်ပါ အကြောင်းတွေ ကြောင့်ပါ။
၁။ အကောင်းမြင်တတ်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူ တွေဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ် လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ် ကြပါတယ်။ အဆိုးမြင် ၀ါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခု မှားရင် အကုန်လုံး မှားမှာပဲ လို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ် ကြပါတယ်။
၂။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ် ကြပါတယ်
ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ် ကြပါတယ်။ ချီးကျူး ရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ် ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေဟာ ချီးကျူး ရမယ့် အကြောင်းအရာ တွေကိုသာ ကြားမြင် တတ်ကြ ပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထား မိရင် သင့်ဆီ အကောင်းတွေ ချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ် ကြပါတယ်။
၃။ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ် ကူကူပဲ ခွင့်လွှတ်တတ် ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့ အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ် သင် အဆိပ်မိ ထားသလို ခံစားရတတ် ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့ တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ်သင် မေတ္တာပို့ပါ။ ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာ ပို့ပါ။ ဥပမာ အားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ)ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်း ပါစေ။ ကြင်နာတတ် ပါစေ အစရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင် သွားပါလိမ့်မယ်။
၎။မိမိ ၀ါသနာ ပါရာ အလုပ်ကို လုပ်တတ် ကြပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိက မထားဘဲ သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြ ပါတယ်။
from myawady

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက် စေနိုင်သော အချက်များ


မိန်းကလေးတွေဟာ အလှအပ နောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာ တွေကို အလေး မထားမိတာမျိုး ဖြစ်တတ် ကြပါတယ်။
(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း
ယောကျာ်းလေး အများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေး တွေကတော့ စိတ်ညစ်တဲ့ အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာ တွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာ စေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစား တာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာတွေနဲ့ အစားထိုး လုပ်ဆောင် ကြည့်ပါ။
(၂) ဝသည်ဟု ထင်မြင်နေခြင်း
မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ် လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံး နည်းလမ်းပါ။
(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း
ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေ ချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ် ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။
(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း
ဒီကနေ့ ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေနဲ့ ရင်ပေါင်တန်းကာ မူးယစ် သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံ ကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေထက် ခန္ဓာကိုယ် အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာ ကိုယ်မှာ ရေဓာတ် အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူး ဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝ မသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့် စီသောက်ပြီး အရက် သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။
(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း
မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင် ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင် သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာ အနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာဖြစ်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ် အစားကို သေချာစွာ သိအောင်လေ့လာပါ။ ဘရာစီယာ ဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေး နိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက် ညီတာကို ရွေးချယ်ဝယ်ယူပါ။
(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း
စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ် စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂ ကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။
(၇) လေးလံလွန်းသော ဘေးလွယ်အိတ်
မိန်းကလေး အများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေ အသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲ လေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည် လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီး လွန်းနေရင် အနေတော် အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင် တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။
(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း
ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ် မှအဆစ်အပေါ် ဖိအား ကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေသက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲ ထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။
(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း
ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာစားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေကလည်း မြင့်မား စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့  ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုး ပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။
(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း
မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင် ထိန်းသိမ်းရတဲ့ တာဝန် လည်း ရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေး ကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့ အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန် အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေး မမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲ နိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်း ထားပါ။
from http://www.myawady.com.mm

Thursday, December 13, 2012

အလုပ်ရှာရခက်သည် ဆိုသော်လည်း




သူငယ်ချင်းတစ်ယောက် အလုပ်သဲကြီးမဲကြီး ရှာနေတာ တွေ့ခဲပါတယ်။ သူ့ရထားတဲ့ ဘွဲ့ကတော့ မေဂျာတစ်ခုနဲ့ ဖြစ်ပါတယ်။ အခက်က အဲဒီ မှာ စပါပြီ။


သူ့လိုပဲ မြန်မာပြည်မှာ ရထားတဲ့ ဘွဲ့နဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ အလွဲကြီးကြီးတွေ လွဲနေကြပါတယ်။ သူငယ်ချင်းကို မေးလိုက်တော့လည်း “သိပါဘူး။ အဆင်ပြေတာလုပ်မယ်ကွာ”လို ဖြေပါတယ်။ ဘာလုပ် တတ်လဲလို့ မေးတော့လည်း ဘာကိုမှ ဖြောင့်ဖြောင့်တန်းတန်း မဖြေနိုင်ပါဘ
ူး။ ဒါဆို ပထမဦးဆုံး အပြစ် တင်ချင်တာကတော့ ဒီလောက် ပိန်းရတဲ့ သူ့ကို ပါ။ နောက်မှ အပြစ်တင်စရာကတော့ စာဖတ်သူတို့ စိတ်ထဲက ရှိတဲ့အတိုင်း အစီအစဉ်လိုက် အပြစ်တင်နိုင်ပါတယ်။ သာမန် လူတစ်ယောက် အပြစ်တင် သလို တင်ကြေးဆိုရင် “တို့ နိုင်ငံကိုက အလုပ်အကိုင် အခွင့်အလမ်းတွေ မဖန်တီးပေးနိုင်တာ၊ အလုပ်ရှင်တွေက လူပါးကိုဝတာ၊ ငါတို့ ပညာရေး စနစ်ကိုကျ အသုံးကို မကျတာ” အစရှိသဖြင့် စုံစံစစ်နေအောင် အပြစ်တင်နိုင် ပါတယ်။

ဘီလ်ဂိတ်ရဲ့ ဆိုရိုးရှိပါတယ်။ ဆင်းဆင်းရဲရဲနဲ့ မွေးလာတာ ကိုယ့်အပြစ် မဟုတ်ပေမယ့်၊ ဆင်းဆင်းရဲရဲ နဲ့ သေရရင်တော့ ကာယကံရှင်ရဲ့ အပြစ်လို့ ဆိုပါတယ်။ ဆိုလိုရင်းက ဒါမဟုတ်ပါဘူး။ စာရေးသူ ဆိုလိုချင်တာက ဘယ်လောက်ပဲ အလုပ်တွေရှားရှား ဟိုအပြစ်တင် ဒီအပြစ်တင်မယ့်အစား အလုပ်တစ်ခုကို လက်ဆုပ် လက်ကိုင် ပြုအောင် ရှာတတ်ဖို့ ဖြစ်ပါတယ်။

ဘယ်လိုရှာမလဲ

အလုပ်ရှာဖို့ထက် ကိုယ်ဘာလုပ်နိုင်လဲဆိုတာကို အရင်ဆန်းစစ် ရပါမယ်။ ကျောင်းသာပြီးလာတယ်။ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူးဆိုလည်း မပြစ်မပြောတော့ပါဘူး။ ဒီအဆင့်မှာ ဖောင်ဒေးရှင်း ချပါတယ်။ ဘဝနဲ့ ရင်းပြီး စဉ်းစားဖို့လိုအပ်ပါတယ်။ ကိုယ်ဘာလုပ်ချင်လဲ။ ကိုယ်က ဘာဝါသနာ ပါလဲ။ ဝါသနာပါပေမယ့် တကယ်ပဲ ဘဝရပ်တည်နိုင်မယ့် ပရော်ဖက်ရှင် လိုင်းတစ်ခု က ငါ့အတွက် သင့်တော်လည်း အစရှိသဖြင့် ရွေးချယ် ရပါမယ်။ ဒီနေရာမှာ သဘာဝကျဖို့ လိုပါတယ်။ ဥပမာ- ပင်လယ်မရှိတဲ့ နိုင်ငံမှာ သင်္ဘောကျင်း အလုပ်သမား လုပ်မယ်ဆိုတာမျိုးကတော့ သဘာဝမကျ တဲ့ ရွေးချယ်မှု ဖြစ်ပါ တယ်။ ပြည်တွင်းမှာ လုပ်မယ်၊ အခုကော၊ နောင်အနာဂတ်မှာရော လိုအပ် လာမယ့် ပရော်ဖက်ရှင်နယ် လိုင်း ဖြစ်ရပါမယ်။ ဥပမာ- ယနေ့ အိုင်တီခေတ် မှာ အိုင်တီ ပညာတစ်ခုခုတပ်ထားရင် ယခုရော နောင် အနာဂတ်မှာပါ အလုပ်ရရန် လွယ်ကူပါတယ်။ အခွင့်အလှမ်း များပါတယ်။ ဒီလိုပါပဲ။ ကိုယ်ကလည်းလုပ်ချင်တယ်၊ နောင်အနာဂတ်မှာ ဒါကလည်း အမြဲလိုအပ်နေမယ့် ကဏ္ဍ တစ်ခု ဖြစ်ရမယ်။ ဒါကို သေချာရွေးချယ် ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ရွေးချယ်ပြီးပြီ ဆိုပါစို့။

မိမိပညာကို စစ်ဆေးပါ

ကိုယ်ကတော့ အလုပ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါနဲ့ ပက်သက်ပြီး ဘာမှ မလုပ်တတ်ဘူး။ ဝါသနာ ကတော့ ပါတယ်။ ဘယ်လို လုပ်ရမလဲ။ ဒီလို မေးတဲ့သူတောင် ရှိပါသေးတယ်။ ကိုယ်က ဒီလိုင်း ရွေးပြီ ဆိုရင်တော့ ဘာနဲ့ပဲ ကျောင်းပြီးခဲ့၊ပြီးခဲ့ ဒါနဲ့ပက်သက်တဲ့ ပညာကို အသေးစိတ်လေ့လာ ရပါတော့မယ်။ အသေးစိတ် မဟုတ်တောင် လုပ်ငန်းခွင် ဝင်လို့ရတဲ့ အဆင့်အထိ လေ့လာရပါမယ်။ ဒီအဆင့်မှာ အချိန်အားဖြင့် ၁လ လည်းဖြစ်နိုင် သလို၊ ၂လ လည်း ဖြစ်နိုင်ပါတယ်။ ၁ နှစ်ဆိုလည်း ရပါတယ်။ ဒါကြောင့် ပညာလေ့လာစဉ် ဇွဲ ရှိဖို့တော့လိုအပ်ပါတယ်။

အလုပ်လျှောက်ပါ

အလုပ်စလျှောက်ပါပြီ။ အခုမှ အလုပ်လုပ်ဖူးတယ်ဆိုရင်တော့ ဘာမှ သိပ်မမျော်ကိုးပါနဲ့။ ကိုယ်က အခုမှ လုပ်ငန်းခွင့် စဝင်မယ့် လစာကိုလည်း ချိန်ဆနေသေးရင်တော့ ဘာမှ အဆင်ပြေတော့မှာ မဟုတ် ပါဘူး။ ခေတ် ကာလအားဖြင့် အလုပ်စဝင်ဝင်ချင်း အားလုံးဒီလစာ လောက်ရတယ် ဆိုရင် ကျေနပ်စေလိုပါတယ်။ အဓိက ပထမ အဆင့်က အလုပ်မှာ သင်ယူလေ့လာတာ ဖြစ်ပါတယ်။ အလုပ်ထဲကနေ ပညာ ပြန်ရပါတယ်။ အချိန်တန်လို့ လစာမတိုးမှာ ၊ ရာထူး ပရိုမိုးရှင်း မလုပ်ပေးမှာလည်း မစိုးရိမ် ပါနဲ့။ ပေးပါတယ်။ မပေးရင်လည်း ပူစရာ မလိုပါဘူး။ ကိုယ့်မှာ ဒါနဲ့ ဆိုင်တဲ့ ပညာ ရှိထားပြီ ဖြစ်တဲ့အတွက် ဘယ်နေရာ လျှောက်လျှောက် အဆင်ပြေ ပါတယ်။ အားလုံး ကြိုဆိုကြမှာပါ။ ကိုယ့်ဘက်ကသာ ပြီးပြည့်စုံနေဖို့ လိုပါတယ်။

အလုပ်တစ်ခုက ထွက်ပြီး နောက်တစ်ခု ရှာနေတာ ဆိုရင် ပိုလို့တောင် လွယ်ပါသေးတယ်။ မူလ အလုပ်က အတွေ့အကြုံနဲ့ ပြန်လည်ပေါင်းစပ် လို့ နောက်အသစ်လျှောက်တဲ့ အလုပ်မှာ အကောင်းဆုံး ဖန်တီး နိုင်ပါတယ်။

ဒီမှာ အလုပ်ရှာနည်းလိုပါတယ်။ အလုပ်ကို ဒီခေတ်မှာ ရှာတဲ့ နည်းလမ်းက အလုပ်ခေါ် ဂျာနယ်တွေ ဝယ်ဖတ်ခြင်း ဖြစ်ပါတယ်။ အွန်လိုင်း ကနေ လျှောက်ထားတာကတော့ ဒီနောက်ပိုင်းမှာ ရေပန်းစားလာပါတယ်။ ဒါကြောင့်ကိုယ်က မျက်စိပွင့် နားပွင့် ရှိနေဖို့လိုပါတယ်။ ကိုယ်ကလည်း အလုပ် လိုချင်တယ်။ အိမ်ထဲမှာပဲ ပုန်းနေလို့၊အောင်းနေလို့ အလုပ်က ကိုယ့်ကို ရှာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အလုပ်ရှာတဲ့ ကာလမှာ ခြေလည်းတိုမယ်။ ချွေးလည်း ထွက်မယ်။ ဂျာနယ်ဖိုးကုန်မယ်။ အင်တာနက်ဖိုး ကုန်မယ်။ ဖုန်းဖိုး ကုန်မယ်။ ဒါတွေအားလုံး ရင်းတာ ဘယ်လောက်မှ မကုန်ပါဘူး။

အင်တာနက်ကနေ အလုပ်ရှာတာမျိုးက လည်း တော်တော်လေးလွယ်ကူ ပါတယ်။ အလုပ်ခေါ်တဲ့ ဝဘ်ဆိုဒ်တွေ (ဥပမာ-https://work.com.mm/) ကို သွားပြီး ဆီဗီ တင်တာမျိုး၊ Officially ကုမ္မဏီ ဝဘ်ဆိုဒ်တွေကို သွားရောက်စုံ စမ်း တာမျိုး အစရှိစသဖြင့် စစ်တိုက်သလိုပဲ စစ်မျက်နှာပြင် ဖြန့်ထားရပါမယ်။ ဒီအပတ်တော့ ဂျာနယ်မှာ ရှာပြီး နောက်အပတ်တော့ အွန်လိုင်းမှာ ရှာမယ်ဆို ရင် သက်ရောက်မှု နည်း။ အလုပ်ရှာနေစဉ်အတွင်း စိတ်ရော၊ကိုယ်ရောနစ်လို့ “ငါအလုပ်တစ်ခု ရကိုရစေရမယ်” ဆိုတဲ့ ခံယူချက်မျိုး၊ လုံ့လမျိုးနဲ့ရှာရပါမယ်။ ဒါဆိုရင် ကိုယ်နဲ့သင့်တော်မယ့် အလုပ်ကို ကြိမ်းသေ တွေ့မှာပါ။ Mind Power ဆိုတာကလည်း တကယ် ဇွဲကြီးရင် အစွမ်းထက်ပါတယ်။ ဇွဲရှိဖို့လည်း လိုအပ်ပါတယ်။

နိဂုံးချုပ်

ဒါဆိုရင် အလုပ်တစ်ခု ရှာဖို့အတွက် ဘယ်လိုသွားရမယ်။ ဘယ်လိုပြင်ဆင်ရ မယ်လို့ သိရှိပြီလို့ ယူဆပါတယ်။ မြန်မာပြည်မှာ အလုပ်မရှားပါဘူး။ တကယ် မရှားပါဘူး။ အလုပ်ရှာတဲ့ သူနဲ့ အလုပ်လိုတဲ့ ကြား ဆက်စပ်မှု လိုအပ်နေ လို့ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကို ဘယ်သူမှ လာဖြည့်ပေးမှာ မဟုတ်ပါဘူး။ ကိုယ်တိုင် ကြိုးစားရ မှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်အတွက် ကြိုတင်ပြင် ဆင်ခြင်း၊ ပညာသင်ယူခြင်း၊ အလုပ်လျှောက်ခြင်း၊ အစရှိသဖြင့် အဆင့်ဆင့် သွားနိုင်လို့ အလုပ်ကောင်းများ ရရှိနိုင်ပါစေလို့ မျော်လင့်ပါတယ်။
--
အောင်ခမ်း

https://www.facebook.com/Work.com.mm


from myanmar online now

Wednesday, December 12, 2012

သူ့မှာတမ်း

ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေးပါ။ကဗျာလေး ဖတ်တိုင်းအတွေးတခုခုရလျက်ပါပဲ။

သူတို့ အဆုတ် ၊ ထားခဲ့မြုပ်သည့်
ဗုံးငုတ် တိုက်မှား ၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းသည်း ။

“အမောင်ပြောက်ကျား ၊ ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း ။”

“ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ ။”

“အမောင်ပြောက်ကျား ၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း ။”

“မွေးသည့်မိခင် ၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ ။”

“အမောင်ပြောက်ကျား ၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့လိုသနည်း ။”

“ခရီးမတ်တတ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ ၊ ခွာရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ ။”

ယမ်းငွေ့ အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား ။ ။

ရေးသားသူ ။ ။ မင်းသုဝဏ်

လယ်တီဆရာတော်ကြီး၏ နိဗ္ဗိန္ဒ တေးထပ်


အ၀ိဇ္ဇာ ပိတ်ကာဆို့၊ မိစ္ဆာမြို့ ပြင်ပြင်၊
ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စင်မည် မလွဲ၊
အရိုးစု အပုပ်ကောင်ကို၊
 အဟုတ်ယောင် မှားဖို့ ဖန်နဲ၊
 အသုဘ ရုပ်တစ္ဆေငယ်၊ မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရည် စိုအရွှဲ ဟာမို့၊ ယိုမစဲ သူ့မှာ၊
သွေး သည်ခြေ ပြည်သလိပ်တွေက၊
တည်မဆိပ် လျှမ်းပြည့်သည်သာ၊
သို့ကလောက် ရွံစရာကို၊ လွန်တဏှာ မက်စွဲလို့၊
စက်ဝဲမှာ တပေပေ၊ မွန်းနစ်ကြလေ၊
 
တဏှာဖမ်းတဲ့ အကန်းတွေမှာ၊
 အပန်းမပြေ ဟိုက်မောရှာကြလေး။
 တဏှာပူးတဲ့ အရူးတွေမှာ၊ 
အမူးမပြေ မိုက်မောရှာကြလေး။
 တဏှာလိုက်တဲ့ အမိုက်တွေမှာ၊
 အဟိုက်မပြေ ပင်ပန်းရှာကြလေး။ 


လယ်တီဆရာတော်ကြီး၏  နိဗ္ဗိန္ဒ တေးထပ်

Monday, December 10, 2012

သွေးတိုး ရောဂါ ထိန်းသိမ်း နည်း(၇)ချက်





သွေးတိုး ရောဂါသည် တိတ်တစ်စိတ် လာ၍ လူကို သတ်နိုင်သော ရောဂါကြီး တစ်ခု ဖြစ်သော် လည်း ကမ္ဘာ့ လူသားများ အားလုံး သွေးတိုးရောဂါ ရှိမှန်း မသိပဲ ရုတ်တရက် ရုတ်တရက် အသတ်ခံခဲ့ကြရ သည့် တိတ်တစိတ် လူသတ်သမားဟု ခေါ်ဝေါ်သုံးစွဲနေရ သော ရောဂါကြီး၊ မဆန်းသော ရောဂါ ပင်ဖြစ်သည်။ များသော အားဖြင့် အစား အသောက်၊ အနေအထိုင် မဆင်ခြင်ရာမှ ရုတ်တရက် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ် ၍သေဆုံးခြင်း တို့ကြောင့် အဖြစ်များ အသေများသည်။ ထို့ကြောင့် မည်သည့်အသက် အရွယ်တွင်မဆို မိမိသွေးတိုးရောဂါ ရှိမရှိ ဂရုစိုက် ဆရာဝန်နှင့် စစ်ဆေးကာ အဖြစ်ဆိုးမျိုး ကာကွယ် သင့်သည်။ မိမိခန္ဓာ ကိုယ်တွင်း သွေးဖိအား Blood Pressure အားလျှော့ချရန် နည်းလမ်း (၇) လမ်းကို ဖော်ပြပေးပါမည်။



၁။ နေ့စဉ်လမ်းလျှောက်ထွက်ခြင်း

မနက်စောစော အိပ်ယာထပါက နေမပူခင် ၁၅ မိနစ်ခန့် လမ်းလျှောက် ပေးရပါသည်။ အမှန်တကယ် တော့ Exercise ကို ပြင်းထန်စွာ လုပ်ရန်မလိုအပ် ချေ။ သင်၏ Blood Pressure ကို Exercise ပြင်းထန်စွာလုပ်ခြင်းဖြင့် ပို၍သွေးတိုးစေသည်။ Japan သုတေသီများက လူနာ ၁၆၈ဦးအား စမ်းသပ်ချက်အရ တစ်ပတ်လျှင် မိနစ် ၃၀ မှ ၉၀ အတွင်းသာ လမ်းလျှောက်ခြင်း၊ မပြင်းထန်သော Exercise လုပ်ခြင်းပြုလုပ်သော လူနာများ သည် တစ်ပတ်လျှင် မိနစ် ၉၀ ထက်ပို၍ လမ်းလျှောက်သော လူနာများထက် ပို၍ သွေးပေါင်ချိန်လျော့ နည်းစွာ ထိန်းထားနိုင်သည်ကို တွေ့ရသည်။ “တန်ဆေး၊ လွန်ဘေး” စကားပုံ ကဲ့သို့ပင် ဖြစ်နေသည်ကို တွေ့ရ ပေသည်။

Sunday, December 9, 2012

နေတတ်တဲ့လူ


“အရောဝင်လျှင် အရိုအသေတန်သည်။” 
“လူရင်းဆိုလျှင် အထင်မကြီး။” 
“နီးလွန်းလျှင်မမြင်” စသည်ဖြင့် ကျွန်တော်တို့ဆိုလေ့ရှိကြသည်။ သည်လို ဆိုစရာ အကြောင်းတွေ
လည်း လူ့လောကထဲမှာ မကြာခဏ ကြုံကြရသည်။ ထို့ကြောင့် သည်စကားတွေကို ရှေးကလည်း
ပြော ယနေ့လည်း ဆက်ပြော နေကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ သာမက အခြားတစ်ပါးသော
လူမျိုးများ မှာလည်း အလားတူ အဓိပ္ပါယ် ဆောင်သည့် စကားမျိုးတွေ ရှိကြသည်။ ထို့ပြင် သည်
စကားများကို  ထင်ရှားစေသည့်  ဥပမာ  သာဓကတွေ၊  သင်ခန်းစာ  ပုံပြင်တွေလည်း  အများပင်
ရှိခဲ့ပါသည်။  အင်္ဂလိပ်မှာFamiliarity breeds contempt. ဟုဆိုသည်။  တိုက်ရိုက်အဓိပ္ပါယ်က
Familiarity ရင်းနှီးကျွမ်းဝင်မှုမှcontempt အားမနာမှု အထင်မြင်သေးမှုbreeds ပေါက်ဖွားသည်
ဟူ၍ ထွက်သည်။ အရောဝင်လျှင် အရိုအသေ တန်သည်နှင့် သဘောချင်း အတူတူပင်။
ယခုအခါ အင်္ဂလိပ် စကားပုံ အဖြစ် တွင်နေသော်လည်း စင်စစ် အင်္ဂလိပ်တွေ စထွင်သော
စကား  မဟုတ်။  ဂရိပုံပြင်ဆရာ  အီစွပ်(Aesop ဘီစီ  ၆ရာစု) လက်ထက်ကပင်  သုံးတာ  တွေ့ခဲ့
ရသည်။ အီ စွပ်က ဂရိ ဖြစ်သဖြင့် ဂရိဘာသာဖြင့် ပြောခဲ့လိမ့်မည်။ သို့သော် သူ့စကားကို အင်္ဂလိပ်
လို ပြန်ပြော သည့်အခါ အထက်က ဖော်ပြခဲ့သည့် အတိုင်း ဖြစ်လာသည်။ ရောမစာဆို ဆီးရပ်(စ) 
(Publilius Syrus ဘီစီ ၁ရာစု) ၏ အတွေးစကား(Maxim) များထဲမှာလည်း အီစွပ်နှင့် တစ်ထပ်
တည်း  တူညီသည့်  စကား  တစ်ခွန်းပါသည်။  အင်္ဂလိပ်ဘာသာပြန်လျှင်Familiarity breeds 
contempt. ပင်။  အဲသည်  နောက်တွင်  သူတို့နှင့်  အသုံးအနှုန်းချင်း  တစ်ထပ်တည်း  မတူသော်
လည်း သည်သဘော သည် အ ဓိပ္ပါယ်ပါသည့် စကားကိုပင် စပိန်စာရေးဆရာကြီး ဆာဗင်တီး(စ) 
(Cervantes ၁၅၄၇- ၁၆၁၆)က ဒွန်ကွစ်ဇုတ် ဝတ္ထုကြီးထဲမှာ သုံးခဲ့သလို အင်္ဂလိပ် ပြဇာတ်ရေး
ဆရာကြီး  ရှိတ်စပီးယား(Shakespeare  ၁၅၆၄-၁၆၁၆)ကလည်းThe Merry Wives of 
Windsors ပြဇာတ်ထဲမှာ ထည့်သုံးခဲ့သည်။ ထို့နောက်တွင်လည်း……….. 
ပုံပြင်ဆရာ အီစွပ်က အထက်က ဖော်ပြခဲ့သည့် အရောဝင်လျှင် အရိုအသေ တန်သည်
(Familiarity breeds contempt.)ဟူသော မှတ်ချက်စကားကို ဆိုဖို့အတွက် ဥဒါဟရုဏ် ပုံပြင်
တစ်ပုဒ် ပြောသည်။ မြေခွေးနှင့် ခြင်္သေ့အကြောင်းပုံပြင်။ 
ခြင်္သေ့ဆိုတာကို တစ်ခါမှ မမြင်ဖူးသေးသည့် မြေခွေးတစ်ကောင် အမှတ်မထင် တစ်နေရာ
မှာ ပထမဆုံးအကြိမ် ခြင်္သေ့နှင့်ကြုံတော့ အကြောက်လွန်ပြီး သေမတတ် ဖြစ်သွားသည်။ ဒုတိယ
အကြိမ် ဆုံသည့်အခါလည်း သူကြောက်တော့ ကြောက်သေးသည်။ သို့သော် သူကြောက်နေတာ
လူမသိအောင်  ဟန်မပျက်  နေနိုင်ခဲ့သည်။  တတိယအကြိမ်  တွေ့သည့်  အခါမှာတော့  သူက
အတော်ပင် အတင့်ရဲသွားပြီ။ ခြင်္သေ့နား ကပ်သွားကာ နေကောင်းလား ဘာညာနှင့်ပင် နှုတ်ဆက်
စကား ပြောနေချေ သေးသည်၊ ဟူ၍။
ပြင်သစ်  ပုံပြင်ဆရာ  လာဖွန်တိန်း(La Fontaine ၁၆၂၁- ၁၆၉၅) ကလည်း  အလားတူ
သင်ခန်းစာပေးသော  ပုံပြင်တစ်ပုဒ်  ရေးသားခဲ့သည်။  ကုလားအုတ်နှင့်  ထင်းစည်းပုံပြင်(The 
Camel and the Faggot)။ သူ့ပုံပြင်က နှစ်ပိုင်းဖြစ်၏။ ပထမအပိုင်းက ကုလားအုတ်။
ကုလားအုတ်ကို  ပထမ  စတွေ့သော  လူတစ်ယောက်က  ဘာကောင်ကြီးမှန်း  မသိဟူ၍
လန့်ပြီး ထွက်ပြေး၏။ ဒုတိယ တစ်ယောက်ကျတော့ နည်းနည်း အရဲကိုးကာ အနားသို့ တိုးလာ
သည်။  တတိယ  တစ်ယောက်  အလှည့်တွင်မူ  လည်ပင်းကို  ကြိုးကွင်းစွပ်ပြီး  ဖမ်းဖို့ပင်  ကြိုးစား
လာလေသည်တဲ့။ အတွေ့ အမြင် များသည့်အခါ အကြောက်အရွံ့ လျော့ပါးပြီး အားမနာပါးမနာ
ဖြစ်လာတတ်သလို တစ်ဖက်၌ မိ မိနှင့် မရင်းနှီး မယဉ်ပါး နားစွန်နားဖျား စမ်းတဝါးဝါး သိရသည့်
သူများကျတော့ အထင်ကြီး တတ်ကြ သည့် သဘောကို လာဖွန်တိန်းက ပုံပြင် ဒုတိယပိုင်းဖြင့်
ဆက်ပြောသည်။
သည်အပိုင်းက ကမ်းခြေမှာ ကင်းစောင့်တာဝန် ယူကြသူများ၏ အတွေ့အကြုံမှ ထွက်လာ
သည့် ပုံပြင်ဖြစ်သည် ဆို၏။ ကမ်းခြေမျှော်စင် မှနေ၍ ပင်လယ်ထဲ စောင့်ကြည့် နေရသော သူ
သည် ဟိုအဝေး ရေပြင် လှိုင်းဂယက်များ ကြားထဲမှ တရွေ့ရွေ့လာနေသည့် ထိုးထိုးထောင်ထောင်
အရာကို  မြင်လျှင်ရုတ်တရက်“ရွက်တိုင်၊  ရွက်တိုင်  မြင်တယ်။  စစ်သင်္ဘောကြီး  တစ်စင်း
လာနေတယ်”ဟု  ထ၍  အော်သည်။  နောက်ထပ်  စောင့်ကြည့်၍  ငါးမိနစ်ခန့်  ကြာလျှင်မူ  စစ်
သင်္ဘောကြီးတော့ မဟုတ်၊၊ ကမ်းရိုး တန်းသွား သင်္ဘောငယ် ဖြစ်မည်ဟု ဆိုသည်။ ထို့ထက်ပို၍
နီးလာသောအခါ  တစ်တက်လှော်  လှေငယ်ဟု  သူထင်လာသည်။  နောက်တော့  လှေမဟုတ်။
ဘေထုပ်  တစ်ထုပ်  ဖြစ်မည်ဟု  ယူဆပြန်သည်။  တကယ်  အနီးကပ်  ရောက်လာသည့်  အခါ၌မူထင်းစည်း တစ်စည်း မျောလာတာ ဖြစ်ကြောင်း သိရလေ တော့သည်၊ ဟူ၍။
နီးနီးစပ်စပ်လူ၊  ကိုယ်နှင့်  ရင်းနှီးသိကျွမ်းသူ  ဆိုလျှင်  အထင်မကြီး။  ဟိုအဝေးကလူ  လူတစိမ်း
ကျတော့  ထင်းစည်းကို  စစ်သင်္ဘော  ထင်သလို  မတန်မဆ  ရမ်းသမ်း၍  အထင်ကြီးတတ်ကြကြောင်းလာဖွန်တိန်းက ဆိုလိုက်ခြင်း ဖြစ်ပါသည်။ ရှေးတရုတ်တို့မှာလည်း သည်သဘောကို ဖော်ပြသည့် ရိုးရာပုံပြင်တစ်ပုဒ်ရှိသည်။ ကြက်ဖနှင့် ငန်းပုံပြင်။ 
လူးနယ်မှ မြို့စားကြီး အိုင်းထံတွင် တိယင်ဂျောင်းအမည်ရှိ အမှုထမ်းတစ်ယောက်ရှိသည်။ တိယင်
ဂျောင်းက မထင်မရှား ရာထူးကလေးမှာ တာဝန်ထမ်းဆောင် နေရတာကြာတော့ စိတ်ပျက်ကာ သူ့သခင်မြို့စားကြီးအား  လျှောက်ထားသည်။"ကျွန်တော်မျိုးတော့  တောငန်းဖြူကြီးတွေလို  ဟိုအဝေးဆီ  ပျံပြေးသွားတော့ မယ် ခင်ဗျ" 
"ဟေ...... ဘာဖြစ်တာတုန်းကွ။ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါဦး" မြို့စားကြီးက မေးသည်။
"မြို့စားမင်းကြီး၊  ခြံထဲက  ကြက်ဖကို  မြင်တယ်မဟုတ်လား" တိယင်ဂျောင်းက  ဆိုသည်။" သူ့ခေါင်းမှာဆောင်းထားတဲ့ အမောက်ဟာ ယဉ်ကျေးမှုကို ပြတဲ့ အမှတ်သင်္ကေတ တစ်ခုဖြစ်တယ်။ သူ့ခြေထောက်ကမာကြောတဲ့ ခြေသည်းနဲ့ ချွန်ထက်တဲ့ အတက်တွေဟာ သူရဲ့ခွန်အားကို ပြသနေတယ်။ ဘယ်ရန်သူကိုမဆိုယှဉ်ခွပ်ဖို့ ဝန်မလေးခြင်းက သူရဲ့ ရဲ့ဝံ့မှုကို ဖော်ပြနေတယ်။ အစာရှာတွေ့တဲ့ အခါတိုင်း အခြားတပါးကြက်တွေကို တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်းဟာလည်း သူ့ရဲ့ ရက်ရောသဘောကောင်းမှုကို ထင်ဟပ်ပြနေတယ်။ ညဥ့်ဦးယံကနေ မိုး သောက်ယံအထိ အချိန်မှန်မှန် တွန်ကျူးတတ်ခြင်းကတော့ အမှန်ကိုသာ ဆိုတတ်တဲ့  သူ့သဘောကို ထင်ရှား အောင်ပြသလို ရှိနေတယ်။ အဲဒီ  ဂုဏ်အရည်အသွေးကောင်း  ငါးရပ်နဲ့ပြည့်စုံပါလျက်  ကြက်ဖတွေဟာ  အရှင်မြို့  စားမင်းကြီး  ပွဲတော်တည်ဖို့အတွက်  နေ့စဉ်နဲ့အမျှ  သတ်ဖြတ်
ခံနေရတယ်။ ဘာကြောင့် သူတို့ကို တန်ဖိုးမထား အလွယ်တကူ သတ်စားနေရသလဲ။ အကြောင်းရင်းကလူနဲ့လက်လှမ်းတမီမှာ ရှိနေတဲ့ အတွက်ကြောင့်ပဲ။ သူဟာ လူနဲ့ စပ်လွန်းနေတယ်။ သူ့ကို အမြဲမြင်နေတွေ့နေရတယ်။ အဲဒီတော့ ရိုးသွားတယ်။ သူ့တန်ဖိုးတွေ ဘယ်လိုရှိတယ်ဆိုတာ မစဉ်းစားမိကြတော့ဘူး။ဟိုးမိုင်ပေါင်း  ထောင်ချီဝေးတဲ့အရပ်က  တစ်ခါတလေမှ  နယ်ပြောင်းပယ်ပြောင်း  ရောက်ရှိ  လာတတ်တဲ့
တောငန်းဖြူကြီးတွေ  ကျတော့  ကြက်ဖရဲ့ဂုဏ်အင်္ဂါနဲ့  ပြည့်စုံကြတာ  မဟုတ်ပေမယ့်   ရှားပါးတယ်၊  တွေ့ရခဲတယ်ဆိုတာ တစ်ခုတည်းနဲ့ မြို့စားကြီးက အင်မတန် တန်ဖိုးထားတယ်။ ဥယျာဉ်ထဲ ရေကန်ထဲမှာ ငါးတွေစား လိပ်တွေစား၊ ကောက်ပင်တွေ ကိုက်ဖြတ်နဲ့ အမျိုးမျိုး ဖျက်ဆီးပေမယ့် သူတို့ကို လုံးဝ ပစ်ခတ် သတ်ဖြတ်ခြင်းမရှိ၊ ဒီအတိုင်း အလှကြည့်ထားတယ်။ ဒါကြောင့်မို့ ကျွန်တော်မျိုးလည်း တော ငန်းဖြူကြီးများလိုဝေးရာဆီပဲ ပျံသန်းသွားတော့မယ်လို့ ပြောတာပါ"၊ ဟူ၍။မှန်သည်။  နီးလွန်းသည့်အခါ  မမြင်ဖြစ်တတ်သည်။  တွေ့ဖန်များသောအခါ  တန်ဖိုးမရှိ  ဖြစ်တတ်သည်။ အဲသည်သဘောကို လူအများ သိကြသည်။ သို့သော် သိသာသိသည်။ လက်တွေ့ မကျင့်ကြ။ အမှုမဲ့အမှတ်မဲ့ နေပြီး တကယ်ခံရသည့် အခါကျမှ တိယင်ဂျောင်းလို ထပြောကြသည်။ အဲသည့်အခါ အကျိုးမရှိ၊မထိရောက်။ ရှားရှားပါးပါး တချို့ပုဂ္ဂိုလ်များသာ သဘောတရားကိုလည်း သိသည်။ သတိဝိရိယထားကာတကယ် လက်တွေ့လည်း ကျင့်ကြံကြသည်။ အဲသည်လို ပု ဂ္ဂိုလ်များထဲမှ ထူးကဲကြီးကျယ်စွာ အောင်မြင်မှုရခဲ့သူ တစ်ဦးက ဒီအိုဆီး(စ) (Deioces.)။
တစ်ရံရောအခါက။ အာရှတိုက် အနောက်ပိုင်းဒေသတွင် ရာစုပေါင်းများစွကြာအောင် အဆီးရီးယန်းတို့ လွှမ်းမိုး ကြီးစိုးခဲ့ကြသည်။ ဘီစီ(၈)ရာစုတွင်မှ လက်အောက်ခံ နယ်မြေတစ်ခုဖြစ်သည့် မိဒိယဒေသ(ယခုခေတ်  အီရန်ပြည်  အနောက်မြောက်ပိုင်း) မှ  ပြည်သူပြည်သား  မီးဒီးများသည်  လက်နက်စွဲကိုင်ကာ အဆီးရီးယန်းတို့၏  ဓားမိုးအုပ်စိုးမှု  အောက်မှ  လွတ်မြောက်အောင်  တော်လှန်  ရုန်းထွက်နိုင်ခဲ့ကြသည်။
သို့သော်  လွတ်လပ်ခါစ  မီးဒီးတို့မှာ  ပြဿနာကြီးတစ်ရပ်  ရင်ဆိုင်ကြရသည်။  

မိန့်ခွန်းရေးသားနည်း


မိန့်ခွန်းရေးတာနဲ့ စာစီစာကုံး (အက်ဆေး) ရေးတာ တူညီတာတွေ အများကြီးဘဲ။ မိန့်ခွန်းဆိုတာ နှုတ်နဲ့ ပြောရတဲ့ စာစီစာကုံးတစ်မျိုး ဖြစ်နေလို့ပါ။ ဒါပေမယ့် မိန့်ခွန်းဆိုတာ နှုတ်နဲ့ ပြောတာကို နားထောင်ရမှာ ဖြစ်တဲ့အတွက် စာနဲ့ ရေးထားတာကို ဖတ်ရတဲ့ စာစီစာကုံးနဲ့ မတူညီဘဲ ထူးခြားနေတဲ့ သွင်ပြင်လက္ခဏာတွေ ရှိနေပါတယ်။
၁။ မိန့်ခွန်းကို ပြောရမယ့် အခြေအနေအချိန်အခါ၊ ပွဲလမ်းအခမ်းအနား၊ ပရိသတ်၊ ဖြစ်ချင်တဲ့ လေသံ (အခက်အခဲဖော်ပြ၊ လေးနက်၊ လွတ်လပ်၊ ရယ်စရာမောစရာ စသည်ဖြင့်) နဲ့ မိန့်ခွန်းပြောဖို့ ရမယ့်အချိန် အလိုက် စီစဉ်ပြောကြားရပါမယ်။

၂။ မိန့်ခွန်းရဲ့ အာဘော်နဲ့ ဘယ်လို ပေါ်လွင်အောင် ချဉ်းကပ်ပြောဆိုမလဲဆိုတာ ဖော်ထုတ်ပါ။

၃။ အဖွင့်နိဒါန်းဟာ ထိရောက်မှုရှိပြီး ပရိတ်သတ်ရဲ့ အာရုံစူးစိုက်မှုကို ရရှိနိုင်ရမယ်။ ဖြစ်ရပ်တစ်ခု ပြန်ပြောပြတာမျိုး၊ ရယ်စရာပြောတာမျိုး၊ ရည်ညွှန်းကိုးကား ပြောဆိုတာမျိုး၊ တွေးတောစဉ်းစားစေတဲ့ မေးခွန်း ဒါမှမဟုတ် အဆိုတစ်ခုကို မေးမြန်း ပြောဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ နိဒါန်းက သိပ်မရှည်ဘဲ စက္ကန့် ၃၀ လောက်နဲ့ ပြီးသင့်တယ်။

၎။ မိန့်ခွန်းပြောတဲ့အခါမှာလည်း ဆွဲဆောင်ရေးသားတဲ့ ဒါမှမဟုတ် သတင်းအချက်လက် ဖြည့်ဆည်းပေးတဲ့ စာစီစာကုံးတစ်ပုဒ် ရေးသလိုဘဲ ပါဝင်ရမယ့် အချက်တွေကို အကျဉ်းစီစဉ်ထားရမယ်။ ပြောခဲ့ပြီးတဲ့အတိုင်း မိန့်ခွန်းဆိုတာ နှုတ်နဲ့ ပြောရတဲ့ စာစီစာကုံးတစ်မျိုးပါ။

၅။ အချက်အလက်တွေ တစ်ခုပြီးတစ်ခု ဆက်လက်တည်ဆောက်ပြီး ပံ့ပိုးပေးနိုင်အောင် စုစည်းစီစဉ်ပါ။ အထွေထွေ သိစေလိုရင်း အာဘော်ကို ပံ့ပိုးမှုပေးနိုင်အောင်၊ နောက်ပြီး သတ်မှတ်ချိန်အတွင်း ၀င်နိုင်အောင် အချက်အလက်တွေကို ထပ်ဖြည့်နိုင်တယ်၊ ချန်လှပ်ထားနိုင်တယ်။

၆။ အချက်အလက် တစ်ခုနဲ့ တစ်ခု အကူးအပြောင်း ကောင်းမွန်စေရပါမယ်။

၇။ အစကောင်းဖို့ လိုသလို အဆုံးလည်းကောင်းဖို့ လိုတယ်။ ပြောခဲ့ပြီးတဲ့အချက်တွေကို ပြန်ပြီး အကျဉ်းချုပ် ဖော်ပြပါ။ နားထောင်သူတွေ မှတ်သား စဉ်းစားနိုင်အောင် နောက်ထပ် ပြောနိုင်တယ်။ ဒါမှမဟုတ် မေးခွန်း မေးနိုင်တယ်။

၈။ မိန့်ခွန်းအပြည့်အစုံကို ချရေးပြီး အကဲဖြတ်သုံးသပ်ကြည့်ပါ။ ကျစ်လစ်ပြီး ရှင်းရှင်းလင်းလင်း ရှိတဲ့အပြင် လက်ခံချင်စရာကောင်းတဲ့ မိန့်ခွန်းဖြစ်လာအောင် အကြိမ်ကြိမ် ပြင်ရေးပါ။

၉။ နောက်ဆုံးစာမူကို ကျေနပ်ပြီဆိုရင် အခြားသူ တစ်ယောက်နှစ်ယောက်ကို ပြကြည့်ပါ။ မိန့်ခွန်းပြောရမယ့် အခြေအနေအချိန်အခါနဲ့ မကိုက်ညီတဲ့ အချက်တွေ ပါနေသလား၊ အချက်အလက်တွေ စုစည်းစီစဉ်ပုံ ချို့ယွင်းချက် ရှိနေသလား၊ အတွေးရှင်းရဲ့လား၊ သဒ္ဒာနဲ့ အသုံးအနှုန်း အမှားတွေ ရှိသလား၊ မလိုတာတွေ ပါနေသလား၊ လိုတာတွေကျန်နေသလား၊ ကြည့်ခိုင်းပါ။ သူတို့ဆီက ပြန်ကြားရတာကို အခြေခံပြီး လိုအပ်သလို စာကြမ်းရေးပါ။

၁၀။ မိန့်ခွန်းကို အစမ်းလေ့ကျင့် ပြောကြားတဲ့အကြောင်း အသေးစိတ်ကိုတော့ ဖော်ပြဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် မိန့်ခွန်းကို ဖတ်ကြည့်တဲ့အခါ စာချောပေမယ့် အသံထွက်ပြီး ပြောတဲ့အခါ အဆင်မပြေတာလည်း ရှိတတ်တဲ့အတွက် ရေးထားတဲ့မိန့်ခွန်းအတိုင်း အပြောကျင့်ပြီး လိုအပ်ရင် ထပ်ပြင်ပါ။ ဒါဆိုရင်တော့ မိန့်ခွန်းစာမူချော ရပါပြီ။
်from Myanmar Network 

Friday, December 7, 2012

စိန်မြေဧကပေါင်းများစွာ

စိန်မြေဧကပေါင်းများစွာ 

တစ်ခါတုန်းက အာဖရိက မှာ လယ်သမားတစ်ယောက်ရှိတယ် ။ အဲဒီလယ်သမားဟာ လယ်ယာအလုပ်လုပ်ရင်း ပျော်ရွှင်ခြင်းနဲ့ ကျေနပ်ရောင့်ရဲခြင်းကို ပိုင်ဆိုင်ထားတယ် ။ သူဟာ ရောင့်ရဲမှုရှိတဲ့အတွက်ပျော်ရွှင်ရတယ် ။ အဲဒီလိုပဲ သူဟာပျော်ရွှင်မှုရှိတဲ့အတွက် ရောင့်ရဲတင်းတိမ်နိုင်တယ် ။

တစ်နေ့မှာတော့ ပညာရှိ အဖိုးအိုတစ်ဦးက လယ်သမားဆီရောက်လာပြီး စိန် တွေရဲ့ ကျော်ကြားမှု ဂုဏ်သရေရှိမှုနဲ့ စွမ်းအားတွေအကြောင်းကို ပြောတယ် ။

" သင်ဟာ သင့်လက်မအရွယ်အစားလောက် စိန်တစ်လုံးကို ပိုင်ဆိုင်ရရင် သင့်မှာ ကိုယ်ပိုင်မြို့ တစ်ခုရှိလာလိမ့်မယ် သင်ဟာ သင့် လက်သီးဆုပ်အရွယ်အစားလောက်စိန်တစ်လုံးပိုင်ဆိုင်ရရင် သင့်မှာ ကိုယ်ပိုင်နိုင်ငံရှိလာလိမ့်မယ် " အဲဒီလိုပြောပြီး ပညာရှိ အဖိုးအိုဟာ လယ်သမားဆီကနေ ထွက်ခွာသွားခဲ့တယ် ။

အဲဒီညမှာ လယ်သမားဟာ ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ဘူး ။ သူဟာ မပျော်ရွှင်တော့ဘူး ပြီးတော့ ရောင့်ရဲတင်းတိမ်ခြင်းတွေဟာလည်းသူ့ဆီကနေအဝေးကိုထွက်ပြေးသွားတော့တယ် ။ သူဟာ မရောင့်ရဲနိုင်တော့တဲ့အတွက် မပျော်ရွှင်တော့ဘူး ..အဲဒီလိုပဲ သူဟာ မပျော်ရွှင်တော့တဲ့အတွက် မရောင့်ရဲနိုင်တော့ဘူး ။

နောက်တစ်နေ့မနက်မှာ သူဟာ သူ့လယ်တွေကို အငှားချထားဖို့သဘောတူညီမှုလုပ်ခဲ့ပြီး သူ့မိသားစုကိုခေါ်ဆောင်လို့ စိန်တွေရှာဖို့သူဟာ ထွက်ခွာခဲ့တယ် ။ အာဖရိက နယ်ပယ်ဒေသ အားလုံးကို သူ လိုက်ရှာပါတယ် ဒါပေမယ့် သူ ရှာမတွေ့ခဲ့ဘူး ။ ဒီလိုနဲ့လယ်သမားဟာ ဥရောပဒေသတွေအထိပါရောက်လာပြီး ရှာပေမယ့် မတွေ့ခဲ့ပြန်ဘူး ။ သူ စပိန်နိုင်ငံကိုရောက်လာတဲ့အခါ သူ့မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ငွေကြေး အခြေအနေရော အတော်လေးကို ချို့တဲ့နေခဲ့ပါပြီ ။

သူဟာ စိတ်ဓါတ်တွေအကြီးအကျယ် ကျပြီး သူ့ကိုယ်သူ မြစ်ထဲခုန်ဆင်းပြီး သတ်သေဖို့လောက်အထိ အတွေးတွေဝင်လာခဲ့တယ် ။ ဒီလိုနဲ့ သူဟာ သူ့နဂိုနေရာလေးကို ပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့လယ်တွေကို အငှားလုပ်နေတဲ့သူဟာ လယ်တွေအလယ်ကနေ ဖြတ်စီးနေတဲ့စမ်းချောင်းလေးဆီကနေ ရေတွေကို ပုံးနဲ့ယူပြီး လယ်တွေကို ရေ လောင်းနေတာတွေ့လိုက်ရတယ် ။ အဲဒီအချိန်စမ်းချောင်းလေးကိုဖြတ်ပြီးတော့ နံနက်ခင်းရဲ့နေရောင်ဟာ ကျောက်တုံးတွေပေါ် ဖြာကျ နေလျှက်ရှိပြီး ရောင်စဉ်တွေဟာ သက်တံ တစ်စင်းလိုဖြစ်ပေါ်နေတာကိုတွေ့လိုက်ရတယ် ။

လယ်သမားက ဒီမြင်ကွင်းလေးဟာ အရမ်းကိုကြည်နူးဖို့ကောင်းတယ်လို့ တွေးလိုက်မိတယ် ။ ဒီလိုနဲ့လယ်သမားဟာ သက်တံလေးကျဆင်းနေတဲ့ ကျောက်တုံးလေးကို ကောက်ယူပြီး အိပ်ခန်းထဲမှာ ထည့်ထားလိုက်တယ် ။ နေ့လည်ရောက်လာတဲ့အခါ ပညာရှိအဖိုးအိုပြန်ရောက်လာပြီး အရောင်တောက်ပနေတဲ့ကျောက်တုံးလေးကိုတွေ့မြင်ခဲ့တယ် ။ သူက အငှားလယ်သမားကိုမေးလိုက်တယ် " အရင်လယ်သမား Hafiz ပြန်ရောက်ပြီလား " အငှားလယ်သမားကပြန်ဖြေတယ် " ဟင့်အင်းမတွေ့မိပါဘူးဘာလို့မေးတာလဲ "

အဖိုးအိုကပြန်ဖြေတယ် " ဘာကြောင့်လည်းဆိုတော့ ဒါဟာ စိန်တစ်ပွင့်ပဲလေငါ လူတစ်ယောက်ကို မြင်လိုက်တဲ့အခါ အဲဒီလူကို အမြဲမှတ်မိနေတတ်တယ် " အဲဒီအချိန်မှာ ပိုင်ရှင်လယ်သမားဟာ အိမ်ထဲကထွက်လာပြီး အဖိုးအိုကတွေ့သွားခဲ့တယ် ။ အဖိုးအိုက လယ်သမားကိုပြုံးပြလိုက်ပြီး " မင်း စိန်တွေရှာတွေ့ခဲ့ပြီလား " လယ်သမားက ဖြည်းညှင်းစွာ ခေါင်းခါလိုက်တယ် ။

အဖိုးအိုကပြုံးလိုက်ပြီး " ဒါဟာ စိန်ပွင့်တွေလေ " ကျောက်တုံးကို လက်ညှိုးထိုးပြလိုက်တယ် ။ အဲဒီအခါ ဘေးက ရပ်ကြည့်နေတဲ့အငှားလယ်သမားက ၀င်ပြောလိုက်တယ် " ဟင့်အင်းမဖြစ်နိုင်ပါဘူးအဖိုး ဒီကျောက်တုံးက ကျွန်တော်စမ်းချောင်းထဲကနေ ဆယ်ထားတဲ့ကျောက်တုံးလေးပါ စိန်မဟုတ်ပါဘူး " " ကဲဒါဆိုလာ ငါပြမယ် " ဆိုပြီး သူတို့ဟာစမ်းချောင်းလေးဆီထွက်ခွာသွားကြတယ် ။ ပြီးတော့ စမ်းချောင်းထဲက ကျောက်တုံးအနည်းငယ်ကို နမူနာအဖြစ်ယူပြီး စိန်အစစ်တွေဟုတ်မဟုတ် သုတေသနတွေလုပ်ခဲ့ကြတယ် ။

အံ့သြစရာ ကောင်းတဲ့ဖြစ်ရပ်က အဲဒီကျောက်တုံးလေးတွေဟာ စိန်ပွင့်တွေဖြစ်နေခဲ့တယ် ။ လယ်သမားဟာ ဒီလယ် ဧက တစ်ခုလုံးကို စိန်တွေနဲ့ ဖုံးအုပ်ထားတယ်ဆိုတာ နားလည်သွားတယ် ။ အဖိုးအိုက လယ်သမားကို ကြည့်ပြီး စကားတစ်ခွန်းပြောတယ် ။

" သင်ဟာ စိန်တွေရှိရဲ့သားနဲ့ဘ၀ရဲ့ ပျော်ရွှင်မှုအစစ် ဘ၀ရဲ့အနှစ်သာရ သင်ပိုင်ဆိုင်ရတဲ့ တိုင်းပြည်လေးကို သင်မမြင်ရသေးပဲကိုး " ဆိုပြီး ထွက်ခွာသွားပါတော့တယ် ။

from သက်တန့်ချို

Thursday, December 6, 2012

ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း

ဟိုးရှေးခေတ် ရွက်သဘောင်္ကြီးတွေနဲ့ ပင်လယ်ခရီးကို ကူးသန်းသွားလာတဲ့ခေတ်က တစ်နေ့မှာ . . ပင်လယ်ထဲမှာ သင်္ဘောတစ်စင်းဟာ မုန်တိုင်းမိနေပါတယ်။ ဒီအခါမှာ သင်္ဘောကပ္ပတိန်က သင်္ဘောသား လူငယ်တစ်ဦးကို ရွက်တိုင်မကြီးပေါ်တက်ပြီး (ဖြုတ်ပစ်မှ ဖြစ်တော့မယ့်) ရွက်ကြိုးတစ်ခုကို ဖြုတ်ချုင်တယ်။ လေက သိပ်ထန်နေပေမယ့် သင်္ဘောသားလူငယ်ဟာရဲရဲဝံ့ဝံ့သွက်သွက်လက်လက်ပဲ ရွက်တိုင်မကြီးပေါ်ရောက်အောင် တက်သွားပြီး ရွက်ကြိုးကို ဖြုတ်လိုက်တယ်။ ဖြုတ်ပြီးလို့ ပြန်ဆင်းဖို့ အောက်ကို ငုံ့ကြည့်လိုက်တော့ . . . သင်္ဘောတစ်ခုလုံးဟာ ဒေါသထန်နေတဲ့လှိုင်းလေတွေထဲမှာ ရပ်တည်ရာမရ လူးလိမ့်နေတာ မြင်ရတယ်။
ဒါကို အပေါ်စီးကနေ မြင်နေရတော့ ချက်ချင်းပဲ ဒီလူငယ်မှာ သတ္တိတွေ၊ ခွန်အားတွေ ဆုတ်သွားပြီး ထိတ်ထိတ်လန့်လန့်နဲ့ မူးမိုက် မေ့မြောသလို ဖြစ်သွားတယ်။ ဒါနဲ့ သင်္ဘောကုန်းပတ်ပေါ်က သူ့သူငယ်ချင်းဆီ လှမ်းပြီး “ဟေ့ … ငါတော့ လိမ့်ကျတော့မယ်၊ လုပ်ပါအုံး” လို့ အော်ပြောတယ်။
ဒီအခါမှာ ကုန်းပတ်ပေါ်က သူ့သူငယ်ချင်းက “အောက်ကို မကြည့်နဲ့ သူငယ်ချင်း ငုံ့ကြည့်မနေနဲ့၊ အပေါ်ကိုပဲကြည့်” လို့ တအားကုန် လှမ်းအော်ပြီး သတိပေးတယ်။
သူ့သူငယ်ချင်းသတိပေးတဲ့အတိုင်း သင်္ဘောသားလူငယ်ဟာ အပေါ်ကိုပဲကြည့်ဖို့ မျက်နှာမူထားတယ်။ ဒီအခါမှာ အောက်က မူးဝေ ထိတ်လန့်စရာ မြင်ကွင်းတွေကို မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်။ စိတ်ငြိမ်လာတယ်။ အားမာန်သတ္တိတွေလဲ ပြန်ဝင်လာတယ်။ ဒီတော့မှ သင်္ဘောသားလူငယ်ဟာ ရွက်တိုင်မကြီးပေါ်ကနေ သတိ ၀ီရိယထားဆင်းရင်း သင်္ဘောကုန်းပတ်ပေါ်ကို အောင်မြင်စွာပဲ ရောက်လာတယ်တဲ့။


ဒီလိုပါပဲ ကျွန်တော်တို့ဘ၀မှာ အဆင်မပြေနိုင်တာတွေ၊ ကျရှုံးတာတွေ၊ မျှော်လင့်သလို ဖြစ်မလာတာတွေကို တွေ့မြင်ဆုံဆည်းနေရတဲ့အခါမှာ ရှေ့ဆက်ပြီး ကြိုးစားချင်စိတ်တွေ ကုန်သွားတတ်ပါတယ်။ အားမာန်သတ္တိတွေ လျော့ကျသွားတတ်ပါတယ်။
“ငါတော့ ဒီအခြေအနေက ကျော်နိုင်တော့မှာ မဟုတ်ပါဘူး၊ ကျပါပြီ၊ ရှုံးပါပြီ၊ ဒီဘ၀ ဒီမျှနဲ့ပဲ ပြီးပါပြီ” ဆိုတဲ့ အားလျော့မှုတွေ ဖြစ်တတ်ပါတယ်။ ဒီလို အားလျော့စရာတွေကိုပဲ ပြန်ကြည့်နေ .. ငုံ့ကြည့်နေရင်တော့ ပိုပိုပြီး အားလျော့မိ၊ စိတ်ပျက်မိတာက လွဲလို့ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ပါဘူး။
ဒီတော့ဘယ်လို အဆင်မပြေတာတွေနဲ့ဘဲ ကြုံနေကြုံနေ …ဒါတွေကို ပြန်ပြန် ငုံ့ကြည့်မနေဘဲ ကိုယ်မျှော်လင့်ထားတဲ့၊ မြင့်မြင့်မားမား ချမှတ်ထားတဲ့ ပန်းတိုင်ဆီကိုပဲ မော်ကြည့်ပြီး ပြောချင်တာကတော့ … အပေါ်ကိုပဲကြည့်ပြီး သတိဝီရိယတွေနဲ့ လုပ်သင့်တာတွေကို ဆက်လုပ်ဖို့ လိုမှာပါပဲ။

နန္ဒာသိန်းဇံ၏ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း  စာအုပ်မှ

Complete list of Facebook Chat Emoticons facebook emoticons တွေပါ။

 facebook emoticons တွေပါ။
အသုံးဝင်မှာပါ။

While playing with Facebook Chat I wondered if it supported emoticons. Turns out it does. But when I tried the >:-) emoticon (a 'devil') and saw it printed as boring text, I wondered, "what smilies does facebook actually support?"
So with the help of Safari and some javascript hacking I present to you a complete list of facebook emoticons.
smile
:-) :) :] =)
frown
:-( :( :[ =(
tongue
:-P :P :-p :p =P
grin
:-D :D =D
gasp
:-O :O :-o :o
wink
;-) ;)
glasses
8-) 8) B-) B)
sunglasses
8-| 8| B-| B|
grumpy
>:( >:-(
unsure
:/ :-/ :\ :-\
cry
:'(
devil
3:) 3:-)
angel
O:) O:-)
kiss
:-* :*
heart
<3
kiki
^_^
squint
-_-
confused
o.O O.o
upset
>:O >:-O >:o >:-o
pacman
:v
curly lips
:3
robot
:|]
Chris Putnam
:putnam:
Shark
(^^^)
Penguin
<(")
42
:42:
Thumb
(Y) (y)
 
 
 
 
 
 

တန်ဖိုးထားအပ်သောအရာများ

အေဒီ-၇၉  ခုနှစ်တွင်  အီတလီကျွန်းဆွယ်  တောင်ပိုင်း  နေပဲလ်(စ)  ပင်လယ်ကွေ့အနီးရှိ  ဗီဆူး
ဗီးယပ်(စ) မီးတောင်ကြီး ပေါက်ကွဲသည်။ မီးတောင်မှ ထွက်လာသည့် ချော်ရည်ချော်မြှုပ် တို့ကြောင့် အနီးရှိ
ပွန်ပီမြို့ကြီး  ပျက်စီးခဲ့သည်။  မီးတောင်ပေါက်၍  တစ်မြို့လုံးဘေးလွတ်ရာ  ပြေးလွှားတိမ်းရှောင်ကြစဉ်
အစောင့်စစ်သည် တစ် ဦးသည် ဘယ်သို့မှ မထွက်ခွာ ၊ မိမိတာဝန် ကျရာ နေရာမှာပင် လုံခြုံရေးတာဝန်ကို
ဆက်၍ ထမ်းဆောင် နေ သည်။ တစ်မြို့လုံး ချော်ရည်တွေ ဖုံးသွားသည့် အခါ၌ မြို့စောင့် စစ်သားသည်
သူ့နေရာ၌ပင် ကျဆုံး ကျန်ရစ် သည်။
စစ်သည်၏  ခန္ဓာကိုယ်  အသွေးအသားတို့မှာ  သူ့အား  ဖုံးလွှမ်းခဲ့သည့်  ချော်ရည်ချော်ခဲများ
ပြာမှုန်ပြာစ များနှင့် ရောနှော ပျောက်ကွယ်ခဲ့ပြီ ဖြစ်သော်လည်း ထိုစဉ်ကာလ လွန်ခဲ့သော နှစ်ပေါင်း ၁၉၀၀
ကျော်က သူ ဆင် ယင် ခဲ့သည့် သံခမောက်၊ ချပ်ဝတ်အင်္ကျီနှင့် သူစွဲကိုင်သည့် လှံရှည်တို့မှာ နေပဲလ်(စ)
မြို့ရှိ  ပြတိုက်  တစ်ခုတွင်  ပြသထားဆဲ  ဖြစ်ရာ  သည်အမှတ်တရ  ပစ္စည်းများ  နှင့်အတူ  သူ၏  ဝိညာဉ်
သူ၏စိတ်ဓာတ်တို့တို့ ဆက်လက် ရှင်သန်လျက် ရှိသည်ဟု ဆိုရပါမည်။ ပွန်ပီမြို့စောင့် စစ်သား၏ လုပ်ရပ်
ကို စူးစမ်းဆင်ခြင်သည့်အခါ သူ၌ အဓိက ချီးကျူးရမည့် အရာသည် သူ၏ တာဝန်သိစိတ် ဖြစ်ကြောင်း
တွေ့ရှိရသည်။

၂၁ ရာစုနှစ်ကြီး နှစ်ပေါင်း ၁၀၀ တည်ပါစေ


ဘာလိုလိုနှင့် ၂၁ရာစုထဲ တကယ်ရောက်တော့မည်။ ကျွန်တော်ငယ်စဉ်က ကမ္ဘာကြီး သည်
လောက်ကြာကြာ  ခံလိမ့်မည်ဟု  လုံးဝမထင်ခဲ့။  နျူကလီးယားစစ်ကြီးဖြစ်ကာ  ကမ္ဘာကြီး  မကြာမီ
ပျက်စီးမည်  ဟူ၍ပဲ  ခေါင်းထဲစွဲနေခဲ့သည်။  ကမ္ဘာစစ်ကြီး  ဖြစ်မည်။  နျူးကလီးယားဗုံးတွေ  ကြဲချ
ကြမည်။ တစ်ကမ္ဘာလုံး သေမည်။ ငါလည်း ဘယ်လွတ်ပါ့မလဲ။ ကံဆိုးလေစွ။ လူသားမျိုး ပြုတ်ခါနီး
အချိန်ကျမှ  ကပ်ပြီး  လူလာဖြစ်ရတဲ့ငါ။  အဲသည်အတွေးက  ကျွန်တော့်ခေါင်းထဲ  နှစ်ပေါင်းများစွာ
ကြီးစိုးခဲ့သည်။ ဘာကြောင့်လဲ။
ကျွန်တော်တို့ လူမှန်းသိစ အရွယ်မှာ လူကြီးတွေ မကြာခဏ ပြောတတ်သည့် ကိုယ်တွေ့
ဖြစ်ရပ်များက၊ စစ်ကြီးတုန်းက အကြောင်း။ ကမ္ဘာတစ်လွှားက လူတွေသည် ဘာအတွက်မှန်း မသိ
တစ်ယောက်ကိုတစ်ယောက် အသည်းအသန် ကြိုးစားပမ်းစား သတ်ခဲ့ကြသည်တဲ့။ အင်္ဂလိပ် ဆို
တာ၊ ဂျပန်ဆိုတာတွေ တို့ဆီရောက်လာပြီး သတ်ကြ သေကြ။ တို့တွေလည်း ကြားက သေကြေ
ပျက်စီးကြ။
သတင်းစာလေး  ဘာလေး  ဖတ်တတ်လာတော့  ကြောက်ခမန်းလိလိ  ကြားသိရသည်က
အဏုမြူဗုံးအကြောင်း၊  ဟီရိုရှီးမားအကြောင်း။  ဗုံးကြီးတစ်လုံးတည်းနဲ့  သေလိုက်ကြတဲ့လူတွေ။
သည့်နောက်မှာတော့  အဏုမြူဗုံး  အကြီးစား  ကြီးတွေ၊ဟိုက်ဒရိုဂျင်ဗုံး  အကြီးစားကြီးတွေ  မြေ
အောက်မှာ၊ ရေအောက်မှာ၊ လေထဲမှာ ဖောက်ခွဲစမ်းသပ် နေကြပုံ အကြောင်း။ အဲသည်နောက်
တိုက်ချင်းပစ်  ဒုံးပျံကြီးတွေ၊  ဧရာမ  ဗုံးကြဲလေယာဉ်ကြီးတွေ၊  သမုဒ္ဒရာ  ရေအောက်မှာ  တိတ်တ
ဆိတ် ရွေ့လျားနေသည့် နျူကလီးယား ဒုံးယာဉ်တင် ရေငုပ်သင်္ဘောကြီးတွေအကြောင်း။
လူတွေကဒါကြီးတွေနှင့် ဘာလုပ်ကြဦးမည်လဲ။
ဒါတွေနှင့် လုပ်မည့်အရာ တစ်ခုတည်းပဲ ရှိပါသည်။
သေကြသတ်ကြမည်ပေါ့။
အစဉ်အဆက် လူတွေလုပ်ခဲ့ကြတာတွေပဲကြည့်။
ပုံပြင်တွေထဲမှာ  ခုနစ်ပြည်ထောင်မင်းတွေ  စစ်ခင်းသည့်အကြောင်း  ဖတ်ဖူးကြမည်။

Wednesday, December 5, 2012

ကလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း

ကပါ။ကပါ။

ဒါလေးအရမ်းကောင်းလို့ http://www.99sanay.com/ ကူးယူဖော်ပြလိုက်တာပါ။မိဘတိုင်း သိသင့်ပါတယ်။


ဖခင်တစ်ဦးရဲ့ အသိပေးချက် ၁၈ချက်

(၁) သင့်မှာရှိတဲ့အိပ်မက်တော်တော်များများကို သင်အကောင်အထည်ဖော်ဖြစ်ချင်မှ ဖော်ဖြစ်ခဲ့မယ်။ သင့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖြစ်မြောက်ဖို့ ကလေးကိုအစားထိုး မခိုင်းစေပါနဲ့။ ဒါဟာ သင့်စိတ်ကူးအိပ်မက်ပါ... ကလေးရဲ့စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။


(၂) ကလေးနဲ့စကားပြောတဲ့အခါ ထိုင်ချပြီးမှ ပြောပါ။


(၃) ကလေးတွေ ဆော့ကစားတဲ့အခါ သူတို့အချင်းချင်းကြားက ပြဿနာ/အခက်အခဲကို သူတို့ကိုယ်တိုင် ဖြေရှင်းပါစေ။



(၄) ကလေးနဲ့ စိတ်ရှည်လက်ရှည်ဆော့ကစားပါ။ သူ့ရဲ့ကစားနည်းက ဘယ်လောက်ပဲ ပျင်းရိငြီးငွေ့စရာကောင်းနေနေပေါ့။

(၅) ပုံပြင်စာအုပ်တစ်အုပ်ကို ကလေးတစ်လှည့်၊ သင်တစ်လှည့်အတူ ဖတ်ရှုပါ။

(၆) လစဉ်လတိုင်း ကလေးနဲ့အတူ စာအုပ်ဆိုင်တစ်ခါပတ်ပါ။ တစ်ခါပတ်ရင် နှစ်နာရီအထက်ကြာပါစေ။






Monday, December 3, 2012

တံငါသည်ကို သတိရသည်


တစ်နေ့ မြို့လယ်ရုံးကြီး တစ်ရုံးမှာ သူငယ်ချင်း တစ်ယောက်နှင့် စကားပြောပြီး ပြန်ဆင်း
အလာ အောက်ထပ်ရုံး အဝင်ဝမှာ ထိုင်နေသူ တစ်ယောက်က အနီးသို့ ချည်းကပ်လာပြီး ပြော
သည်။“အကိုရေ ကျွန်တော် လက်ဖက်ရည် မသောက်ရသေးဘူးဗျတဲ့”။
ဟာ ကျွန်တော်အံ့အားသင့် သွားသည်။ ကျွန်တော်တို့ဆီမှာ လက်ဖက်ရည် ယဉ်ကျေးမှုက
အတော့်ကို ပွင့်ပွင့်လင်းလင်း ရှင်သန်တိုးတက်နေပါကလား။
တလောကလည်း........................ ထားပါတော့လေ..... ဒါတွေအသေးစိတ် ပြောမနေ
ချင်ပါ။
ယခုကျွန်တော်ပြောလိုသည်က လက်ဖက်ရည်ဖိုး တောင်းတတ်သော တံခါးမှူးများနှင့် တွေ့
ရတိုင်း တံငါသည်ကို ကျွန်တော်သတိရသည့် အကြောင်းဖြစ်ပါသည်။ ကျွန်တော်တို့မှာ တံငါသည်
နှင့် နန်းတော်စောင့် တံခါးမှူးအကြောင်း ပုံပြင်ရှိသည် မဟုတ်လား။
အများသိပြီးသား ပုံပြင်ကို ပြန်ပြောရတာ အားနာပါသည်။ သို့သော်ဝိုးတိုးဝါးတား ဖြစ်နေသူ
များ ပြန်ပြီး သတိရအောင် ခပ်သုတ်သုတ်လေး ကျွန်တော် ပြန်ပြောပါရစေ။
တစ်ခါတုန်းက  ရှင်ဘုရင်တစ်ပါးမှာ  ပထမဆုံး  ရင်သွေးရတနာ  မွေးဖွားလာတော့  ဝမ်း
မြောက်ဂုဏ်ယူသည့် အထိမ်းအမှတ်ဖြင့် အနီးဝန်းကျင် တိုင်းပြည်များမှ ရှင်ဘုရင်များ၊ မြို့စား ရွာ
စားနှင့် အခြားဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို ဖိတ်ကြားကာ ဧည့်ခံပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်သည်။
ဧည့်သည်တော်များအား  အလျှံပယ်  တည်ခင်းကျွေးမွေးနိုင်ရန်အတွက်  ဘုရင်မင်းမြတ်ကိုယ်တိုင်
အနီးကပ် ကြီးကြပ်ကာ စောစောစီးစီး ကြိုကြိုတင်တင် ချက်ပြုတ်စေသည်။ ငါးဟင်းလျာ တခုကို
သာ လတ်ဆတ်ချိုမြိန်မှု ရှိစေရန်အတွက် ပွဲတော်ကျင်းပမည့်ရက် မတိုင်မီနေ့တွင် ဖမ်း၍ရသည့် ငါး
ကိုမှ ချက်မည်ဟု ဆုံးဖြတ်စောင့်ဆိုင်းနေသည်။
သို့သော်ကံဆိုးချင်တော့ အဲသည်နေ့တွင် လေကြီးမိုးကြီး ကျကာ ပင်လယ်သို့ မည်သူမျှ
ငါးဖမ်းမထွက်နိုင်ဘဲ ရှိလေသည်။ နန်းတော်က တည်ခင်းသည့် ဧည့်ခံပွဲမဟာမှာ ငါး ဟင်းလျာလေး
တစ်ပွဲပင် မပါဘူးဆိုလျှင်တော့ အကြီးအကျယ် သိက္ခာကျတော့မည်ဟု ရှင်ဘုရင် စိတ်ဓာတ်ကျ
ကာ  မှိုင်တွေ၍  နေသည့်အခိုက်  တံခါးမှူးက  ဧည့်သည်တစ်ယောက်  ရောက်လာကြောင်း  လာ
ရောက် အကြောင်းကြားသည်။
ဧည့်သည်က  တံငါသည်။  ပိုက်ကွန်ကို  ထမ်းလျက်။  ပိုက်ကွန်ထဲမှာ  ဧရာမငါးကြီး  တစ်
ကောင်။ ရှင်ဘုရင်ပွဲတော် အတွက် ငါးအရေးတကြီး လိုနေသည် ကြားသဖြင့် သူများမထွက်ရဲသည့်
ပင်လယ်ထဲ စွန့်စွန့်စားစား ထွက်ကာ ငါးသွားရှာ ခဲ့ခြင်းဖြစ်သည်။
ရှင်ဘုရင် ဝမ်းသာအံ့သြကာ စားဖိုမှူးအား ငါးဟင်းလျာ ချက်ချင်း ချက်ပြုတ်ပြင်ဆင်စေဟု
အမိန့်ပေးပြီးနောက် သည်လောက်တော်သည့် တံငါသည်ကို ဆုတော်လာတ်တော် ချီးမြှင့်ဦးမှဟု
ဆိုကာ နှစ်သက်ရာဆုကို တောင်းစေသည်။ တံငါသည်က သူ့အားကြိမ်ဒဏ် အချက်တစ်ရာ ချီးမြှင့်
တော်မူပါဟု ဆိုသည့်အခါ ဘုရင် ဇဝေဇဝါ ဖြစ်သွားသည်။ နောက်တော့မှ အင်း...... ခမျာ ခေါင်း
သိပ်မကောင်းရှာဘူးထင်တယ်။ ပြီးမှ ကြည့်စီစဉ်တာပေါ့။ လောလောဆယ်တော့ သူတောင်းတာ 
 ပေးရမှာပဲဟု တွေးကာ လက်မရွံ့ ကြိမ်ဆရာအား နာအောင်မရိုက်နဲ့ကွဟု ညွှန်ကြားပြီး ကြိမ်ဒဏ်
ဆုကို ချီးမြှင့်၏။
ကြိမ်ဆရာက ကြိမ်ဒဏ်တစ်ရာဆုကို ခပ်သာသာ ချီးမြှင့်၍ အချက်ငါးဆယ် အရောက်တွင်
တံငါသည်က  ခဏရပ်ပါဦး ဆိုသဖြင့် ရပ်ပေးရသည်။  တံငါသည်က“ကျွန်တော်က  ငါးဆယ်ဆို
တော်ပါပြီ။ ကျန်တဲ့ငါးဆယ်ကို ကျွန်တော်နန်းတော်စောင့် တံခါမှုးကို ပေးပါ့မယ်လို့ ကတိပေးထား
တာရှိလို့ သူ့ကိုပဲဆက်ရိုက်ပါ” ဟု ဆိုသည့်အခါ ကြိမ်ဆရာ နားမလည်နိုင်ဖြစ်ကာ ရှင့်ဘုရင့်ထံ
ပြေး၍ တင်ပြသည်။ ရှင်ဘုရင် လိုက်လာပြီး တံငါသည်အား မေးတော့ သူပင်လယ်ထဲ ထွက်ဖမ်းပြီး
ငါးရ၍ နန်းတော်သို့ ပို့ရန်အလာ နန်းတော်မှာ ငါးအသည်းအသန် လိုနေတာသိသော တံခါးမှူးက
ဂိတ်ဝမှဆီး၍  တားထားကြောင်း ရှင့်ဘုရင့်ထံမှ ရမည့်ဆုလာတ်ကို သူ့အား တစ်ဝက်ခွဲပေးမှ နန်း
တော်ပေါ်  တက်ခွင့်ပြုမည်  ဆိုသဖြင့်  ပေးပါမည်ဟု  ကတိပေးခဲ့ကြောင်း၊  ယခု  ထိုကတိအတိုင်း
ကြိမ်ဒဏ်အချက် ငါးဆယ်ကို တံခါးမှူးအား ချီးမြှင့်ပေးပါရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်းရှင်းလင်း
လျှောက်ထားသည်။
ရှင်ဘုရင် ကောင်းကောင်း သဘောပေါက်သွားကာ တံခါးမှူးအား ကြိမ်ဒဏ်အချက် ငါးဆယ်
ကို ပြည့်ပြည့်ဝဝကြီး ချီးမြှင့်ရန် ကြိမ်ဆရာကို ညွှန်ကြားပြီး ၊ကြိမ်ဒဏ်ခံယူ အပြီးတွင် ရာထူးမှ ဖယ်
ရှားလိုက်သည်။ တံငါသည်ကိုမူ ဆုတော်ငွေ ထိုက်တန်စွာချီးမြှင့်ပြီး ပွဲတော်ကြီး တွင်လည်း အထူး
ဧည့်သည်တော် တစ်ဦးအနေဖြင့် ဆင်နွှဲသုံးဆောင်စေလေသည် ဟူသတတ်။
ငယ်ငယ်တုန်းက ဖတ်ဖူးပြီး ခေါင်းထဲစွဲနေသော အဲသည်ပုံပြင်ကို နိုင်ငံရပ်ခြားက ထုတ်ဝေ
သည့် ပုံပြင်စာအုပ်တစ်အုပ်ထဲမှာ ဖော်ပြထားတာ တွေ့ရတော့ တို့တံငါသည် အတော်ခရီးပေါက်
နေ ပါကလားဟု ဝမ်းသာသွာမိသည်။ စာအုပ်ကJoanna Cole ၏Best- Loved Folktales of the World။
နိုင်ငံတကာမှ အထင်ရှားဆုံး ရိုးရာပုံပြင်ပေါင်း ၂၀၀ တိတိကို ရွေးချယ်စုစည်းထားသည့်
အဲသည် စာအုပ်ထဲတွင် မြန်မာ ပုံပြင်တစ်ပုဒ် ပါဝင်ရာ ၄င်းမှာ တံငါသည်နှင့် တံခါးမှူး( The 
Fisherman and the Gatekeeper) ပုံပြင် ဖြစ်နေသည်။
သည်ပုံပြင်လေးကို ဖတ်ကာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားသူက ဘယ်လို ကောက်ချမျိုးတွေ ချ
မည်လဲ၊  ကျွန်တော်တွေးမိသည်။  သည်ပုံပြင်မှာ  အဓိက  ဇာတ်ဆောင်နှစ်ယောက်ပါသည်။  တံငါ
သည်နှင့် တံခါးမှူး။ တံငါသည်က ဇာတ်လိုက် ၊ တံခါးမှူးက ဗီလိန်။
တံခါးမှူး၏ လက္ခဏာက ရှင်းရှင်းလေး၊ လာသမျှလူဆီက ဂိတ်ကြေးတောင်းမည်။ မရလျှင်
ဝင်ခွင့်မပေး၊ သူ့အားလခ ရိက္ခာ ပေးထားသည့် ရှင်ဘုရင်၏ အရေးကိစ္စကိုလည်း သူမထောက်
ထား။ လောဘကြီးသော အမှုထမ်းဆိုးတို့၏ ယေဘုယျစရိုက်လက္ခဏာ။
တံငါသည်ကတော့ ယေဘုယျမဟုတ်။ ထူးခြားသည်။ တံခါးမှူးတွေ နေရာတကာမှာ တွေ့ရ
နိုင်သော်လည်း သည်တံငါသည်မျိုးကတော့ ခဏခဏ တွေ့ရလိမ့်မည်မဟုတ်။ စင်စစ် သူ၏ ထူး
ခြားသော  အပြုအမူကြောင့်  သည်ပုံပြင်က  စိတ်ဝင်စားစရာ  ဖြစ်လာရသည်။  မဟုတ်သေး၊  သူ့
ကြောင့်ပင် သည်ပုံပြင် ဖြစ်ပေါ်ရသည်ဟု ဆိုရလိမ့်မည်။
တိုတိုလေး ရေးထားသည့် အထဲမှာပင် သူ့အရည်အသွေးနှင့် သူ၏ ထူးခြားသော  စရိုက်
လက္ခဏာတွေကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ဘာတွေလဲ.. 
ဦးစွာပထမ  သည်လူသည်  တံငါသည်များထဲမှ  မခေသော  ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
သူသည်ငါးဖမ်း ကျွမ်းကျင်သည်။ အလုပ်၌ လာတ်မြင်တတ်သူ ဖြစ်၍ လိုအပ်လျှင် စွန့်စားဆောင်
ရွက်ရန်လည်း ဝန်မလေးသူဖြစ်သည်။ ထို့ကြောင့် နန်းတော်မှာ ငါးအရေးတကြီး လိုနေကြောင်း သူ
သိရသည့် အခါ မုန်တိုင်းကျနေသော ပင်လယ်ပြင်သို့ထွက်၍ ငါးရအောင်သူရှာသည်။
ဈေးကောင်းကောင်းရမည့် ငါးကို နန်းတော်ထဲ သွားရောင်းသည့် အခါ ရှင်ဘုရင်နှင့် သူ့
အကြားမှာ လာတ်စားတတ်သည့် တံခါးမှူးက အတားအဆီး တစ်ခုအဖြစ် ပေါ်လာသည်။ တော်ရုံ
လူဆိုလျှင်တော့ မချစ်သော်လည်း အောင့်ကာနန်း ၊ သည်လူ့ကိုပဲ မျက်နှာချိုသွေး ပေါင်းကာ တတ်
နိုင်သမျှ အသက်သာဆုံးဖြစ်အောင် ဈေးညှိနှိုင်းပြီး သူ့စားပွဲကို ဖြတ်သန်းမည်ပေါ့။ သည်နေရာမှာ
တံငါသည်၏ စိတ်ဓာတ်တစ်ခု ပေါ်လာသည်။
ဈေးကောင်းရမည့် အချိန် စွန့်စားပြီး ငါးရှာခဲ့တာမှန်သည်။ သို့သော် ကိုယ့်ပစ္စည်းကို တန်
ရာတန်ဖိုး ရဖို့အတွက် သူ့တစ်ပါးအား အောက်ကျို့ ရတာမျိုး သူဝါသနာမပါ။ မဟုတ်မတရား လုပ်
တာမျိုးကိုလည်း သူ နည်းနည်းမျှ သည်းမခံနိုင်။ ဒါမျိုးနဲ့တော့ တပြားမှ မရရင် နေပစေကွာဟု သူ
သဘောထားသည်။
တချို့ကတော့  သည်လူ့စိတ်ဓာတ်ကို  အစွန်းရောက်သည်ဟု  ဆိုချင်ဆိုမည်။  ကိုယ့်ကိစ္စ
ပြီးအောင်  အတော်အတန်  လျှော့တန်တာ  လျှော့ပေးလိုက်ဟု  ပြောချင်ပြောမည်။  ကျွန်တော်
ကတော့ သည်လူ့စိတ်ဓာတ်ကို သဘောကျသည်။
သူကညစ်သော တံခါးမှူးကို ကောင်းပြီ။ သဘောတူသည်၊ တစ်ဝက် ရစေရမည်ဟု ကတိ
ပေးပြီး နန်းတော်ထဲ ဝင်ခဲ့သည်။ ရှင်ဘုရင်နှင့် တွေ့ပြီး ဆုလာတ်သပ္ပကာ ကိစ္စကြားရသည့် အခါ
မှာလည်း  သူစိတ်ပြောင်းမသွား။  ငွေကို  သူမလိုချင်၊  ဟိုလူ့ကိုသာ  ပညာပေးချင်နေသည်။  ထို့
ကြောင့် ဆုငွေအဖြစ် ကြိမ်ဒဏ်တစ်ရာ သူတောင်းသည်။
အာဃာတကြီးတဲ့လူပဲဟု မှတ်ချက်ချသူက ချပါမည်။ ကျွန်တော်ကတော့ သူ့ကို လွန်ကဲ
သည် မထင်။ သည်လောက်တော့ ရှိချင်ရှိမှာပေါ့ဟု ဆိုချင်သည်။ ပြီး သူ့ အာဃာတနှင့် သူ့လက်
စားချေလိုစိတ်မှာ ဟာသဓာတ်ခံလေး ပါနေတာ ကျွန်တော် သဘောကျသည်။ ထို့ကြောင့်ပင် သူ့
လုပ်ရပ်သည် လက်စားချေသော သဘောထက် ပညာပေးသော သဘော ပို၍ သက်ရောက် သွား
သည်ဟု ကျွန်တော်မြင်သည်။
ခွေးမသား၊  သိရော့ပေါ့ကွာဟု  စိတ်ထဲက  ကြိမ်းကာ  ကျိတ်၍ပြုံးနေမည့်  တံငါသည်၏
မျက်နှာကို  ကျွန်တော်မြင်ယောင်သည်။  သည်လူက  ဟာသရှိသည်။  တင်္ခဏုပ္ပတ္တိဥာဏ်လည်း
ရှိသည်။ တစ်ခါတစ်လေ အတည်ပေါက် နောက်တတ်သည့် အလေ့အထ ရှိသူမျိုးလည်း ဖြစ်နိုင်
သည်။ ထို့ကြောင့်လည်း ကိုယ့်အသား အနာခံကာ ကြိမ်ဒဏ် တစ်ဝက်ခွဲပေးမည့် ဉာဏ်မျိုး သူ့
ခေါင်းထဲက လျှပ်တစ်ပြက် ထွက်ပေါ်ခြင်းဖြစ်သည်။
ဉာဏ်က နည်းနည်းနောနော ဉာဏ်မဟုတ်။
ငါ့မြင်းစီးတဲ့အကောင် သိရောပေါ့ကွာ၊ သူ့လှေငါဖိလှော်မယ်ဆိုသော တခြားပုံပြင် တစ်ပုဒ်
ထဲက ပုဂ္ဂိုလ်၏ တုံးလွန်းသဖြင့် ရယ်ရသော ကလဲ့စားဉာဏ်မျိုးနှင့်တော့ ကွာချင်တိုင်း ကွာသည်။
ရှင်ဘုရင်သာ အေးအေးဆေးဆေး စဉ်းစားကြည့်မည်ဆိုလျှင် သည်လူက ဖြတ်ထိုးဉာဏ်အရာမှာ 
ငါ့နန်းတော်က မှူးမတ်ပညာရှိတွေထက် သာမယ့် ပုဂ္ဂိုလ်ပဲဟု တွေးမိကာ ရာထူးရာခံပင် ချီးမြှင့်
ဖြစ်စရာ အကြောင်းရှိသည်။ ဉာဏ်ကြောင့် နှစ်သက်စရာ ဟာသကြောင့် သဘောကျစရာ။
ပြီးတော့သည်လူသည်  မတရားလုပ်သူကို  လက်တုန့်ပြန်တာ  မှန်သော်လည်း  ကိုယ့်
အကွက် ဝင်သည့်အချိန် တစ်ဖက်လူအား အသေဆော်မည်ဟူသော သဘောမျိုးမရှိ။
သူနှင့်  အလားတူဉာဏ်မျိုးသုံးကာ  တစ်ဖက်သားကို  ရက်ရက်စက်စက်  လုပ်သွားသော
အခြားပုဂ္ဂိုလ်တစ်ဦးနှင့်  နှိုင်းယှဉ်ကြည့်ပါက  သူ့စိတ်ထား  အများကြီး  ပျော့ပျောင်းကြောင်း  သိ
မြင်နိုင်ပါသည်။ တိုတိုပဲ ပြောပါမည်။
တစ်ခါတုန်းက ရှင်ဘုရင်တစ်ပါး ရှေ့မှောက်သို့ လူနှစ်ယောက် ရောက်ကြသည်။ ရှင်ဘုရင်
က“မောင်မင်းတို့ အထဲက ကြိုက်တဲ့တစ်ယောက်က ကျုပ်ဆီမှာ လိုရာဆုတစ်ခု တောင်းပါ။ အဲဒီ
လူကို သူတောင်းတဲ့အတိုင်း ပေးမယ်။ ကျန်တဲ့လူကိုတော့ ပထမလူထက် နှစ်ဆပေးမယ်။” ဟု ဆို
လိုက်သည်။
ပညာရှိ နှိပ်စက်နည်းဖြင့် နှိပ်စက်လိုက်ခြင်းပေတည်း။ သို့သော် ဘယ်လောက်အထိ နှိပ်
စက်ခံသွားရသနည်း ဟူသည်က အဲသည်လူနှစ်ယောက်၏ စိတ်ဓာတ်ပေါ်၌ မူတည်ခဲ့သည်။
သည်ပုံပြင်ထဲမှ လူနှစ်ယောက်အနက် တစ်ယောက်သည် လောဘကြီးသူဖြစ်၍ ကျန်တစ်
ယောက်က မနာလိုစိတ် ကြီးမားသူဖြစ်သည်ဟု ပုံပြင်ဆရာက ကြိုပြောထားပါသည်။
ဘုရင်က ကဲ....ဘယ်သူတောင်းမလဲဟု မေးသည့်အခါ သူတို့ ရုတ်တရက် မဖြေနိုင်။ လော
ဘသမားက  သူနှစ်ဆရချင်သည်။  မနာလိုသူကလည်း  တစ်ဖက်လူပိုရသွားမှာ  နည်းနည်းလေးမျှ
မလိုလား။ သို့သော် ဘုရင်ရှေ့မှာ အကြာကြီး တစ်ယောက်ကို တစ်ယောက် လွှဲနေ၍ မရတော့
နောက်ဆုံးတွင် မနာလိုသူက မလွှဲမရှောင်သာ တောင်းရတော့သည်။
“ကျွန်တော်မျိုးရဲ့ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပေးတော်မူပါ ဘုရား” ဟူ၍။
ကျွန်တော်တို့၏  တံငါသည်  သည်  အဲသည်လို  မရက်စက်ပါ။  သူ့နှလုံးသားက  ဟိုလူ့လို
မမည်းမှောင်  မညစ်ထေးပါ။  သူသည်  မဟုတ်မခံစိတ်ရှိသူ၊  ဉာဏ်ထက်မြက်သူ  ၊ဟာသဓာတ်ခံ
ရှိသူဖြစ်သည်။
သူ့အပြုအမူသည် ချီးမွှမ်းဖွယ်ဖြစ်သည်။ သူ့လုပ်ရပ်ကြောင့် အဲသည်အချိန်က လက်ဖက်
ရည်ဖိုးတောင်းသော စားပွဲအတော်များများ သန့်ရှင်းသွားခဲ့စရာ အကြောင်းရှိသည်။
ထို့ကြောင့် တံခါးမှူးများကို မြင်တိုင်း တံငါသည်ကို ကျွန်တော် သတိရခြင်းဖြစ်ပါသည်။

 ဖေမြင့် တန်ဖိုးထားအပ်သောအရာများ စာအုပ်မှ

Sunday, December 2, 2012

စိတ်၏ အကွာအဝေး

တစ်နေ့တွင် ဆရာက ကျောင်းသားများကို “လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့အချိန်မှာ အော်ပြီး ပြောကြတာလဲ” ဟု မေးလေသည်။ ကျောင်းသားများက အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က “စိတ်တည်ငြိမ်မှုတွေ ပျောက်ကုန်လို့ အော်တာပါ ဆရာ” ဟု ဖြေသည်။
ဆရာက “ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ” ဟု ပြန်မေးသည်။ ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။
“လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့အချိန်မှာ သူတို့နှစ်ယောက်ရဲ့စိတ်ဟာ အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေ စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ” ဆရာက ဆက်ပြီး….
“လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား… အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့စိတ်တွေက အရမ်းနီးနေတယ်။ စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။ အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး စကားပြောစရာတောင် မလိုတော့ဘဲ အမူအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ”
“လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။ စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့” ဟု ဆရာက နောက်ဆုံး ရှင်းပြခဲ့သည်။

 နိုင်းနိုင်းစနေဆိုဒ်မှ ကူးယူတင်ပြအပ်ပါသည်။

ဗင်ဂိုးရဲ့ နားရွက်နှင့် သုဘာထေရီရဲ့ မျက်လုံး

တစ်နေ့တော့ ဗင်းဂိုးက ဇိမ်ဂေဟာတစ်ခုကို ရောက်သွားပါတယ်။ အဲဒီဇိမ်ဂေဟာမှာ ရာချယ်ဆိုတဲ့ ကောင်မလေးနဲ့ တွေပါတယ်။ ကောင်မလေးက ဗင်ဂိုးနားရွက်ကလေးကိုကိုင်ပြီး ပြောင်သလိုလိုနဲ့ ချီမွမ်းခန်းဖွင့်ပါတယ်။အမြဲလာဖို့လည်း ပြောပါတယ်။ ဒီလိုနဲ့တစ်ကြိမ်အသွားမှာတော့ ရာချယ်ဆိုတဲ့ ကောင်မလေးက “ ချစ်တုန်းပဲလား ” လို့မေးပါတယ်။ ဗင်ဂိုးကလည်း “ ချစ်တုန်းပါပဲကွယ် ” လို့ပြန်ဖြေပါတယ်။ ဒီတော့ကောင်မလေးက ဗင်ဂိုးရဲ့ နားရွက်ကလေးကို အသာအယာလိမ်ဆွဲပြီး “ တကယ်ချစ်ရင် သက်သေပြတဲ့ အနေနဲ့ ရှင့်ရဲ့နားရွက်ကလေးကို ပေးမလား” လို့ မေးလိုက်ပါသတဲ့။ နောက်တစ်ရက်မှာတော့ ဗင်ဂိုးက သူရဲ့ ညာဘက်နားရွက်တစ်ဖက်ကို သင်တုန်းဓါးနဲ့လှီးဖြတ်ပြီး ကောင်မလေးကိုသွားပေးလိုက်ပါသတဲ့။
ဒီဇာတ်ကွက်လေးကို ပြန်သတိရပြီး “ ရူးတာ ” လို့ စိတ်ထဲက ပြောလိုက်ပါတယ်။ တကယ်လို့ စိတ်ထဲကမပြောပဲ အသံထွက်ပြောလိုက်ရင် စာအုပ်လက်ဆောင်လာပေးတဲ့သူနဲ့ တိုးသွားရင်တော့ နောက်ပေးတော့မှာ မဟုတ်ဘူး။ စာအုပ်လက်ဆောင်လာပေးတဲ့သူက UNITY စာပေက ကိုသန်းဆွေနဲ့ ကိုစိုးဝင်းပါ။ စာအုပ်က စာမျက်နှာ ၆၇၇ မျက်နှာ ပါရှိတယ်။ ဘုရားဟော ပါဠိတော်တစ်အုပ်စာလောက်ပါ။

နောက်ကျသွားပြီလို့ ဘယ်သူပြောမည်လဲ

လူအများအပြားကို နှိပ်စက်ခြောက်လှန့်တက်သည့် စကားတစ်ခွန်းရှိသည်။
” သိပ်နောက်ကျသွားပြီ ” ဆိုသောစကား။
အထက်တန်းကျောင်းသားဘ၀မှ ကျောင်းထွက်လာခဲ့သူက အနိမ့်စားအလုပ်တွေ လုပ်နေရခြင်းအတွက် စိတ်မချမ်းမသာ ဖြစ်သည်။
ခုနေကျောင်းပြန်တက်ပြီး အတန်းပညာပြည့်စုံအောင် သင်လို့ရရင် သိပ်ကောင်းမည်ဟု တွေးသည်။ သို့သော်… “ခုတော့ သိပ်နောက်ကျသွားပြီ” တဲ့။ သူက ဆိုသည်။
ဇနီးသည်အပေါ် သစ္စာဖောက်ဖျက်ခဲ့မိသည့် ခင်ပွန်းသည်ကလည်း သူ့အိမ်ထောင်ရေးဘ၀ကို အဖတ်ဆည်ချင်သည်။ ပြန်သာယာအောင်
ပြုပြင်ချင်သည်။ သို့သော် ” သိပ်နောက်ကျသွားပြီ” ဟု သူက ဆိုနေသည်။
အရက်သောက်လွန်းသဖြင့် အလုပ်မှ ထုတ်ပယ်ခြင်းခံရသူကလည်း အရက်စွဲရောဂါကို ကုစားကာ ဘ၀ကို အသစ်တစ်ဖန် ပြန်စချင်သည်။
သို့သော် ” နောက်ကျခဲ့ပြီ ” ဟု မြင်နေသည်။

Saturday, December 1, 2012

ပြင်ပအစားအသောက်များကိုစားရာတွင်ကျန်းမာရေးမထိခိုက်ရလေအောင်


လူအများစုဟာအိမ်ပြင်ပစားသောက်ဆိုင်တွေကအစားအသောက်တွေကိုရံဖန်ရံခါဝယ်စားဖြစ်လေ့ရှိပါတယ်။အပြင်
စားသောက်ဆိုင်ကအစာတွေမျာအများအားဖြင့်အဆီ၊ဆားနဲ့ကယ်လိုရီပါဝင်မှုမြင့်မားတတ်ပါတယ်။သူငယ်ချင်းတွေနဲ့
အတူအစာစားတာကအစာကိုအလွန်အကျွံစားဖြစ်တတ်ကြောင်းသိရပါတယ်။ဒါကြောင့်အပြင်မှာအစားအသောက်စား
တဲ့အခါကျန်းမာရေးနဲ့ညီညွတ်မှုရှိအောင်လိုက်နာသင့်တဲ့နည်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁)မှာမည့်အစားအသောက်အကြောင်းသေချာမေးပါ။
စားသောက်ဆိုင်ကမီနူးကတ်ကိုကြည့်ပြီးသင်မှာမယ့်အစားအသောက်ကိုဘာတွေနဲ့ဘာတွေနဲ့ချက်ပြုတ်ပြင်ဆင်ထား
တယ်ဆိုတာမသိရင်စားပွဲထိုးကိုမေးမြန်းနိုင်ပါတယ်။ဒါမှသင်မထည့်စေလိုတဲ့အရာတွေကိုမထည့်ခဲ့ဖို့မှာနိုင်မှာပါ။
၂)ကိုယ်အလေးချိန်ထိန်းနေလျှင်သေချုာစဉ်းစားပြီးမှအပြင်ထွက်စားပါ။
ကိုယ်အလေးချိန်ထိန်းနေသူတွေအဖို့အပြင်စားသောက်ဆိုင်တွေမှာစားမယ်လို့စဉ်းစားထားရင်အပြင်ကအစားအသောက်
တွေမစားခင်အရင်စဉ်းစားပါ။ကယ်လိုရီ၊အဆီ၊သကြားနဲ့ဆားစားသုံးမှုကိုထိန်းချုပ်နိုင်ဖို့အိမ်မှာသေချုာချက်ပြုတ်ထားတဲ့အစာ
ကပိုသင့်တော်ပါတယ်။
၃)မြင်ရသောအဆီများကိုဖယ်ပါ။

အသားတွေမှာကပ်ငြိနေတဲ့အရေခွံနဲ့အဆီတွေကိုဖယ်ပြီးစားပေးတာကပြည့်ဝဆီစားသုံးမှုကိုလျှော့ချရာရောက်ပါတယ်။
၎)အခြားသူနဲ့ဝေမျှစားပါ။
စားသောက်ဆိုင်ကမှာတဲ့တစ်ပွဲစာပမာဏကကြီးမားနေရင်အခြားသူတစ်ဦးနဲ့ဝေမျှစားသောက်သင့်ပါတယ်။ဒါမှမဟုတ်
ပွဲသေးကိုမှာပါ။
၅)အချိုရည်ကိုရှောင်ပါ။
အချိုရည်တွေကိုများများသောက်တာကကိုယ်အလေးချိန်ကိုတိုးစေပါတယ်။
၆)ဟင်းသီးဟင်းရွက်ကိုများများစားပါ။
ဗီတာမင်၊သတ္တုဓာတ်နဲ့တခြားအာဟာရဓာတ်တွေများစွာပါဝင်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့သစ်သီးဝလံတွေကိုများများ
မှာယူစားသောက်ပါ။ဒါဆိုရင်အဆီ၊သကြား၊ဆားနဲ့ကယ်လိုရီပါဝင်မှုမြင့်မားတဲ့အစာတွေကိုလျှော့စားဖြစ်စေပါတယ်။ 

Gmail password ချိန်းနည်း



မသိသေးသူများအတွက်ပါ။
gmail နဲ့ပတ်သက်ပြီး လုံခြုံမှုရှိဖို့ password ချိန်းတတ်ဖို့လည်းလိုပါတယ်။
password ချိန်းချင်တယ်ဆိုရင်
၁။ ရှေးဦးစွာ မိတ်ဆွေရဲ့ Gmail ထဲကို ၀င်လိုက်ပါ ။
၂။ မေးလ်ထဲရောက်ပြီဆိုတာနဲ့ ညာဘက် အပေါ်ဒေါင့်လေးမှာ settings ဆိုတာ ရှိပါတယ် ။ အဲဒီ settings ထဲကို ၀င်ပါ ။
 settings ထဲ ရောက်ပြီဆိုတာနဲ့  General , Labels , Accounts and Import အစသဖြင့် တွေ့ရမှာပါ ။
၃။Accounts and Import ကို ထပ် ၀င်ပါ ။ အဲဒီမှာ Change account settings ဆိုတာလေး အောက်ဆုံးမှာ တွေ့ပါလိမ့်မယ် ။
၎။ ဘေးမှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ Google Account settings ဆိုတာလေးကို နှိပ်လိုက်ပါ ။
မိတ်ဆွေရဲ့ အကောင့်ကို Setting ချမယ့်နေရာ ကိုရောက်ပါပြီ ။ ဒီမှာ  တစ်ခု ပြောချင်တာက မိ တ်ဆွေက
မေးလ်ထဲက မသွားပဲ Gtalk ကနေ settings > General > Account settings ကနေသွားရင်လဲ ဒီနေရာ
ကို ရောက်ပါတယ် ။ ကဲ အဲဒီမှာ Personal settings ဆိုတာရဲ့ အောက်မှာ Security ထဲက Change
Password ဆိုတာလေးကနေ password ချိန်းပါ့မယ် ။
၅။ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ Change Password ကို နှိပ်လိုက်ပါ ။
Current password ဆိုတဲ့ နေရာမှာ အခုအသုံးပြုနေတဲ့ password အဟောင်းကို ထည့်ပါ ။
 New password မှာ တော့ မိမိ အသစ်ပြောင်းချင်တဲ့ Password ကိုထည့်ပါ ။
အောက်မှာ confirm new password နေရာမှာ New
password မှာ ဖြည့်ခဲ့တဲ့ password အသစ်ကို ထပ် ထည့်ပေးပါ ။
၆။ ပြီးရင်တော့ Save ပေါ့ ။
ဒါဆိုရင်ပြီးပါပြီ။

LinkWithin

Related Posts Plugin for WordPress, Blogger...