pages

Tuesday, July 16, 2013

အမျိုးသမီးအများစုခံစားရနိုင်ခြေရှိသောဝေဒနာများ



ဆီးစပ်နာကျင်တာ၊ ရာသီသွေး ပုံမမှန်တာ၊ အဖြူဆင်းတာ၊ မိန်းမကိုယ် ယားယံတာ စတဲ့ ဝေဒနာတွေက အမျိုးသမီးအများစု ခံစားရနိုင်တာတွေ ဖြစ်တာကြောင့် သိရှိထားဖို့ လိုအပ်ပါတယ်။

ဆီးစပ်နာကျင်ခြင်း

မိန်းကလေးတွေဟာ ဓမ္မတာမလာမီနဲ့ ဓမ္မတာစက်ဝန်း အလယ် သားဥြွေကချိန်တွေ ဆီးစပ်နာကျင်တာကို ခံစားရတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးမတူဘဲတခိျု့တွေမှာ ဆီးစပ်နာကျင်တာကို သိသိသာသာ ခံစားရပြီး တခိျု့တွေကတော့ သိသိသာသာ နာကျင်မှု မရှိတာကို တွေ့ရပါတယ်။

ဆရာဝန်နှင့် ပြသပါ 

တကယ်လို့ ဆီးစပ်နာကျင်မှုက နာတာရှည် ဖြစ်နေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်က သင်ရဲ့ မျိုးပွားအင်္ဂါမှာ ကင်ဆာမဟုတ်တဲ့ အလုံးအဖုနဲ့ အသားလုံးရှိ၊ မရှိ စစ်ဆေးပါလိမ့်မယ်။ ဆီးစပ်နာကျင်မှု အပြင် ယောနိလမ်းကြောင်းမှ ပုံမမှန် အရည်ဆင်းတာနဲ့ အဖျားတက်တာတွေ ရှိနေပါက မျိုးပွားအင်္ဂါတွေ ရောင်ရမ်းမှု ရှိ၊ မရှိကိုပါ စစ်ဆေးပေးပါလိမ့်မယ်။

ဖြစ်နိုင်ခြေ များသော ရောဂါများ 

ဝမ်းဗိုက် အလွန်အမင်း နာကျင်တာ ဒါမှမဟုတ် ဆီးစပ် အလွန်အမင်း နာကျင်မှုတွေ ဖြစ်ပေါ်လာခဲ့ရင် သားဥအိမ်မှာ ဖြစ်ပေါ်နေတဲ့ အရည်အိတ်ပေါက်သွားတာ၊ သွေးထွက်တာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆီးစပ်တစ်လျှောက် အလွန်နာကျင်ပြီး သွေးဆင်းတာပါ ဖြစ်ပေါ်ခဲ့ရင် နေရာလွဲမှား သန္ဓေသားကို သန္ဓေဆောင်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးစပ်နာကျင်မှု ခံစားရတာ၊ လေပွတာ၊ ဆီးစပ်တစ်လျှောက် တင်းသလို ခံစားနေရတာ၊ မကြာခဏ ဆီးသွားတာတွေ နှစ်ပတ်နဲ့ အထက် ခံစားနေရပါက သားဥအိမ်ကင်ဆာနဲ့လည်း ဆက်စပ်မှု ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

သစ်သားခွက်ကလေး

တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ တစ်နေ့ တော့အဖိုး အိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမ နဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။

စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်း မှာ နေ ရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက် လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။

တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေ ဟာ ဘေး နားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူ နဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။

“ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစားရင် လည်းအ သံမြည်တယ် ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူ ကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။

အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့ ချွေးမဖြစ် သူရဲ့ ဒေါသ တကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။

ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချို သာတဲ့စ ကားနဲ့မေးလိုက်တယ် ။

“ သား ဘာလုပ်နေတာလဲ ဟင် ”

သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။

“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”

အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာ သားဖြစ်သူစကား ကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန် လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေ တာတွေ့လိုက်ရပါတော့တယ် ။

===================================

သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။ မိဘတွေကို ချစ်ခင်ကြင်နာယု ယပြီး ကိုယ့်မျိုး ဆက်တွေအတွက် မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကို မြင်တယ် .. ကြား တယ် ..လိုက်မှတ်သားတယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။

တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ ဖခင်တစ်ယောက်ပြီးတော့ အဖိုးအိုတစ်ယောက်ဖြစ် လာဦးမှာပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်ပါစေ ..။

“ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”

( သက်တန့်ချို ဘာသာပြန်ရေးဖွဲ့သည် )
မူရင်း - "The Wooden Bowl"
 
from သက်တန့်ချို

ခေါင်းဆောင်နှင့် နောက်လိုက်ငယ်သား


စာသင်တိုက် တည်သော် …. (သို့)
ခေါင်းဆောင်နှင့် နောက်လိုက်ငယ်သား

 "ထွန်းထွန်းကားကား၊ ယောကျာ်းတစ်ဆူ၊ ထိုသသူလျှင်၊ လူ၌သော်လည်း၊
ရနိုင်ခဲ၏၊ နက်နဲသိမြော်၊ ကြီးမြင့်သော်မူ၊ လေးဖော် မျိုးစစ် မှီရာဖြစ်လိမ့် …။" (ကိုးခန်းပျို့)
    ကြီးကျယ်မြင့်မား ထွန်းကားသော ဘုန်းကံပါရမီ ပညာရှိသူမှသာ လောကအတွက် ဆောင်ရွက်နိုင် သာသနာအတွက် ဆောင်ရွက်နိုင် သာသနာပြုနိုင်သည်။ ယခုခေတ်မှတော့ “သာသနာပြု”ဟူသော နာမည်ဖြင့် လုပ်ဆောင်တာတွေ များစွာရှိပေသည်။ ထိုတွင် စစ်မှန်သော သာသနာပြုလုပ်ငန်းမှာ (၂)မျိုးသာ ရှိသည်။

 ထို နှစ်မျိုးကား -
(၁) ပရိယတ္တိ လုပ်ငန်း - စာသင်တိုက် တည်ထောင်၍ စာပေပို့ချခြင်း။
(၂) ပဋိပတ္တိ လုပ်ငန်း   - တရားရိပ်သာ တည်ထောင်၍ တရားပြ တရားဟောခြင်း တို့ပင်ဖြစ်သည်။
ဓမ္မကထိကများမှာ နှစ်နံပါတ်နေရာတွင် ပါဝင်ပေမည်။ ထိုတွင် ရိပ်သာဖွင့်လှစ် တည်ထောင်ခြင်းထက် စာသင်တိုက်ဖွင့်လှစ် တည်ထောင်ခြင်းက ပိုမိုခက်ခဲသည်။
  
သာမန် သဒ္ဓါ ပညာ ဝီရိယများဖြင့် စာသင်တိုက် တည်ထောင်ဖွင့်လှစ်နိုင်ကြမည် မဟုတ်ပါ။ စာသင်တိုက် တည်ထောင်လျှင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချူပ်ရေး တို့ကို တာဝန်ယူရရုံမျှမက စာသင်သားတို့အား ကိုယ်, နှုတ်, နှလုံး သုံးပါးအစဉ် ယဉ်ကျေးအောင် ထိန်းကျောင်း သွန်သင်ပေးရသေးသည်။
 ထို့ပြင် စာသင်တိုက် ဖွင့်လှစ်သူ, တည်ထောင်သူ ကိုယ်တိုင်က ကိုယ်ပိုင်အရည်အချင်း ဟူသော အခြေခံ သီလ, သမာဓိနှင့် အားကိုးလောက်သော ပညာနှင့် ပြည့်စုံ၍ စာပေပို့ချမှု၌ ဝါသနာပါသူ ဖြစ်ရမည်။
ထို့ပြင် -
          (၁) ခမာ   - အရာရာ၌ သည်းခံခြင်းဂုဏ်၊
          (၂) ဇာဂရိယ - နိုးကြားခြင်းဂုဏ်၊
          (၃) ဥဋ္ဌာန  - ထကြွ လုံ့လ ဝီရိယ ရှိခြင်းဂုဏ်၊
          (၄) သံဝိဘာဂ - ခွဲခြမ်း ဝေဖန်နိုင်ခြင်းဂုဏ်၊
          (၅) ဒယာ - သနားခြင်းဂုဏ်၊
          (၆) ဣက္ခဏ - စေ့စေ့ငုငု ကြည့်ရှုနိုင်ခြင်းဂုဏ် ဟူသော နာယကဂုဏ် (၆)ပါးနှင့် ပြည့်စုံရမည်။
 ထို (၆)ပါးတို့တွင် (၆)နံပါတ်မှာ အလွန်အရေးကြီးလှသည်။ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာလျှင် အရာရာမှာ စေ့စေ့စပ်စပ် ကြည့်ရှုဆင်ခြင်တတ်မှ တော်ကာကျမည်။ ထိုသို့မဟုတ်ပါက အပြစ်တင်စရာ ကဲ့ရဲ့စရာများ ဖြစ်ပေါ်လာတတ်သည်။

     ထို့ကြောင့် -
          “အမြင်ရှိသူ၊ တောင်ထိပ်လူလျှင်၊ အောက်မူရှိငြား၊ အစားစားကို၊
 ပိုင်းခြားဝေဘန်၊ သိသောဟန်သို့၊ တစ်ဆံမခြား၊ ကြီးမှူးများလည်း၊
 ခြောက်ပါးတွင်ပါ၊ ဣက္ခဏာဖြင့်၊ သေချာစေ့ငု၊ ကသိုဏ်းရှုသို့၊
 ပြုတိုပြီးမှ၊ နိဂ္ဂဟနှင့်၊ ပဂ္ဂဟစစွာ၊ ပြုလုပ်ရာ၏၊
သူငါပြောတိုင်း၊ ဆုတ်မဆိုင်းဘဲ၊ မနှိုင်းမယှဉ်၊ ပြုတုံချင်က၊
 အမြင်မမိုး၊ အပြစ်မိုးလိမ့်” - ဟူသော စကားအတိုင်း ခေါင်းဆောင်ဖြစ်သူသည် ချီးမြှောက်သင့်သည်ကို ချီးမြှောက်၍ အရေးယူ နှိပ်ကွပ်သင့်သည်ကို အရေးယူ နှိပ်ကွပ်ရမည်သာ ဖြစ်သည်။ ပြောသံကြားကာမျှဖြင့် အလျင်အမြန် ဒေါသဖြင့် မဆုံးဖြတ်ရန်လည်း အရေးကြီးပါသည်။

အရာရာမှာ ခေါင်းဆောင်ဖြစ်သူမှန်သမျှ နောက်လိုက်ငယ်သား လက်ထောက် တပည့်တပန်းများ ရှိကြရမြဲ ဖြစ်သည်။ မည်သည့် ပုဂ္ဂိုလ်သည် မည်သည့်လုပ်ငန်း မည်သည့်ဌာန မည်သည့်အရာနှင့် သင့်တော်သည်ကို ထိုက်တန်သည်ကို ဝေဘန်ပိုင်းခြားခြင်း “သံဝိဘာဂ”မှာလည်း အရေးကြီးသော အချက်ပင်ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူ၏ သူနေရာနှင့်သူ အသုံးချတတ်မှု အတတ်ပညာမှာ လွန်စွာမှ အရေးကြီးလှပေသည်။ ထို့ကြောင့် နိုင်ငံတကာ ကုမ္ပဏီများ၊ မားကတ်ကြီးများ၌ မန်နေဂျာသင်တန်းများ ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်သည်။

စစ်သူကြီး မဟာဗန္ဓုလ
          မြန်မာ့သမိုင်း၌ အလွန်ထင်ရှားကျော်ကြားခဲ့သော ဗန္ဓုလသည် ငယ်စဉ်က ကျေးတောသား “မောင်ရစ်”ပင် ဖြစ်သည်။ ယခု မုံရွာ၊ရေဦး ကားလမ်းပေါ်ရှိ ဒီပဲယင်းမြို့ ဇာတိဖြစ်ကာ တောင်သူမျိုးရိုး စီးပွားမဲ့သူ ဖြစ်သည်။
  ငယ်စဉ်က ဖခင်ဆုံး၍ မိခင် မုဆိုးမနှင့်သာ နေရသည်။ လူလားမြောက်လာသောအခါ စစ်ကိုင်းမင်းထံ ကိုယ်ရံတော်တပ်သားအဖြစ် ဝင်ရောက်အမှုတော် ထမ်းသည်။ စစ်ကိုင်းမင်း နန်းတက်သောအခါ မောင်ရစ်သည် အိမ်တော်ပါကျွန် ဖြစ်လာခဲ့သည်။ ရှင်ဘုရင်၏ အမှုကိစ္စများ တိုင်းပြည်၏ အမှုကိစ္စများကို ကြိုးစားထမ်းဆောင်ပါသော်လည်း ဘုရင်က အသိအမှတ် မပြုခဲ့သဖြင့် မထင်ပေါ်ခဲ့ပေ။

ထင်ပေါ်စေရန် ညီလာခံတွင် အပြစ်မဲ့သော မင်းချင်းတစ်ယောက်အား ထုထောင်းထိုးကြိတ်တော့သည်။ အပြစ်ကျူးလွန်သော မောင်ရစ်အား သေဒဏ်ပေးရန် အမိန့်ရှိထားသည်။ ဖမ်းပြီးသောအခါ “ဤသို့ အပြစ်မရှိသောသူကို ညီလာခံတွင် ရုတ်ရုတ်သဲသဲဖြစ်အောင် အဘယ်ကြောင့် လုပ်ရသနည်း”ဟု မေးသောအခါ “အကျွန်ုပ်မှာ ဘုရင့်အမှုတော်ကို သက်စွန့်ကြိုးပမ်းထမ်းပါသော်လည်း အရှင်မင်ကြီးက အသိအမှတ် မပြု၍ မထင်ပေါ်ခဲ့ပါ။ သို့အတွက်ကြောင့် ဤသို့ လုပ်ရခြင်းပါ”ဟု ရဲရဲတင်းတင်း လျှောက်တင်လေသည်။




သွေးတိုးရောဂါ အဆင့် သတ်မှတ်ချက်


သွေးတိုးရောဂါ အဆင့် သတ်မှတ်ချက်......( ပုံ ကြည့်လည်း ရှင်းပါသည် )

လူတစ်ယောက်အတွက် သွေးပေါင်ချိန်သည် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိပါက ပုံမှန်သွေးပေါင်ချိန်ဟု ပြော၍ ရပါသည်။ အပေါ်သွေးနှင့် အောက်သွေးကို အတိုကောက်အားဖြင့် ၁၂၀/၈၀ ဟု ဖော်ပြပါသည်။
အပေါ်သွေးသည် ၁၂၀ နှင့် ၁၃၉ ကြားရှိပြီး အောက်သွေးသည် ၈၀ နှင့် ၈၉ ကြားရှိပါက pre hypertension အကြိုသွေးတိုးခြင်းဟုခေါ်သည်။ သွေးတိုး ရောဂါ ကနဦးပေါ့ဗျာ။

သွေးပေါင်ချိန်ဆိုသည်မှာ

သွေးကြောတစ်လျှောက် သွေးစီးသွားစဉ် သွေးကြော နံရံပေါ် သက်ရောက်သောဖိအားကို ခေါ်သည်။

အပေါ်သွေး (Systolic blood pressure) ဆိုသည်မှာ
နှလုံးကသွေးညှစ်နေခိုက် သွေးကြောအတွင်းရှိ အမြင့်ဆုံးဖိအားကို ခေါ်ဆိုပြီး 

အောက်သွေး (Diastolic blood pressure) ဆိုသည်မှာ
နှလုံးသွေးဖြည့်နေခိုက် သွေးကြောအတွင်းရှိ အနိမ့်ဆုံးဖိအားကို ခေါ်ဆိုပါသည်။


ခေတ်သစ်ဆေးပညာတွင် သွေးပေါင်တက်သည်ကို ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပြီး မြန်မာအများစုတွင် တွေ့ရတတ်သော သွေးပေါင်ကျခြင်းကို ရောဂါတစ်ခုအနေဖြင့် မသတ်မှတ်ထားပါ။

(  သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်းသည်လည်း မတူညီပါ။ )

 သွေးပေါင်ကျခြင်းဆိုသည်မှာ အပေါ်သွေးနှင့် အောက်သွေးကို တိုင်းတာပါက ရှိသင့်သော သွေးပေါင်ချိန်ထက် နည်းနေသည်ကို ခေါ်ဆိုပြီး သွေးအားနည်းခြင်းဆိုသည်မှာ သွေးအတွင်းရှိ သွေးနီဥများတွင် ပါဝင်သော ဟီမိုဂလိုဗင်ဓာတ်(Haemoglobin) အားနည်းခြင်းကို ဆိုလိုပါသည်။ ထိုအခြေအနေနှစ်ခုသည် မတူညီသော်လည်း ရောဂါဖြစ်ရသော အခြေခံ အကြောင်းအရင်းကတော့ တူညီပါသည်။ ၎င်းမှာ အသားဓာတ်နှင့် သံဓာတ်ကို ပြည့်စုံလုံလောက်အောင် မစားသောက်သောကြောင့် ဖြစ်ပါသည်။

သွေးပေါင်တိုင်းခြင်းနှင့် ပတ်သက်၍

၁။ မတိုင်းမီ နာရီဝက်အတွင်း အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်သင့်ပါ။
၂။ ၀မ်းနည်းဝမ်းသာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်းသင့်ပါ။
၃။ မတိုင်းမီ ၁၀ မိနစ် ကိုယ်ရောစိတ်ပါ ဖြေလျှော့အနားယူပါ။
၎။ လက်မောင်းပတ်လေအိတ်နှင့် နှလုံး ရေပြင်ညီ တတန်းတည်း ရှိပါစေ။
၅။ တိုင်းနေစဉ် ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။

သွေးတိုးရောဂါဖြစ်အောင် အားပေးသောအချက်များ

သွေးတွင်း အဆီနှင့် ကိုလက်စတရော (Cholesterol)ဓာတ်များခြင်း
အဆီအဆိမ့် အစားများခြင်း
အ၀လွန်ခြင်း
ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်း
ဆေးလိပ်သောက်ခြင်း
အရက်သောက်ခြင်း
ဆီးချိုရှိခြင်း
ဆိုဒီယမ်များသော အစာများ (ဆား၊ ဟင်းချိုမှုန့်၊ ဆိုဒါ) အလွန်အကျွံစားခြင်းတို့ သွေးတိုးကို အားပေးသော အရာများဖြစ်ပါတော့သည် ။
သွေးတိုးရောဂါ အဆင့် သတ်မှတ်ချက်......( ပုံ ကြည့်လည်း ရှင်းပါသည် )

လူတစ်ယောက်အတွက် သွေးပေါင်ချိန်သည် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိပါက ပုံမှန်သွေးပေါင်ချိန်ဟုေ...ပြာ၍ ရပါသည်။ အပေါ်သွေးနှင့် အောက်သွေးကို အတိုကောက်အားဖြင့် ၁၂၀/၈၀ ဟု ဖော်ပြပါသည်။
အပေါ်သွေးသည် ၁၂၀ နှင့် ၁၃၉ ကြားရှိပြီး အောက်သွေးသည် ၈၀ နှင့် ၈၉ ကြားရှိပါက pre hypertension အကြိုသွေးတိုးခြင်းဟုခေါ်သည်။ သွေးတိုး ရောဂါ ကနဦးပေါ့ဗျာ။

သွေးပေါင်ချိန်ဆိုသည်မှာ

သွေးကြောတစ်လျှောက် သွေးစီးသွားစဉ် သွေးကြော နံရံပေါ် သက်ရောက်သောဖိအားကို ခေါ်သည်။

အပေါ်သွေး (Systolic blood pressure) ဆိုသည်မှာ
နှလုံးကသွေးညှစ်နေခိုက် သွေးကြောအတွင်းရှိ အမြင့်ဆုံးဖိအားကို ခေါ်ဆိုပြီး

အောက်သွေး (Diastolic blood pressure) ဆိုသည်မှာ
နှလုံးသွေးဖြည့်နေခိုက် သွေးကြောအတွင်းရှိ အနိမ့်ဆုံးဖိအားကို ခေါ်ဆိုပါသည်။


ခေတ်သစ်ဆေးပညာတွင် သွေးပေါင်တက်သည်ကို ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပြီး မြန်မာအများစုတွင် တွေ့ရတတ်သော သွေးပေါင်ကျခြင်းကို ရောဂါတစ်ခုအနေဖြင့် မသတ်မှတ်ထားပါ။

( သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်းသည်လည်း မတူညီပါ။ )

သွေးပေါင်ကျခြင်းဆိုသည်မှာ အပေါ်သွေးနှင့် အောက်သွေးကို တိုင်းတာပါက ရှိသင့်သော သွေးပေါင်ချိန်ထက် နည်းနေသည်ကို ခေါ်ဆိုပြီး သွေးအားနည်းခြင်းဆိုသည်မှာ သွေးအတွင်းရှိ သွေးနီဥများတွင် ပါဝင်သော ဟီမိုဂလိုဗင်ဓာတ်(Haemoglobin) အားနည်းခြင်းကို ဆိုလိုပါသည်။ ထိုအခြေအနေနှစ်ခုသည် မတူညီသော်လည်း ရောဂါဖြစ်ရသော အခြေခံ အကြောင်းအရင်းကတော့ တူညီပါသည်။ ၎င်းမှာ အသားဓာတ်နှင့် သံဓာတ်ကို ပြည့်စုံလုံလောက်အောင် မစားသောက်သောကြောင့် ဖြစ်ပါသည်။

သွေးပေါင်တိုင်းခြင်းနှင့် ပတ်သက်၍

၁။ မတိုင်းမီ နာရီဝက်အတွင်း အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်သင့်ပါ။
၂။ ၀မ်းနည်းဝမ်းသာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်းသင့်ပါ။
၃။ မတိုင်းမီ ၁၀ မိနစ် ကိုယ်ရောစိတ်ပါ ဖြေလျှော့အနားယူပါ။
၎။ လက်မောင်းပတ်လေအိတ်နှင့် နှလုံး ရေပြင်ညီ တတန်းတည်း ရှိပါစေ။
၅။ တိုင်းနေစဉ် ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။

သွေးတိုးရောဂါဖြစ်အောင် အားပေးသောအချက်များ

သွေးတွင်း အဆီနှင့် ကိုလက်စတရော (Cholesterol)ဓာတ်များခြင်း
အဆီအဆိမ့် အစားများခြင်း
အ၀လွန်ခြင်း
ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်း
ဆေးလိပ်သောက်ခြင်း
အရက်သောက်ခြင်း
ဆီးချိုရှိခြင်း
ဆိုဒီယမ်များသော အစာများ (ဆား၊ ဟင်းချိုမှုန့်၊ ဆိုဒါ) အလွန်အကျွံစားခြင်းတို့ သွေးတိုးကို အားပေးသော အရာများဖြစ်ပါတော့သည် ။

ညမအိပ်စက်မီ လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား


ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာ သုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်လာနိုင်ပါသည် ။
သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များ သုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင်းကို သုတေသီ များကလည်း အကြံပြု ထားပါသည် ။
ညဖက်တွင် အသုံးပြု နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့် ဖြစ်ပါတယ်။ မျက်စိ အမြင်အာရုံကို အယ်လ်အီးဒီမီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်းဓာတ်ကို ပျက်ပြယ် သွားစေပြီး အိပ်ချင်စိတ် ပျောက်သွား တက်ပါသည် ။
လူတစ်ယောက်သည့် အိပ်ချင်စိတ် ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့် အတူ အိပ်စက်ခြင်း မရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်း ပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ် လာနိုင်ပါသည် ။
အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြတ် ရောဂါအထိ ရရှိနိုင်ပါသည် ။
ဒါကြောင့် သင်သည် မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြုမိ အသုံးပြုလေ့ ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။
Ref & Credit to Mg Mandalay, Myawaddy

Sunday, July 7, 2013

Window XP ရဲ့ ရိုးရှင်းသော လျှို့ ဝှက်ချက် (၄၀)



(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့
Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို
ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့
“Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0
ထားပါ။ ပြီးပြီဆိုတာနဲ့ Restart
ပြန်လုပ်ပါ။

(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ”



ပရဟိတ လှူဒါန်းချင်သူများ အတွက် ကူညီမှု လိုအပ်သော နေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။

၁)သီလရှင်စာသင်တိုက်
ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ
ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆

၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း
အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။
ဖုန်း - ၀၉ ၈၆၂ ၈၄၉၄

၃)အေးရိပ်သာကျောင်း
(၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့
ဖုန်း - ၀၉ ၄၃၀ ၅၆၆၀

၎)ရွှေငြိမ်စံကျောင်း
အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု
ဖုန်း - ၀၉ ၈၆၃ ၁၇၀၉၊ ၀၁- ၅၉၉၄၁၂

၅)ပါရမီဖြည့်ဘုန်းတော်ကြီးကျောင်း
မှော်ဘီ ၀ါးနတ်ချောင်းကျေးရွာ။
ဖုန်း - ၀၉ ၇၃၀ ၉၂၄၁၅၊ ၀၉ ၇၃၁ ၄၂၈၅၆

၆)ရွှေရတနာသီလရှင်ကျောင်း
အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။
ဖုန်း -၀၁ ၆၁၁၅၂၃

၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်
ဖုန်း 613665

LinkWithin

Related Posts Plugin for WordPress, Blogger...