pages

Sunday, August 30, 2015

မေတ္တာ အခါ​တော်​​နေ့

မေတ္တာအခါတော်နေ့ ...

ဒီနေ့ … ၀ါခေါင်လပြည့်နေ့ပါ။ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းမှာ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကျင်းပလေ့ ရှိကြပါတယ်။ ဘာကြောင့်ဒီလို သတ်မှတ်ရလဲဆိုတော့ …ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါက ရဟန်းတော်ငါးရာတို့ဟာ ဘုရား ထံမှ ကမ္မဋ္ဌာန်းတရားကိုယူဆောင်ပြီး တောအုပ်တခုထဲမှာ ၀ါဆိုဝါကပ်ပြုတော် မူခဲ့ကြပါတယ်။ ရဟန်းတော်တွေရဲ့ သီလတန်ခိုးကြောင့် နေရာဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုးခြောက်လှန့်တာကြောင့် ရဟန်းတော်တွေဟာ တရားကို ဖြောင့်ဖြောင့်အားမထုတ်နိုင်ဘဲ စိတ်ဓာတ်ခြောက်ခြားနေကြရပါတယ်။ ဒီလိုနဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာဘဲ မြတ်စွာဘုရားသီတင်းသုံးရာ သာဝတ္ထိ ပြည် ဇေတ၀န်ကျောင်းတော်ကို သွားရောက်ပြီး လျှောက်ထားကြတဲ့အခါ ဘုရား က မေတ္တသုတ်ဒေသနာကို ဟောကြားတော်မူပြီး အဲဒီတောအုပ်ကိုသာ ပြန်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။ရဟန်းတော်ငါးရာတို့လည်း အဲဒီတောအုပ်ထဲမှာပဲ ၀ါခေါင်လမှာ ဒုတိယ၀ါ ကပ်တော်မူပြီး မေတ္တာတရားကို ပွားများလို့နေကြပါတယ်။ ရဟန်းတော်တို့ရဲ့ မေတ္တာဓာတ်ကြောင့် နတ်များချစ်ခင်လာကြပြီး ငြိမ်းအေးစွာနေတော်မူကြရ ပါတယ်။ ရဟန်းတော်တို့ဟာ မေတ္တာတရားကိုပွားများပြီး ၀ိပဿနာတရားကို ဆက်လက်အားထုတ်ကြရာ ၀ါမကျွတ်မီ အားလုံး ရဟန္တာဖြစ်တော်မူခဲ့ပါတယ်။မြတ်စွာဘုရားဟာ ရဟန်းတော်ငါးရာကို အကြောင်းပြုပြီး ၀ါတွင်းကာလမှာ မေတ္တသုတ်ကို ဟောတော်မူခြင်းကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါ တော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။***ပြီးခဲ့တဲ့ သြဂုတ်လ ၁-ရက်နေ့က “မေတ္တာဖြင့်”ဆိုတဲ့ ပို့စ်မှာ မေတ္တာနဲ့ ပတ်သက်တဲ့အကြောင်း အနည်းအကျဉ်း ဖော်ပြခဲ့ပါတယ်။ မေတ္တာပွားမယ့်သူ အနေနဲ့ ကြိုတင်ကျင့်ဖွယ် ၁၅-ချက် နဲ့ မေတ္တာအကျိုး ၁၁-မျိုးကို အဲဒီပို့စ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒီကနေ့တော့ ၅၂၈-သွယ် မေတ္တာပွားပုံကို ဖော်ပြချင်ပါတယ်။ ကျမတို့ အပြင်မှာ ခဏခဏ ပြောဆို သုံးစွဲခဲ့ဖူးကြတဲ့ ၅၂၈ မေတ္တာဆိုတာ ဘယ်လိုကနေ ဘယ်လို ရလာတယ်ဆိုတာ သိရအောင်လို့ပါ။ဦးစွာ အရပ် ၁၀-မျက်နှာ၊ ပုဂ္ဂိုလ် ၁၂-ဦးနဲ့ မေတ္တာပွားနည်း ၄-နည်းကို သိထားဖို့ လိုအပ်ပါတယ်။* အရပ် ၁၀-မျက်နှာ *၁) အရှေ့အရပ်၌၂) အရှေ့တောင် အရပ်၌၃) တောင်အရပ်၌၄) အနောက်တောင်အရပ်၌၅) အနောက်အရပ်၌၆) အနောက်မြောက်အရပ်၌၇) မြောက်အရပ်၌၈) အရှေ့မြောက်အရပ်၌၉) အထက်အရပ်၌၁၀) အောက်အရပ်၌* ပုဂ္ဂိုလ် ၁၂-ဦး *၁) အားလုံးသော သတ္တ၀ါတွေ …၂) အားလုံးသော သက်ရှိသတ္တ၀ါတွေ …၃) အားလုံးသော ခန္ဓာကိုယ်ထင်ရှားရှိတဲ့ သတ္တ၀ါတွေ …၄) အားလုံးသော ပုဂ္ဂိုလ်တွေ …၅) အားလုံးသော ခန္ဓာကိုယ်အတ္တဘောနှင့် အကျုံးဝင်ကြသူတွေ …၆) အားလုံးသော မ-သတ္တ၀ါတွေ …၇) အားလုံးသော ဖို-သတ္တ၀ါတွေ …၈) အားလုံးသော အရိယာပုဂ္ဂိုလ်တွေ …၉) အားလုံးသော ပုထုဇဉ်ပုဂ္ဂိုလ်တွေ …၁၀) အားလုံးသော နတ်ဗြဟ္မာတွေ …၁၁) အားလုံးသော လူသားတွေ …၁၂) အားလုံးသော အပါယ်ဘုံသားတွေ …* မေတ္တာပွားနည်း ၄-နည်း *က) ဘေးရန်ကင်းကြပါစေ။ခ) စိတ်ဆင်းရဲကင်းကြပါစေ။ဂ) ကိုယ်ဆင်းရဲကင်းကြပါစေဃ) ချမ်းချမ်းသာသာ မိမိတို့ခန္ဓာဝန်ကို ထမ်းဆောင်နိုင်ကြပါစေ။ပွားရမယ့်နည်းကတော့ … စစချင်း အရပ်မျက်နှာမထည့်ဘဲ …အားလုံးသောသတ္တ၀ါတွေ (ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ချမ်းချမ်းသာသာ မိမိတို့ခန္ဓာဝန်ကို ထမ်းဆောင်နိုင် ကြပါစေ။)အားလုံးသော သက်ရှိသတ္တ၀ါတွေ … ( … )စသဖြင့် ပွားများပြီးမှ … အရပ်မျက်နှာ ထည့်ပြီးပွားပါမယ်။အရှေ့အရပ်၌ … (အားလုံးသောသတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ချမ်းချမ်းသာသာ မိမိတို့ခန္ဓာဝန်ကို ထမ်းဆောင်နိုင် ကြပါစေ။)အရှေ့တောင်အရပ်၌ … ( … )နမူနာပြထားတဲ့အတိုင်း ပုဂ္ဂိုလ် ၁၂-ဦးနဲ့ မေတ္တာပွားနည်း ၄-နည်းကို တွဲစပ်ပြီး ပွားရပါမယ်။ ပထမဆုံး အရပ်မျက်နှာမသတ်မှတ်ဘဲ ပွားများတဲ့အခါ …၁၂ x ၄ = ၄၈ .. ရပါတယ်။ နောက်ထပ် အရပ် ၁၀-မျက်နှာ ပွားများတဲ့အခါ (၁၂ x ၄) ၁၀ = ၄၈၀ ဖြစ်ပါတယ်။စုစုပေါင်း … ၄၈ + ၄၈၀ = ၅၂၈ နည်း ဖြစ်ပါတယ်။***တိပိဋကဓရ ယောဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်လင်္ကာလေးကိုလည်း ဖော်ပြလိုက်ပါတယ်။“မေတ္တာနှလုံး အလှဆုံး”ရှိသင့်သည်များ၊ ရှိပါငြားလည်း၊ စွမ်းအားမေတ္တာ၊ ကင်းစင်ကွာ၊ ချမ်းသာမပြည့်ဝ။စည်းစိမ်ဥစ္စာ၊ ပေါများပါလည်း၊ မေတ္တာစွမ်းအင်၊ မပွားလျှင်၊ ဆန့်ကျင်ဘက်သာ လုပ်လိုကြ။ရာထူးဂုဏ်သိန်၊ အရှိန်အ၀ါ၊ ကြီးမားပါလည်း၊ မေတ္တာစွမ်းအင်၊ မပွားလျှင်၊ ဆန့်ကျင်မုန်းတီးကြ။သိက္ခာသုံးဖြာ၊ ဖြည့်ကျင့်ပါလည်း၊ မေတ္တာစွမ်းအင်၊ မပွားလျှင်၊ ဆန့်ကျင်နှောက် ယှက်ကြ။မေတ္တာတရား၊ အစဉ်ပွား၊ စွမ်းအားတိုးတက်ရ။ရန်သူကပင်၊ အကျွမ်းဝင်၊ ချစ်ခင်လေးစားရ။ကိုယ်ကချစ်မှ၊ သူကတဖန်၊ ကိုယ့်ထံပြန်၊ ဧကန်တုံ့ပြန်ကြ။မေတ္တာထုံမွှမ်း၊ လူ့အစွမ်း၊ ချီးမွမ်းအံ့သြရ။မေတ္တာနှလုံး၊ အလှဆုံးကြောင့်၊ ရွှင်ပြုံးကြည်သာ၊ အေးမြကာ၊ ကောင်းစွာ သန့်ရှင်းရ။***မေတ္တာအခါတော်နေ့မှာ သတ္တ၀ါတိုင်းအပေါ် ဖြူစင်သောမေတ္တာတရား ထားနိုင် ပွားနိုင်ကြပါစေလို့ … ဆုတောင်းလိုက်ပါတယ်။***မေတ္တာဖြင့် …မေဓာဝီ၂၈၊ သြဂုတ်၊ ၂၀၀၇အင်္ဂါနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ကိုးကား ။ … ။၁) မာဂဓီ (သာစည်) ၏ အခါတော်နေ့များ၂) မေတ္တာဗြူဟာအဖွဲ့၏ မေတ္တသုတ်တော်နှင့် မေတ္တာကျင့်စဉ်

Wednesday, August 26, 2015

သွေးတိုး ရောဂါ အ​ကြောင်း သိမှတ်​ဖွယ်​ရာအဖြာဖြာ

** သွေးတိုးရောဂါအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ ***
ကမ္ဘာတစ်ဝန်း လူသန်းပေါင်းတစ်ထောင်မှာ သွေးတိုးရောဂါခံစားနေကြရပြီး၊
နှစ်စဉ် ၇.၁ သန်း သေဆုံးစေပါတယ်။ မြန်မာနိုင်ငံ မှာလည်း
သွေးတိုးရောဂါခံစားနေရသူဦးရေဟာ တစ်နှစ်ထက်တစ်နှစ်
ပို၍မြင့်တက်လာနေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏
စစ်တမ်းများမှာဖော်ပြထားပါတယ်။ ဒါကြောင့်လည်း ကျွမ်းကျင်ဆေးပညာရှင်များက
သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား(Silent Killer)လို
့တင်စားခေါ်ဝေါ်ကြပါတယ်။ သွေးတိုးရောဂါဟာ အချိန်အခါမရွေး၊ ရာသီဥတုမ ရွေး
ဖြစ်တတ်တဲ့ရောဂါအမျိုးအစားဖြစ်ကာ၊ အပူအကြောင်းခံ၍ သွေးတိုးခြင်း၊
အအေးအကြောင်းခံ၍ သွေးတိုးခြင်း နဲ့ အပူအ အေး ၂-ပါးပြိုင်၍
သွေးတိုးခြင်းဆိုပြီး သွေးတိုးသွေးတက်ရောဂါ (၃)မျိုးရှိပါတယ်။

< သွေးပေါင်တိုင်းမည်ဆိုပါက >
(၁) မတိုင်းမီနာရီဝက်အတွင်း အစာစားခြင်း၊
ဆေးလိပ်သောက်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်ပါနှင့်။ (၂)
ဝမ်းနည်းဝမ်း သာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်းပါနှင့်။ (၃) မတိုင်းမီ
၁၀-မိနစ်ခန့်  ကိုယ်ရောစိတ်ပါ ဖြေလျှော့ အနား ယူပါ။ (၄) လက်မောင်းပတ်
လေအိတ်နှင့် နှလုံးကို ရေပြင်ညီ တတန်းတည်းရှိနေပါစေ။ (၅) တိုင်းနေစဉ်
ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။

< သွေးတိုးရောဂါ အဆင့် >
သွေးဖိအားကို
မီလီမီတာမာကျူရီယူနစ်ဖြင့်တိုင်းတာပြီး နှလုံးကြွက်သားညှစ်ထုတ်စဉ်
သွေးကြော အတွင်း ဖြစ်ပေါ်နေတဲ့ ဖိအား ကို အပေါ်သွေးဟု ခေါ်ပြီး၊
နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်နေတဲ့သာ ဖိအားကို
အောက်သွေး ဟုခေါ်ပါတယ်။ အသက် ၁၈ နှစ်နှင့် အထက်လူကြီးများအားလုံး၏
သွေးဖိအားအခြေအနေကို (က) ပုံမှန်သွေး ဖိအား (ခ) ပုံမှန်ထက် မြင့်မားပြီး
သွေးတိုး မဟုတ်သည့် အခြေအနေ (ဂ) အဆင့်-၁ သွေးတိုးရောဂါ (ဃ) အဆင့်-၂
သွေးတိုး ရောဂါ ဟူ၍ အပိုင်း ၄-ပိုင်း ခွဲခြား သတ်မှတ်လေ့ရှိပါတယ်။ (က)
အပေါ်သွေး ၁၂၀ အောက် နှင့် အောက်သွေး ၈၀ အောက်က
ပုံမှန်သွေးဖိအားဖြစ်ပါတယ်။ (ခ) အ ပေါ်သွေး ၁၂၀ မှ ၁၃၉ ကြား နှင့်
အောက်သွေး ၈၀ မှ ၈၉ ကြားက ပုံမှန်ထက်မြင့်မားပြီး သွေးတိုးမဟုတ်သေးတဲ့
အခြေအနေ လို့ ယူဆလေ့ရှိပါတယ်။ (ဂ) အပေါ်သွေး ၁၄၀ မှ ၁၅၉ ကြား နှင့်
အောက်သွေး ၉၀ မှ ၉၉ ကြားကိုတော့ သွေးတိုးရောဂါ အ ဆင့်-၁
အဖြစ်သတ်မှတ်ပါတယ်။ (ဃ) အပေါ်သွေး ၁၆၀ နှင့် အထက်၊ အောက်သွေး ၁၀၀
နှင့်အထက်က သွေးတိုးရောဂါ အ ဆင့်-၂ ဖြစ်ကာ စိုးရိမ်ရပါတယ်။

< သွေးတိုးရောဂါ လက္ခဏာများ >
သွေးတိုးရောဂါရှိသူတွေရဲ့ ပျမ်းမျှ
သုံးပုံတစ်ပုံခန့်မှာ မည်သည့်လက္ခဏာများ ထွေထွေထူး ထူးမပြတာကြောင့်
မိမိကိုယ်ကိုသွေး တိုးနေမှန်းတောင် မသိကြပါဘူး။ လူအများစုမှာဖြစ်တတ်တဲ့
ရောဂါအစလက္ခဏာများ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူး ဝေခြင်း၊
အသက်ရှုမြန်လာခြင်း၊ အမြင်ဝေဝါးလာခြင်း၊ နားအူခြင်း၊ မျက်နှာယောင်
အမ်းခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ မျက်ခွံမို့ အစ် ခြင်း၊
လေးလံထိုင်းမှိုင်းခြင်းတွေ ဖြစ်တတ်ပါတယ်။ အမျိုးသမီးများ ဓမ္မတာရာ
သီလာနေစဉ်မှာလည်း သွေးဖိအားတိုး တတ်ပါ တယ်။ (သွေးတိုးရောဂါရဲ့ 
သဘောသဘာဝဟာ ရောဂါစဖြစ်ပြီဆိုတာနှင့် ဆက် တိုက်
သွေးတိုးသွားဖို့သာရှိပါတယ်။ ပြန်ကောင်းသွားစရာ အကြောင်းမရှိပါ။
ရောဂါလက္ခဏာပေါ်သည်နှင့် မပေါ်သည်သာဖြစ် ပါတယ်။ သွေးတိုးကျဆေးအမျိုးအစားဟာ
အခြား သော ပဋိဇီဝအကိုက်အခဲပျောက်ဆေးများကဲ့သို့  သောက်သုံးသူကို ဆေး
ယဉ်သွားခြင်း(ဆေးမတိုးခြင်း)မျိုး လုံးဝမဖြစ်စေပါဘူး။ ဒါကြောင့်
မိမိသဘောဖြင့် လက္ခဏာပေါ်လျှင် ဆေးသောက်မည် မ ပေါ်လျှင်
ဆေးမသောက်ဘဲနေတာမျိုး မပြုသင့်ပါဘူး။ မည်သည့် ရောဂါလက္ခဏာမျှ
မပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုး ရွားရွားရှိနေနိုင်တာကို
သတိပြုပါ)

< ဒါတွေကြောင့်လည်း သွေးတိုးနိုင် >
သွေးတိုးရောဂါ ရှိသူတွေ၏ ၉၀-၉၅
ရာခိုင်နှုန်းခန့် မှာ အကြောင်းရင်းတိတိကျကျမသိရဘဲ သွေးတိုးနေကြပြီး၊ ကျန်
၅-၁၀ ရာခိုင်ခန့် က ခန္ဓာကိုယ်တွင်း
ရောဂါတစ်မျိုးမျိုးစွဲကပ်နေခြင်းကြောင့် သွေးတိုးရောဂါ ခံစားရလာ ပါတယ်။
အထူးသဖြင့် ကျောက်ကပ်ရောဂါအမျိုးမျိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊
သိုင်းရွိုက်ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ၊ Cocaine, Cyclosporin,
Erythropoietin, Adrenergic စတဲ့ ပဋိဇီဝဆေးမှီသောက်သုံးရခြင်း၏
ဘေးထွက်ဆိုးကျိုး ကြောင့် ဖြစ်ပေါ်လာတဲ့ သွေးတိုးရောဂါ၊
ကိုယ်ဝန်ဆောင်သွေးတိုးခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း နှင့်
ပူပြင်းသော နေရောင်ခြည်အောက် အချိန်ကြာမြင့်စွာသွား လာရခြင်း
စသည့်အကြောင်းများကြောင့်လည်း သွေးတိုးရောဂါဖြစ်လာရပါတယ်။

< သွေးတိုးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ >
(၁) သွေးတိုးရောဂါကြောင့်
နှလုံးသွေးကြောများ မာကျောကျစ်လစ်လာပြီး နှလုံးသွေးကြော ကျဉ်းခြင်း(သို
့မဟုတ်)ပိတ်ဆို့ ခြင်း ၊ နှလုံးကြွက်သားများ ထူထဲလာခြင်း၊ နှလုံးညှစ်အား
လျော့နည်းလာခြင်း စသည့် နှလုံးရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ (၂)
သွေးတိုးကြောင့် ဦးနှောက် သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်း
ဖြစ်လာကာ ထိုမှတဆင့် လေဖြတ်လေငန်းရောဂါဖြစ် လာနိုင်ပါတယ်။ (၃)
သွေးတိုးရောဂါ နာတာရှည်လာပါက ကျောက်ကပ် ပျက်စီးသွားပြီး၊
ဆီးထဲသွေးပါခြင်း၊ ဆီးဆိပ်တက်ခြင်း များ ဖြစ်လာပါတယ်။ (၄)
သွေးတိုးရောဂါပြင်းထန်မှု ကြောင့် မျက်စိတွင်းရှိ မျက်ကြည်လွှာ နှင့်
သွေးကြောများ ထိခိုက်ပျက်စီးပြီး အမြင်အာရုံထိခိုက်
ယိုယွင်းသွားနိုင်ပါတယ်။ (၅) သွေးတိုးရောဂါရှိသူ များက သွေးဖိအားကို
140/90 mmHg ထက်မကျော်လွန်အောင် ထိန်းထားသင့်ပြီး၊ ဆီးချို နှင့်
ကျောက်ကပ်ရောဂါ ရှိသူများ အနေဖြင့် သွေးဖိအားကို 130/80 mmHg
အောက်ရှိနေရမှာ ဖြစ်ပါတယ်။

< ဘ၀နေထိုင်နည်းပုံစံ >
ကိုယ်အလေးချိန် အ၀မလွန်စေရန်
ထိန်းသိမ်းထားရမှာဖြစ်လို့  Body Mass Index(BMI)ကို ၁၈.၅ မှ ၂၄.၅ အတွင်း
ရှိနေပါစေ။ လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စတဲ့
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ် နေ့ မိနစ် ၃၀ ပုံမှန်လုပ် ပေးပါ။
စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း၊ ဒေါသအမျက်ထွက်ခြင်းတို့ က
သွေးတိုးစေနိုင်တာကြောင့် အ တတ်နိုင်ဆုံး စိတ် အေးချမ်းသာစွာနေထိုင်ပါ။
တရားမှတ်ပါ။ ယောဂကျင့်ပါ။ အိမ်မွေးတိရိစ္ဆာန် ခွေး၊ ကြောင်လေးများဖြင့်
အချိန်ပေး၍နေပါ။ အိပ်ရေးမ၀ခြင်းကလည်း သွေးတိုးစေနိုင်ပါတယ်။

< ဆောင်ရန်ရှောင်ရန်အစားအစာများ >
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊
အဆီထုတ်ထားတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကို များများစားပါ။
ဆား(ဆိုဒီယမ်) ပမာဏပါဝင် မှုနည်းတဲ့ အစားအစာများကိုရွေးချယ်ပါ။
အရသာကောင်းစေရန် ပြုပြင်ထားသော အစားအစာများ နှင့် အသင့်စားအစားအစာအထုပ်
တွေမှာလည်း ဆားပါဝင်မှုများလို့ သတိပြုပါ။ ငါးများများစားပါ။ အဆီပါဝင်မှု
များတဲ့ အနီရောင်အသားများ နှင့် ကြက်၊ ဘဲ အရေ ခွံများကို ရှောင်ပါ။
ကိုလက်စထရောများတဲ့ အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ။ အရက်အလွန်အကျွံ
သောက်သုံးခြင်းက သွေး တိုးစေတတ်သဖြင့် အထူးရှောင်ကြဉ်ပါ။
တိရိစ္ဆာန်ထွက်ဆီနှင့် အုန်းဆီမ စားပါနှင့်။ ဟင်းချိုမှုန့်(အချိုမှုန်
့)နှင့် ကြက်သား မှုန့်  လျှော့ပါ။ ငါးဟင်းလျာကို အနည်းဆုံး တစ်ပတ်
၃-ရက်စားပါ။ အရက်တစ် နေ့ နှစ်ပက်ထက် ပိုမသောက်ပါနှင့်။ သွေးတိုး ရောဂါ
အတွက် ဆရာဝန်ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ လိုက်နာသုံးစွဲပါ။
သင်ခံစားနေရသော ရောဂါ လက္ခဏာ ပေါ်မူတည်၍ မိမိဖာသာ ဆေးအတိုးအလျော့
မလုပ်ပါနှင့်။

< သွေးတိုးရောဂါပျောက်မြန်မာ့ဆေးနည်းတိုများ >
(၁) ဒန့်သလွန်ရွက်ကို
ရေစင်အောင်ဆေးပြီးထောင်းကာ အရည်ညှစ်ယူပြီး လ္ဘက်ရည်ဇွန်း ၂-ဇွန်းခန့်ု
သောက်ပေးခြင်းဖြင့် ချက် ချင်း သက်သာသွားစေပါတယ်။ ဒန်
့သလွန်ရွက်ဟင်းခါးရည် သောက်နိုင် ပါတယ်။ (၂) သံပုရာသီးအစေ့ ၅-စေ့ခန့်
ဝါးစားလိုက် တဲ့အခါ၊ သွေးတိုးချက်ခြင်း သက်သာသွားပါလိမ့်မယ်။ သံပရာပင်၏အ
ခေါက် ကို ဆေးကြောပြီး ရေနှင့် သွေး၍သောက်နိုင် ပါတယ်။ ဒါ့ပြင် သံပရာသီး
တစ်လုံးကို အလယ်မှ ထက်ခြမ်းလှီးကာ ရေနွေး အပူချိန် ၇၅ ဒီဂရီဖာရင်
ဟိုက်ထဲသို့ ၄၅ မိနစ်ခန့် ထည့်ပြီး ယင်းပြုတ်ရည်ကို သောက်သုံးပါက
တစ်ခဏအတွင်း သွေးတိုး ကျစေ ပါတယ်။ (၃) မြင်းခွာရွက်ကို အရည်ညှစ်
သောက်ခြင်း၊ သုပ်စားခြင်း၊ ဟင်းခါးချက်သောက်ခြင်း ဖြင့်
သွေးတိုးကျစေပါတယ်။ (၄) ဧကရာဇ်ပင်၏ အရွက်နှင့် အမြစ်တို့ကို အရည်ညှစ်၍
တစ်နေ့  ၃-ကြိမ်သောက်ပေးပါ။ (၅) ဗန်ဒါရွက် အနု ၃- ၄ ရွက် ခန့်ကို
ရေစင်အောင် ဆေးပြီး ၅ မိနစ်ခန့် ပြုတ်၍ သောက်ပေးပါ။ တစ်နေ့ကို လ္ဘက်ရည်
ခွက် ၃-ခွက်ခန့် သောက် ပေးခြင်းဖြင့် ရက်သတ္တ တစ်ပတ်အတွင်းစမှာပင်
သွေးတိုးရောဂါ သက်သာ သွားပါ လိမ့်မယ်။ အထူသတိပြုရန်မှာ
ဗန်ဒါရွက်ပြုတ်ရည်ကို အလွန် အကျွံ သောက်ပါက ဝမ်းချုပ်တတ်ပါတယ်။ (၆)
ကြက်သွန်ဖြူ ဥတစ်လုံးအမျိုးအစားကို ထမင်းစားတဲ့အခါတိုင်းမှာ သုံးလုံး မှ
ငါးလုံးအ ထိ စားပေးပါက သွေးပေါင် တက်ခြင်းကို ကျစေသလို၊ သွေးပေါင်ကျ
နေသူကိုလည်း ပြန်လည် သွေးညှိပေးနိုင်ပါတယ်။ (၇)
တောင်ဆီးဖြူပင်ပဉ္စငါးပါး(အရွက်၊ အပွင့်၊ အကိုင်းအခက်၊ ပင်စည်၊ အမြစ်)တို
့ကို သုံးခွက်တစ်ခွက်တင်ကျို၍သောက်ပေးပါ။ (၈) ခရာမြစ်ကိုသွေးပြီး
ဆားအနည်းငယ် ထည့်၍သောက်ပါ။ (၉) နှင်းဆီပန်း၏ ပွင့်ဖတ်များကိုခြွေ၍
ရေနွေးပူပူတွင်ခပ်ကာ နေ့  စဉ် သောက်ပါ(ရေမွှေးနှင်းဆီမဟုတ်ပါ) (၁၀)
နနွင်းခါးနှင့် ပျားရည်ကိုရောစပ်၍ လက်ဖက်ရည်တစ်ဇွန်းခန့် 
နေ့စဉ်စားသုံးပေးပါ။ (၁၁) ကြက်သွန်ဖြူကို နေ့စဉ် စားသုံး ပေးပါ။ (၁၂)
အရွယ်တူ ကွမ်းရွက် ၅-ရွက် နှင့် ရွဲယိုရွက် ၅-ရွက် တို့ ကို ရောစပ်ကျိတ်
ချေပြီး အရည်ညှစ်ယူပါ။ ထိုအရည်ကို တစ် နေ့  ၃-ကြိမ်ခွဲ၍
ကုန်အောင်သောက်ပါ။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို
ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)
( ၂၂-၀၄-၂၀၁၅ နေ့ ထုတ် Women’s World ဗုဒ္ဓဟူးနေ့  အပတ်စဉ်ထုတ်
ဂျာနယ်မှာပါတဲ့ ဆောာင်းပါးလေးပါ။ ယခု လိုေ ရွး ချယ်ေ ဖ်ါပြပေးပါသော
Women’s World ဗုဒ္ဓဟူးနေ့  အပတ်စဉ်ထုတ် ဂျာနယ်မှ အယ်ဒီတာ အဖွဲ
့ဝင်များနှင့် ကျေးဇူး တင် ထိုက်သူများ (အားလုံး)ရှင့် ကိုကျေးဇူး
တင်ပါတယ်ရှင့်)

Sunday, August 16, 2015

USB ကောက်တွေ့တိုင်း လွယ်တကူ ကွန်ပြူတာထဲ မထိုးသင့်တဲ့ အကြောင်းရင်း

ပုံမှာ မြင်တွေ့နေရတဲ့ USB Stick ကို USB Killer လို့ အမည်ပေးထားပါတယ်။ သူက ထိုးလိုက်တာနဲ့ ကွန်ပြူတာ တစ်ခြမ်းလုံးကို လောင်ကျွမ်းသွားအောင် လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။

ယင်း ကဲ့သို့ Pen Drive မျိုးကို ရုရှားနိုင်ငံမှ သူလျှိုများက ဖန်တီးပြီး အသုံးပြုကြတယ်လို့ သတင်းများက ဆိုပါတယ်။ မြန်မာပြည်ရောက် မရောက် ကတော့ မသိနိုင်ပါဘူး။ သူဟာ ရန်သူရဲ့ စက်ကိုပဲ ဖြစ်ဖြစ် မိမိရဲ့ စက်ကိုပဲ ဖြစ်ဖြစ် ဖျက်ဆီးစေအောင် လုပ်တဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ သူက ထိုးလိုက်တာနဲ့ ကွန်ပြူတာရဲ့ အပူချိန် ထိန်းစနစ်ဆီကို ဗိုင်းရက်စ် ပို့ပြီး လုပ်ဆောင်ချက် ရပ်တန့်သွားအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ပြီးတဲ့အပြင် ဗို့အားတစ်ခုပါ ထည့်သွင်းပေးမှုကြောင့် ကွန်ပြူတာကို လောင်ကျွမ်းစေပါ လိမ့်မယ်။ ယနေ့ခေတ် ကွန်ပြူတာများ အနေနဲ့ အပူချိန်ထိန်းစနစ် ပျက်သွားရင်အောင် ကွန်ပြူတာ အလိုအလျောက် ပိတ်စနစ် ပါဝင်တာကြောင့် ယင်း Stick ဟာ ကွန်ပြူတာကို မပိတ်စေပဲ အတွင်းမှာ လုပ်ဆောင်ချက် ပုံမှန်အတိုင်း ရှိနေစေပြီး လောင်ကျွမ်းစေတာမျိုး ဖြစ်ပါတယ်။

နောက်တစ်မျိုး အနေနဲ့ စတစ်မှာ ပေါက်ကွဲမှုအား ပြင်းတဲ့ ချိန်ကိုက်ဗုံး ထည့်သွင်းတာမျိုး ဖြစ်ပြီး ထိုးလိုက်တာနဲ့ အချိန် ခဏအတွင်း ပေါက်ကွဲတာမျိုး ဖြစ်ပါတယ်။ Pen Drive ကို သူလျှိုများ တိုက်ခိုက်ရေးမှာ အသုံးပြုစေဖို့အတွက် တီထွင်လာခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ စတစ်များ ကောက်ရရင် မဆင်မခြင် ထိုးမိတာမျိုးတို့ မလုပ်ရန် လိုအပ် ပါတယ်။ အနည်းဆုံးကတော့ ကောက်ရတဲ့ စတစ်မှာ ဗိုင်းရက်စ်ကတော့ ပါနိုင်ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2015/03/usb.html

အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်

အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်လူအများစုဟာ ခေါင်းအုံးနဲ့ ခေါင်းထိလိုက်ရုံနဲ့ အိပ်မောကျ သွားတတ်ပါတယ်။  လူအနည်းစု ကတော့ အတွေးတွေ များပြီး တော်တော်နဲ့ အိပ်မပျော်နိုင်ဖြစ် တတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲဝင်ပြီး အချိန် အတော်ကြာတဲ့ အထိ လူးလူးလွန့်လွန့်နဲ့ အိပ်မပျော် နိုင်တာမျိုး မကြုံဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေဖို့ အောက်ပါ နည်းခြောက်သွယ်ကို ရေးသား လိုက်ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ
အိပ်ရေးဝဝ အိပ်ပျော်ဖို့အတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ မနက်ခင်း ဒါမှမဟုတ် နေ့ လယ်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံး ဖြစ်ပြီး အနည်းဆုံး အိပ်ရာဝင်ချိန်မတိုင်ခင် အချိန် သုံးနာရီလောက်ခြားပြီးမှ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

နံနက်ခင်း နေခြည်နုနုခံပါ
ကိုယ်ခန္ဓာဇီဝ နရီရဲ့ နိုးထမှုနဲ့ ဟန်ချက်ညီ မျှမှုတို့အတွက် မနက်ခင်းမှာ နေခြည်နုနုခံယူပေးပါ။ မနက် ခြောက်နာရီကနေ ရှစ်နာရီကြား နေခြည်နုနုကို ခံယူတာက အကောင်းဆုံး ဖြစ်ပါတယ်။

စိတ်ဖိစီးမှု ထိန်းချုပ်ပါ
စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တာကြောင့် အဆိုး မြင်အတွေးတွေကို ကင်းစင်စေပြီး အိပ်ရာထဲ ဝင်တာ နဲ့ ခပ်မြန်မြန် အိပ်မောကျစေပါတယ်။

တစ်ရေးအိပ်စက်ပါ
ပင်ပန်းနေရင် တစ်ရေးအိပ်ပါ။ အချိန် ၃၀ မိနစ် အောက်နည်းပြီး တစ်ရေးအိပ်ပါ။

ကျန်းမားရေးနှင့် ညီညွတ်သော အစာ စားပါ
အမေရိကန်လူမျိုးအများစုဟာ ညစာကို များများ စားလေ့ရှိတာကြောင့် အိပ်စက်မှုစနစ် ထိခိုက်နေရ တယ်လို့ သိရပါတယ်။ မနက်စာကို များများစားတာ၊ နေ့လယ်စာကို အသင့်အတင့်စားပြီး ညစာကို နည်း နည်းပဲ စားတာတွေက အကောင်းဆုံး ဖြစ်ပါတယ်။ ညစာကို အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီ ခြားပြီး စားပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောကို လျှော့ သောက်ပြီး ညစာမစားခင် အရည် များများသောက်ပါ။

ပုံမှန် အိပ်ချိန်၊ ထချိန် ထားရှိပါ
အိပ်စက်ဖို့အတွက် သင့်ခန္ဓာကိုယ်ကို ပြင်ဆင် တာနဲ့ နေ့စဉ် အိပ်-နိုးစနစ်ကို တူညီတဲ့အချိန်မှာ ထား ရှိတာကြောင့် ခပ်ကြာကြာ အိပ်မောကျစေပါတယ်။ အိပ်ခန်းထဲမှာ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေ ကို ဖယ်ရှားပြီး အခန်းအပူချိန်ကို လျှော့ချပါ။
Credit : By Good Health
http://www.lyhealthcare.com/archives/3112

အလှူဒါနပြုရာတွင် ဉာဏ်ယှဉ်၍ လှူဒါန်းနည်း


                

“အလှူဒါနပြုရာတွင် အလုံးစုံသော ကောင်းကျိုးအဖြာဖြာရစေနိုင်ရန် စနစ်တကျ ဉာဏ်ယှဉ်၍
လှူဒါန်းနည်းကို သိလိုပါသည်။”
••••••••••••••••••••••••••••••••••••••••••••••
ဖြေဆိုခြင်း။ ။
“ဝေလာမသုတ္တန်”မှာ မြတ်စွာဘုရားဟောထားတာကို မှတ်ထားဖို့ပါ။ စနစ်တကျ လှူဒါန်းတယ် ဆိုတဲ့
နေရာမှာ ကိုယ်လုပ်ရမယ့်ကိစ္စက အရေးကြီးတာ။အဲဒီတော့ ဝေလာမသုတ္တန်အရ မြတ်စွာဘုရားက
အလှူ ပစ္စည်းဟာ ညံ့တာဖြစ်စေ၊ ကောင်းတာဖြစ်စေ၊နည်းတာဖြစ်စေ၊ များတာဖြစ်စေ အဓိကမကျဘူးတဲ့။

အဓိကကျတာ ဘာတုန်းဆိုလျှင် လှူပြီဆိုလျှင်
■ “သက္ကစ္စံ ဒါနံ ဒေတိ”- တလေးတစား လှူဖို့၊ mindfulnessဖြစ်ဖို့လိုတယ်ပေါ့။ အမှတ်တမဲ့ လှူလိုက်တာမျိုး မဖြစ်ရဘူး။ စိတ်အားတွေအားလုံး စုစည်းပြီးတော့၊ ခုခေတ် ကလေးတွေ ပြောတယ်မဟုတ်လား။
ကီးသွင်းပြီးတော့ ဆိုတာ။ (ရယ်သံများ) အဲဒီလို ကီးသွင်းဖို့လိုတယ်။
ကိုယ်ရဲ့ ဒါနကောင်းမှုလေးကို စိတ်က အားသွန်စိုက်လုပ်တာ။ အဲဒီလို mindfulness ဖြစ်အောင်လုပ်ပြီး
လှူပါတဲ့။ ဒါက “သက္ကစ္စံဒါနံဒေတိ”။

■ နောက်တစ်ခုက “စိတ္တီကတွာ ဒါနံ ဒေတိ”ကိုယ့် စိတ်လေးကို ပြင်ဆင်ပြီးတော့ လှူပါတဲ့။
လှူတဲ့အခါမှာ အမှတ်တမဲ့ မလှူဘဲ သူများလှူလို့ လှူလိုက်တယ်။“ရော့ . . . အင့်”အဲလို အလွယ်တကူ ပေးလိုက်တယ်။ ကိုယ့်မှာ ရှိနေလို့။ ပိုနေလို့ ပေးလိုက်တယ်ဆိုပြီး မျိုးစုံရှိတယ်လေ။
စိတ်က သိပ်ပြီးထက်မြက်တာမျိုး မရှိဘူး။ အဲဒီလို မလုပ်ပါနဲ့။ “စိတ္တီကတွာ” စိတ်ကိုပြုပြင်ပြီး လှူပါတဲ့။

■ “သဟတ္ထာ ဒါနံ ဒေတိ” – “ကိုယ်တိုင်လှူ”ပါတဲ့။ ကိုယ်တိုင်လှူတယ်ဆိုတာ အလေးအနက်ထားတဲ့
သဘောကိုဖော်ပြတာ။

■ နောက်ပြီးတော့ “အနပဝိဒ္ဓံ ဒါနံ ဒေတိ”စွန့်ပစ်တဲ့ပစ္စည်းကို လှူတာလို မလုပ်ပါနဲ့တဲ့။
တချို့က မလိုလို့ လှူလိုက်တာ။ ဒါကြောင့်မို့ “မကောင်းကျောင်းပို့”ဆိုတာ ရှိတယ်လေ။
(ရယ်သံများ)
ဆရာတော်ကြီးတစ်ပါး တရားဟောတာ ကြားဖူးတယ်။လူတစ်ယောက် အနိစ္စရောက်သွားလို့ရှိရင်တဲ
သူဝတ်တဲ့ အဝတ်တွေတို့၊ သူ့အိပ်သွားတဲ့ ခုတင်တို့ ၊ဘာတို့ ဘုန်းကြီးကျောင်းပို့လိုက်တယ်။
သူဝတ်သွားတဲ့ လက်စွပ်ကို ဘာတို့ကတော့ မပို့ပါဘူးတဲ့။
(ရယ်သံများ)။ အဲဒီလို စွန့်ပစ်တဲ့အနေမျိုးနဲ့ မလှူရဘူးတဲ့။

■ နောက်တစ်ခုက “အာဂမနဒိဋ္ဌိကော”။ဒါကအင်မတန် အရေးပါတယ်ပေါ့။
ကိုယ်လုပ်တဲ့ အလုပ် တစ်ခုဟာ နည်းနည်းလုပ်လုပ်၊ များများလုပ်လုပ် အကျိုး တရားဟာ ကိုယ့်ဆီရောက်လာမှာဆိုတဲ့ ယုံကြည်ချက်ရှိရမယ် ။ အမြင်ရှိရမယ်။ “အသိဉာဏ်”ရှိရမယ်။
အသိဉာဏ် ရှိရှိ လှူရမယ်လို့ ဆိုလိုတယ်။ ဒါဟာ “ဝေလာမသုတ္တန်”မှာ ဘုရားပေးထားတဲ့နည်းစနစ်ဖြစ်တယ်။ မြတ်စွာဘုရားက အနာထပိဏ် သူဌေးကိုဆုံးမပြီး ဩဝါဒပေးတဲ့စကား။
ဒီအတိုင်း လှူမယ် ဆိုလျှင်တော့ အလှူဒါနနဲ့ အကျိုးဟာပြည့်ပြည့်ဝ၀ အကျိုးရပါတယ်။

-【အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】

Dhamma Dãna Source ►

https://www.facebook.com/youngbuddhistassociation.mm/photos/a.693469353996413.10

ပါရမီ (၁၀) ပါး



ပါရမီ (၁၀) ပါး
             


၁။ ဒါနပါရမီ= ပစ္စည်းဥစ္စာ၊ ကိုယ်အင်္ဂါနှင့် အသက်ကိုစွန့်လှူခြင်း။

၂။ သီလပါရမီ = ငါးပါသီလ၊ ရှစ်ပါးသီလ စသည်တို့ကို စောင့်ထိန်းခြင်း။

၃။ နေက္ခမ္မပါရမီ = လူ့ဘောင်လောက နှင့် ကာမဂုဏ်အာရုံများကို စွန့်လွတ်တောထွက်၍ ရသေ့ရဟန်းပြုခြင်း။

၎။ ပညာပါရမီ = လောကီပညာ လောကုတ္တရာ ပညာတို့ကို သင်ယူဆည်းပူး ကျင့်ကြံခြင်း၊ သူတစ်ပါးတို့အား သင်ပြပေးခြင်း။

၅။ ဝီရိယပါရမီ = မိမိအကျိုး၊ သတ္တဝါများ အကျိုးအတွက် သက်စွန့်ကြိုးပမ်းကာ အစွမ်းကုန် ကြိုးစားအားထုတ်ခြင်း။

၆။ ခန္တီပါရမီ = ဒေါသမထွက်၊ စိတ်ပျက် အားငယ်မှုမရှိ၊ မွန်မြတ်ကြည်အေးစွာ အလျော့ပေး၍ သည်းခံခြင်း။

၇။ သစ္စာပါရမီ = မုသားမပြော၊ သူတစ်ပါးအားမထိခိုက်စေပဲ မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း။

၈။ မေတ္တာပါရမီ = သတ္တဝါများကို မိမိနှင့် ထပ်တူပြု၍၊ ချစ်ခင်ကာ အများချမ်းသာ ကောင်းစားရန်ဆောင်ရွက်ခြင်း။

၉။ အဓိဌာန်ပါရမီ = တစ်စုံတစ်ခုသော ကောင်းမှုကိုပြုလုပ်ရန် စိတ်ဖြင့်ဆုံးဖြတ်ပြီးနောက်ဆုံးဖြတ်သည့်အတိုင်း အောင်မြင်အောင်ပြုလုပ်ခြင်း။

၁၀။ ဥပေက္ခာပါရမီ = သတ္တဝါတို့အားမုန်းလည်းမမုန်း၊ ချစ်လည်းမချစ်၊ ဘက်မလိုက်ဘဲ မျှမျှတတ အလယ်အလတ်တည့်မတ်စွာ စိတ်မတုန်လှုပ်အောင်ထားခြင်း။

LinkWithin

Related Posts Plugin for WordPress, Blogger...