ဗုဒ္ဓဘာသာမြန်မာလူမျိုးများ မိမိတို့ ကိုးကွယ်နေကြတဲ့ ဘုန်းကြီး ကျောင်းပေါ်မှာဖြစ်စေ၊ ဘုန်းကြီးကျောင်းဝန်းထဲမှာဖြစ်စေ။ဘုရားပေါ်သို့ဘုရားဖူးသွားခိုက် ကုသိုလ်ပြုသည့် အနေနှင့် ဘုရားရင်ပြင်ပေါ်တွင်ဖြစ်စေ ပုညကိရိယာ ဝတ္ထုဆယ်ပါးမှာပါတဲ့ဝေယျာဝေစ္စကုသိုလ် ဆိုတာကို ပြုလုပ်လေ့ရှိပါတယ်။ဘယ်လိုဝေယျာဝေစ္စလဲဆိုတော့ တံမြက်လှည်းခြင်းကုသိုလ်လေးပါ။ အဲဒီ ဝေယျာဝေစ္စကုသိုလ်လေးကစာရိတ္တသီလလို့ခေါ်ပါတယ်။ပါဏာတိပါတစတဲ့သိက္ခာပုဒ်များ ကို စောင့်စည်းတဲ့ သီလကျတော့ ဝါရိတ္တသီလလို့ခေါ်ပါတယ်။ဝေယျာဝေစ္စ ကုသိုလ်ကဖြည့်ကျင့်ရတဲ့သီလ ဖြစ်လို့ စာရိတ္တသီလလို့ခေါ်ပြီး၊ပါဏာတိပါတ စတဲ့ သီလများကတော့ စောင့်စည်းရတဲ့သီလဖြစ်လို့ ဝါရိတ္တသီလလို့ခေါ်တယ်ဆိုတာ မှတ်သားထားလိုက်ပါ။
တံမြက်လှည်းခြင်းအမှုကို ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဘုရားရင်ပြင်ပေါ်တွင်ဖြစ်စေ၊ဘုန်းကြီးကျောင်း များမှာဖြစ်စေ ပြုလေ့ရှိတဲ့ကုသိုလ်လေးပါ။တစ်ချို့ကလဲ သူများနင်းထားတဲ့ နေရာများကို တံမြက်လှည်း တာဟာ အောက်တန်းကျတယ်လို့ထင်ကြသလို၊တစ်ချို့ကလည်း သူတစ်ပါး နင်းထားတဲ့ နေရာတွေကို တံမျက်လှည်းပြီးသုတ်သင်ရှင်းလင်းရတာ မြင့်မြတ်တယ်လို့ခံယူထားပါ တယ်။အောက်တန်းကျတယ် လို့ထင်မှတ်နေတဲ့သူများကတော့ ဘယ်နေရာရောက် ထိုသို့သော ကုသိုလ်မျိုးကို ပြုလုပ်လေ့မရှိပါဘူး။ မြင့်မြတ်တယ်လို့ ယူဆထားတဲ့သူများကတော့ ဘုရားရင်ပြင်ပေါ်ကိုရောက်သည်ဖြစ်စေ၊ဘုန်းကြီး ကျောင်းကို ရောက်သည်ဖြစ်စေ ထိုသို့သော ဝေယျာဝေစ္စကုသိုလ်ကို လေးလေးနက်နက်ပြုလုပ် လေ့ရှိကြပါတယ်။
တကယ်တော့ သူတစ်ပါးနင်းထားတဲ့ နေရာတွေကို သန့်ရှင်းစေဖို့ တံမြက်လှည်းတဲ့ ကုသိုလ်ဟာ အောက်တန်းမကျပါဘူး။မြင့်မြတ်တာပါ။ ထိုတံမြက်လှည်းတဲ့ကုသိုလ်ကြောင့် မြတ်စွာဘုရား လက် ထက်တော်က အရှင်အနုရုဒ္ဓါရဲ့ညီမဖြစ်သူဟာ နူနာပျောက်ကင်းသည်ထိ အကျိုးကျေးဇူးများ ခဲ့တာဟာတံမြက်လှည်းခဲ့လို့ပါ။တံမြက်လှည်းခြင်းအကျိုးတရားတွေကကျန်ပါသေးတယ်။အဲဒါဘာတွေလဲဆိုတော့
တံမြက်လှည်းအကျိုး ငါးပါး
ကိုယ့်စိတ်, သူ့စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့လေးစား၊ လွန်ပွားချစ်ခင်၊
ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်၊
နတ်ပြည်ရောက်၊ ထွန်းတောက် ကျိုးငါးအင်။
၁။ မိမိစိတ် ကြည်လင်ခြင်း၊
၂။ သူတစ်ပါးစိတ် ကြည်လင်ခြင်း၊
၃။ နတ်တို့ လေးစား ချစ်ခင်ခြင်း၊
၎။ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်စေခြင်း၊
၅။ နတ်ပြည်ရောက်ခြင်း။
၂။ သူတစ်ပါးစိတ် ကြည်လင်ခြင်း၊
၃။ နတ်တို့ လေးစား ချစ်ခင်ခြင်း၊
၎။ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်စေခြင်း၊
၅။ နတ်ပြည်ရောက်ခြင်း။
(ပရိဝါ၊ ပါဠိ၊ ၂၃၁)
သြကာသ
ဒါကတော့ သြကာသအကြောင်းလေးပါ။ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ဘိုးဘွား၊မိဘများကိုးကွယ်လို့ မိမိ လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်နေကြတဲ့ မိရိုးဖလာဗုဒ္ဓဘာသာဝင်များကို သိစေချင်တာနဲ့ တင်ပေး လိုက်တာပါ။
သြကာသ သြကာသ သြကာသ ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ (တနည်း -ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို ပြစ်မှားမိသည်ရှိသော်ပျောက်ပါစေခြင်း အကျိုးငှာ ပထမ, ဒုတိယ, တတိယတစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏။ ကန်တော့ရသော အကျိုးအားကြောင့်အပါယ်လေးပါး၊ ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား, ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။

ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။ လေးနက် စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း၊ သြကာသ ကို သုံးကြိမ် ဆိုရပါသည်။
ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။ လေးနက် စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း၊ သြကာသ ကို သုံးကြိမ် ဆိုရပါသည်။
ကံသုံးပါး
ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊
စိတ်ဖြင့်ကြံသော အမှုကို မနောကံဟု ခေါ်သည်။
ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊
စိတ်ဖြင့်ကြံသော အမှုကို မနောကံဟု ခေါ်သည်။
ရတနာ
နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။
နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။
ဘုရား
တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။
တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။
တရား
အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့်
တရားဟု ခေါ်ပါသည်။
အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့်
တရားဟု ခေါ်ပါသည်။
သံဃာ
အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။
အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။
အရိုအသေ
ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။
ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။
အလေးအမြတ်
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။
ရှိခိုး
ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။
ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။
ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊ ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါး (ခြေ, လက်, နဖူး,တံတောင်, ဒူး)ဖြင့် ရှိခိုးခြင်းကိုခေါ်သည်။
နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။
စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။
ပူဇော်
ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။
ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။
ဖူးမြော်
ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။
ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။
မာန်လျော့
မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို မြင့်မြတ်ရာ၌ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာဟု မှတ်ပါ။
မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို မြင့်မြတ်ရာ၌ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာဟု မှတ်ပါ။
ကန်တော့
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။
(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့ယူခြင်းကို ဆိုလိုသည်)
အပါယ်
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
(အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
(အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)
အပါယ်လေးပါးရှိသည်။ ၄င်းတို့မှာ -
(၁) ငရဲ = ချမ်းသာသုခ ကင်းကွာ၍၊ ဒုက္ခအတိပြီးသော ဘုံဌာန၊
(၂) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ သွားတတ်သော သတ္တ၀ါ။
(၃) ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
(၄) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တ၀ါ။
(၂) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ သွားတတ်သော သတ္တ၀ါ။
(၃) ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
(၄) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တ၀ါ။
- လောဘစိတ်နှင့်၊ သေခဲ့လျှင် ပြိတ္တာဘုံသို့ဝင်၊
- ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊
- မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊
- ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။
- ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊
- မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊
- ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။
ကပ်
ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
(ကပ္ပ = ပျက်စီးခြင်း)
ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
(ကပ္ပ = ပျက်စီးခြင်း)
ကပ်သုံးပါးရှိသည်။ ၎င်းတို့မှာ -
(၁)ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
(၂)သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
(၃)ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။
(၁)ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
(၂)သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
(၃)ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။
- လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။
- ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။
- မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။
- ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။
- မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။
ရပ်ပြစ်
မဂ်, ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟု ခေါ်သည်။
အပြစ်ရှိသော အရပ်ကို မြန်မာတို့က (ရပ် - ပြစ်) ဟု ခေါ်ကြသည်။
အပြစ်ဆိုသော်လည်း ထူးထူးခြားခြား ဆိုးဝါးသောအပြစ်မဟုတ်။
ထိုအရပ်သို့ရောက်နေလျှင် မဂ်, ဖိုလ်ရောက်အောင် တရားအားထုတ်ခွင့်
မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို ( အပြစ် )ဟု မိန့်တော်မူသည်။

ရပ်ပြစ်ရှစ်ပါးရှိသည်။ ၎င်းတို့မှာ -
(၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့်
ဘုရားပွင့်နေဆဲအခါ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
(အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)
(၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့်
ဘုရားပွင့်နေဆဲအခါ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
(အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)
(၄)ဒီဃာယုနတ်
အသက်ရှည်သော နတ်ဗြဟ္မာကို ( ဒီဃာယုနတ် ) ဟု ဆိုသည်။ ဘုရားပွင့်ဆဲအခါ
လွန်စွာအသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာများနှင့်
အရူပဗြဟ္မာများတည်း။ (အသညတတ်ဗြဟ္မာ များသည် ခန္ဓာကိုယ်သာရှိ၍
စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများကား စိတ်ဝိညာဉ်သာရှိ၍ ခန္ဓာကိုယ်မရှိ။)
ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည် ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။)

(၅)ဖြစ်လတ်ပစ္စန်
ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်ရာ အစွန်အဖျား တောတောင်အကြား
(ပစ္စန္တရာဇ်သား) လူရိုင်းများကို ဆိုသည်။
(ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ်မဟုတ်။)
ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်ရာ အစွန်အဖျား တောတောင်အကြား
(ပစ္စန္တရာဇ်သား) လူရိုင်းများကို ဆိုသည်။
(ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ်မဟုတ်။)
(၆) မိစ္ဆာဉာဏ်ရှိ
ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိဉာဏ်ရှိသူများ။
ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိဉာဏ်ရှိသူများ။
(၇) ဉာဏ်မရှိသား
ဘုရားပွင့်ဆဲအခါ တရားကို နည်းလည်လောက်သော ဉာဏ်မရှိသူများ။
ဘုရားပွင့်ဆဲအခါ တရားကို နည်းလည်လောက်သော ဉာဏ်မရှိသူများ။
(ဤဆိုခဲ့သော ၇ မျိုးသည် ဘုရားပွင့်ဆဲအခါ၌ ဖြစ်သူများတည်း။)
(၈) ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ်
တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါ လူဖြစ်သူများ။
တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါ လူဖြစ်သူများ။
ရန်သူ
ရန်သူမျိုးငါးပါးရှိသည်။ ၎င်းတို့မှာ -
(၁) ရေ၊
(၂) မီး၊
(၃) ခိုးသူ၊
(၄) အမွေခံ သားသမီးဆိုး၊
(၅) မင်းဆိုး
ရန်သူမျိုးငါးပါးရှိသည်။ ၎င်းတို့မှာ -
(၁) ရေ၊
(၂) မီး၊
(၃) ခိုးသူ၊
(၄) အမွေခံ သားသမီးဆိုး၊
(၅) မင်းဆိုး
မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏။ မိမိက မုန်းနေရုံဖြင့် ရန်သူမဟုတ်နိုင်။ အမွေခံသားဆိုး သမီးဆိုးသာလျှင် (မိဘကို မကြာခဏဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို ဖြုန်းသုံးပစ်တတ် သောကြောင့်ရန်သူအစစ်သာ ဖြစ်သည်။)
ရေ မီး သူခိုး, မွေခံဆိုးနှင့် မင်းဆိုးအပြား, ရန်မျိုးငါး,
မှတ်သားလေကွဲ့ အမှန်တဲ့။
မှတ်သားလေကွဲ့ အမှန်တဲ့။
ဝိပတ္တိ
ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။
ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။
ဝိပတ္တိတရား (၄)ပါးရှိသည်။ ၎င်းတို့မှာ -
(၁)။ကာလ၀ိပတ္တိ - မင်းဆိုး၊မင်းယုတ် အုပ်စိုးသောအခါ။
(၂)။ဂတိဝိပတ္တိ - အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို၊ မကောင်းသော ဂတိ ဖြစ်၍
(ဂတိဝိပတ္တိ)ဟု ဆိုသည်။
(၃)။ဥပဓိဝိပတ္တိ - ရုပ်အဆင်းအင်္ဂါကို (ဥပဓိ)ဟုခေါ်သည်။ အင်္ဂါချို့တဲ့ခြင်းကို
(ဥပဓိဝိပတ္တိ)ဟု ဆိုသည်။
(၄)။ပယောဂ၀ိပတ္တိ - ကိုယ်မှု နှုတ်မှုကို (ပယောဂ)ဟု ဆို၏။ အသိအလိမ္မာမရှိ၊ သတိ
ဝီရိယလည်းမရှိဘဲ ပြုမှု ပြောမှု ကြံစည်မှုကို (ပယောဂ၀ိပတ္တိ)ဟု ဆိုသည်။

ဖောက်ပြန်ချွတ်ယွင်း, ပျက်စီးခြင်း, ခေါ်လျင်း ၀ိပတ္တိ။ ကာလ ဂတိ,
ဥပဓိမှ, ပယောဂ, လေးဝ မှတ်လေဘိ။
ဥပဓိမှ, ပယောဂ, လေးဝ မှတ်လေဘိ။
ဗျသနတရား
ပျက်စီးခြင်း၊ ဆုံးပါးခြင်းကို ပါဠိလို "ဗျသန"ဟု ခေါ်၏။
ပျက်စီးခြင်း၊ ဆုံးပါးခြင်းကို ပါဠိလို "ဗျသန"ဟု ခေါ်၏။
ဗျသနတရားငါးပါးရှိသည်။ ၎င်းတို့မှာ -
၁။ ဥာတိဗျာသန = ဆွေမျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
၎။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။
၅။ သီလဗျသန = သီလပျက်ခြင်း။
၁။ ဥာတိဗျာသန = ဆွေမျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
၎။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။
၅။ သီလဗျသန = သီလပျက်ခြင်း။
ဆုံးရှုံး ပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန။ ဘောဂ, ရောဂ-ဒိဋ္ဌိ, သီလထည့်,
ငါးရှိ သရုပ်ပြ။
ငါးရှိ သရုပ်ပြ။
“အခါခပ်သိမ်း ကင်းလိုငြိမ်းကြကုန်သည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏။”
ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်း ဘ၀တိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ...
"သံသရာ၌ ကြာရှည် မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏" ဟု ဆုတောင်းခြင်းဖြစ်သည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
No comments:
Post a Comment