Showing posts with label blog. Show all posts
Showing posts with label blog. Show all posts
Thursday, September 26, 2013
ရုန်း
ချစ်ခင်မြတ်နိုးတွယ်တာတယ်ဆိုတဲ့ သံယောဇဉ်တွေနဲ့ ကျွန်တော်တို့ဟာ သိပ်ကိုပျော်မွေ့ကြတယ်။ ရွှင်ပြုံးကြည်သာမှု့တွေဖြစ်တယ်။ အဲဒီသံယောဇဉ်တွေကြောင့်ပဲ ကျွန်တော်တို့ဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေဖြစ်ပြန်ရော။ ရင်ဘတ်စည်တီးရှိုက်ကြီးတငင် ငိုကြွေးရတာတွေလည်းရှိတယ်။ သံယောဇဉ်တွေကနေ ထွက်မြောက်နိုင်ရင် ကောင်းမယ်ဆိုတာသိတယ်။ သိပါတယ်ဗျာ။
ခင်ဗျားတို့ကြားဖူးမယ်ထင်ပါတယ်၊ တစ်နေ့ ရဟန်းတော်အချို့ သာဝတ္တိမြို့အတွင်း ဆွမ်းခံကြွနေတုန်းမှာ မင်းအမိန့်နဲ့ဖမ်းမိတဲ့ ခိုးသူတွေကို သံခြေချင်းတွေခတ်၊ ခြေတွေလက်တွေမှာ ကြိုးတွေနဲ့ အခိုင်အခံ့ချည်ပြီး လှောင်အိမ်ထဲသွင်းနေတာကို မြင်တွေ့ကြတယ်။ ညနေချမ်းရောက်တဲ့အခါမှာ အဲဒီရဟန်းတွေက ဂေါတမမြတ်စွာဘုရားထံသွားပြီး သူတို့မြင်ခဲ့ရတဲ့ ခိုးသူတွေ နှောင်ဖွဲ့ခံရပုံကို ပြောကြားလျှောက်ထားမိကြတယ်။ အဲဒီအခါမှာ ဂေါတမမြတ်စွာဘုရားက သံခြေချင်း၊ ကြိုးစတဲ့အရာတွေနဲ့နှောင်ဖွဲ့ထားတာဟာ မပြောပလောက်သေးပါဘူး။ ဥစ္စာ၊ စပါး၊ သားမယားစသည်တို့မှာ တပ်မက်တွယ်တာခြင်းဆိုတဲ့ တဏှာကိလေသာ အနှောင်အဖွဲ့က အဆအရာအထောင်အသိန်းမက ပိုပြီးခိုင်မြဲတယ်။
သံဖြင့်ပြုလုပ်ထားသော သံခြေချင်းအနှောင်အဖွဲ့၊ သစ်သားဖြင့်ပြုလုပ်ထားသော ထိတ်တုံးအနှောင်အဖွဲ့၊ မြက်လျှော်ဖြင့်ပြုလုပ်ထားသော နှောင်ကြိုးအဖွဲ့ကို ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု မဆိုကြကုန်။ ပတ္တမြားနားတောင်း စသည့် ရတနာတို့၌ တွယ်တာငဲ့ကွက်ခြင်း တဏှာ…..ဤတဏှာအနှောင်အဖွဲ့မျိုးကိုသာ ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု ပညာရှိတို့ ဆိုကုန်၏။
ပညာရှိတို့ကတော့ အဲဒီတဏှာကိလေသာဆိုတဲ့ အနှောင်အဖွဲ့ကို ရုန်းဖြတ်ပြီးတော့ ထွက်ကြတယ်လို့ ဂေါတမမြတ်စွာဘုရားက ပြောပြ၊ ဟောပြတယ်။
ကိလေသာနှောင်ကြိုးတွေကနေ ရုန်းထွက်ဖြတ်တောက်နိုင်ကြသူ ပညာရှိသူတွေကို အားကျမိပါတယ်ဗျာ။ ဒီလိုအားကျခြင်းနဲ့အတူ………
သံယောဇဉ်ကြိုး၊ ဆယ်မျိုးခိုင်ခိုင် ချုပ်ထား တုပ်ထား လှုပ်အားမနိုင်။ “ကာမထောင်တွင်း၊ နှောင်တွင်းပိုင်ပိုင်၊ မှတ်ကရော့၊ ခတ်သော့သံချည်တိုင်” ဆိုတဲ့ ဓမ္မကဗျာလေးကိုလည်း အမှတ်ရတယ်။ အမှတ်ရခြင်းနဲ့ကပ်ပြီး ထိတ်လန့်ခြင်းကလည်းပါလာတယ်။ ချည်နှောင်ထားတဲ့ သံကြိုးကြီးတွေခိုင်တဲ့အထဲမှာ ကျွန်တော်တို့သံတိုင်ကြီးတွေနဲ့ ပူးတွဲပြီး မရုန်းနိုင်အောင် သော့ခတ်ထားရသလို ခံစားရတဲ့အဖြစ်ကြောင့်ပါ။
ကျွန်တော်တို့လို အသက်ကြီးလာတဲ့ လူကြီးတွေနဲ့ဆိုင်တဲ့ အဖြစ်အပျက် တစ်ခုရှိသေးတယ်။ ကောသလမင်းကြီးမှာ ပါဝေယျကလို့ခေါ်တဲ့ ဆင်ကြီးရှိခဲ့တယ်။ ဒီဆင်ကြီးဟာ အသက်ငယ်ရွယ်နုပျိုစဉ်က အလွန်ခွန်အားဗလကောင်းတယ်။ စစ်တိုက်တဲ့နေရာမှာ အင်မတန်ကျွမ်းကျင်တယ်၊ သတ္တိပြောင်မြောက်တယ်။ အခုတော့ ဒီဆင်ကြီး အိုလာပြီ၊ ဒါနဲ့ မင်းကြီးက ဆင်အိုကြီးကို ဘေးမဲ့ပေးလိုက်တယ်။ တစ်နေ့မှာ အဲဒီဆင်ကြီးဟာ အိုင်းတစ်ခုထဲကိုဆင်းရင်း နွံမှာနစ်သွားတယ်။ ဆင်ကြီးဟာ ညွန်ထဲက လွတ်မြောက်အောင်ရုန်းတယ်။ ဒါပေမယ့် ဇရာကထောင်းပြီဆိုတော့ ရုန်းအားမကောင်းဘူးဖြစ်နေတယ်။ ဒီအဖြစ်ကို ကောသလ မင်းကြီးကြားသိတဲ့အခါမှာ ဆင်ကြီးကိုညွန်ထဲကထုတ်ဆောင်ဖို့အတွက် ဆင်ဆရာကို လွှတ်လိုက်တယ်။ ဆင်ဆရာက ဆင်ကြီးကိုညွန်ထဲကထုတ်ဆောင်ဖို့သွားတဲ့အခါမှာ စစ်ချီစစ်ထိုးတဲ့အခါ အသုံးပြုတဲ့ စစ်ပွဲစည်ကြီးကိုယူသွားတယ်။ စည်တွေမောင်းတွေ သယ်သွားတယ်ဆိုပါတော့။
ညွန်နစ်နေတဲ့ ဆင်ကြီးထံရောက်တော့ ဆင်ဆရာက စစ်ပွဲကိုပြပြီး စစ်ပွဲစည်ကြီးကိုတီးတယ်။ တစ်ကယ်စစ်ထိုးတော့မယ့် အခြေအနေမျိုးဖြစ်အောင် တပည့်နောက်လိုက်နောက်ပါတွေနဲ့ ပူးပေါင်းဖန်တီးပြီး စစ်ကြွေးကြော်သံတွေနဲ့ စည်တို့မောင်းတို့တီးပေးပါလိမ့်မယ်။ ဒီအခါမှာ ဆင်ကြီးဟာ ရဲစိတ်ရဲမာန်တွေ တက်ကြွလာပြီး တအားရုန်းလိုက်တာ တစ်ခါတည်း ကုန်းပေါ်ရောက်သွားတယ်။
ဒီလိုဆင်ကြီး ညွန်ထဲက ရုန်းထွက်နိုင်တဲ့အဖြစ်ကို မြင်ခဲ့ကြရတဲ့ ရဟန်းတော်တွေက ဂေါတမမြတ်စွာဘုရားကို လျှောက်ထားကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက ရဟန်းတော်တွေကို…..
မမေ့လျော့ခြင်း အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြလော့၊ ညွန်၌နစ်သောဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှ ထုတ်ဆောင်သကဲ့သို့ ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကိုထုတ်ဆောင်ကြ….လို့မိန့်တော်မူတယ်။ အဲဒီဂေါတမမြတ်စွာဘုရားရဲ့စကားဟာ ကျွန်တော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ စကားဗျ။ ဒါပေမယ့် ကျွန်တော်တို့မှာ ဖြစ်နေတာက ခိုင်ခံ့လွန်းတဲ့ သံတိုင်ကြီးမှာ သံကြိုးတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီး သော့ခတ်ထားတဲ့ ကျွန်တော်တို့ကို ဘယ်သူများလာပြီးသော့ဖွင့်ပေးပါ့မလဲ၊ ကိလေသာညွန်ထဲက ရုန်းထွက်နိုင်အောင် ဘယ်သူများလာပြီး စည်တီးရင်း အားပေးပါ့မလဲလို့ မျှော်နေမိတဲ့အဖြစ်ပါဗျာ၊ နေပါဦး၊ ခင်ဗျားတို့ကတော့ မရုန်းဘူးလား၊ ဘယ်လိုလဲ၊ မရုန်းကြတော့ဘူးလား……..
မရုန်းဘူးလား…..မရုန်းကြတော့ဘူးလားဟု အထက်ပါပုဂ္ဂိုလ်က မေးနေသော်လည်း ကျွန်တော်တို့လူစုဘက်မှ စကားပြန်မရဘဲ တိတ်ဆိတ်စွာ ထိုင်လျက်ရှိသော ထိုနေ့ကမြင်ကွင်းကို မြင်ယောင်ဆဲရှိနေပါသည်။
နန္ဒာသိန်းဇံ၏ မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ
စာအုပ်မှ
မိတ်ကောင်း ဆွေကောင်း
“ယဉ်ကျေးသိမ်မွေ့မွန်ရည်ခြင်းဟာ တစ်ခါတစ်ရံမှာ အကောက်အကျစ် အညစ်အပတ် အလွန်တော်တဲ့ လူယုတ်မာတွေရဲ့ အဆင်တန်ဆာနဲ့တူတယ်။ အဲဒီအဆင်တန်ဆာနဲ့ ကောက်ကျစ်ညစ်ပတ်ခြင်းတွေကို ဖုံးထားတာ”
ဒီတော့ မွန်မွန်ရည်ရည် သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး အမှုအရာအပြောအဆိုတွေနဲ့ ကိုယ့်အနားရောက်လာသူ၊ ကိုယ့်ကိုပေါင်းဖေါ်လာသူကို လူကောင်းသူကောင်း မိတ်ကောင်းဆွေကောင်းလို့ ထင်မိလို့ သူနဲ့ပေါင်းမိသူတွေ ဒုက္ခရောက်ကြတာ အများကြီး၊ ဘ၀ပျက်သွားသူတွေ အများကြီး။
မိတ်ကောင်းဆွေကောင်းဆိုတာ ရှားမှရှားတယ်လို့ပဲ ထင်ပါတယ်။ အရစ္စတိုတယ်က တစ်ခါမှာ “မိတ်ဆွေတို့”လို့ခေါ်လိုက်တော့-သူ့အနီးကလူတွေက ဘာများပြောမလဲလို့ သူ့ဆီကိုလှမ်းကြည့်ကြတယ်။ ဒီအခါမှာ အရစ္စတိုတယ်က “မိတ်ဆွေဆိုတာ လောကမှာ မရှိဘူး”လို့ ပြောလိုက်ဖူးတယ်။ အာရစ္စတိုတယ်လည်း သူ့တစ်သက်တာမှာ မိတ်ကောင်းဆွေကောင်းကို မတွေ့ခဲ့ရလို့ ဒီလိုပြောလိုက်တာဖြစ်မယ်။ သူရေးတဲ့ Nicomichean Ethics ဆိုတဲ့စာအုပ်ထဲမှာ “တစ်ကယ်လူတော်လူကောင်းဆိုတာ ကိုယ့်ကိုကိုယ်ပဲ မိတ်ဆွေကောင်းလို့ မှတ်ယူသူဖြစ်တယ်။ စိတ်ခွန်အားနည်းနေသူတွေသာ မိမိပြင်ပမှာ မိတ်ဆွေရှာကြတာ”တဲ့။ နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်ပဲ အားကိုးခြင်းဟာ အကောင်းဆုံးပဲလို့ သူကယူဆထားတာ ဖြစ်ပါလိမ့်မယ်။
ဘ၀ဖြစ်တည်မှု့ ပဓာန၀ါဒီတွေထဲမှာ နာမည်ကြီးတဲ့ အဲလ်ဘတ်ကာမျူးက“ကိုယ့်နောက်က လိုက်တဲ့သူ၊ ကိုယ့်ရှေ့ကသွားတဲ့သူဆိုတာ မိတ်ဆွေမဟုတ်ဘူး၊ မိတ်ဆွေဆိုတာ ကိုယ့်ဘေးက ကိုယ်နဲ့အတူသွားတဲ့သူသာဖြစ်တယ်”ဆိုတဲ့သဘောမျိုးရေးဖူးတယ်။ ဟုတ်မှာပါ။ ကိုယ်အောင်မြင်နေတုန်း ကိုယ့်နောက်ကလိုက်နေသူ၊ တာဝန်မယူချင်၊ အမှားမကြုံချင်လို့ ကိုယ့်ကိုရှေ့ကအကာအကွယ်ထားပြီး နောက်ကလိုက်နေသူ၊ ရေသာခိုချင်လို့၊ အချောင်လိုချင်လို့ ကိုယ့်နောက်ကလိုက်နေသူဟာ မိတ်ဆွေမဖြစ်နိုင်ဘူး။ အရေးပါချင်လို့၊ အရာထွင်ကျယ်ချင်လို့၊ အခွင့်အရေး အလျင်အဦးယူချင်လို့၊ ဆရာကြီးလုပ်ချင်လို့ ကိုယ့်ရှေ့ကသွားသူဟာလည်း မိတ်ဆွေမဖြစ်နိုင်ပါဘူး။ ဒုက္ခအန္တရယ်ကျရောက်လာရင် အတူတူကျော်လွှားသူ၊ အခက်အခဲပြဿနာကြုံရင် အတူတူဖြေရှင်းသူ၊ အေးအတူ ပူအမျှ ကိုယ့်ဘေးမှာ ရှိတဲ့သူသာ မိတ်ကောင်းဆွေကောင်းဖြစ်နိုင်တယ်ဆိုတဲ့သဘောနဲ့ “မိတ်ဆွေဆိုရင် ငါ့ဘေးကငါနဲ့အတူသွား”လို့ ကာမျူးက ရေးခဲ့တာ ဖြစ်လေမလားပဲ။
ကောင်းတယ်လို့ပဲထင်
“ဤမည်သောကောင်းမှုကို ငါပြုခဲ့ပြီဟု မိမိ၏ ကောင်းမှု့ကိုသာလျှင် လူသည် မြင်တတ်၏။ ဤမည်သော မကောင်းမှု့ကို ငါပြုမိ၏။ ဤသို့ပြုမိခြင်းသည် ငါ၏အပြစ်ပါတကားဟု မိမိ၏ မကောင်းမှု့ကိုမမြင်တတ်။ ဤသို့ဆင်ခြင်ရှု့မြင်ရန်ကား ခဲယဉ်လှချေ၏” ဟုတ်နိုင်ပါသည်။ ဟုတ်ကိုဟုတ်ပါသည်။ လူဆိုသည်မှာ မိမိလုပ်တာကိုတော့ ကောင်းတယ်ဟုထင်သည်။ ကိုယ်လုပ်တာကို မကောင်းဘူးဟု မမြင်သူသည် ကိုယ့်အပြစ်ကို မမြင်သောသူပင်ဖြစ်သည်။
မိတ္တဗလဋီကာစာအုပ် **How To Win Friends And Influence People ကိုရေးသူ ဒေးကာနေဂျီသည် အထက်ပါအာသောကမင်းကြီး၏ အဆိုအမိန့်ကို သူ့စာအုပ်၌ ကိုးကားခဲ့လေသည်လား၊ မကိုးကားခဲ့ဘူးလားဆိုသည်ကိုတော့ မမှတ်မိ။
ထိုစာအုပ်ကို ရစဉ်ကာလက စာအုပ်မျက်နှာဖုံးတွင် ဤစာအုပ်ကို ခြောက်သန်းကျော် ရောင်းပြီးပြီဟု ဖော်ပြထားသည်ကို အမှတ်ရနေသည်။ ရောင်းရပေမှာပေါ့၊ လူတွေကြိုက်နှစ်သက်သည့် အကြောင်းအရာတွေကို သူက ရေးတတ်ပေတာကိုး။ ဒေကာနေဂျီက သူစာအုပ်ကို စိတ်လှုပ်ရှားဖွယ်ရာ လူဆိုးဖမ်းပွဲနှင့် စဖွင့်ထားသည်ကို အမှတ်ရမိသည်။
မကြုံစဖူးသော လူဆိုးဖမ်းပွဲကို နယူးယောက်မြို့သူမြို့သားများ တွေ့မြင်နေရသည်။ တစ်ရာငါးဆယ်မျှရှိသော ရဲအဖွဲ့ဝင်နှင့် စုံထောက်များသည် ရက်သတ္တပတ်ပေါင်းများစွာ ရှာဖွေခဲ့သော နယူးယောက်မြို့ လူဆိုးစားရင်းတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး၊ အရက်စက်ဆုံး လူသတ်သမား ကရိုလီကို တိုက်ခန်းတစ်ခုအတွင်း၌ ပိတ်မိထားသည်။ ရဲအဖွဲ့ဝင်အချို့သည် လူဆိုးရှိရာအခန်း၏ အမိုးကိုရိုက်ချိုးဖောက်ခွဲ၍ အခန်းတွင်းသို့ မျက်ရည်ယိုဗုံးပစ်သွင်းသည်။ နီးစပ်ရာ တိုက်ခန်းများတွင် အသင့်နေရာယူထားကြသော ကျန်အဖွဲ့ဝင်တို့က စက်သေနတ်များဖြင့် လှမ်း၍ပစ်ခတ်ကြသည်။ တစ်နာရီကျော်မျှ စက်သေနတ်သံများ၊ ပစ္စတိုပစ်ခတ်သံများက ရပ်ကွက်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်နေသည်။ အခန်းတွင်းမှနေ၍ ကရိုလီကလည်း ရဲများကို ခုခံပစ်ခတ်လျှက်ရှိသည်။ ဤသို့ အပြန်အလှန် ပစ်ခတ်နေသည်ကို နယူးယောက်မြို့သား တစ်သောင်းကျော်လောက်က စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။
လူ့လောကရဲ့ အိမ်ထောင်သားမွေးကိစ္စတွေမှာ ရဟန်းတော်တွေနဲ့ သက်ဆိုင် / မဆိုင်
Question: သံဃာတော်တွေ ဦးဆောင်လှုပ်ရှားနေတဲ့ မျိုးစောင့်ဥပဒေပေါ့နော်။ အဲ့ဒီမှာ မေးချင်တာက သံဃာတော်တွေနဲ့ အိမ်ထောင်သားမွေးကိစ္စ သာသနာရေးနဲ့ယှဉ်ကြည့်ရင် လုံးဝမသက်ဆိုင်ဘူးလို့ ထင်တယ်
Answer: ဒါဆိုရင်မိတ်ဆွေရဲ့ ယူဆချက်ဟာ အမှားကြီးမှားတယ်လို့ ဖြေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြတ်ဗုဒ္ဓဟာ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကရယ်လို့ လောကသုံးပါးကောင်းကျိုးလိုလားတဲ
ဘားကုဒ်လေးတွေ သတိထား
ဈေးဝယ် ထွက်ချင်သလား။ အများထက် အသိပညာ ဗဟုသုတ ကြွယ်ချင်သလား။ ပစ္စည်း တစ်ခုကို ထုတ်လုပ်တဲ့ နိုင်ငံ သိနိုင်ဖို့ ဘားကုဒ်ကို ကြည့်တတ်ဖို့လိုပါတယ်။ တံဆိပ်ကို တုလို့ လွယ်ပေမယ့် တံဆိပ်က ဘားကုဒ်ကို တုဖို့ ခက်ပါလိမ့်မယ်။ ဘယ်နိုင်ငံအတွက် ဘားကုဒ်က ဘာလဲ ဆိုတာ သိရင် ဘားကုဒ်ကို ကြည့်လို့ ဒီပစ္စည်းဟာ ဘယ်နိုင်ငံထွက် ပစ္စည်း ဆိုတာ အလွယ် သိနိုင် ပါတယ်။
ဒါလေး ဆိုရင် ရှေ့ဆုံးသုံးလုံးကို ကြည့်ပြီး ထိုင်ဝမ် နိုင်ငံ လုပ်ဆိုတာ သိနိုင် ပါပြီ။ (မs0what မေးလ်နဲ့ ပို့ပေးတာလေးပါ)
ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အတုတွေ ပေါလွန်းလှ ပါတယ်။ နိုင်ငံတကာက နာမည်ကြီး ကုန် အမှတ် တံဆိပ် တွေကို အတု လုပ်ရုံမက ရက်လွန် နေ့စွဲ ခေါ်တဲ့ expired date ကိုတောင် ကြိုလုပ် ရေးထား ကပ်ထား တတ်တာ မကြာခဏ ပစ္စည်း တော်တော် များများ ပေါ်မှာ တွေ့ရ ပါတယ်။ တခါက မုန့်ဆိုင် တစ်ဆိုင်မှာ ရောင်းတဲ့ ကိတ်မုန့်ရဲ့ ထုတ်လုပ်သည့် နေ့စွဲက မနက်ဖြန် ဖြစ်နေပါတယ်။ ဒါဆို ခုရောင်း နေတာ ဂျုံလုံး လေးတွေလား လို့ မေးရင်း အဲဒီ တံဆိပ်ကို နောက်နောင် ဘယ်တော့မှ ၀ယ်မစား ဖြစ် တော့ ပါဘူး။ ဒီလို ရောင်းမှုဟာ ခိုးမှုရော လိမ်မှုပါ မြောက်ပါတယ်။
စားသုံးသူ ဘက်ကလဲ ရွေးချယ်စရာ မရှိလို့ ဒီလို စီးပွားရေး ကျင့်ဝတ် ပျက်စီး နေတာ ကျယ်ပြန့် နေ တာလား။ ဒါမှ မဟုတ် စားသုံးသူ ဘက်က ဒီလို စစ်ဆေးရ ကောင်းမှန်းကို မသိလို့ ဒါမှ မဟုတ် မေ့ လျော့ ပေါ့ဆ လွန်းလို့ မစစ်ဆေးမိ တာကို အခွင့်ကောင်း ယူပြီး စီးပွားရေး သမားတွေက ကျင့်ဝတ် ပျက်စီး ရဲနေတာလား ဆိုတာ မေးခွန်း ထုတ်စရာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ တာဝန် ရှိသူ ဆို တဲ့ လူတွေက လာဘ်ပေး လာဘ်ယူ ကိစ္စ တွေကြောင့် အကျင့်ပျက်ပြီး အရေးယူမှု မလုပ်ရင်တောင် စားသုံးသူ ဘက်က အသိ၊ သတိ တို့နဲ့ ဒီလို ကျင့်ဝတ် ပျက်စီးမှုကို အားမပေးဘဲ ရှောင်ခြင်းဖြင့် အရေး ယူ နိုင်ရင် အကျင့်ပျက် ထုတ်လုပ်သူ စီးပွားရေးသမား များကလဲ စီးပွားရေးကို ထိခိုက် နိုင်လို့ နောင်ကို လုပ်ရဲတော့မှာ မဟုတ်ဘူးလို့ ယူဆ မိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေလဲ ကိုယ့်ပါးစပ် မှာ စားမယ့် အစားအစာ၊ ကိုယ့်အတွက် သုံးမယ့် အသုံးအဆောင် ပစ္စည်း များအတွက် အလိမ် မခံရအောင် အသိ တရား လက်ကိုင်ထားနိုင်ဖို့ ၊ သတိနဲ့ ဗဟုသုတ ရှာမှီးရင်း ကိုယ့်ကိုယ်ကို ကာကွယ် ကြပါစို့လားဗျာ။
Sunday, September 22, 2013
ဘယ်ဖုန်းအမျိုးစားမဆို သိထားသင့်သောအကြောင်းအရာလေးများ
ဖုန်းကိုင်ထားသောသူငယ်ချင်းများအားလုံးအတွက်သိထားသင့်တဲ့အကြောင်းအရာလေးများ မိုဘိုင်းဖုန်းတစ်လုံးရဲ့ ဒီလျှို့ဝှက်ချက်( ၅ )ခုပာာ
သိရှိသူတွေအလွန်နည်းပါးနေပါတယ် ။ ကိုင်နေတဲ့ လူအများစုပာာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှု့များကို အများအားဖြင့်
Camera , Music , Bluetooth , FM , Radio , Alarm နဲ့ Game တွေလောက်သာ အသုံးပြု့နေကြတာများပါတယ်
ဒါကြောင့်ဒီနည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါတယ်
(1) အရေးပေါ်ကွန်ယက်ရှာရန် Keypad ကို Locked လုပ်ထားရင်တောင် မိုဘိုင်းဖုန်းတွေပာာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာတွေ့ရပါတယ်
ဒီနံပါတ်ပာာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု့ဧရိယာထဲမှာရှိရင်
ဒီနံပါတ်ကိုနှိပ်လိုက်တာနဲ့ ဖုန်းပာာအနီးဆုံး ဆက်သွယ်မှု့ကွန်ယက်ကိုအလိုအလျှောက်ရှာမှာဖြစ်ပါတယ်။ ဒီနံပါတ်ပာာ ထူးခြားတာက
မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကိုပိတ်ထားရင်တောင် နှိပ်လို့ရနေမှာဖြစ်ပါတယ်
(2) ဖုန်းရဲ့ဘက်ထရီ အရေးပေါ်အားကုန်ရင်မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံးပြု့ရင်း အားနည်းလာပြီဆိုရင် အရေးကြုံလာတဲ့အခါ *3370#
ကိုနှိပ်လိုက်တာနဲ့ ဖုန်းတွေရဲ့အရေးပေါ်သုံးဖို့ချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းရဲ့ဘက်ထရီထက်ဝက်အားပြန်
ပြည့်လာမှာပါ ။ နောက်တစ်ကြိမ်မိုဘိုင်းဖုန်းဘက်ထရီအားပြန်ပြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး
နှစ်မျိုးလုံးအတွက် အလိုအလျှောက်အားပြန်ဖြည့်မှာဖြစ်ပါတယ် ။
(3) ဒီတစ်ခုကတော့ အဝေးထိန်းတပ်ဆင်ထားတဲ့ကားအသုံးပြု့သူတွေအတွက် ကားထဲမှာကားသော့ကျန်ခဲ့ပြီး အပိုတစ်ချောင်းကို အိမ်မှာ
ကျန်ခဲ့တော့ အခြားအိမ်သားတစ်ယောက်ကသော့ကိုယ်တိုင်လာပေးစရာမလိုပဲ အိမ်ကကားသော့အပိုကို ဖုန်းအနားကပ်ခိုင်းပြီး
ကားသော့ဖွင့်ခိုင်းလိုက်တာနဲ့ တစ်ဖက်ကပိတ်နေတဲ့တံခါးက ပွင့်သွားမှာဖြစ်ပါတယ် ။ မိမိရဲ့ဖုန်းကိုတော့ ကားနားမှာထားရှိရဖို့တော့လိုတယ်နော်
ဒီနည်းက မိမိအတွက်ရော အိမ်သားအတွက်ရော ပင်ပန်းမှု့မရှိပဲအဆင်ပြေစေမယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်
(4) မိမိရဲ့မိုဘိုင်းဖုန်းအခိုးခံရခြင်း ၊ ကျပျောက်ခဲ့ခြင်း ၊ မေ့ကျန်ခဲ့တဲ့အတွက်အခြားလူကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ဘူးဆိုရင် အဲဒီ
ဖုန်းကတ်ကို ဖျက်စီးပစ်လို့ရပါတယ် ။ ပထမဦးဆုံးအနေနဲ့ ဖုန်းရဲ့ နံပါတ်စဉ်ကိုသိဖို့ *#06# ကိုနှိပ်လိုက်ပါ။
အဲဒီအခါမှာ ဂဏန်း ( 15 ) လုံးပေါ်လာမှာဖြစ်ပါတယ် ။ အဲဒီ ဂဏန်းတွေက မိမိဖုန်းရဲ့ သီးသန့်ဂဏန်းတွေပါ ။ အဲ့ဒီဂဏန်းတွေကိုတော့
အရင်ဦးဆုံး သိရှိထားဖို့တော့လိုပါတယ် ။ ကိုယ့်ဖုန်းပျောက်သွားတဲ့နေ့မှာ ဆက်သွယ်ရေးကို ဖုန်းဆက်ပြီး ကုတ်နံပါတ်ပြောပြီး ဖြတ်ခိုင်းနိုင်ပါတယ်
တစ်ကယ်လို့ ခိုးသူပာာ Simcard ကိုမထုတ်ရသေးခင် တိုင်းတန်းမယ်ဆိုရင် Simcard ရော ဖုန်းပါ Disable လုပ်နိုင်မှာဖြစ်လို့
မိမိဖုန်းထဲကနံပါတ် စာရင်းတွေကို တခြားလူမသိအောင် ကာကွယ်နိုင်ပါတယ်
(5) ဒီတစ်ခုကတော့ သူငယ်ချင်းတွေအတွက်တော်တော်အသုံးတဲ့မှာပါ အောက်မှာကြည့်ကြနော်
Nokia ရဲ့ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေပာာ တစ်ခုနဲ့တစ်ခုတူညီမှု့မရှိကြပါဘူး ။ ဒါပေမဲ့ ဖုန်းအသုံးပြု့နေကြတဲ့
သူငယ်ချင်းတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ် ။
ကုတ်နံပါတ်တွေအနေနဲ့ IMEI ( International Mobile Equipment Identity ) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်
Display ကိုပိုပြီးပြတ်သားစွာမြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှု့နိုင်ပါတယ်
ဖုန်းမှာအသုံးပြု့ထားတဲ့ ပာန်းဆက်ရဲ့ဆော့ဖ်ဝဲ Version ကိုကြည့်မယ်ဆိုရင်တော့ *#0000# ကိုနှိပ်ကြည့်နိုင်ပါတယ်
Bluetooth Device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်
ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန် ၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းနောက်ဆုံးဘယ်အချိန်မှာ ပြု့ပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအရာနဲ့
ဖုန်း Lifetime ကိုသိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်
မှတ်သားထားသော ဖုန်းနံပါတ်တွေကို ချေဖျက်ချင်ပါက *#3925538# ကိုနှိပ်ပြီး ဖျက်ဆီးနိုင်ပါတယ် ။
Series 60 ဖုန်းတွေအတွက်တော့ *#737092 5538# ကိုနှိပ်ပြီး ဖုန်းကို Reset lock လုပ်နိုင်ပါတယ် ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့အချိန်မှာ
Defult Mode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွားမှာဖြစ်ပါတယ် မိုဘိုင်းလ်ဖုန်းတစ်လုံးအားကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြပါစေဗျာ ။ ။
မိမိဖတ်ပြီးပြီဆိုရင် မိတ်ဆွေသူငယ်ချင်းတွေလဲ ရှယ်ပေးလိုက်ပါအုန်းဗျာ
credit to >> to L@t Y@r
ကောင်းမွန်တဲ့ website တစ်ခုဖြစ်နိုင်ဖို့ ဂရုစိုက်သင့်တဲ့အချက်များ
Web တစ်ခုကို ဖန်တီးနိုင်ဖို့ဆိုတာပာာ
လက်ရှိအချိန်မှာ အလွန်ကိုလွယ်ကူနေတဲ့ အနေထားတစ်ခုကို ရောက်ရှိနေပါပြီ ။ အခမဲ့ရယူနိုင်တဲ့
Domain နဲ့ Host တို့ကို အလွယ်တကူရယူနိုင်တဲ့အပြင် ၊ အခပေးဝယ်ယူမယ်ဆိုလည်း
သက်သာစွာနဲ့ အလွယ်တကူယူနိုင်မဲ့ အနေထားတစ်ရပ်ပဲဖြစ်ပါတယ်.....ဒါပေမဲ့
ဖန်တီးရလွယ်ကူပေမဲ့လည်း ရေရှည်မှာအောင်မြင်ဖို့အတွက်ဆိုတာတော့
လိုအပ်တဲ့အချက်တွေများပြားစွာ ရှိနေပါတယ်……ထိုအဆိုပါအချက်တွေကတော့….
လွယ်ကူတဲ့ Web link ကိုအသုံးပြု့ပါ
Web တစ်ခုရဲ့နာမည်ကို ရိုးရိုးရှင်းရှင်းပေးခြင်းပာာ website တစ်ခုကို ၀င်ရောက်တဲ့နေရာမှာ လွယ်ကူစေသလို၊တစ်ခြားမလိုလားအပ်တဲ့ ပြသနာတွေကို ဖြေရှင်းပြီးသားဖြစ်ပါလိမ့်မယ်။Domain ရွေးချယ်တဲ့အပိုင်းမှာလည်း သင့်လျော်တဲ့အမျိုးအစားကို ရွေးချယ်အသုံးပြု့ခြင်းပာာလည်း အရေးပါတဲ့ ကိစရပ်တစ်ခုဖြစ်ပါတယ် ။။
အကြောင်းအရာတစ်ခုကို target ထားပါ
Website တစ်ခုကိုဖန်တီးတဲ့နေရာမှာ သတ်မှတ်အကြောင်းအရာတစ်ခုကို Target ထားဖို့လိုအပ်ပါတယ် ။နည်းပညာ ၊ အတွေးအခေါ် ၊ Product Review သတင်းနဲ့ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာ အစရှိတာတွေထဲက နှစ်သက်ရာတစ်ခုခုကိုရွေးချယ်ပြီး Target ထားသင့်ပါတယ် ။ ထိုအရာကို အဓိကထားခြင်းဖြင့် ကိုယ့် website ကို စိတ်ဝင်စားမှု့မြင့်တက်စေပါတယ်…..။။
ကောင်းမွန်ဆန်းသစ်တဲ့ဒီဇိုင်းကို အသုံးပြု့ပါ
Website တစ်ခုရဲ့ ၀င်ရောက်သူတွေကို ဆွဲဆောင်နိုင်မဲ့အချက်နောက်တစ်ခုကတော့ Web template ပါပဲ ။ ကောင်းမွန်ဆန်းသစ်တဲ့ Template Design ပာာ နောက်တစ်ခါလာရောက်လည်ပတ်ဖို့ အတွက် အကောင်းဆုံး ဆွဲဆောင်မှု့တစ်ရပ်ပဲဖြစ်ပါတယ် ။ Template ရဲ့ဒီဇိုင်းပာာ ဆန်းသစ်နေပြီးတော့ အသုံးပြု့ရာမှာလည်း လွယ်ကူတဲ့တည်ဆောက်ပုံမျိုး ရှိသင့်ပါတယ် ။။
ပေါ့ပေါ့သော နည်းပညာရပ်များကိုသာဦးစားပေးအသုံးပြု့ပါ
Website တစ်ခုပာာ လုံခြုံမှု့ရှိဖို့လိုအပ်သလို ၊ အသုံးပြု့တဲ့နေရာမှာလည်း ပေါ့ပါးမြန်ဆန်နေဖို့ လိုအပ်ပါတယ် ။ ဆိုဒ်ရဲ့ စာမျက်နှာပာာ အချိန်အကြာကြီး အထိမမြင်ရဘူးဆိုရင်တော့ ၀င်ရောက်သူများအနေနဲ့ ဆက်လက်အသုံးပြု့ချင်စိတ်ရှိမှာမပာုတ်တော့ပါဘူး…..ဒါကြောင့်မို့ ပေါ့ပါးပြီး အသုံးင်မဲ့နည်းပညာရပ်တွေကို ဦးစားပေးပြီး အသုံးပြု့သင့်ပါတယ် ။ ။

Friday, September 20, 2013
Notepad နှင့် Notepad++ မှာ မြန်မာလို ရေးလို့ ဖတ်လို့ရအောင် လုပ်နည်း
ထားနိုင်ပါတယ်။ ဆော့ဝဲလ်တွေ Upload တင်ပေးတဲ့အခါတွေမှာလည်း ကိုယ်ပြောချင်တာလေးတွေကို NotePad ဖိုင်နဲ့
ရေးထည့်ပေးတတ်ကြတယ်။ Web Page တွေ ရေးတဲ့အခါမှာလည်း ကုတ်တွေကို NotePad နဲ့ ရေးပြီး ဖန်တီးနိုင်တယ်။
Flash Song တွေ လုပ်ကြတဲ့ သူငယ်ချင်းတွေဆိုရင် ကိုယ်ဖန်တီးမယ့် သီချင်းလေးရဲ့ စာသားတွေကို NotePad နဲ့အရင်
ရေးထားပြီးမှ Swish Max ဆော့ဝဲလ်ထဲကို ကော်ပီကူးထည့်ရင် သီချင်း လုပ်တာ ပိုမြန်ပါတယ်။ အဲလိုရေးတဲ့အခါမှာ
ပထမဦးဆုံး NotePad မှာ မြန်မာလို ရေးလို့ ရအောင် လုပ်ရပါတယ်။ နောက် အဲဒါကို သိမ်းပြီး ပြန်ဖွင့်ကြည့်တဲ့အခါ
မြန်မာလို ပေါ်အောင် လုပ်နည်းလည်း သိဖို့ လိုအပ်ပါတယ်။ ဒီအတိုင်း Save လုပ်လိုက်ရင်တော့ ?????????? တွေပဲ
ပေါ်နေမှာပါ။ ကဲ အခုတော့ အဲဒါတွေ အားလုံး အဆင်ပြေသွားအောင် ဘယ်လို လုပ်ရတယ်ဆိုတာ ပြောပြပေးပါမယ်။
ပထမဦးဆုံး NotePad ကို Start >> All Programs >> Accessories >> NotePad ကို သွားပြီး ဖွင့်လိုက်ပါ။
Tuesday, September 3, 2013
ကိုယ်ဘာသာကိုယ် အစာချက်စားတဲ့ ချင်ပန်ဇီမျောက်
ချင်ပန်ဇီမျောက်က ကိုယ့်ဘာသာကိုယ်အစာချက်စားသတဲ့ !

အိုး .. ကိုယ့်မျက်လုံးကိုယ်တောင်မယုံကြည်ချင်တော့ပါဘူး ။ အာဖရိကနဲ့ အရှေ့တောင်အာရှတွေမှာ ကျက် စားလေ့ ရှိတဲ့ ဒီ ချင်ပန်ဇီမျိုးနွယ်တွေဟာ လူသားနဲ့ဥာဏ်ရည်ချင်း အတော်လေး ဆင်တူတယ်လို့ အများစုက ယုံကြည်လက်ခံထားကြပါ့တယ် ။ ဟုတ်ပါတယ် အခုလည်းပုံတွေကို ကြည့်လိုက်ပါဦး ချင်ပန်ဇီမျောက်ကြီးက သူစားဖို့အစာကို သူ့ဖာသာသူ ချက်စားနေတာကိုတွေ့ရမှာဖြစ်ပါတယ် ။

Sunday, July 7, 2013
Window XP ရဲ့ ရိုးရှင်းသော လျှို့ ဝှက်ချက် (၄၀)
(၁)
Start Menu ကို ပိုမိုမြန်ဆန်စေဖို့
Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို
ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့
“Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart
ပြန်လုပ်ပါ။
(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

Friday, October 26, 2012
ဘလော့ပို့လုပ်နည်းအပြည့်အစုံ
မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။
Step 1) Sign in to blogger
Step 2) Display name (or) Author name
Step 3) Name your blog
Step 4) Choose your template
Step 5) Publish your first pest
မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။
Step1) Sign to Blogger
မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။
Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com) ၊ Password နေရာတွင် ၄င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။
Step 2) Display Name (0r) Author Name
မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျှ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။
Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင်
Click တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။
မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။
Step3) Name your Blog
ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။
စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင်
Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။
URL (or) Blog Address
Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။
မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Bolg လိပ်စာအပြည့်အစုံ http://www.name.blogspot. com ဖြစ်ပါလိမ့်မည်။ Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။ Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။
လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။ ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက “available” ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။
မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ၀င်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။
မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။
Step 1) Sign in to blogger
Step 2) Display name (or) Author name
Step 3) Name your blog
Step 4) Choose your template
Step 5) Publish your first pest
မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။
Step1) Sign to Blogger
မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။
Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com) ၊ Password နေရာတွင် ၄င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။
Step 2) Display Name (0r) Author Name
မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျှ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။
Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင်
Click တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။
မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။
Step3) Name your Blog
ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။
စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင်
Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။
URL (or) Blog Address
Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။
မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Bolg လိပ်စာအပြည့်အစုံ http://www.name.blogspot.
လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။ ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက “available” ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။
မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ၀င်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။
Monday, August 27, 2012
ကျွန်တော် အမြဲကြည့်လေ့ရှိပြီး ကြည့်သင့်တယ်ထင်တဲ့ ဆိုဒ်ကလေးတွေ ညွှန်းလိုက်ပါတယ်။
ကျွန်တော် အမြဲကြည့်လေ့ရှိပြီး ကြည့်သင့်တယ်ထင်တဲ့ ဆိုဒ်ကလေးတွေ ညွှန်းလိုက်ပါတယ်။
မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း ဆိုဒ်ကသိပ်မစုံသေးဘူးဆိုပေမဲ့ အကြောင်းအရာပေါင်း 4448 တင်ထားတဲ့အတွက် အကြောင်းအရာတွေ တော်တော် များတယ်လို့ပြောရုံသာမကပဲ ကိုယ်တိုင်လဲ အစမ်းဝင်ရေးနိုင်ပါတယ်။ ၂၀၀၈ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း ကိုမြန်မာလိုကြည့်ချင်ရင်တော့ အလွယ်တကူ ကြည့်နိုင်မှာပါ။ ဆိုဒ်နာမည်က http://wikimyanmar.co.cc ပါ။
သိပြီးသားလူတွေအတွက်တော့မဟုတ်ပါဘူး။ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အွန်လိုင်းစွယ်စုံကျမ်းကတော့ http://en.wikipedia.org ပါ။
ဓမ္မလက်ဆောင် ဆိုဒ်ကလေးပါ။ တရားတော်တွေတော်တော်များများနဲ့ တရားစာအုပ်တွေကိုစုံစုံလင်လင်စုထားရုံသာမက ဗုဒ္ဓဘာသာနဲ့ပတ်သက် တဲ့ သမိုင်းကြောင်းတွေ စုံစုံလင်လင်တွေရမှာပါ။ http://www.dhammapresent.com/
စာအုပ်၊ ဆော့ဝဲတွေဒေါင်းမယ်၊ ဂျာနယ်စုံဖတ်မယ်။
ဒီဆိုဒ်ကလေးတွေကတော့ ကျွန်တော့်ကို အမြဲကူညီလေ့ရှိတဲ့ ဆိုဒ်ကလေးတွေပါ။ဆော့ဝဲတွေ အလွယ်တကူဒေါင်းဖို့ စုစည်းပေးထားတယ်။တရားစာအုပ်တွေ၊ မြန်မာစာအုပ်တွေ၊ ဆော့ဝဲတွေ၊ နည်းပညာနဲ့ပတ်သက်တဲ့ ဆော့ဝဲ၊ စာအုပ်တွေ music ,video, engineering, computer softwareတွေနဲ့ ၀က်ဆိုက်လမ်းညွှန်တွေကိုပါ စုစည်းပေးထားရုံမကပဲ အဲဒီစာမျက်နှာမှာတင် ဂျာနယ်ပေါင်းစုံကိုလည်းဖတ်နိုင်အောင်စီစဉ်ပေးတဲ့ ဆိုဒ်ကလေးတွေပါ။ဆိုဒ်နှစ်ဆိုဒ်က အကုန်လုံးအတူတူချည်းပါပဲ။ http://khtnetpc.webs.com/
http://www.khtnetpc.99k.org/
ဝက်ဆိုက်တခုလုံးဒေါင်းလုပ်လုပ်မယ်။
အင်တာနက်အမြဲမချိတ်ထားနိုင်သူတွေအတွက်ပါ။တခါတလေ ကိုယ်ကအိမ်မှာအင်တာနက်မချိတ်ထားဘူး။ဆိုင်ကိုပဲသွားသုံးရတယ်။အိမ်မှာလဲကွန်ပျူတာရှိတယ်ဆိုရင်အိမ်ကိုဒေါင်းလုပ်ဆွဲပြီးယူလာနိုင်တာပေါ့။offline အနေနဲ့အိမ်မှာ သုံးနိုင်တာပေါ့။ကိုယ်လိုချင်တဲ့ ဆိုက်ကို ၀က်ဆိုက်တခုလုံးဒေါင်းလုပ်နိုင်မှာပါ။ ဒါပေမဲ့သတိထားရမှာက ကိုယ်ဒေါင်းမဲ့ဆိုက်ကကြီးနေမလားဆိုတာပါပဲ။ကြီးနေရင်တော့ကိုယ်လိုချင်သလောက်ပဲဒေါင်းပေါ့နော်။ဥပမာ http://en.wikipedia.org ဆိုပြီးဒေါင်းမယ်ဆိုရင်တော့ဘယ်လိုမှပြီးနိုင်မှာမဟုတ်ဘူး။ဒီတော့ http://en.wikipedia.org/wiki/Religions_by_country ဆိုတဲ့ဝက်ပေ့တခုကိုသာကူးနိုင်ပါတယ်။ http://talentpyapon.at.ua/ ဒီဝက်ဆိုက်တခုလုံးမလိုချင်ဘူးဆိုရင် ကိုယ်လိုချင်တဲ့ ၀က်ပေ့ http://talentpyapon.at.ua/blog လောက်တာဒေါင်းပါ။ပြီးတော့ gmailတို့ facebook တို့လိုဆိုက်တွေကိုတော့ဒေါင်းနိုင်မှာမဟုတ်ပါဘူး။ဒေါင်းချင်ရင်တော့ ၀က်ဆိုက်လိပ်စာကတော့ http://download.httrack.com/cserv.php3?File=httrack.exe ပါ။
စာအုပ်ဖတ်မယ်ဒေါင်းမယ် စာအုပ်တွေဖတ်ချင်ဒေါင်းချင်ရင်တော့ http://www.myanmarebooks.net/ http://www.cherrythitsar.org/ တို့မှာအလွယ်တကူဒေါင်းကြနော်။
သတင်းတွေဖတ်မယ်ဆိုရင်တော့
http://www.thithtoolwin.com/ ကစုံတယ်လို့ပြောရမှာပဲ။ http://www.myanmardaily.net/ ကိုလည်းဝင်ကြည့်လိုက်နော်။
မြန်မာဖေးဘုတ် တဲ့ facebook နှစ်သက်သူတွေအတွက်ပါ။
ကျွန်တော်တော့ဝင်မသုံးကြည့်ဘူးသေးဘူးဗျ။
http://myanmarfacebook.webs.com/
နည်းပညာနဲ့ပတ်သက်ရင်တော့ http://www.talentpyapon.at.ua/ ကိုမမေ့သင့်ဘူးထင်တယ်။ http://whiteheartcity.blogspot.com/ ကိုလည်းဝင်ကြည့်သင့်တယ်နော်။ http://www.knowledgewar07.com/
မြန်မာဝက်ဆိုက်လမ်းညွှန် ဆိုက်တွေကတော့ http://allmyanmarblogs.blogspot.com/
မြန်မာဘလော့များရှာဖွေရန်။ www.sharbar.net/
မြန်မာဆိုက်များကိုရှာဖွေရန်။ www.searchmyanmar.com/
မြန်မာဆိုက်များကိုရှာဖွေရန်။ http://webdirectory.all-channel.com
မြန်မာစာအုပ်လမ်းညွန်လေးပါ။ http://www.myanmardirectory.net/

Subscribe to:
Posts (Atom)