Question: သံဃာတော်တွေ ဦးဆောင်လှုပ်ရှားနေတဲ့ မျိုးစောင့်ဥပဒေပေါ့နော်။ အဲ့ဒီမှာ မေးချင်တာက သံဃာတော်တွေနဲ့ အိမ်ထောင်သားမွေးကိစ္စ သာသနာရေးနဲ့ယှဉ်ကြည့်ရင် လုံးဝမသက်ဆိုင်ဘူးလို့ ထင်တယ်
Answer: ဒါဆိုရင်မိတ်ဆွေရဲ့ ယူဆချက်ဟာ အမှားကြီးမှားတယ်လို့ ဖြေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြတ်ဗုဒ္ဓဟာ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကရယ်လို့ လောကသုံးပါးကောင်းကျိုးလိုလားတဲ
Q : ဒါဆိုလူနဲ့ရဟန်းဘာကွာလို့လဲ အတူတူဖြစ်ကုန်မှာပေါ့။ လောကီကိစ္စတွေနဲ့ရဟန်းတော်တွေနဲ့
A : လူနဲ့ရဟန်း အကွာကြီးကွာတာပေါ့။ မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်သာအောင် ကွာခြားပါတယ်။ ဒီလိုမေးတာဟာ ဗုဒ္ဓဘာသာကို အတွင်းကျကျမလေ့လာဘဲ မိရိုးဖလာတွေ များနေကြလို့ပါ။ တကယ်တမ်း ဗုဒ္ဓကျမ်းစာတွေ အတွင်းကျကျ လေ့လာဖူးတဲ့သူတွေက သူ့နေရာနဲ့သူ ခွဲခြမ်းစိတ်ဖြာတတ်သိတတ်ကြတယ်။ ကျွန်တော်စောစောကပြောခဲ့တယ်။ ဗုဒ္ဓဘာသာတာရားတော်ဟာ လောကီလောကုတ်နှစ်လီသော ကောင်းကျိုးတွေကိုဖြစ်အောင် ညွှန်ပြတယ်ဆိုတာ လူတွေခွဲခြားသိဖို့လိုတယ်။ ကောင်းကျိုးဖြစ်မယ်ဆိုရင် ဘယ်လိုကိစ္စပဲဖြစ်ဖြစ် လမ်းညွှန်ပေးရမယ်။ မြတ်ဗုဒ္ဓဟောခဲ့တဲ့ထဲမှာ ပဋိသန္ဓေကိစ္စ၊ မိန်းကလေးဓမ္မတာကိစ္စ၊ ဆေးနည်းစတာတွေ အကုန်လမ်းညွှန်ချက်တွေ ဖြစ်ပျက်ပုံတွေအထိဟောခဲ့တယ်။ ကောင်းကျိုးဖြစ်စေမဲ့အရာတွေမို့
Q : ဒါဆိုဘုရားဟောခဲ့တဲ့ လောကီကိစ္စတွေကိုပြောပြပေးပါလား။
A : အကုန်ပြောပါဆိုရင်တော့ မိုးသာလင်းသွားလိမ့်မယ် ပြောပြလို့ကုန်မယ်မထင်ဘူး။ ပိဋိကတ်သုံးပုံကို တစ်ခုချင်းဆီ မြန်မာလို့ ဘာသာပြန်ရင် စည်းကမ်း၊နည်းလမ်း၊ သဘောတရားလို့ အဓိပ္ပါယ်ရတယ်။ အဲဒီမှာ လောကီရော လောကုတ်အတွက်ပါ ကျင့်ကြံလုပ်ကိုင်နေထိုင်ရမယ့် စည်းကမ်းနည်းလမ်းနဲ့ လုပ်ငန်းရဲ့ သဘောတရားတွေကိုပြထားတယ်။ မပါတဲ့အရာမရှိသလောက်ပဲ။ ဒါကြောင့် ကမ္ဘာသိပ္ပံပညာရှင်တွေ တစ်ခုခုတွေ့တယ်၊ စမ်းသပ်ခန့်မှန်းချက်ထုတ်တယ်ဆို
Q : ဘာဖြစ်ဖြစ် အိမ်ထောင်သားမွေးကိစ္စနဲ့တော့ လုံးဝမဆိုင်ဘူးလို့ ကျွန်တော်ထင်တယ်။
A : ဒါဆိုရင်တော့ ဗုဒ္ဓဓမ္မတွေထဲက ဒီကိစ္စနဲ့ပါတ်သက်ပြီး ထင်သာမြင်သာအောင် နည်းနည်းပြောပြပေးမယ်။ ပရိတ်ကြီး ၁၁သုတ်ထဲက အင်္ဂုလိမာလသုတ်ဟာ ကလေးမွေးမရလို့ ဟောခဲ့တဲ့သုတ်ပါ။ နောက်မီးဘေးကင်းဖို့၊ အချုပ်အနှောင်ကလွတ်မြောက်ဖို့၊ ရောဂါတွေကင်းရှင်းဖို့ ဟောခဲ့တဲ့သုတ်တွေချည်းပဲ။ အဲ့ဒါလောကီအတွက်လုပ်ပေးတာ မဟုတ်ဘူးလား။ အာဝါဟ ၀ိဝါဟမင်္ဂလာဆိုတာတွေ လင်ကျင့်ဝတ်၊မယားကျင့်ဝတ်တွေ အိမ်ထောင်ရေးနဲ့ပါတ်သက်တာတွေ အများကြီးဟောခဲ့သလို အခြားအကြောင်းအရာတွေအတွက်လည်း အများကြီးဟောခဲ့တယ်။ စပ်မိလို့ တစ်ဆက်တည်းပြောပြဦးမယ်။ အကြီးအကဲတွေလိုက်နာရမဲ့ နာယကဂုဏ်ခြောက်ပါးဆိုတာ ပညာရှင်တွေရေးခဲ့တဲ့ စည်းကမ်းမဟုတ်ဘူး။ သိင်္ဂါလောဝါဒသုတ်လာ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တွေပါ။ အဲ့ဒီသုတ်မှာဆိုရင် မိဘ၀တ်၊သားသမီးဝတ်၊ဆရာဝတ်၊တပည့်
Q : ဒါဆိုလောကီကိစ္စနဲ့ ပါတ်သက်ပြီး ဟောခဲ့တာတွေ အများသားပါလား။
A : ဒါကြောင့်ပြောရင်မကုန်နိုင်ပြီ ပြောတာပေါ့။ ၃၈ ဖြာမင်္ဂလာတရားကိုပဲကြည့် လောကီကောင်းရေး ဦးစားပေးဟောခဲ့တယ်လို့တောင် ပြောရတယ်။ ဘုရားသာသနာမှာ လောကီကောင်းအောင် အရင်လုပ်ပြီး လောကုတ်ပေါ်ရောက်အောင် ပြင်ဆင်ပေးတာမျိုးတွေရှိတယ်။ ကားကောင်းမှ ခရီးကြောင်းဖြောင့်မယ်ဆိုတဲ့ အသေ၀နာစဗာလာနံ လူမိုက်ကိုမပေါင်းသင်းခြင်းသည် မင်္ဂလာမည်တယ်လို့ မပေါင်းရမဲ့သူတွေကို တားမြစ်ပေးထားတယ်။ ပဏ္ဍိတာနဉ္စသေ၀နံ - ပညာရှိကိုပဲပေါင်းရမယ်လို့ ညွှန်ကြားပေးထားတယ်။ ပူဇာစ ပူဇနေယျာနံ - ပူဇောထိုက်သူကို ပူဇော်ရမယ်လို့ သွန်သင်ပေးထားတယ်လို့ လူမိုက်လို့ သံသယရှိရင် ညွှန်ပေးရမှာပဲ၊ မင်္ဂလာတရားတွေကြည့်ရင် ပေါင်းသင်းဆက်ဆံရေးမှာ ဟိုလူနဲ့မပေါင်းနဲ့ ဒီလူနဲ့ပေါင်းလို့တောင် တိုက်ရိုက်ပြထားသေားတာ ကိုယ့်ဒါယကာ၊ဒါယိကာမတွေ ကောင်းကျိုးအတွက် လမ်းညွှန်ပိုင်ခွင့် ရဟန်းတွေမှာ တာဝန်ရှိတယ်။ လိုက်နာတာ မလိုက်နာတာတွေ သူတို့နဲ့မဆိုင်တော့ဘူး။ ၀တ္တရားကျေအောင် လမ်းညွှန်တာတော့ ဖြစ်သင့်ပါတယ်။
Q : ဒီလိုဆို အချို့ခေါင်းကြီးပိုင်းတွေနဲ့ သာမန်လူအချို့က ကောင်းမွန်အောင်လုပ်ပေးတာကို ဘာလို့ကန့်ကွက်နေကြတယ်ထင်လဲ။
A : အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တေ
Q : ဒါဆိုရင် ဒီဥပဒေကို အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ထားလား။
A : တစ်ဖက် ၅၀ ရာခိုင်နှုန်းဆီပါပဲ။ ဒါကလွှတ်တော်ဆုံးဖြတ်ချက်အတိုင်း
Q : ဒါကို အချို့က လူ့အခွင့်အရေးချိုးဖောက်တယ်လို့
A : ကြားရပါတယ်။ အဲဒီလူတွေကို မေးချင်တယ်။ ဒါဆို လမ်းဘေးအမှိုက်မပစ်ရ၊ သေးမပေါက်ရ၊ ကွမ်းတံထွေးရဆိုတာတွေက လူ့အခွင့်အရေး ချိုးဖောက်တာလား။ သူ့သားသမီးလွန်ကျူးလို့၊ ခိုးလို့၊ သတ်လို့ဖမ်းတာ လူ့အခွင့်အရေးချိုးဖောက်တာလား။ အချို့က လူ့အခွင့်အရေးသာ အော်နေကြတာ ကိုယ်လုပ်နေတာက လူဆန်လား၊ မဆန်လား မသိဘူး။ ဒီဥပဒေဟာ ဗုဒ္ဓဘာသာအတွက် မထိခိုက်စေသလို အခြားဘာသာဝင်တွေကိုလည်း မထိခိုက်စေပါဘူး။ အခြားဘာသာတွေမှာ ဒီလိုဥပဒေရှိတယ်။ ဗုဒ္ဓဘာသာမှာ မရှိဘူး။ ရှိတဲ့ဥပဒေကလည်း ထိရောက်မှုမရှိ အားနည်းတယ်။ ဒီတော့ အမျိုးသမီးတွေ နစ်နာတယ်။ ဒီဥပဒေရှိသင့်တယ်။ ဒီဥပဒေမရှိခဲ့လို့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေက တကယ်ကို လူ့အခွင့်အရေးချိုးဖောက်ခံနေရတာ
ဒီမျိုးစောင့်ဥပဒေကို လုံးဝထောက်ခံတယ်လို့ပြောကြားရင်
____စောင့်ကြည့်ဂျာနယ် (30-7-2013)မှ ပီတိ (ပေကြီး)၏ ဆောင်းပါး
No comments:
Post a Comment