pages

Thursday, September 26, 2013

ရုန်း


ချစ်ခင်မြတ်နိုးတွယ်တာတယ်ဆိုတဲ့ သံယောဇဉ်တွေနဲ့ ကျွန်တော်တို့ဟာ သိပ်ကိုပျော်မွေ့ကြတယ်။ ရွှင်ပြုံးကြည်သာမှု့တွေဖြစ်တယ်။ အဲဒီသံယောဇဉ်တွေကြောင့်ပဲ ကျွန်တော်တို့ဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေဖြစ်ပြန်ရော။ ရင်ဘတ်စည်တီးရှိုက်ကြီးတငင် ငိုကြွေးရတာတွေလည်းရှိတယ်။ သံယောဇဉ်တွေကနေ ထွက်မြောက်နိုင်ရင် ကောင်းမယ်ဆိုတာသိတယ်။ သိပါတယ်ဗျာ။
ခင်ဗျားတို့ကြားဖူးမယ်ထင်ပါတယ်၊ တစ်နေ့ ရဟန်းတော်အချို့ သာဝတ္တိမြို့အတွင်း ဆွမ်းခံကြွနေတုန်းမှာ မင်းအမိန့်နဲ့ဖမ်းမိတဲ့ ခိုးသူတွေကို သံခြေချင်းတွေခတ်၊ ခြေတွေလက်တွေမှာ ကြိုးတွေနဲ့ အခိုင်အခံ့ချည်ပြီး လှောင်အိမ်ထဲသွင်းနေတာကို မြင်တွေ့ကြတယ်။ ညနေချမ်းရောက်တဲ့အခါမှာ အဲဒီရဟန်းတွေက ဂေါတမမြတ်စွာဘုရားထံသွားပြီး သူတို့မြင်ခဲ့ရတဲ့ ခိုးသူတွေ နှောင်ဖွဲ့ခံရပုံကို ပြောကြားလျှောက်ထားမိကြတယ်။ အဲဒီအခါမှာ ဂေါတမမြတ်စွာဘုရားက သံခြေချင်း၊ ကြိုးစတဲ့အရာတွေနဲ့နှောင်ဖွဲ့ထားတာဟာ မပြောပလောက်သေးပါဘူး။ ဥစ္စာ၊ စပါး၊ သားမယားစသည်တို့မှာ တပ်မက်တွယ်တာခြင်းဆိုတဲ့ တဏှာကိလေသာ အနှောင်အဖွဲ့က အဆအရာအထောင်အသိန်းမက ပိုပြီးခိုင်မြဲတယ်။
သံဖြင့်ပြုလုပ်ထားသော သံခြေချင်းအနှောင်အဖွဲ့၊ သစ်သားဖြင့်ပြုလုပ်ထားသော ထိတ်တုံးအနှောင်အဖွဲ့၊ မြက်လျှော်ဖြင့်ပြုလုပ်ထားသော နှောင်ကြိုးအဖွဲ့ကို ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု မဆိုကြကုန်။ ပတ္တမြားနားတောင်း စသည့် ရတနာတို့၌ တွယ်တာငဲ့ကွက်ခြင်း တဏှာ…..ဤတဏှာအနှောင်အဖွဲ့မျိုးကိုသာ ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု ပညာရှိတို့ ဆိုကုန်၏။
ပညာရှိတို့ကတော့ အဲဒီတဏှာကိလေသာဆိုတဲ့ အနှောင်အဖွဲ့ကို ရုန်းဖြတ်ပြီးတော့ ထွက်ကြတယ်လို့ ဂေါတမမြတ်စွာဘုရားက ပြောပြ၊ ဟောပြတယ်။
ကိလေသာနှောင်ကြိုးတွေကနေ ရုန်းထွက်ဖြတ်တောက်နိုင်ကြသူ ပညာရှိသူတွေကို အားကျမိပါတယ်ဗျာ။ ဒီလိုအားကျခြင်းနဲ့အတူ………
သံယောဇဉ်ကြိုး၊ ဆယ်မျိုးခိုင်ခိုင် ချုပ်ထား တုပ်ထား လှုပ်အားမနိုင်။ “ကာမထောင်တွင်း၊ နှောင်တွင်းပိုင်ပိုင်၊ မှတ်ကရော့၊ ခတ်သော့သံချည်တိုင်” ဆိုတဲ့ ဓမ္မကဗျာလေးကိုလည်း အမှတ်ရတယ်။ အမှတ်ရခြင်းနဲ့ကပ်ပြီး ထိတ်လန့်ခြင်းကလည်းပါလာတယ်။ ချည်နှောင်ထားတဲ့ သံကြိုးကြီးတွေခိုင်တဲ့အထဲမှာ ကျွန်တော်တို့သံတိုင်ကြီးတွေနဲ့ ပူးတွဲပြီး မရုန်းနိုင်အောင် သော့ခတ်ထားရသလို ခံစားရတဲ့အဖြစ်ကြောင့်ပါ။
ကျွန်တော်တို့လို အသက်ကြီးလာတဲ့ လူကြီးတွေနဲ့ဆိုင်တဲ့ အဖြစ်အပျက် တစ်ခုရှိသေးတယ်။ ကောသလမင်းကြီးမှာ ပါဝေယျကလို့ခေါ်တဲ့ ဆင်ကြီးရှိခဲ့တယ်။ ဒီဆင်ကြီးဟာ အသက်ငယ်ရွယ်နုပျိုစဉ်က အလွန်ခွန်အားဗလကောင်းတယ်။ စစ်တိုက်တဲ့နေရာမှာ အင်မတန်ကျွမ်းကျင်တယ်၊ သတ္တိပြောင်မြောက်တယ်။ အခုတော့ ဒီဆင်ကြီး အိုလာပြီ၊ ဒါနဲ့ မင်းကြီးက ဆင်အိုကြီးကို ဘေးမဲ့ပေးလိုက်တယ်။ တစ်နေ့မှာ အဲဒီဆင်ကြီးဟာ အိုင်းတစ်ခုထဲကိုဆင်းရင်း နွံမှာနစ်သွားတယ်။ ဆင်ကြီးဟာ ညွန်ထဲက လွတ်မြောက်အောင်ရုန်းတယ်။ ဒါပေမယ့် ဇရာကထောင်းပြီဆိုတော့ ရုန်းအားမကောင်းဘူးဖြစ်နေတယ်။ ဒီအဖြစ်ကို ကောသလ မင်းကြီးကြားသိတဲ့အခါမှာ ဆင်ကြီးကိုညွန်ထဲကထုတ်ဆောင်ဖို့အတွက် ဆင်ဆရာကို လွှတ်လိုက်တယ်။ ဆင်ဆရာက ဆင်ကြီးကိုညွန်ထဲကထုတ်ဆောင်ဖို့သွားတဲ့အခါမှာ စစ်ချီစစ်ထိုးတဲ့အခါ အသုံးပြုတဲ့ စစ်ပွဲစည်ကြီးကိုယူသွားတယ်။ စည်တွေမောင်းတွေ သယ်သွားတယ်ဆိုပါတော့။
ညွန်နစ်နေတဲ့ ဆင်ကြီးထံရောက်တော့ ဆင်ဆရာက စစ်ပွဲကိုပြပြီး စစ်ပွဲစည်ကြီးကိုတီးတယ်။ တစ်ကယ်စစ်ထိုးတော့မယ့် အခြေအနေမျိုးဖြစ်အောင် တပည့်နောက်လိုက်နောက်ပါတွေနဲ့ ပူးပေါင်းဖန်တီးပြီး စစ်ကြွေးကြော်သံတွေနဲ့ စည်တို့မောင်းတို့တီးပေးပါလိမ့်မယ်။ ဒီအခါမှာ ဆင်ကြီးဟာ ရဲစိတ်ရဲမာန်တွေ တက်ကြွလာပြီး တအားရုန်းလိုက်တာ တစ်ခါတည်း ကုန်းပေါ်ရောက်သွားတယ်။
ဒီလိုဆင်ကြီး ညွန်ထဲက ရုန်းထွက်နိုင်တဲ့အဖြစ်ကို မြင်ခဲ့ကြရတဲ့ ရဟန်းတော်တွေက ဂေါတမမြတ်စွာဘုရားကို လျှောက်ထားကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက ရဟန်းတော်တွေကို…..
မမေ့လျော့ခြင်း အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြလော့၊ ညွန်၌နစ်သောဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှ ထုတ်ဆောင်သကဲ့သို့ ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကိုထုတ်ဆောင်ကြ….လို့မိန့်တော်မူတယ်။ အဲဒီဂေါတမမြတ်စွာဘုရားရဲ့စကားဟာ ကျွန်တော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ စကားဗျ။ ဒါပေမယ့် ကျွန်တော်တို့မှာ ဖြစ်နေတာက ခိုင်ခံ့လွန်းတဲ့ သံတိုင်ကြီးမှာ သံကြိုးတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီး သော့ခတ်ထားတဲ့ ကျွန်တော်တို့ကို ဘယ်သူများလာပြီးသော့ဖွင့်ပေးပါ့မလဲ၊ ကိလေသာညွန်ထဲက ရုန်းထွက်နိုင်အောင် ဘယ်သူများလာပြီး စည်တီးရင်း အားပေးပါ့မလဲလို့ မျှော်နေမိတဲ့အဖြစ်ပါဗျာ၊ နေပါဦး၊ ခင်ဗျားတို့ကတော့ မရုန်းဘူးလား၊ ဘယ်လိုလဲ၊ မရုန်းကြတော့ဘူးလား……..
မရုန်းဘူးလား…..မရုန်းကြတော့ဘူးလားဟု အထက်ပါပုဂ္ဂိုလ်က မေးနေသော်လည်း ကျွန်တော်တို့လူစုဘက်မှ စကားပြန်မရဘဲ တိတ်ဆိတ်စွာ ထိုင်လျက်ရှိသော ထိုနေ့ကမြင်ကွင်းကို မြင်ယောင်ဆဲရှိနေပါသည်။ 


နန္ဒာသိန်းဇံ၏ မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ
စာအုပ်မှ 


မိတ်ကောင်း ဆွေကောင်း


“ယဉ်ကျေးသိမ်မွေ့မွန်ရည်ခြင်းဟာ တစ်ခါတစ်ရံမှာ အကောက်အကျစ် အညစ်အပတ် အလွန်တော်တဲ့ လူယုတ်မာတွေရဲ့ အဆင်တန်ဆာနဲ့တူတယ်။ အဲဒီအဆင်တန်ဆာနဲ့ ကောက်ကျစ်ညစ်ပတ်ခြင်းတွေကို ဖုံးထားတာ”
ဒီတော့ မွန်မွန်ရည်ရည် သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး အမှုအရာအပြောအဆိုတွေနဲ့ ကိုယ့်အနားရောက်လာသူ၊ ကိုယ့်ကိုပေါင်းဖေါ်လာသူကို လူကောင်းသူကောင်း မိတ်ကောင်းဆွေကောင်းလို့ ထင်မိလို့ သူနဲ့ပေါင်းမိသူတွေ ဒုက္ခရောက်ကြတာ အများကြီး၊ ဘ၀ပျက်သွားသူတွေ အများကြီး။
မိတ်ကောင်းဆွေကောင်းဆိုတာ ရှားမှရှားတယ်လို့ပဲ ထင်ပါတယ်။ အရစ္စတိုတယ်က တစ်ခါမှာ “မိတ်ဆွေတို့”လို့ခေါ်လိုက်တော့-သူ့အနီးကလူတွေက ဘာများပြောမလဲလို့ သူ့ဆီကိုလှမ်းကြည့်ကြတယ်။ ဒီအခါမှာ အရစ္စတိုတယ်က “မိတ်ဆွေဆိုတာ လောကမှာ မရှိဘူး”လို့ ပြောလိုက်ဖူးတယ်။ အာရစ္စတိုတယ်လည်း သူ့တစ်သက်တာမှာ မိတ်ကောင်းဆွေကောင်းကို မတွေ့ခဲ့ရလို့ ဒီလိုပြောလိုက်တာဖြစ်မယ်။ သူရေးတဲ့ Nicomichean Ethics ဆိုတဲ့စာအုပ်ထဲမှာ “တစ်ကယ်လူတော်လူကောင်းဆိုတာ ကိုယ့်ကိုကိုယ်ပဲ မိတ်ဆွေကောင်းလို့ မှတ်ယူသူဖြစ်တယ်။ စိတ်ခွန်အားနည်းနေသူတွေသာ မိမိပြင်ပမှာ မိတ်ဆွေရှာကြတာ”တဲ့။ နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်ပဲ အားကိုးခြင်းဟာ အကောင်းဆုံးပဲလို့ သူကယူဆထားတာ ဖြစ်ပါလိမ့်မယ်။
ဘ၀ဖြစ်တည်မှု့ ပဓာန၀ါဒီတွေထဲမှာ နာမည်ကြီးတဲ့ အဲလ်ဘတ်ကာမျူးက“ကိုယ့်နောက်က လိုက်တဲ့သူ၊ ကိုယ့်ရှေ့ကသွားတဲ့သူဆိုတာ မိတ်ဆွေမဟုတ်ဘူး၊ မိတ်ဆွေဆိုတာ ကိုယ့်ဘေးက ကိုယ်နဲ့အတူသွားတဲ့သူသာဖြစ်တယ်”ဆိုတဲ့သဘောမျိုးရေးဖူးတယ်။ ဟုတ်မှာပါ။ ကိုယ်အောင်မြင်နေတုန်း ကိုယ့်နောက်ကလိုက်နေသူ၊ တာဝန်မယူချင်၊ အမှားမကြုံချင်လို့ ကိုယ့်ကိုရှေ့ကအကာအကွယ်ထားပြီး နောက်ကလိုက်နေသူ၊ ရေသာခိုချင်လို့၊ အချောင်လိုချင်လို့ ကိုယ့်နောက်ကလိုက်နေသူဟာ မိတ်ဆွေမဖြစ်နိုင်ဘူး။ အရေးပါချင်လို့၊ အရာထွင်ကျယ်ချင်လို့၊ အခွင့်အရေး အလျင်အဦးယူချင်လို့၊ ဆရာကြီးလုပ်ချင်လို့ ကိုယ့်ရှေ့ကသွားသူဟာလည်း မိတ်ဆွေမဖြစ်နိုင်ပါဘူး။ ဒုက္ခအန္တရယ်ကျရောက်လာရင် အတူတူကျော်လွှားသူ၊ အခက်အခဲပြဿနာကြုံရင် အတူတူဖြေရှင်းသူ၊ အေးအတူ ပူအမျှ ကိုယ့်ဘေးမှာ ရှိတဲ့သူသာ မိတ်ကောင်းဆွေကောင်းဖြစ်နိုင်တယ်ဆိုတဲ့သဘောနဲ့ “မိတ်ဆွေဆိုရင် ငါ့ဘေးကငါနဲ့အတူသွား”လို့ ကာမျူးက ရေးခဲ့တာ ဖြစ်လေမလားပဲ။



ကောင်းတယ်လို့ပဲထင်



“ဤမည်သောကောင်းမှုကို ငါပြုခဲ့ပြီဟု မိမိ၏ ကောင်းမှု့ကိုသာလျှင် လူသည် မြင်တတ်၏။ ဤမည်သော မကောင်းမှု့ကို ငါပြုမိ၏။ ဤသို့ပြုမိခြင်းသည် ငါ၏အပြစ်ပါတကားဟု မိမိ၏ မကောင်းမှု့ကိုမမြင်တတ်။ ဤသို့ဆင်ခြင်ရှု့မြင်ရန်ကား ခဲယဉ်လှချေ၏” ဟုတ်နိုင်ပါသည်။ ဟုတ်ကိုဟုတ်ပါသည်။ လူဆိုသည်မှာ မိမိလုပ်တာကိုတော့ ကောင်းတယ်ဟုထင်သည်။ ကိုယ်လုပ်တာကို မကောင်းဘူးဟု မမြင်သူသည် ကိုယ့်အပြစ်ကို မမြင်သောသူပင်ဖြစ်သည်။
မိတ္တဗလဋီကာစာအုပ် **How To Win Friends And Influence People ကိုရေးသူ ဒေးကာနေဂျီသည် အထက်ပါအာသောကမင်းကြီး၏ အဆိုအမိန့်ကို သူ့စာအုပ်၌ ကိုးကားခဲ့လေသည်လား၊ မကိုးကားခဲ့ဘူးလားဆိုသည်ကိုတော့ မမှတ်မိ။
ထိုစာအုပ်ကို ရစဉ်ကာလက စာအုပ်မျက်နှာဖုံးတွင် ဤစာအုပ်ကို ခြောက်သန်းကျော် ရောင်းပြီးပြီဟု ဖော်ပြထားသည်ကို အမှတ်ရနေသည်။ ရောင်းရပေမှာပေါ့၊ လူတွေကြိုက်နှစ်သက်သည့် အကြောင်းအရာတွေကို သူက ရေးတတ်ပေတာကိုး။ ဒေကာနေဂျီက သူစာအုပ်ကို စိတ်လှုပ်ရှားဖွယ်ရာ လူဆိုးဖမ်းပွဲနှင့် စဖွင့်ထားသည်ကို အမှတ်ရမိသည်။
မကြုံစဖူးသော လူဆိုးဖမ်းပွဲကို နယူးယောက်မြို့သူမြို့သားများ တွေ့မြင်နေရသည်။ တစ်ရာငါးဆယ်မျှရှိသော ရဲအဖွဲ့ဝင်နှင့် စုံထောက်များသည် ရက်သတ္တပတ်ပေါင်းများစွာ ရှာဖွေခဲ့သော နယူးယောက်မြို့ လူဆိုးစားရင်းတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး၊ အရက်စက်ဆုံး လူသတ်သမား ကရိုလီကို တိုက်ခန်းတစ်ခုအတွင်း၌ ပိတ်မိထားသည်။ ရဲအဖွဲ့ဝင်အချို့သည် လူဆိုးရှိရာအခန်း၏ အမိုးကိုရိုက်ချိုးဖောက်ခွဲ၍ အခန်းတွင်းသို့ မျက်ရည်ယိုဗုံးပစ်သွင်းသည်။ နီးစပ်ရာ တိုက်ခန်းများတွင် အသင့်နေရာယူထားကြသော ကျန်အဖွဲ့ဝင်တို့က စက်သေနတ်များဖြင့် လှမ်း၍ပစ်ခတ်ကြသည်။ တစ်နာရီကျော်မျှ စက်သေနတ်သံများ၊ ပစ္စတိုပစ်ခတ်သံများက ရပ်ကွက်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်နေသည်။ အခန်းတွင်းမှနေ၍ ကရိုလီကလည်း ရဲများကို ခုခံပစ်ခတ်လျှက်ရှိသည်။ ဤသို့ အပြန်အလှန် ပစ်ခတ်နေသည်ကို နယူးယောက်မြို့သား တစ်သောင်းကျော်လောက်က စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။



လူ့လောကရဲ့ အိမ်ထောင်သားမွေးကိစ္စတွေမှာ ရဟန်းတော်တွေနဲ့ သက်ဆိုင် / မဆိုင်



Question: သံဃာတော်တွေ ဦးဆောင်လှုပ်ရှားနေတဲ့ မျိုးစောင့်ဥပဒေပေါ့နော်။ အဲ့ဒီမှာ မေးချင်တာက သံဃာတော်တွေနဲ့ အိမ်ထောင်သားမွေးကိစ္စ သာသနာရေးနဲ့ယှဉ်ကြည့်ရင် လုံးဝမသက်ဆိုင်ဘူးလို့ ထင်တယ်

Answer: ဒါဆိုရင်မိတ်ဆွေရဲ့ ယူဆချက်ဟာ အမှားကြီးမှားတယ်လို့ ဖြေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြတ်ဗုဒ္ဓဟာ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကရယ်လို့ လောကသုံးပါးကောင်းကျိုးလိုလားတဲ့အတွက် ပွင့်ထွန်းပေါ်ပေါက်လာတာ။ ဘုရားဖြစ်ပြီဆိုတာနဲ့ ကိုယ်တိုင်ကလည်း လောကီလောကုတ်နှစ်မျိုးရဲ့ အကျိုးတရားကြီးပွားတိုးတက်ဖို့ ကျင့်ကြံဟောပြောခ့သလို သူ့ရဲ့တပည့်သားတွေကိုလည်း အဲ့ဒီလိုပဲ ဟောပြောခဲ့တယ်။ အများစုက မကွဲမပြားဖြစ်နေကြတာက လူတွေက လောကီအလုပ်ကို လုပ်ရမယ်။ ရဟန်းတွေက လောကုတ္တရာအလုပ်ကို လုပ်ရမယ် ဒီလိုပဲ သတ်မှတ်ထားကြတာ။ တကယ်က အဲဒီလို မဟုတ်ဘူး။ လူ၊ လူရဟန်း၊ ရဟန်း လောကီလောကုတ် နှစ်လီသော အကျိုးတရားကောင်းဖို့ လောကီအလုပ်လုပ်ရမယ်။ ဟောပြောညွှန်ပြတာဟာ ရဟန်းတွေအလုပ်ပဲလေ။ သံသရာကောင်းဖို့အတွက် လောကုတ္တရာလုပ်ရမယ် ဒီလိုပဲ အကြမ်းမှတ်ထားရမယ်။ လောကီကောင်းကျိုးတွေ မပြောမလုပ်ပဲ လောကုတ္တရာ တစ်ခုတည်းလုပ်နေရင် ဆီမဖြည့်ပဲ ရထားမောင်းသလိုဖြစ်နေလိမ့်မယ်။

 


ဘားကုဒ်လေးတွေ သတိထား




ဈေးဝယ် ထွက်ချင်သလား။ အများထက် အသိပညာ ဗဟုသုတ ကြွယ်ချင်သလား။ ပစ္စည်း တစ်ခုကို ထုတ်လုပ်တဲ့ နိုင်ငံ သိနိုင်ဖို့ ဘားကုဒ်ကို ကြည့်တတ်ဖို့လိုပါတယ်။ တံဆိပ်ကို တုလို့ လွယ်ပေမယ့် တံဆိပ်က ဘားကုဒ်ကို တုဖို့ ခက်ပါလိမ့်မယ်။ ဘယ်နိုင်ငံအတွက် ဘားကုဒ်က ဘာလဲ ဆိုတာ သိရင် ဘားကုဒ်ကို ကြည့်လို့ ဒီပစ္စည်းဟာ ဘယ်နိုင်ငံထွက် ပစ္စည်း ဆိုတာ အလွယ် သိနိုင် ပါတယ်။


ဒါလေး ဆိုရင် ရှေ့ဆုံးသုံးလုံးကို ကြည့်ပြီး ထိုင်ဝမ် နိုင်ငံ လုပ်ဆိုတာ သိနိုင် ပါပြီ။ (မs0what မေးလ်နဲ့ ပို့ပေးတာလေးပါ)

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အတုတွေ ပေါလွန်းလှ ပါတယ်။ နိုင်ငံတကာက နာမည်ကြီး ကုန် အမှတ် တံဆိပ် တွေကို အတု လုပ်ရုံမက ရက်လွန် နေ့စွဲ ခေါ်တဲ့ expired date ကိုတောင် ကြိုလုပ် ရေးထား ကပ်ထား တတ်တာ မကြာခဏ ပစ္စည်း တော်တော် များများ ပေါ်မှာ တွေ့ရ ပါတယ်။ တခါက မုန့်ဆိုင် တစ်ဆိုင်မှာ ရောင်းတဲ့ ကိတ်မုန့်ရဲ့ ထုတ်လုပ်သည့် နေ့စွဲက မနက်ဖြန် ဖြစ်နေပါတယ်။ ဒါဆို ခုရောင်း နေတာ ဂျုံလုံး လေးတွေလား လို့ မေးရင်း အဲဒီ တံဆိပ်ကို နောက်နောင် ဘယ်တော့မှ ၀ယ်မစား ဖြစ် တော့ ပါဘူး။ ဒီလို ရောင်းမှုဟာ ခိုးမှုရော လိမ်မှုပါ မြောက်ပါတယ်။

စားသုံးသူ ဘက်ကလဲ ရွေးချယ်စရာ မရှိလို့ ဒီလို စီးပွားရေး ကျင့်ဝတ် ပျက်စီး နေတာ ကျယ်ပြန့် နေ တာလား။ ဒါမှ မဟုတ် စားသုံးသူ ဘက်က ဒီလို စစ်ဆေးရ ကောင်းမှန်းကို မသိလို့ ဒါမှ မဟုတ် မေ့ လျော့ ပေါ့ဆ လွန်းလို့ မစစ်ဆေးမိ တာကို အခွင့်ကောင်း ယူပြီး စီးပွားရေး သမားတွေက ကျင့်ဝတ် ပျက်စီး ရဲနေတာလား ဆိုတာ မေးခွန်း ထုတ်စရာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ တာဝန် ရှိသူ ဆို တဲ့ လူတွေက လာဘ်ပေး လာဘ်ယူ ကိစ္စ တွေကြောင့် အကျင့်ပျက်ပြီး အရေးယူမှု မလုပ်ရင်တောင် စားသုံးသူ ဘက်က အသိ၊ သတိ တို့နဲ့ ဒီလို ကျင့်ဝတ် ပျက်စီးမှုကို အားမပေးဘဲ ရှောင်ခြင်းဖြင့် အရေး ယူ နိုင်ရင် အကျင့်ပျက် ထုတ်လုပ်သူ စီးပွားရေးသမား များကလဲ စီးပွားရေးကို ထိခိုက် နိုင်လို့ နောင်ကို လုပ်ရဲတော့မှာ မဟုတ်ဘူးလို့ ယူဆ မိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေလဲ ကိုယ့်ပါးစပ် မှာ စားမယ့် အစားအစာ၊ ကိုယ့်အတွက် သုံးမယ့် အသုံးအဆောင် ပစ္စည်း များအတွက် အလိမ် မခံရအောင် အသိ တရား လက်ကိုင်ထားနိုင်ဖို့ ၊ သတိနဲ့ ဗဟုသုတ ရှာမှီးရင်း ကိုယ့်ကိုယ်ကို ကာကွယ် ကြပါစို့လားဗျာ။


 


လျှို့ ဝှက်ကင်မရာရန်မှကင်းဝေးရန် မည်သို့ကာကွယ်နိုင်မည်နည်း သိသင်သော အရာများ




အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

 

Sunday, September 22, 2013

ပုဇွန်တောင်မြို့နယ် မြသိန်းတန်ဆရာတော် ဘဒ္ဒန္တသောဘန မဟာထေရ်၏ သြ၀ါဒကထာ


ဗုဒ္ဓဘာသာဝင် တကာ တကာမအပေါင်းတို့ နိဗ္ဗာန်မရောက်မီ ဘ၀များစွာ သံသရာ၌ အပါယ်ဘုံသို့ မကျရောက်ဘဲ သုဂတိဘုံသို့သာ ရောက်ရှိရန် အမြဲပြုလုပ် အားထုတ်အပ်သော နိဗဒ္ဓ ကုသိုလ် ၇-မျိုးရှိသည်။ 
ထို ၇-မျိုးတို့မှာ ---
၁-သရဏဂုံ သုံးပါးကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ခြင်း။
၂-ငါးပါးသီလကို မကျိုးမပေါက် ထိန်းသိမ်း စောင့်ရှောက်ခြင်း။
၃- စာရေးတံမဲချ၍ မကြာခဏ လှူဒါန်းခြင်း။
၎-လဆန်း လဆုတ် ၁၅-ရက်တကြိမ် ဆွမ်းလှူခြင်း။
၅-၀ါဆိုသင်္ကန်း နှစ်စဉ် ကပ်လှူခြင်း။
၆-ရေတွင်း ရေကန် ရေအိုးစင် လှူဒါန်းခြင်း။
၇-ဇရပ်တန်ဆောင်း၊ ကျောင်း စသည် လှူဒါန်းခြင်းတို့ ဖြစ်သည်။

ထို ၇-မျိုးတို့တွင် အကျင့်သီလမြဲ၍ တမျိုးမျိုးသော ကုသိုလ်တခုနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ယခုဘ၀ သောတာပန်ဖြစ်အောင် မကျင့်နိုင်သော်လည်း နောင်ဘ၀သံသရာ၌ အပါယ်မကျဘဲ သုဂတိဘုံသို့သာ ဧကန် ရောက်နိုင်သည်။ သောတာပန်ကဲ့သို့ ကောင်းသောလားရာဂတိ မြဲသည်ဟု အင်္ဂုတ္တရနိကာယ်၌ ပြဆိုထားပါသည်။ ထို့ကြောင့် ထိုကုသိုလ်များကို ပြုလုပ်အားထုတ်ကြပါဟု တိုက်တွန်းအပ်ပါသည်။

ဘဒ္ဒန္တသောဘန မဟာထေရ်
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်
မြသိန်းတန် ပရိယတ္တိ စာသင်တိုက်
သောဘနာရာမ ကျောင်းဆရာတော်

သံဝေဂအလင်္ကာ



* သင့်အသက်တွေ ကြီးနေပြီ၊
   လောဘ-ဒေါသ-မောဟတွေ ကြီးနေတုန်းပဲလား။

* သင့်သွားတွေ ကျိုးနေပြီ၊
   မာန်မာနတွေ မကျိုးသေးဘူးလား။

* သင့်အသားတွေ တွန့်နေပြီ၊
   မကောင်းမှုမှာ မတွန့်သေးဘူးလား။

* သင့်အင်အားတွေ လျော့ပါးနေပြီ၊
   သင့်တဏှာဆန္ဒတွေ မလျော့သေးဘူးလား။

* သင့်ဆံပင်တွေ ဖြူကုန်ပြီ၊
   သင့်စိတ်တွေ မဖြူသေးဘူးလား။

* သင့်မျက်စိတွေ မှုန်ဝါးနေပြီ၊
   သင့်နိဗ္ဗာန်လမ်းရော မှုန်ဝါးနေတုန်းပဲလား။

အဆွေခင်ပွန်းကောင်း ဟူသည်


တနေ့သ၌ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပေါင်းဖော်အပ်သော အဆွေခင်ပွန်းကောင်းအကြောင်း

ဤသို့ ရှင်းပြ မိန့်တော်မူသည်


ရဟန်းတို့ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်းကို ပေါင်းဖော်အပ်၏။

ထိုအင်္ဂါ ခုနစ်ပါးကား-

၁။ သူတပါးကို ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏။

၂။ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။

၃။ မကောင်းဆိုသော စကားတို့ကို၎င်း၊ သည်းခံနိုင်ခဲသော အရာတို့ကို၎င်း သည်းခံ၏။

၎။ အဆွေခင်ပွန်းအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏။

၅။ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏။

၆။ ဘေးရန်ဖြစ်ပေါ်သောအခါတို့၌လည်း မစွန့်ပစ်။

၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။


အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းမျိုးကို ပေါင်းဖော်အပ်၏။

( အင်္ဂုတ္တရနိကာယ်၊ ပထမမိတ္တသုတ် )

အသုဘပို့ခြင်း

ဒီကဗျာလေးက အသုဘပို့သူတွေအတွက် သတိပေးထားတဲ့ ကဗျာလေးပါ။

သင်ကောဘယ်ထဲမှာပါပါသလဲ??????????

ယပ်တောင် ဖျပ်ဖျပ်
တခတ်ခတ်နဲ့
ပါးစပ်လှုပ်လှုပ် အတင်းတုပ်
ထိုအုပ်ထဲမှာ
အသင်ပါသလား။

တဟားဟားနဲ့
အားရရယ်မော တသောသော
တောပြောတောင်ဆို တဟိုဟို
ထိုလူစုမှာ
အသင်ပါသလား။

လူအထင်ကြီး ဂုဏ်ယူပြီး
ဖြီးဖြန်းဗေဒ အနိစ္စဟု
စိတ်ကမပါ ဟောင်ဖွာဖွာနဲ့
နှုတ်အာကျယ်လောင်
စကားဖောင်ဖွဲ့
လူပြောင်ထဲမှာ
အသင်ပါသလား။

ဇာတိဇရာ
ဗျာဓိမရဏ
သဗ္ဗေသတ္တာ သင်္ခါရာဟု
ပညာဉာဏ်ယှဉ် သမ္ပဇဉ်ဖြင့်
(သူလျှင်ရှေ့က သွားနှင့်ရလည်း
နောက်ကတို့တွေ လိုက်ရပေအံ့
မသေမဦး ငါဉာဏ်ဦးမှ)
စိတ်ကူးဖြောင့်မတ်
ဖြစ်ပျက်မှတ်ကာ
ပို့တတ်ပါစ အသုဘ။

စကားကြီး ၁၀-မျိုး

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်၊ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်၊ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင် ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။
၁။ ရေကူး ညာတင်
၂။ ကောက်ပင် ရိတ်လှီး
၃။ ရေစီး ဖောင်ဆန်
၎။ အိုးတန် ဆန်ခပ်
၅။ ဆီပွတ် ကျည်ပွေ့
၆။ ဆင်ဝှေ့ ရန်ရှောင်
၇။ တောင်သူ ယာခုတ်
၈။ ကြက်ဆုတ် ခွပ်ပြစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင် မောင်းနင်း အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။





 



ဘယ်ဖုန်းအမျိုးစားမဆို သိထားသင့်သောအကြောင်းအရာလေးများ


ဖုန်းကိုင်ထားသောသူငယ်ချင်းများအားလုံးအတွက်သိထားသင့်တဲ့အကြောင်းအရာလေးများ မိုဘိုင်းဖုန်းတစ်လုံးရဲ့ ဒီလျှို့ဝှက်ချက်( ၅ )ခုပာာ
သိရှိသူတွေအလွန်နည်းပါးနေပါတယ် ။ ကိုင်နေတဲ့ လူအများစုပာာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှု့များကို အများအားဖြင့်
Camera , Music , Bluetooth , FM , Radio , Alarm နဲ့ Game တွေလောက်သာ အသုံးပြု့နေကြတာများပါတယ်
ဒါကြောင့်ဒီနည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါတယ်

(1)    အရေးပေါ်ကွန်ယက်ရှာရန် Keypad ကို Locked လုပ်ထားရင်တောင် မိုဘိုင်းဖုန်းတွေပာာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာတွေ့ရပါတယ်
        ဒီနံပါတ်ပာာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့        ဆက်သွယ်မှု့ဧရိယာထဲမှာရှိရင်
        ဒီနံပါတ်ကိုနှိပ်လိုက်တာနဲ့ ဖုန်းပာာအနီးဆုံး ဆက်သွယ်မှု့ကွန်ယက်ကိုအလိုအလျှောက်ရှာမှာဖြစ်ပါတယ်။ ဒီနံပါတ်ပာာ ထူးခြားတာက
        မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကိုပိတ်ထားရင်တောင် နှိပ်လို့ရနေမှာဖြစ်ပါတယ်

(2)    ဖုန်းရဲ့ဘက်ထရီ အရေးပေါ်အားကုန်ရင်မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံးပြု့ရင်း အားနည်းလာပြီဆိုရင် အရေးကြုံလာတဲ့အခါ *3370#
        ကိုနှိပ်လိုက်တာနဲ့ ဖုန်းတွေရဲ့အရေးပေါ်သုံးဖို့ချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းရဲ့ဘက်ထရီထက်ဝက်အားပြန်
        ပြည့်လာမှာပါ ။ နောက်တစ်ကြိမ်မိုဘိုင်းဖုန်းဘက်ထရီအားပြန်ပြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး
        နှစ်မျိုးလုံးအတွက် အလိုအလျှောက်အားပြန်ဖြည့်မှာဖြစ်ပါတယ် ။

(3)    ဒီတစ်ခုကတော့ အဝေးထိန်းတပ်ဆင်ထားတဲ့ကားအသုံးပြု့သူတွေအတွက် ကားထဲမှာကားသော့ကျန်ခဲ့ပြီး အပိုတစ်ချောင်းကို အိမ်မှာ
        ကျန်ခဲ့တော့ အခြားအိမ်သားတစ်ယောက်ကသော့ကိုယ်တိုင်လာပေးစရာမလိုပဲ အိမ်ကကားသော့အပိုကို ဖုန်းအနားကပ်ခိုင်းပြီး
        ကားသော့ဖွင့်ခိုင်းလိုက်တာနဲ့ တစ်ဖက်ကပိတ်နေတဲ့တံခါးက ပွင့်သွားမှာဖြစ်ပါတယ် ။ မိမိရဲ့ဖုန်းကိုတော့ ကားနားမှာထားရှိရဖို့တော့လိုတယ်နော်
        ဒီနည်းက မိမိအတွက်ရော အိမ်သားအတွက်ရော ပင်ပန်းမှု့မရှိပဲအဆင်ပြေစေမယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်

(4)    မိမိရဲ့မိုဘိုင်းဖုန်းအခိုးခံရခြင်း ၊ ကျပျောက်ခဲ့ခြင်း ၊ မေ့ကျန်ခဲ့တဲ့အတွက်အခြားလူကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ဘူးဆိုရင် အဲဒီ
        ဖုန်းကတ်ကို ဖျက်စီးပစ်လို့ရပါတယ် ။ ပထမဦးဆုံးအနေနဲ့ ဖုန်းရဲ့ နံပါတ်စဉ်ကိုသိဖို့ *#06# ကိုနှိပ်လိုက်ပါ။
        အဲဒီအခါမှာ ဂဏန်း ( 15 ) လုံးပေါ်လာမှာဖြစ်ပါတယ် ။ အဲဒီ ဂဏန်းတွေက မိမိဖုန်းရဲ့ သီးသန့်ဂဏန်းတွေပါ ။ အဲ့ဒီဂဏန်းတွေကိုတော့
        အရင်ဦးဆုံး သိရှိထားဖို့တော့လိုပါတယ် ။ ကိုယ့်ဖုန်းပျောက်သွားတဲ့နေ့မှာ ဆက်သွယ်ရေးကို ဖုန်းဆက်ပြီး ကုတ်နံပါတ်ပြောပြီး ဖြတ်ခိုင်းနိုင်ပါတယ်
        တစ်ကယ်လို့ ခိုးသူပာာ Simcard ကိုမထုတ်ရသေးခင် တိုင်းတန်းမယ်ဆိုရင် Simcard ရော ဖုန်းပါ Disable လုပ်နိုင်မှာဖြစ်လို့
        မိမိဖုန်းထဲကနံပါတ် စာရင်းတွေကို တခြားလူမသိအောင် ကာကွယ်နိုင်ပါတယ်

(5)   ဒီတစ်ခုကတော့ သူငယ်ချင်းတွေအတွက်တော်တော်အသုံးတဲ့မှာပါ အောက်မှာကြည့်ကြနော်
       Nokia ရဲ့ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေပာာ တစ်ခုနဲ့တစ်ခုတူညီမှု့မရှိကြပါဘူး ။       ဒါပေမဲ့ ဖုန်းအသုံးပြု့နေကြတဲ့
       သူငယ်ချင်းတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ် ။
       ကုတ်နံပါတ်တွေအနေနဲ့ IMEI ( International Mobile Equipment Identity ) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်
       Display ကိုပိုပြီးပြတ်သားစွာမြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှု့နိုင်ပါတယ်
       ဖုန်းမှာအသုံးပြု့ထားတဲ့ ပာန်းဆက်ရဲ့ဆော့ဖ်ဝဲ Version ကိုကြည့်မယ်ဆိုရင်တော့ *#0000# ကိုနှိပ်ကြည့်နိုင်ပါတယ်
       Bluetooth Device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်
       ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန် ၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းနောက်ဆုံးဘယ်အချိန်မှာ ပြု့ပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအရာနဲ
       ဖုန်း Lifetime ကိုသိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်
       မှတ်သားထားသော ဖုန်းနံပါတ်တွေကို ချေဖျက်ချင်ပါက *#3925538# ကိုနှိပ်ပြီး ဖျက်ဆီးနိုင်ပါတယ် ။
       Series 60 ဖုန်းတွေအတွက်တော့ *#737092 5538# ကိုနှိပ်ပြီး ဖုန်းကို Reset lock လုပ်နိုင်ပါတယ် ဒါပေမဲ့    ဖုန်းပြန်တက်လာတဲ့အချိန်မှာ
       Defult Mode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွားမှာဖြစ်ပါတယ် မိုဘိုင်းလ်ဖုန်းတစ်လုံးအားကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြပါစေဗျာ ။ ။ 
မိမိဖတ်ပြီးပြီဆိုရင် မိတ်ဆွေသူငယ်ချင်းတွေလဲ ရှယ်ပေးလိုက်ပါအုန်းဗျာ

credit to >> to  L@t Y@r

"မိတ်ကောင်းဆွေကောင်းဆိုတာ"




မိတ်ကောင်းဆွေကောင်းဆိုတာ.....မိမိကို အင်မတန်ပေးနိုင်ခက်တဲ့အရာကိုပေးတတ်တယ် ။ အင်မတန်ပြုနိုင်ခက်တဲ့အမူမျိုး ၊အကူညီမျိုးကို လုပ်ဆောင်ပေးတတ်တယ်။
မိမိကသတိလွတ်လို့ ပဲဖြစ်ဖြစ် တခြားအခြေအနေတရပ်ရပ်ကြောင့်ပဲဖြစ်ဖြစ်
မကောင်းသဖြင့်ပြောဆိုမိတဲ့စကား
ပြုမိတဲ့အပြုအမူမျိုးရှိလာရင်လည်း သည်းခံတတ်တယ်။

မိမိကလျှို့ ဝှက်ထားစေချင်တဲ့ မပေါက်ကြားစေလိုတဲ့စကားကိုပြောတဲ့အခါမှာလည်း
အဲဒီစကားကိုမပေါက်ကြားအောင် လုံခြုံအောင် လျှို့ ဝှက်ပေးတတ်တယ်။
ဘေးရန်အန္တရာယ်တွေနဲ့ ကြုံတွေ့ လာတဲ့အခါမှာလည်း မိမိကိုစွန့် ပစ်ကျောခိုင်းမသွားဘူး။ ထားချန်မပြစ်ခဲ့ဘူး။
အကြောင်းမသင့်လို့ မိမိမှာ ပစ္စည်းဥစ္စာဆင်းရဲသွားတဲ့အခါမျိုး၊
အဆင့်အတန်းလျှောဆင်းနိမ့်ကျသွားတဲ့အခါမျိုးမှာလည်း မိမိကိုမထီမဲ့မြင်မပြုဘူး။
အထင်သေးတဲ့အပြောမျိုးနဲ့  မပြောတတ်ဘူး။ အထင်သေးတဲ့အကြည့်မျိုးနဲ့ မကြည့်တတ်ဘူး။

မိမိချမ်းသာရင်၊ အောင်မြင်ရင်၊ ကျော်ကြားရင်လည်း မနာလိုမရူ့ စိတ်မဖြစ်ဘူး။
မိမိနဲ့ ထပ်တူပဲ ၀မ်းသာနေတတ်သေးတယ်။
မိမိရဲ့ အောင်မြင်မူ့  ကျော်ကြားမူ့ ကို ၀မ်းမြောက်ဂုဏ်ယူစွာနဲ့ 
အခြားသူတွေကိုတောင် တစ်ဆင့်ပြောပြနေတတ်သေးတယ်။
မိမိရဲ့ ဂုဏ်သတင်းကိုညှိုးမှိန်စေတဲ့ မဟုတ်မတရား စကားမျိုးကို
တပါးသူကပြောလာရင်လည်း "ဒီလိုမဟုတ်ပါဘူး၊ ဒီလိုမပြောသင့်ပါဘူး" စသဖြင့်တားဆီးတတ်တယ်။
တဦးနဲ့ တဦးဝေးနေတုန်းမှာအစားကောင်းစားရရင်
မိမိကို ကျွေးချင်မွေးချင်စိတ်တွေနဲ့ သတိများရနေတတ်သေးတယ်။
ပြီးတော့....မိတ်ကောင်းဆွေကောင်းဆိုတာ သဒ္ခါတရားနဲ့ ပြည့်စုံတယ်၊စင်ကြယ်တဲ့သီလရှိတယ် အကြားအမြင်ဗဟုသုတများတယ်၊ ၀န်တိုခြင်းမရှိဘူး၊ ပညာနဲ့ လည်းပြည့်စုံတယ်။

ဒီလိုစိတ်ထားမျိုးရှိတဲ့ မိတ်ဆွေတွေနဲ့ ဘ၀ခရီးမှာတွေ့ ရကြုံရဆုံရရင်တော့ သိပ်ကိုငြိမ်းအေးပြေလွင်တဲ့ ဘ၀ခရီးဖြစ်မှာပါပဲ။ လူဖြစ်ရကျိုးနပ်တယ်လို့ တောင်ဆိုရမှာပဲ။

သူတော်ကောင်းတို့ နှင့်ပေါင်းဆုံရခြင်းသည် တစ်ကြိမ်သာလျှင်ဖြစ်၏။ (၀ါ ) တကြိမ်သာလျှင်ဖြစ်စေကာမူ ထိုတကြိမ်မျှ ပေါင်းဆုံတွေ့ ရခြင်းသည် သူတော်ကောင်းတို့ နှင့်ပေါင်းဆုံတွေ့ ရသော
ထိုသူကို အကျိုးမဲ့ ပယ်ရှား၊ အကျိုးများအောင် ဆောင်ရွက်စောင့်ရှောက်တတ်ပေ၏။
သူယုတ်မာတို့ နှင့် အကြိမ်များစွာ ပေါင်ဆုံရခြင်းသည်( ၀ါ ) ပေါင်းဆုံရစေကာမူ
အကျိုးများအောင် မဆောင်ရွက်မစောင့်ရှောက်တတ်ချေ။
( မဟာသုတသောမဇတ် )

( ဆရာနန္ဒာသိန်းဇံ၏ မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်းမှကောက်နှုတ်ဖေါ်ပြသည် )

ကောင်းမွန်တဲ့ website တစ်ခုဖြစ်နိုင်ဖို့ ဂရုစိုက်သင့်တဲ့အချက်များ




Web တစ်ခုကို ဖန်တီးနိုင်ဖို့ဆိုတာပာာ လက်ရှိအချိန်မှာ အလွန်ကိုလွယ်ကူနေတဲ့ အနေထားတစ်ခုကို ရောက်ရှိနေပါပြီ ။ အခမဲ့ရယူနိုင်တဲ့ Domain နဲ့ Host တို့ကို အလွယ်တကူရယူနိုင်တဲ့အပြင် ၊ အခပေးဝယ်ယူမယ်ဆိုလည်း သက်သာစွာနဲ့ အလွယ်တကူယူနိုင်မဲ့ အနေထားတစ်ရပ်ပဲဖြစ်ပါတယ်.....ဒါပေမဲ့ ဖန်တီးရလွယ်ကူပေမဲ့လည်း ရေရှည်မှာအောင်မြင်ဖို့အတွက်ဆိုတာတော့ လိုအပ်တဲ့အချက်တွေများပြားစွာ ရှိနေပါတယ်……ထိုအဆိုပါအချက်တွေကတော့….
လွယ်ကူတဲ့ Web link ကိုအသုံးပြု့ပါ
     Web တစ်ခုရဲ့နာမည်ကို ရိုးရိုးရှင်းရှင်းပေးခြင်းပာာ website တစ်ခုကို ၀င်ရောက်တဲ့နေရာမှာ လွယ်ကူစေသလို၊တစ်ခြားမလိုလားအပ်တဲ့ ပြသနာတွေကို ဖြေရှင်းပြီးသားဖြစ်ပါလိမ့်မယ်။Domain ရွေးချယ်တဲ့အပိုင်းမှာလည်း သင့်လျော်တဲ့အမျိုးအစားကို ရွေးချယ်အသုံးပြု့ခြင်းပာာလည်း အရေးပါတဲ့ ကိစရပ်တစ်ခုဖြစ်ပါတယ် ။။
အကြောင်းအရာတစ်ခုကို target ထားပါ
Website တစ်ခုကိုဖန်တီးတဲ့နေရာမှာ သတ်မှတ်အကြောင်းအရာတစ်ခုကို Target ထားဖို့လိုအပ်ပါတယ် ။နည်းပညာ ၊ အတွေးအခေါ် ၊ Product Review သတင်းနဲ့ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာ အစရှိတာတွေထဲက နှစ်သက်ရာတစ်ခုခုကိုရွေးချယ်ပြီး Target ထားသင့်ပါတယ် ။ ထိုအရာကို အဓိကထားခြင်းဖြင့် ကိုယ့် website ကို စိတ်ဝင်စားမှု့မြင့်တက်စေပါတယ်…..။။
ကောင်းမွန်ဆန်းသစ်တဲ့ဒီဇိုင်းကို အသုံးပြု့ပါ
Website တစ်ခုရဲ့ ၀င်ရောက်သူတွေကို ဆွဲဆောင်နိုင်မဲ့အချက်နောက်တစ်ခုကတော့ Web template ပါပဲ ။ ကောင်းမွန်ဆန်းသစ်တဲ့ Template Design ပာာ နောက်တစ်ခါလာရောက်လည်ပတ်ဖို့ အတွက် အကောင်းဆုံး ဆွဲဆောင်မှု့တစ်ရပ်ပဲဖြစ်ပါတယ် ။ Template ရဲ့ဒီဇိုင်းပာာ ဆန်းသစ်နေပြီးတော့ အသုံးပြု့ရာမှာလည်း လွယ်ကူတဲ့တည်ဆောက်ပုံမျိုး ရှိသင့်ပါတယ် ။။
ပေါ့ပေါ့သော နည်းပညာရပ်များကိုသာဦးစားပေးအသုံးပြု့ပါ
 Website တစ်ခုပာာ လုံခြုံမှု့ရှိဖို့လိုအပ်သလို ၊ အသုံးပြု့တဲ့နေရာမှာလည်း ပေါ့ပါးမြန်ဆန်နေဖို့ လိုအပ်ပါတယ် ။ ဆိုဒ်ရဲ့ စာမျက်နှာပာာ အချိန်အကြာကြီး အထိမမြင်ရဘူးဆိုရင်တော့ ၀င်ရောက်သူများအနေနဲ့ ဆက်လက်အသုံးပြု့ချင်စိတ်ရှိမှာမပာုတ်တော့ပါဘူး…..ဒါကြောင့်မို့ ပေါ့ပါးပြီး အသုံးင်မဲ့နည်းပညာရပ်တွေကို ဦးစားပေးပြီး အသုံးပြု့သင့်ပါတယ် ။ ။


 

Friday, September 20, 2013

မိမိလဲ ပိုက်ဆံရ .. မန်ဘာဝင်သူ အယောက်ငါးရာရှိရုံနဲ့ ဒေါ်လာ 60 $ လည်းရတဲ့ Outbux ( လက်တွေ့စမ်းသပ်ပြီး ) 1000% Working!

မင်္ဂလာပါ ကျွန်တော် ငွေအစစ်အမှန်ရှာနေတဲ့ဆိုဒ်တွေကို ကိုယ်တိုင်စမ်းသပ်ပြီးဆက်တိုက်ဆိုသလို တင်ပေးခဲ့ပါတယ်..တစ်ကယ်ထုတ်လို့ရပြီဆိုတဲ့အခါကျမှ တင်ပေးခဲ့တာပါ..ငွေရှာတဲ့ဆိုဒ်အတုတွေလဲ
ရှိပါတယ်..ဒါကြောင့်သေချာစမ်းတင်ပေးခဲ့တာပါ... ကဲအခု Outbux ဆိုတဲ့ ငွေရှာတဲ့ဆိုဒ်အကြောင်းကို မိတ်
ဆက်ပေးမယ်ဗျာ... တစ်ကယ်လုပ် အဟုတ်ရတယ်...တစ်လလောက်ပဲ ကြော်ငြာတွေကိုသီးခံClick .. ငွေရရှိမှုနှုန်း Level တက်လာတာကိုတွေ့ရပါလိမ့်မယ်....ရလာတဲ့ပိုက်ဆံတွေကို Rental Referral ၀ယ်.. တစ်နည်း ရှယ်ယာဝယ်ပေါ့..မိမိရဲ့ Link ကိုလည်း သူငယ်ချင်းတွေဆီဖြန့်ပြီး ရှယ်ယာဝင်ခိုင်း အလုပ်လုပ်ခိုင်း .. ဒီလို ငွေရှာတဲ့ဆိုဒ်တွေမယ်လုပ်ရတာ
ဘားမှအချိန်ကုန်တာမဟုတ်ပါဘူး...ငွေတွေများလာလို့ထုတ်ချင်သလား
..မပူနဲ့...ငွေရှာနည်းအကြောင်း သေချာမသိသေး
ဘူးလား မပူနဲ့ adflycreator@gmail.com ဆီကိုသာ Mail ပို့မေးမြန်းလိုက် 24 နာရီအတွင်းချက်ချင်းကူ
ညီပေးပါတယ်... ကဲ.. ဟုတ်ပီ Outbux ဆိုတဲ့ဆိုဒ်မယ်ရှာမယ်နော်...ဘယ်လို ရှာမလဲ ??

အရင်ဆုံး ငွေရှာနည်းအကြောင်းကိုနားမလည်သေးသူတွေကတော့ ဒီမှာ သေချာလေး အချိန်ပေးဖတ်လိုက်
ပါဦး...  နားလည်သွားပြီဆိုရင် Outbux မှာငွေရှာနည်းစမယ်.... ငွေရှာနည်း . .ရှယ်ယာဝယ်နည်း..အကုန်လုံးကသဘောတရားအတူတူပါဘဲနော်.....အိုကေ...

Outbux မှာ Member ၀င်ဖို့ ဒီကိုနှိပ်ပါ..

တစ်ခါတစ်လေ မန်ဘာဝင်တဲ့အခါ Sorry , Your IP Address is used by other member ဆိုပြီးပေါ်တတ်တယ်.. ဒီတော့ IP Address ကိုကျော်ခွပြီးလုပ်မှရတော့မှာပေါ့..ကျော်ခွနည်း
ကတော့ ဒီမှာ ဖတ်ပါ။ 
ကဲ..မန်ဘာလည်းဝင်ပြီးပြီ ဖတ်လဲဖတ်ပြီးပြီဆိုရင် သဘောပေါက်လောက်ပြီထင်ပါတယ်..အလုပ်ကတော့
ရှင်းရှင်းလေးပါဘဲ.. ကြော်ငြာ Click တယ်...ပိုက်ဆံစုတယ်..ရှယ်ယာတွေဝယ်တယ်..ဒီလိုနည်းနဲ့
ပိုက်ဆံများလာအောင်လုပ်တာပေါ့...ဟုတ်ပြီး Outbux မှာကျတော့ကြော်ငြာ
ဘယ်လိုကြည့်မလဲ ?
အောက်ပုံမယ်ပြထားတဲ့အတိုင်း View ADS ကိုနှိပ်လိုက်...အဲဒါဆိုရင် Click ရမယ့်ကြော်ငြာတွေပေါ်လာမယ်..အဲဒီထဲမှာမှ အပြာရောင်ဘားကို ကြော်ငြာကြည့်ဖို့Click လိုက်

credit to >> to မောင်ပေါက်

အိပ်ရေးမ၀ခြင်းကြောင့် အဆိုးဘက်မှတွေ့ကြုံရသည့် အထင်ရှားဆုံး အခြေအနေ(၁၀)ခု



ကျန်းမာပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လိုသူများအနေနှင့် အိပ်ချိန်ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။ အိပ်ရေးမ၀သည့် အခြေအနေများသည် ကျန်းမာရေးအတွက် ဆိုးရွားသော အခြေအနေများ သက်ရောက်လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေးပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှုများအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်းကိုပါ ထိခိုက်လာစေနိုင်သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀)မှ သန်း(၇၀)ကြားအထိသည် အိပ်ရေးမ၀မှုကြောင့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဆရာဝန်များကဆိုသည်။ သုတေသန ပြုလုပ်မှုများအရ အိပ်ရေးမ၀ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ(၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။


၁။ စစ်တမ်းများအရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သောသူများ သည် ပို၍ဝလာနိုင်ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကဆာလောင်စေသော ဟော်မုန်းများကို ပိုထွက်စေသောကြောင့် ဖြစ်သည်။

၂။ အိပ်နေစဉ်တွင်အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသောအစားများကို ကြိုက်နှစ်သက်သူများဖြစ်ကြ ပီး ယင်းတို့မှာ အများအားဖြင့် အမျိုးသမီးများဖြစ်ကြသည်။ 

၃။ အိပ်ချိန်နည်းပါးမှုသည် ဆီးချိုဖြစ်နှုန်းနှင့် တိုက်ရိုက်အချိုးကျကြောင်းသိ ရသည်။

၎။ တစ်ညတွင် (၅)နာရီအောက်သာအိပ်သော အမျိုးသမီးများ၏ (၄၅)ရာခိုင်နှုန်း မှာနှလုံးရောဂါ ပိုမိုဖြစ်ပွားတတ်ကြောင်း သိရသည်။

၅။ အဝလွန်သူများ၊အိပ်နေစဉ် အသက်ရှူပိတ်တတ်သူများမှာ သွေးတိုးရောဂါဖြစ်ပွါးနှုန်း  သာမန်ထက် မြင့်မားကြောင်း သိရသည်။

၆။ ယဉ်မတော်တဆမှုများ၏ (၂၀)ရာခိုင်နှုန်း မှာ အိပ်ငိုက်သော ယဉ်မောင်းသူများကြောင့် ဖြစ်ပါသည်။

၇။ အိပ်ရေးမဝသော သက်ကြီးရွယ်အိုများတွင် ရုတ်တရတ် လဲကျမှုနှုန်း (၂)ဆမှ (၄.၅)ဆအထိ မြင့်တက်ကြောင်း သိရသည်။

၈။ အိပ်ရေးမဝသော လူငယ်များတွင် စိတ်ကျရောဂါ ဖြစ်ပွါးမှုနှုန်း ပိုမိုကြောင်းသိရသည်။

၉။ အိပ်ရေးမဝသော ကလေးများတွင် ADHDဟုခေါ်သည့် အာရုံစူးစိုက်မှုမရှိ၊ ဂဏှာမငြိမ်ရောဂါ ပို၍ဖြစ်ပွားပါသည်။

၁၀။ တစ်ညတွင်(၅)နာရီအောက်သာ အိပ်သောသူများမှာ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲနှင့် ယျေဘူယျအားဖြင့် အသက်တိုတတ်ကြောင်း သိရှိရသည်။ အထက်ပါ အကြောင်းပြချက်များကြောင့် လူအများအနေနှင့် အိပ်ရေးပျက်ခံ အလုပ်လုပ်ခြင်းမျိုးကဲ့သို့  အပြုအမူများကို ရှောင်ကြဉ်သင့်ပြီး ကျန်းမာရေးနှင့် သင့်လျော်မည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းမျိုး ပြုလုပ်သင့်ပါကြောင်း ဆရာဝန်များက အတိအလင်း နှိုးဆော်ထား ကြောင်း သိရသည်။

credit to >>ကျန်းမာရေး(ရွှေအိမ်စည်စာကြည့်တိုက်)

Notepad နှင့် Notepad++ မှာ မြန်မာလို ရေးလို့ ဖတ်လို့ရအောင် လုပ်နည်း

ကျွန်တော်တို့ ကွန်ပျူတာမှာ ကိုယ်မှတ်ထားချင်တဲ့ အကြောင်းအရာလေးတွေကို  NotePad နဲ့ အလွယ်တကူ ရေးမှတ်
ထားနိုင်ပါတယ်။ ဆော့ဝဲလ်တွေ Upload တင်ပေးတဲ့အခါတွေမှာလည်း ကိုယ်ပြောချင်တာလေးတွေကို NotePad ဖိုင်နဲ့

 ရေးထည့်ပေးတတ်ကြတယ်။ Web Page တွေ ရေးတဲ့အခါမှာလည်း ကုတ်တွေကို NotePad နဲ့ ရေးပြီး ဖန်တီးနိုင်တယ်။

 Flash Song တွေ လုပ်ကြတဲ့ သူငယ်ချင်းတွေဆိုရင် ကိုယ်ဖန်တီးမယ့် သီချင်းလေးရဲ့ စာသားတွေကို NotePad နဲ့အရင်

 ရေးထားပြီးမှ Swish Max ဆော့ဝဲလ်ထဲကို ကော်ပီကူးထည့်ရင် သီချင်း လုပ်တာ ပိုမြန်ပါတယ်။ အဲလိုရေးတဲ့အခါမှာ

 ပထမဦးဆုံး NotePad မှာ မြန်မာလို ရေးလို့ ရအောင် လုပ်ရပါတယ်။ နောက် အဲဒါကို သိမ်းပြီး ပြန်ဖွင့်ကြည့်တဲ့အခါ

မြန်မာလို ပေါ်အောင် လုပ်နည်းလည်း သိဖို့ လိုအပ်ပါတယ်။ ဒီအတိုင်း Save လုပ်လိုက်ရင်တော့ ?????????? တွေပဲ

ပေါ်နေမှာပါ။ ကဲ အခုတော့ အဲဒါတွေ အားလုံး အဆင်ပြေသွားအောင် ဘယ်လို လုပ်ရတယ်ဆိုတာ ပြောပြပေးပါမယ်။

 ပထမဦးဆုံး NotePad ကို Start >> All Programs >> Accessories >> NotePad ကို သွားပြီး ဖွင့်လိုက်ပါ။














Tuesday, September 3, 2013

ကွမ်းရွက်၏ကျန်းမာရေးအကျိုးကျေးဇူးများ


ကွမ်းရွက်မှာပါဝင်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကကယ်လ်စီယမ်၊ကာရိုတင်း။ရိုင်ဘိုဖလေဗင်၊နိုင်ယာစင်၊သိုင်ယာ
မင်းနဲ့ဗီတာမင်စီတို့ဖြစ်ပါတယ်။ကွမ်းရွက်မှာပါတဲ့ဖီနောဓာတ်ဟာအစွမ်းထက်ပိုးသတ်အာနိသင်ရှိပါတယ်။ကွမ်း
ရွက်မှာအောက်ပါဆေးဖက်ဝင်အစွမ်းသတ္တိတွေပါဝင်နေပါတယ်။
အကိုက်အခဲပျောက်စေပါတယ်
 ကွမ်းရွက်မှာအကိုက်အခဲပျောက်တဲ့အာနိသင်နဲ့အေးမြစေတဲ့အာနိသင်တို့ရှိကြပါတယ်။ဒါကြောင့်ပြင်းပြင်းထန်
ထန်ခေါင်းကိုက်နေသူတွေမှာခေါင်းကိုက်တဲ့နေရာပေါ်ကွမ်းရွက်အုပ်ပေးပါကခေါင်းကိုက်သက်သာစေပါတယ်။

မွေးကျွတ်နာကိုသက်သာစေပါတယ်
 ကွမ်းရွက်ကိုအနာစိမ်းနဲ့မွေးကျွတ်နာတွေကုသရာမှာအသုံးပြုနိုင်ပါတယ်။သန့်စင်အောင်ဆေးကြောထားတဲ့ကွမ်း
ရွက်တစ်ရွက်ကိုနူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီးကြက်ဆူဆီသုတ်ပေးပါ။ကြက်ဆူဆီသုတ်လိမ်းထားတဲ့ကွမ်းရွက်
ကိုရောင်ရမ်းနေတဲ့မွေးကျွတ်နာဒါမှမဟုတ်အနာစိမ်းပေါ်ကပ်ပေးပါ။ပြီးရင်အဲဒီကွမ်းရွက်ကိုနာရီအနည်းငယ်ကြာ
တာနဲ့ဖယ်ရှားပြီးအသစ်ကပ်ပေးရမှာဖြစ်ပါတယ်။ဒီလိုကပ်ရင်းအနာစိမ်းဒါမှမဟုတ်မွေးကျွတ်နာကပေါက်သွားပါလိမ့်မယ်။

ဝမ်းချုပ်ခြင်းကိုဖြေရှင်းပေးမည့်သင့်မီးဖိုချောင်ရှိအရာများ


လူတိုင်းဝမ်းချုပ်တာကိုခံစားဖူးကြမှာပါ။ဝမ်းချုပ်တာကသင်စားတဲ့အစားအစာနဲ့သောက်တဲ့ဆေးတွေကြောင့်ဖြစ်နိုင်သလို
ရောဂါတစ်ခုခုရဲ့ရှေ့ပြေးလက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။လူတစ်ဦးနဲ့တစ်ဦးဝမ်းသွားတဲ့အလေ့အကျင့်တွေမတူညီတတ်
ပါဘူး။တချို့လူတွေကနေ့စဉ်ပုံမှန်ဝမ်းသွားပေမယ့်တချို့လူတွေကတော့တရက်ခြား၊နှစ်ရက်ခြားမှတစ်ကြိမ်သာဝမ်းသွားတဲ့
အလေ့အကျင့်ရှိတတ်ပါတယ်။ဘယ်လိုအမူအကျင့်တွေရှိနေပါစေတစ်ပတ်ကို၃ကြိမ်ထက်နည်းပြီးဝမ်းသွားမှသာဝမ်းချုပ်တယ်လို့
ကျွမ်းကျင်သူတွေကသတ်မှတ်ပါတယ်။ဝမ်းချုပ်လာမှဝမ်းနုတ်ဆေးစားတာက၀မ်းချုပ်တာကိုယာယီသာဖြေရှင်းပေးနိုင်ပြီး
သင့်တော်မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ဝမ်းချုပ်တာကိုကာကွယ်နိုင်စေဖို့မီးဖိုချောင်သုံးသုံးသီးနှံတွေနဲ့ဖြေရှင်းလို့ရတဲ့နည်း
လမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
၁။စပျစ်သီး

ကျက်အောင်ကျိုထားတဲ့နွားနို့ပူပူထဲကိုအစေ့ထုတ်ထားတဲ့စပျစ်သီး၁၀-၁၂လုံးလောက်ထည့်ကာညအိပ်ခါနီးတိုင်းသောက်ပြီးနွားနို့ထဲကစပျစ်သီးကိုဝါးစားပါ။ဝမ်းချုပ်တာကိုကာကွယ်ပေးနိုင်ပါတယ်။
၂။သင်္ဘောသီ
   သင်္ဘောသီးက၀မ်းပျော့ပျော့သွားစေဖို့အကောင်းဆုံးအိမ်တွင်းဆေးနည်းတစ်မျိုးလို့ပြောရင်မှားမယ်မထင်ပါဘူး။








 



နေ့စဉ်ဝမ်းမှန်မှန်သွားပြီးပေါ့ပါးလန်းဆန်းနေစေမည့်သဘာဝနည်း၈သွယ်


နည်းလမ်း၁
တစ်နေ့လုံးရေသောက်တဲ့ပမာဏက၈-၁၀ဖန်ခွက်နီးပါးရှိပါစေ။ဒီလောက်ပမာဏကိုရေသောက်ပေးမှသာ
အူလမ်းကြောင်းကအလုပ်ကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်။ညဘက်မှာရေတစ်ဘူးကိုအိပ်ရာဘေးထား
အိပ်ပြီးနံနက်အိပ်ရာကနိုးတာနဲ့သောက်ပေးပါ။

နည်းလမ်း၂
အိပ်ရာမ၀င်ခင်နွားနို့တစ်ဖန်ခွက်ထဲထောပတ်လက်ဖက်စားဇွန်းတစ်ဇွန်းခန့်ထည့်ပြီးသောက်ပေးပါ။ဝမ်းချုပ်
တာကိုသက်သာစေပါတယ်။


သွေးလှူခြင်းကြောင့်ရရှိနိုင်သောကျန်းမာရေးကောင်းကျိုးများ


(၁)သွေးလှူတာကနှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။
(၂)သွေးလှူတာကြောင့်သွေးနီဥအသစ်တွေထွက်ရှိမှုကိုအာကောင်းစေပါတယ်။
(၃)သွေးလှူတာကြောင့်ကိုယ်ခန္ဓာအတွင်းသံဓာတ်လွန်ကဲတဲ့အခြေအနေကိုတွန်းလှန်နိုင်ပါတယ်။
(၄)သွေးလှူတာကြောင့်ကယ်လိုရီလောင်ကျွမ်းစေပါတယ်။
(၅)သွေးလှူလိုက်တဲ့အတွက်အခြေခံသွေးစစ်ဆေးမှုကိုလုပ်ဆောင်ပြီးဖြစ်သွားပါတယ်။

form  အိမ်ရှင်မ



ကိုယ်ပိုင်ဆိုင်ထားတဲ့အရာက တန်ဖိုးမရှိဘူးထင်နေတာလား
















 တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ သစ်ခုတ်သမားတစ်ဦးရှိပါတယ် ။ သူဟာေ န့တိုင်းတောထဲကိုသွားပြီး ထင်းတွေခုတ်လို့ အသက်မွေးဝမ်းကျောင်းပြုတယ် ။ တစ်နေ့တော့ သစ်ခုတ်သမားဟာ တောထဲဝင်လာရင်း မျက်စိလည်လမ်းမှားလို့ အတွင်းပိုင်းကိုရောက်သွားခဲ့တယ် ။ အဲဒီရောက်သွားရင်း သစ်ပင်တစ်ပင်အောက်မှာ ဒါဏ်ရာရပြီး ပြုတ်ကျနေတဲ့ငှက်တစ်ကောင်ကို တွေ့ခဲ့တယ် ။

ငှက်ကလေးဟာ တစ်ကိုယ်လုံး ငွေမှင်ရောင်ဖြစ်နေတဲ့အပြင် တဖိတ်ဖိတ်တောက်ပနေလျှက်ရှိတယ် ။ ထင်းခုတ်သမားက “ တစ်သက်နဲ့တစ်ကိုယ် ဒီလိုလှပတဲ့ငှက်မျိုးမတွေ့ဖူးဘူး အိမ်ကို ဆေးကုဖို့ သယ်ပြီးမွေးထားရမယ် ” လို့တွေးပြီး ငှက်ကလေးကိုအိမ်ကိုယူဆောင်လာခဲ့တယ် ။ အိမ်ရောက်လို့ ငွေရောင်ငှက်ကလေးကို ဆေးကုသပေးနေတဲ့အချိန်မှာ ငှက်ကလေးက နေ့စဉ် သစ်ခုတ်သမားကို သီချင်းဆိုဆိုပြပါတယ် ။ သာယာနာပျော်ဖွယ်ကောင်းလွန်းလှတာကြောင့် သစ်ခုတ်သမားဟာ ပျော်ရွှင်ကြည်နူးနေခဲ့ရတယ် ။

အစွမ်းထက်မြက် ဒန့်သလွန်ရွက်



နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။


ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကိုနေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။ အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။

ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်ကိုမဆို မြိန်စေတယ်။ အစာကို ကြေညက်စေတယ်။ နှုတ်ကို မြိန်စေတယ်။ မျက်စိကို အကျိုးပြုတယ်။ဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။

ကိုယ်ဘာသာကိုယ် အစာချက်စားတဲ့ ချင်ပန်ဇီမျောက်

ချင်ပန်ဇီမျောက်က ကိုယ့်ဘာသာကိုယ်အစာချက်စားသတဲ့ !




အိုး .. ကိုယ့်မျက်လုံးကိုယ်တောင်မယုံကြည်ချင်တော့ပါဘူး ။ အာဖရိကနဲ့ အရှေ့တောင်အာရှတွေမှာ ကျက် စားလေ့ ရှိတဲ့ ဒီ ချင်ပန်ဇီမျိုးနွယ်တွေဟာ လူသားနဲ့ဥာဏ်ရည်ချင်း အတော်လေး ဆင်တူတယ်လို့ အများစုက ယုံကြည်လက်ခံထားကြပါ့တယ် ။ ဟုတ်ပါတယ် အခုလည်းပုံတွေကို ကြည့်လိုက်ပါဦး ချင်ပန်ဇီမျောက်ကြီးက သူစားဖို့အစာကို သူ့ဖာသာသူ ချက်စားနေတာကိုတွေ့ရမှာဖြစ်ပါတယ် ။




LinkWithin

Related Posts Plugin for WordPress, Blogger...