ရောဂါတစ်ခုခုရဲ့ရှေ့ပြေးလက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။လူတစ်ဦးနဲ့တစ်ဦးဝမ်းသွားတဲ့အလေ့အကျင့်တွေမတူညီတတ်
ပါဘူး။တချို့လူတွေကနေ့စဉ်ပုံမှန်ဝမ်းသွားပေမယ့်တချို့လူတွေကတော့တရက်ခြား၊နှစ်ရက်ခြားမှတစ်ကြိမ်သာဝမ်းသွားတဲ့
အလေ့အကျင့်ရှိတတ်ပါတယ်။ဘယ်လိုအမူအကျင့်တွေရှိနေပါစေတစ်ပတ်ကို၃ကြိမ်ထက်နည်းပြီးဝမ်းသွားမှသာဝမ်းချုပ်တယ်လို့
ကျွမ်းကျင်သူတွေကသတ်မှတ်ပါတယ်။ဝမ်းချုပ်လာမှဝမ်းနုတ်ဆေးစားတာက၀မ်းချုပ်တာကိုယာယီသာဖြေရှင်းပေးနိုင်ပြီး
သင့်တော်မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ဝမ်းချုပ်တာကိုကာကွယ်နိုင်စေဖို့မီးဖိုချောင်သုံးသုံးသီးနှံတွေနဲ့ဖြေရှင်းလို့ရတဲ့နည်း
လမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
၁။စပျစ်သီး
ကျက်အောင်ကျိုထားတဲ့နွားနို့ပူပူထဲကိုအစေ့ထုတ်ထားတဲ့စပျစ်သီး၁၀-၁၂လုံးလောက်ထည့်ကာညအိပ်ခါနီးတိုင်းသောက်ပြီးနွားနို့ထဲကစပျစ်သီးကိုဝါးစားပါ။ဝမ်းချုပ်တာကိုကာကွယ်ပေးနိုင်ပါတယ်။
၂။သင်္ဘောသီ
သင်္ဘောသီးက၀မ်းပျော့ပျော့သွားစေဖို့အကောင်းဆုံးအိမ်တွင်းဆေးနည်းတစ်မျိုးလို့ပြောရင်မှားမယ်မထင်ပါဘူး။
၃။ချင်း(ဂျင်း)
ချင်းကိုအခြောက်လှန်းပြီးအမှုန့်ကြိတ်ပါ။ပွေးကိုင်းရွက်ကိုလည်းအခြောက်လှန်းပြီးအမှုန့်ကြိတ်ပါ။ချင်းခြောက်မှုန့်နဲ့
ပွေးကိုင်းရွက်မှုန့်တို့ကိုဆတူရောထားပါ။အိပ်ရာမ၀င်ခင်ရေနွေးနွေးထဲကိုရောထားတဲ့အမှုန့်ခတ်သောက်ပါ။မနက်အိပ်
ရာထတဲ့အခါဝမ်းပျော့ပျော့သွားပါလိမ့်မယ်။
၎။မာလကာသီး
မာလကာသီး၁လုံး၂လုံးကိုအစေ့တွေပါစားပေးပါ။ဝမ်းမချုပ်စေဖို့အလွယ်ကူဆုံးနည်းလမ်းပါ။မာလကာစေ့တွေပါစား
မယ်ဆိုရင်ညက်အောင်သေချာဝါးစားပေးဖို့လိုပါတယ်။
၅။ဂေါ်ဖီထုပ်
အမျှင်ဓာတ်များစွာပါတဲ့ဂေါ်ဖီထုပ်ကသင့်ကိုဝမ်းမှန်စေပါတယ်။ဂေါ်ဖီထုပ်ကိုအရွက်အတိုင်းမစားချင်ပါကပန်းကန်
လုံးတစ်လုံးစာလောက်အရည်ညှစ်ပြီးတစ်နေ့၁-၂ကြိမ်သောက်ပေးပါ။ဝမ်းချုပ်တာအတွက်အကောင်းဆုံးအိမ်သုံးဆေးပါ။
၆။ဗာဒံစေ့
ဗာဒံစေ့အဆီလက်ဖက်ရည်ဇွန်း၁-၂ဇွန်းကိုနွားနို့နဲ့ညအိပ်ရာမ၀င်ခင်သောက်ပေးပါ။
ဝမ်းမချုပ်အောင်ကာကွယ်နိုင်ပါတယ်။
၇။ သံပရာသီး
သံပရာသီးကိုအစိတ်လေးများဖြစ်အောင်လှီးဖြတ်ကာတစ်ညအိပ်ထားပြီးနောက်သံပရာစိတ်လေးတွေကိုအရည်ညှစ်ပါ။
တစ်နေ့၁-၂ကြိမ်သောက်ပါ။ဝမ်းချုပ်တာမဖြစ်စေဖို့အထောက်အကူပြုပါတယ်။
၈။စွန်ပလွန်သီး
စွန်ပလွန်သီးအနည်းငယ်ကိုရေနွေးပူပူထဲထည့်ပြီးအေးသွားတဲ့အထိထားပါ။အေးသွားပါကအဲဒီရေကိုသောက်ပေးပါ။
ရေနွေးပူပူအစားနွားနို့ပူပူကိုအသုံးပြုလို့ရပါတယ်။
၉။ပန်းသီး
ပန်းသီးက၀မ်းချုပ်တာကုသဖို့်အတွက်အကောင်းဆုံးအသီးပါ။မနက်စာစားတဲ့အခါပန်းသီးပါအောင်ထည့်စားပေးပါ။
ဝမ်းကိုရှောရှောရှူရှူသွားစေပါတယ်။
၁၀။ဥသျှစ်သီး
ဥသျှစ်သီးစားပေးတာက၀မ်းပျော့ပျာ့သွားစေတာကြောင့်ဝမ်းချုပ်တတ်သူတွေစားပေးသင့်ပါတယ်။
from အိမ်ရှင်မ
No comments:
Post a Comment