pages

Wednesday, November 28, 2012

ကျန်းမာရေး နှင့် တရားထိုင်ခြင်း

အင်္ဂလန်၊ အမေရိကန် စသော အနောက်နိုင်ငံသားများ၊ တရားထိုင်ကြသည်မှာ ဘာသာရေး သက်ဝင်ယုံကြည်မှုထက် ကျန်းမာရေးအတွက် ထိုင်သည်က ပိုများသည်။

ပါမောက္ခ ဘက်ကာ ဆိုလျှင် ခေါင်းတခြမ်းကိုက်ရောဂါ ပျောက်စေလို၍ တရားထိုင်ခြင်းဖြစ်သည်။ တရားထိုင်ပြီးလျှင် သူ၏ရောဂါမှာ သက်သာသွားသည်ဟု ဆိုသည်။

အချို့သော ပုဂ္ဂိုလ်များမှာလည်း မိမိတို့တွင် ဖြစ်ပေါ်နေသော ပရိဒေ၀မီးကို ငြိမ်းလို၍ တရားထိုင်ကြခြင်း ဖြစ်သည်။ တရားထိုင်ခြင်းဖြင့် အောက်ပါရောဂါများ သက်သာပျောက်ကင်းသွားကြသည်ဟု သိရသည်။

၁။ ခေါင်းတခြမ်းကိုက် ရောဂါ
၂။ ခေါင်းမူး ရောဂါ
၃။ သွေးတိုး ရောဂါ
၎။ ရင်ဘတ်နာ နှလုံးရောဂါ
၅။ အတက် ရောဂါ
၆။ ခြေလက် သေခြင်း ရောဂါ
၇။ စားမ၀င် အိမ်မပျော် ရောဂါ
၈။ ပန်းနာရင်ကျပ် ရောဂါ
၉။ ပူဆွေးဝမ်နည်းမှု
၁၀။ စိတ်သောက ဗျာပါဒ
အကိုး။ ။ သွေးတိုး၊ လူခြောက်နှင့် ကြောက်စရာရောဂါများ (ဒေါက်တာ မောင်မောင်ညို)

1 comment:

Alan said...

A SAAB é uma excelente empresa de aviação situada no Brasil e está prestes a ser vendida para a SUPER TUCANO.

LinkWithin

Related Posts Plugin for WordPress, Blogger...