pages

Friday, November 2, 2012

Blue Screen Error Page ကြီးဖြစ်သွားလို့ စိတ်ညစ်နေရတဲ့ သူတွေအတွက် ဖြေရှင်းနည်းလေးတွေပါ။



Fig ~ 1
ကျွန်တော် အခု တစ်လော ကြားကြားနေရတဲ့ ပြဿနာလေးကတော့ Blue Screen Error Page ကြီး ပေါ်လာတဲ့ ပြဿနာပါ။အဲ့ဒီ ပြဿနာက Computer သုံးစွဲသူတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေရမဲ့ ပြဿနာမျိုးလို့လဲ ကျွန်တော် ထင်မိပါတယ်။အဲ့ဒီလို Blue Screen Error ကြီး တက်လာရင် အခုမှ Computer လောကထဲကို စတင်ဝင်ရောက်သူတွေအဖို့ အလွန်ဦးနှောက်ခြောက်စရာကောင်း အလွန်စိတ်ညစ်ဖို့ကောင်းတဲ့ ပြဿနာကြီးလို့ ထင်ကောင်းထင်မိသွားပါလိမ့်မယ်။အဲ့ဒီ Blue Screen ကြီးဖြစ်ရတဲ့ အကြောင်းအရာနဲ့ ဖြေရှင်းနည်းလေးတွေကို ကျွန်တော် သိသလောက် ကျွန်တော်လေ့လာထားသလောက်လေး ကျွန်တော့ IT Bank ရဲ့ စာဖတ်ပရိတ်သတ်လေးတွေကို ဝေမျှပေးပါ့ရစေဗျာ။အရင်ဦးဆုံး Blue Screen Error Page ကြီးပေါ်လာပြီဆိုရင် အဲ့လို ဖြစ်ရတဲ့ အကြောင်းအရင်းက 2 ချက်ရှိပါတယ်။ပထမကတော့ Computer စစဖွင့်တဲ့အချိန်မှာ ရုတ်တရက် Blue Screen Error Page ကြီးပေါ်လာပြီး Restart ကျသွားတဲ့အချိန်ရယ် Computer အသုံးပြုနေတဲ့အချိန် ကိုယ့် Computer က Graphic Card နိုင်မနိုင် မသိဘဲ အရမ်းလေးတဲ့ HD Game တွေဘာတွေဆော့နေတာပဲဖြစ်ဖြစ် Software အကြီးတွေ Install လုပ်နေတဲ့အချိန်ဖြစ်ဖြစ် ရုတ်တရက် Blue Screen Error Page ကြီးပေါ်လာတဲ့အချိန်တို့မှာ အဖြစ်များလေ့ရှိပါတယ်။အဲ့ဒီလို အခြေအနေမျိုးတွင် Computer ကို စတင်လေ့လာသူတွေ အဖို့ကတော့ Windows အသစ်ပြန်တင်ဖို့လောက်ပဲ ခေါင်းထဲတန်းပြီးရောက်သွားလောက်မှာပါ။Computer ဖွင့်တက် ပိတ်တက်ပြီး Game လောက်ပဲ ဆော့တက်တဲ့ သူတွေ အဖို့ကတော့ 5000 ကျပ်လောက်ပေးပြီး Service ဆိုင်ကို ပို့လိုက်ကြမှာ ကျိန်းသေလောက်ပါတယ်။Blue Screen Error Page ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ Computer ရဲ့ Windows Operating System (OS) ကထုတ်ပေးလိုက်တဲ့ Fatal Error code ကြောင့်ဖြစ်ပါတယ်။ဒီ Error Code ကဘာပြောချင်တာလဲဆိုတော့ ကျွန်တော်တို့ အခုအသုံးပြုနေတဲ့ Windows OS ကို ပြန်ပြီး Recover အနေနဲ့လဲ ပြန်လုပ်လို့မရတော့ပါဘူး။အခု အသုံးပြုနေတဲ့ OS ကတော့ Crash ဖြစ်သွားပါပြီ လို့အသုံးပြုသူကိုပြောခြင်းဖြစ်ပါတယ်။ ဒီ Blue Screen Error Page ကို ကြုံရပြီဆိုရင်တော့ မိမိ ရဲ့Windows OS ဟာ ကောင်းမွန်စွာအလုပ်လုပ်တော့မှာမဟုတ်ပဲ Computer စစဖွင့်ခြင်း အချိန်မှာပဲ Blue Screen Error Page ကြီးပြပြီး ခဏခဏ Restart ကျကျနေမှာဖြစ်ပါတယ်။အဲ့ဒီ Blue Screen Error Page ကြီးဖြစ်ဖြစ်သွားရတဲ့ အကြောင်းအရင်းကတော့ 5 ချက်ရှိပါတယ်။

1. ဒါမှ မဟုတ် တစ်ဦးတစ်ယောက်က Windows OS ရဲ့ System File တစ်ခုခုကို ဖျက်သွားတာတို့  Virus ကြောင့် အဲ့ဒီ ဖိုင်လေး ပျောက်သွားတာမျိုး ကျွန်တော် သိသလောက်များသောအားဖြင့် System32 ထဲမှာရှိတဲ့ .dll file တစ်ခုပျက်သွားတာမျိုးတို့တွင် ဖြစ်တက်ပါတယ်။
2.  Memory RAM (သို့) Memory ချောင်းစိုတ်တဲ့ နေရာလေးတွေ ဒေါင့်နေရာလေးတွေမှာ ဖုန်တက်နေတာတို့ Memory Module  ချောင်းများရဲ့အစွန်းဘက်တွေမှာ ဖုန်တွေကတ်နေတာတို့ ဂျီးတွေ ကက်နေတဲ့ အခါမျိုးတို့တွင်လဲ ဖြစ်တက်ပါတယ်။
3.  Computer အတွင်းမှာ Run နေတဲ့ Driver Software တွေ Update မဖြစ်ချင်း၊Driver Software များ ကိုယ်တင်ထားတဲ့ Windows နဲ့ Compatible မဖြစ်ခြင်း။အထူးသဖြင့် ကိုယ့် Windows ရဲ့ System Type က 32 Bits ဖြစ်နေတယ် ကိုယ် တင်လိုက်တဲ့ Driver Software က 64 Bits အတွက်ပဲ လက်ခံတဲ့ အခါမျိုးတွေပေါ့ဗျာ။
4. ကျွန်တော် တို့ Memory ပေါ် Install လုပ်ထားတဲ့ Software တွေက ကျွန်တော်တို့ Computer စဖွင့်ဖွင့်ခြင်း Windows တက်တဲ့ အခါမှာ Windows ကနေ ပြန်ပြီး System File တွေကို Loading မလုပ်နိုင်ခြင်း စတဲ့ အခါမျိုးတွင်မှာလဲ ဖြစ်တက်ပါတယ်။
5.Hard Disk မှာ Bad Sector တွေဖြစ်နေခြင်း။Hard Disk ပျက်နေတဲ့ အခါမျိုးတွေ Hard Disk ရဲ့ Sector ကြိုးက လွှတ်နေတဲ့ အခါမျိုးတွေမှာလဲ ဖြစ်တက်ပါတယ်။ကိုယ့် ကွန်ပျူတာကို အမြဲဂရုစိုက်သင့်ပါတယ်။
ကဲ.........Blue Screen Error Page ဘာကြောင့် ဖြစ်ရလဲဆိုတဲ့ မေးခွန်းတွေ မေးချင်တဲ့ သူတွေရဲ့ စိတ်ထဲကအမေးကို ဖြေပြီးသွားပြီဆိုရင်တော့ အဲ့ဒီလို မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဘယ်လို အဲ့ဒီ ပြဿနာကို ဖြေရှင်းသင့်သလဲဆိုလဲ မေးခွန်းတွေကို မေးချင်တဲ့ သူတွေအတွက် အဖြေကတော့ ကျွန်တော် အောက်မှာ နည်းလမ်း 2 မျိုးနဲ့ ဓာတ်ပုံတွေနဲ့ကော စာတွေနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။သွားလေ့လာပေးပါဦးနော်။Blue Screen Error Page မဖြစ်အောင် အရင်ဦးဆုံး ပထမ တစ်နည်းကို ပြောပြပါ့မယ်။

1.ကိုယ့် Computer (PC) မှာ အသုံးပြုထားတဲ့ Anti Virus Software ကို အမြဲ Update ဖြစ်အောင်ထားပါ။
2.Laptop / Destop တို့ကို ဖုန်တွေ ကျရောက်နိုင်တဲ့ နေရာတွေမှာ သိပ်မထားပဲ တစ်လ တစ်ခါ ဖြစ်ဖြစ် သန့်ရှင်းအောင် လုပ်ပေးပါ။
3.Windows မှာ System Cleaning Software, Ccleaner, Tuneup Utility, Registry Mechanics, Disk Defraggler, Microsoft Security Essentials အစရှိတဲ့ Anti Virus Software မျိုး Registry Software မျိုးတစ်ခုခုကို မိမိ Computer ထဲမှာ တစ်ခုမဟုတ် တစ်ခု ရှိထားသင့်ပါတယ်။Disk Defraggler တို့လို Software မျိုးတွေကိုတော့ တစ်ပတ်တစ်ခါ အသုံးပြုပေးပါ။အဲ့ဒါမှ မိမိ အသုံးပြုနေတဲ့ PC မှာ သိသိသာသာနဲ့ လျှင်မြန်ပေါ့ပါးသွားတာကို တွေ့ရပြီး Blue Screen Error Page ရန်မှလဲ ကင်းဝေးသွားပါ့လိမ့်မယ်။


Blue Screen Error Page မဖြစ်အောင် ဒုတိယမြောက်နည်းလမ်းကောင်းလေး တစ်ခုကို ပြောပြပါဦးမယ်ဗျာ။
ဒီ နည်းလေးတွေကတော့ Windows XP, Windows Vista, Windows 7 အစရှိတဲ့ Windows တွေမှာပါ အသုံးပြုလို့ရတဲ့ နည်းလမ်းလေးပေါ့ဗျာ။
1. အရင်ဦးဆုံး Destop က Computer ဆိုတဲ့ Icon လေးကို Click တစ်ချက်ထောက် Right Click ထောက်ပြီး Properties ကိုသွားပြီး Click လိုက်ပါ။ဒါမှ မဟုတ် Start Menu Bar ကနေလဲ Computer ဆိုတာလေးကို Right Click ထောက်ပြီး Properties ကိုသွားနိုင်ပါတယ်။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 2
2.Window System Box ကျလာရင် ဘယ်ဘက်ဘေးရဲ့ အောက်နားလောက်မှာ ရှိတဲ့ Advanced System Settings ကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 3
3.System Properties > Advanced > Startup and Recovery (Settings) ကို ၀င်လိုက်ပါ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 4
4.Startup and Recovery ထဲမှ ကျွန်တော် လိမ္မော်ရောင်နဲ့ ၀ိုင်းပြပေးထားတဲ့ System Failure ဆိုတဲ့ စာကြောင်းလေးရဲ့ အောက်မှာ ရှိနေတဲ့ ဒုတိယမြောက် စာကြောင်းဖြစ်တဲ့ Automatically restart ဆိုတဲ့ စာတန်းလေးမှာ အမှန်ခြစ်ပေးထားခဲ့ရင် ဖြုတ်လိုက်ပါ။ပြီးရင်တော့ Ok>Apply>Ok ပေါ့ဗျာ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 5
ကဲ..........ဒီ လောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံးအဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကို သဘောကျရင် တခြားသူငယ်ချင်းတွေကိုလဲ ပြန်ပြီး မျှဝေပေးပါဦးနော်
form http://welcometoitbank.blogspot.com/2012/10/blue-screen-error-page.html

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...