pages

Friday, November 23, 2012

လှပသောအသားအရေ ပိုင်ဆိုင်လိုသူ တိုင်းအတွက် နေ့စဉ်လုပ်ဆောင်ချက် ငါးမျိုး


လှပတဲ့ အသားအရေကို ပိုင်ဆိုင်လိုသူ မိန်းကလေးတွေ အနေနဲ့ နေ့စဉ် ပုံမှန် လုပ်ဆောင်သင့်တဲ့ အချက် ငါးချက်ကို ရေးသား လိုက်ပါတယ်။
(၁) အင်တီအောက်ဆီးဒင့်ပါဝင် အောင်စားပါ
ခန္ဓာကိုယ်မှာရှိတဲ့ ကျန်းမာတဲ့ဆဲလ်တွေ ပျက်စီး မှုမဖြစ်အောင် အင်တီအောက်ဆီးဒင့်က ကာကွယ် ပေးတာ ကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေအားလုံး အတွက် မရိမဖြစ်ပါ။ အင်တီအောက်ဆီးဒင့်ကို သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ အစေ့အဆန်၊ ပင်လယ်စာနဲ့ ငါးအဆီတွေကနေ ရရှိနိုင်ပါတယ်။ အင်တီအောက် ဆီးဒင့် ပါဝင်စာတွေကို စားသုံးပါက နှလုံးနဲ့သွေး ကြောတွေကို ကျန်းမာစေပြီး ကင်ဆာရောဂါဖြစ်ပွား နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ အင်တီအောက်ဆီး ဒင့်အာနိသင်ရှိတဲ့ ဗီတာမင်စီက ကိုလာဂျင်တွေကို ထုတ်လုပ်ပေးပြီး အရေပြားကို တင်းရင်းစေပါတယ်။ ကောက်နှံ တစ်ခုလုံးပါဝင်စာနဲ့ ချဉ်တဲ့အရသာရှိတဲ့ သစ်သီးတွေကနေ ရရှိနိုင်ပါတယ်။ သင့်အသား အရေလှပဖို့ တစ်နေ့ကို ဗီတာမင်စီ ၇၅မီလီဂရမ်ရရှိ အောင် စားပါ။ ဗီတာမင်အီးကတော့ ဆဲလ်တွေရဲ့ နံရံတွေကို နေရောင်ခြည်ကြောင့် ပျက်စီးမှုမရှိအောင် ကာကွယ်ပေးပါတယ်။ ဗာဒံစေ့၊ မြေပဲထောပတ် စတာတွေကနေ ဗီတာမင်အီးကို ရရှိနိုင်ပါတယ်။ တစ်နေ့ကို ဗီတာမင်အီး ၁၅ မီလီဂရမ်ရရှိအောင် စားသုံးဖို့လိုပါတယ်။
(၂) နေရောင်ခြည်ထိတွေ့မှုမှ ကာကွယ်ပါ
နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင် ခြည်တွေက သင့်အသားအရေကို အရောင်ပြောင်း စေပြီး အရေးကြောင်းတွေ ထင်စေကာ တင်းအားကိုလည်း လျော့နည်းစေပါတယ်။ နေ့စဉ် နေရောင်ကာ ခရင်မ်လိမ်း ပါက အရေပြားအိုမင်းမှုကို တားဆီးနိုင်တဲ့အပြင် အရေပြားကင်ဆာဖြစ် ပွားနိုင်ခြေကိုပါ လျှော့ချနိုင်ပါတယ်။ အရေပြားကို နေရောင်ခြည်ရဲ့ ဖျတ်ဆီးမှုမှ ကာကွယ်ဖို့အတွက် အေဗိုဘန်ဇုန်း ဒါမှမဟုတ် အောက်ဆီဘန်ဇုန်း၊ ဇင့်အောက်ဆိုဒ် ဒါမှမဟုတ် တိုက်တေနီယမ် အောက်ဆိုဒ်ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို အသုံးပြုပါ။ နေရောင်ကာနိုင်စွမ်း SPF မြင့်တဲ့ ခရင်မ်တွေ လိမ်းပေးပါ။ အိမ်အပြင် မထွက်ခင် နာရီဝက်ကြိုပြီး နေရောင်ကာခရင်မ်လိမ်းပါ။ ချွေးအရမ်းထွက် ပြီးပါက နေရောင်ကာခရင်မ် ထပ်လိမ်းပါ။
(၃) မရှိမဖြစ်အဆီများ ပါဝင်အောင်စားပါ
မရှိမဖြစ်အဆီဖြစ်တဲ့ အိုမီဂါ-၃နဲ့ အိုမီဂါ- ၆အဆီတွေက ဆဲလ်နံရံကို ကျန်းမာစေပြီး ဆဲလ်အတွင်းမှ ရေနဲ့ အာဟာရတွေကို ထိန်းထားပေးပါ တယ်။ ဒါ့အပြင် အရေပြားကို နေရောင်ခြည်နဲ့တခြား ညစ်ညမ်းမှုတွေရဲ့ ဖျတ်ဆီးမှုကနေ ကာကွယ်ပေး ပါတယ။် မရှိမဖြစ် အဆီတွေမရှိပါက ဆဲလ်နံရံတွေ ရဲ့ခုခံကာကွယ်နိုင် စွမ်းအားတွေ လျော့နည်းတတ် ပါတယ်။ အိုမီဂါ-၆ကို ကြက်သားနဲ့ ကောက်နှံတစ် ခုလုံးကနေ ရရှိနိုင်ပြီး အိုမီဂါ-၃ ကို ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး၊ ဂုန်လျှော်စေ့၊ သစ်ကြားသီးနဲ့ ဟင်း နုနယ်ရွက်တွေကနေ ရရှိနိုင်ပါတယ်။ မရှိမဖြစ်အဆီ တွေက အသားအရေအပေါ်ယံမှာ သာမကဘဲ အတွင်းပိုင်းအထိပါ ကြည်လင်လှပစေပါတယ်။
(၄) ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းပါ
ခန္ဓာကိုယ်မှာ ရေဓာတ်က ၅၅-၇၅ ရာခိုင် နှုန်းအထိ ပါဝင်နေပါတယ်။ ရေက ခန္ဓာကိုယ်တွင်းမှ အဆိပ် အတောက် တွေကို ဖယ်ရှားပေးပြီး အစာ အာဟာရ ဓာတ်တွေကို သယ်ဆောင်ပေးပါတယ်။ ချွေးထွက်တာ၊ အသက်ရှူတာ စတာတွေနဲ့ ခန္ဓာ ကိုယ်ကနေ ရေဓာတ်တွေ ဆုံးရှုံးနေတာကြောင့်ရေ ဓါတ်ကို လုံလောက်စွာ ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ရေဓာတ်မဖြည့်ပေးနိုင်ပါက ခန္ဓာကိုယ်မှာ ရေ ဓာတ်ဆုံးရှုံးမှုဖြစ်ပေါ်ကာ အသားအရေ ခြောက်သွေ့စေပါတယ်။ ရေဓာတ်က အရေပြားမှာရှိတဲ့ ဝက်ခြံဖြစ်စေတဲ့ မသန့်စင်တာတွေကို ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ ချောမွေ့စေပါတယ်။အသားအရေ လှပဖို့အတွက် တစ်နေ့ကို ရေနှစ်လီတာ သောက်ပေးပါ။
(၅) မျက်နှာသန့်စင်နေစဉ် နှိပ်နယ်ပေးပါ
သန့်စင်တာက အသားအရေလှပဖို့ အတွက် နေ့စဉ်လိုအပ်ချက် တစ်ခုပါ။ အညစ်အကြေးတွေကို ဖယ်ရှားတာ အပြင် ချွေးပေါက်ပိတ်စေတဲ့ အဆီ တွေကိုပါ ဖယ်ရှားပေးပါတယ်။ မျက်နှာသန့်စင် ပစ္စည်းတွေဟာ ဆပ်ပြာ မပါဝင်တာ ဖြစ်ရပါမယ်။ ခြောက်သွေ့တဲ့ အရေပြားရှိသူတွေအနေနဲ့ အယ်လ်ကိုဟော မပါဝင် မျက်နှာသန့်စင် ပစ္စည်းကို အသုံးပြုရပါမယ်။ အဆီပြန်တဲ့အသားအရေရှိသူ တွေအနေနဲ့ အယ်လ်ဖာဟိုက် ဒရောက်ဆီပါဝင်တဲ့ ပစ္စည်းတွေ အသုံးပြုပါ။ မျက်နှာ သန့်စင်နေစဉ်မှာ လက်ချောင်းထိပ်လေးတွေနဲ့ စက်ဝိုင်း ပတ်ပြီး နှိပ်နယ်ပေး ပါ။ သွေးလှည့်ပတ် မှုကောင်းလာစေပြီး သင့် မျက်နှာကို ဖြူစင်ဝင်းပစေပါတယ်။
http://www.myawady.net.mm/mwdhealth/knowledge/377-2012-11-23-01-55-24

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...