pages

Monday, November 5, 2012

ပြန်ခဲ့ပါတော့ သားတော်မောင်ပဉ္ဇင်းဘုရား

စာပေပရိယတ် ၊ ကျမ်းဂန်တတ်မှ
မြင့်မြတ်ပေမည် ၊ ကြံတွေးရည်၍ 
ထိုဤမြို့သို့ ၊ သားတော်ပို့သည်
 
လွမ်းလို့နေရပါတယ် ဘုရား ။
 

ဖခမည်းနှင့် -
 
သားကြီးမယ်တော် ၊ နေ့စဉ်မျှော်၍
 
ပေါ်လာလိမ့်နိုး ၊ လာလိမ့်နိုးဖြင့်
 
လက်ချိုးရေတွက်နေရပါတယ် ဘုရား။
 

မေ့သားလူထွေး၊၊ ငယ်နုသေးသည့်
 
ကလေးအများ ၊ ချောင်းကြိုကြားမှာ
 
ငါးရှာဖားရိုက် ၊ ကစားလိုက်နှင့်
 
ငယ်ခိုက်ချိန်လေး ၊ စာနှင့်ဝေးပြီး

တွေးရင်းရင်လေးမိပါတယ်ဘုရား ။ 

ရပ်သူရွာသား ၊ လူအများမှာ
 
တရားရေအေး ၊ တိုက်ကျွေးမည့်သူ

မရှိမူ၍ ----------------------- 
လူသည်လူ့အသိမရှိကြတော့ပါဘုရား ။
 



သားတော်ငယ်ပေါင်း ၊ ရွာကကျောင်းမှာ
 
ကျောင်းသားကိုပင် ၊ မတွေ့မြင်ခဲ့
 
ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့် ။


သာမဏေ၀ါဝင်း ၊ မရှိလျှင်းသော် 
ပဉ္ဇင်းဘယ်မှာ ၊ ဖြစ်ထွန်းပါလိမ့် ။
 
ပင်မှာသက်သက် ၊ ခက်လက်မဖြာ
 
သာသနာသည်---------------
 
ရောင်ဝါမထွန်းလင်းနိုင်တော့ပါဘုရား ။
 

သာသနာရင်းမြစ် ၊ တောကဖြစ်လျက်
 
တောပစ်မြို့ပေါ် ၊ သားတော်ပျော်က

တော်မတော်ပင် ၊ ကြံတွေးဆင်၍ 
လျင်လျင်မြန်မြန် ၊ တောရပ်ထံသို့
 
ပြန်ခဲ့ပါတော့ ၊ သားတော်မောင်ပဉ္ဇင်းဘုရား ။ ။

အမည်မသိရှေးစာဆို

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...