pages

Thursday, November 22, 2012

ကောသလမင်းကြီးအိပ်မက် (၁၆)ချက်


ကောသလမင်းကြီးအိပ်မက် (၁၆)ချက်

ကောသလင်းမင်း အိပ်မက်ခင်း ညဥ့်တွင်း(၁၆)ဖြာ
လောကသနင်း ၊ တရားမင်း ၊ ရှင်းလင်းဟောပြရှာ ။
သာသနာတော် ၊ နှစ်ထောင်ကျော် ၊ နောင်သော် ရောက်သောအခါ ။
တရားကင်းကြ ၊ မင်းပါပ ၊မုချအုပ်စိုးမှာ ။
ထိုမင်းလက်ထက် ၊ သင့်အိပ်မက် ၊ မပြတ်ပေါ်ထွက်မှာ ။


(၁) မေး။ နွားနက်လေးကောင် ၊ ဝှေ့မည်ယောင် ၊ တိမ်းရှောင်ထွက်ပြေးသည် ။
ဖြေ။ လေးဘက်ညိုရောင် ၊ မိုးတိမ်တောင် ၊ ရွာယောင်ကွင်းလိမ့်မည် ။

(၂) မေး။ တထွာ,တတောင်မျှ ၊ သစ်ချုံက ၊ ပွင့်ကြသီးကြသည် ။
ဖြေ။ ကညာပျိုမ ၊ ဣတ္ထိယ ၊ ငယ်ကအိမ်ထောင်မည် ။

(၃) မေး။ နွားငယ်မနို့ ၊ နွားကြီးတို့ ၊ စို့်လို့မြင်မက်သည် ။
ဖြေ။ ကျေးဇူးကြီးလှ ၊ မိနှင့်ဘ ၊ သားကဝေကျွေးမည် ။

(၄) မေး။ နွားကြီးကိုပယ် ၊ က, နွားငယ် ၊ ၀န်မယ်မရုံးသည် ။
ဖြေ။ လူကြီးကိုပယ်ရှား ၊ လူငယ်များ ၊မြှောက်စားနိုင်ငံပြည် ။

(၅) မေး။ ခံတွင်းနှစ်ပေါက် ၊ မြင်းစားသောက် ၊ မလောက်မြင်မက်သည် ။
ဖြေ။ လာဘ်နှစ်ဘက်စား ၊ မှူးမတ်များ ၊ တရားစီရင်မည် ။

(၆) မေး။ မြေခွေးအိုထံ ၊ ရွှေခွက်နှံ ၊ စွန်ပြန်ကျင်ငယ်ရည် ။
ဖြေ။ မိန်းမမြတ်မှာ ၊ လူမစ္ဆာ ၊ အိမ်ရာထောင်လိမ့်မည် ။

(၇) မေး။ သားရေလွန်ကား ၊ ခြေရင်းထား ၊ ပုံစားခွေးငတ်မှီ ။
ဖြေ။ လင်မသိအောင် ၊ ပစ္စည်းဆောင် ၊ လင်မြှောင်ကျွေးလိမ့်မည် ။

(၈) မေး။ ရေပြည့်အိုးကြီး ၊ ထပ်လောင်းမှီး ၊ ချည်းနှီးအိုးငယ်တည် ။
ဖြေ။ မင်းဘဏ္ဍာသာ ၊ တိုးအောင်ရှာ ၊ မြို့ရွာနာလိမ့်မည် ။
(၉) မေး။ ရေကန်ကြီးမယ် ၊ နောက်အလယ် ၊ နားဝယ်ကြည်လှသည် ။
ဖြေ။ မြို့အလယ်တွင် ၊ ပွေရှုပ်အင် ၊ မြို့ပြင်စည်ကားမည် ။

(၁၀)မေး။ ထမင်းအိုးနှပ် ၊ ပျော့မာဆတ် ၊ ကျက်လက်သုံးမျိုးတည်း ။
ဖြေ။ မင်းနှင့်လူများ ၊ မတရား ၊ ကွက်ကြားမိုးရွာမည် ။

(၁၁)မေး။ စန္ဒကူးကြုတ် ၊ ရက်တက်ပုပ် ၊ ရောင်းထုတ်ဝယ်ကြသည် ။
ဖြေ။ တရားဟောကာ ၊ ပစ္စည်းရှာ ၊ မြို့ရွာလယ်လိမ့်မည် ။

(၁၂)မေး။ ချည်းနှီးဗူးတောင်း ၊ ရေနစ်အောင်း ၊ ပေါ်ကြောင်းမြင်မက်သည် ။
ဖြေ။ ပညာရှိများ ၊ မကျော်ကြား ၊ ရှောင်ရှားမြုတ်ကွယ်မည် ။

(၁၃)မေး။ ကျောက်ခဲကြီးများ ၊ ရေပေါ်သွား ၊ ထင်ရှားမြင်မက်သည် ။
ဖြေ။ မိုက်သူပြောမှ ၊ သဘောကျ ၊ လောကဖြစ်လိမ့်မည် ။

(၁၄)မေး။ ဖားငယ်မက ၊ မြွေဟောက်ထ ၊ လိုက်ကြကိုက်စားသည် ။
ဖြေ။ ကညာပျိုမော် ၊ လင်အိုပေါ် ၊ ငေါက်အော်နိုင်လိမ့်မည် ။

(၁၅)မေး။ ကျီးကိုဟင်္သာ ၊ ခြံရံကာ ၊ နေတာမြင်မက်သည် ။
ဖြေ။ ပညာရှိများ ၊ လူမိုက်အား ၊ ၀ပ်တွားရလိမ့်မည် ။

(၁၆)မေး။ ဆိတ်က သစ်, ကျား ၊ ကျွတ်ကျွတ်ဝါး ၊ ကိုက်စားတတ်ကြသည် ။
ဖြေ။ သူယုတ်မြင့်မြတ် ၊ ပညာတတ် ၊ တောရပ်ပြေးရမည် ။

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...