pages

Sunday, September 22, 2013

ပုဇွန်တောင်မြို့နယ် မြသိန်းတန်ဆရာတော် ဘဒ္ဒန္တသောဘန မဟာထေရ်၏ သြ၀ါဒကထာ


ဗုဒ္ဓဘာသာဝင် တကာ တကာမအပေါင်းတို့ နိဗ္ဗာန်မရောက်မီ ဘ၀များစွာ သံသရာ၌ အပါယ်ဘုံသို့ မကျရောက်ဘဲ သုဂတိဘုံသို့သာ ရောက်ရှိရန် အမြဲပြုလုပ် အားထုတ်အပ်သော နိဗဒ္ဓ ကုသိုလ် ၇-မျိုးရှိသည်။ 
ထို ၇-မျိုးတို့မှာ ---
၁-သရဏဂုံ သုံးပါးကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ခြင်း။
၂-ငါးပါးသီလကို မကျိုးမပေါက် ထိန်းသိမ်း စောင့်ရှောက်ခြင်း။
၃- စာရေးတံမဲချ၍ မကြာခဏ လှူဒါန်းခြင်း။
၎-လဆန်း လဆုတ် ၁၅-ရက်တကြိမ် ဆွမ်းလှူခြင်း။
၅-၀ါဆိုသင်္ကန်း နှစ်စဉ် ကပ်လှူခြင်း။
၆-ရေတွင်း ရေကန် ရေအိုးစင် လှူဒါန်းခြင်း။
၇-ဇရပ်တန်ဆောင်း၊ ကျောင်း စသည် လှူဒါန်းခြင်းတို့ ဖြစ်သည်။

ထို ၇-မျိုးတို့တွင် အကျင့်သီလမြဲ၍ တမျိုးမျိုးသော ကုသိုလ်တခုနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ယခုဘ၀ သောတာပန်ဖြစ်အောင် မကျင့်နိုင်သော်လည်း နောင်ဘ၀သံသရာ၌ အပါယ်မကျဘဲ သုဂတိဘုံသို့သာ ဧကန် ရောက်နိုင်သည်။ သောတာပန်ကဲ့သို့ ကောင်းသောလားရာဂတိ မြဲသည်ဟု အင်္ဂုတ္တရနိကာယ်၌ ပြဆိုထားပါသည်။ ထို့ကြောင့် ထိုကုသိုလ်များကို ပြုလုပ်အားထုတ်ကြပါဟု တိုက်တွန်းအပ်ပါသည်။

ဘဒ္ဒန္တသောဘန မဟာထေရ်
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်
မြသိန်းတန် ပရိယတ္တိ စာသင်တိုက်
သောဘနာရာမ ကျောင်းဆရာတော်

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...