pages

Sunday, December 9, 2012

နေတတ်တဲ့လူ


“အရောဝင်လျှင် အရိုအသေတန်သည်။” 
“လူရင်းဆိုလျှင် အထင်မကြီး။” 
“နီးလွန်းလျှင်မမြင်” စသည်ဖြင့် ကျွန်တော်တို့ဆိုလေ့ရှိကြသည်။ သည်လို ဆိုစရာ အကြောင်းတွေ
လည်း လူ့လောကထဲမှာ မကြာခဏ ကြုံကြရသည်။ ထို့ကြောင့် သည်စကားတွေကို ရှေးကလည်း
ပြော ယနေ့လည်း ဆက်ပြော နေကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ သာမက အခြားတစ်ပါးသော
လူမျိုးများ မှာလည်း အလားတူ အဓိပ္ပါယ် ဆောင်သည့် စကားမျိုးတွေ ရှိကြသည်။ ထို့ပြင် သည်
စကားများကို  ထင်ရှားစေသည့်  ဥပမာ  သာဓကတွေ၊  သင်ခန်းစာ  ပုံပြင်တွေလည်း  အများပင်
ရှိခဲ့ပါသည်။  အင်္ဂလိပ်မှာFamiliarity breeds contempt. ဟုဆိုသည်။  တိုက်ရိုက်အဓိပ္ပါယ်က
Familiarity ရင်းနှီးကျွမ်းဝင်မှုမှcontempt အားမနာမှု အထင်မြင်သေးမှုbreeds ပေါက်ဖွားသည်
ဟူ၍ ထွက်သည်။ အရောဝင်လျှင် အရိုအသေ တန်သည်နှင့် သဘောချင်း အတူတူပင်။
ယခုအခါ အင်္ဂလိပ် စကားပုံ အဖြစ် တွင်နေသော်လည်း စင်စစ် အင်္ဂလိပ်တွေ စထွင်သော
စကား  မဟုတ်။  ဂရိပုံပြင်ဆရာ  အီစွပ်(Aesop ဘီစီ  ၆ရာစု) လက်ထက်ကပင်  သုံးတာ  တွေ့ခဲ့
ရသည်။ အီ စွပ်က ဂရိ ဖြစ်သဖြင့် ဂရိဘာသာဖြင့် ပြောခဲ့လိမ့်မည်။ သို့သော် သူ့စကားကို အင်္ဂလိပ်
လို ပြန်ပြော သည့်အခါ အထက်က ဖော်ပြခဲ့သည့် အတိုင်း ဖြစ်လာသည်။ ရောမစာဆို ဆီးရပ်(စ) 
(Publilius Syrus ဘီစီ ၁ရာစု) ၏ အတွေးစကား(Maxim) များထဲမှာလည်း အီစွပ်နှင့် တစ်ထပ်
တည်း  တူညီသည့်  စကား  တစ်ခွန်းပါသည်။  အင်္ဂလိပ်ဘာသာပြန်လျှင်Familiarity breeds 
contempt. ပင်။  အဲသည်  နောက်တွင်  သူတို့နှင့်  အသုံးအနှုန်းချင်း  တစ်ထပ်တည်း  မတူသော်
လည်း သည်သဘော သည် အ ဓိပ္ပါယ်ပါသည့် စကားကိုပင် စပိန်စာရေးဆရာကြီး ဆာဗင်တီး(စ) 
(Cervantes ၁၅၄၇- ၁၆၁၆)က ဒွန်ကွစ်ဇုတ် ဝတ္ထုကြီးထဲမှာ သုံးခဲ့သလို အင်္ဂလိပ် ပြဇာတ်ရေး
ဆရာကြီး  ရှိတ်စပီးယား(Shakespeare  ၁၅၆၄-၁၆၁၆)ကလည်းThe Merry Wives of 
Windsors ပြဇာတ်ထဲမှာ ထည့်သုံးခဲ့သည်။ ထို့နောက်တွင်လည်း……….. 
ပုံပြင်ဆရာ အီစွပ်က အထက်က ဖော်ပြခဲ့သည့် အရောဝင်လျှင် အရိုအသေ တန်သည်
(Familiarity breeds contempt.)ဟူသော မှတ်ချက်စကားကို ဆိုဖို့အတွက် ဥဒါဟရုဏ် ပုံပြင်
တစ်ပုဒ် ပြောသည်။ မြေခွေးနှင့် ခြင်္သေ့အကြောင်းပုံပြင်။ 
ခြင်္သေ့ဆိုတာကို တစ်ခါမှ မမြင်ဖူးသေးသည့် မြေခွေးတစ်ကောင် အမှတ်မထင် တစ်နေရာ
မှာ ပထမဆုံးအကြိမ် ခြင်္သေ့နှင့်ကြုံတော့ အကြောက်လွန်ပြီး သေမတတ် ဖြစ်သွားသည်။ ဒုတိယ
အကြိမ် ဆုံသည့်အခါလည်း သူကြောက်တော့ ကြောက်သေးသည်။ သို့သော် သူကြောက်နေတာ
လူမသိအောင်  ဟန်မပျက်  နေနိုင်ခဲ့သည်။  တတိယအကြိမ်  တွေ့သည့်  အခါမှာတော့  သူက
အတော်ပင် အတင့်ရဲသွားပြီ။ ခြင်္သေ့နား ကပ်သွားကာ နေကောင်းလား ဘာညာနှင့်ပင် နှုတ်ဆက်
စကား ပြောနေချေ သေးသည်၊ ဟူ၍။
ပြင်သစ်  ပုံပြင်ဆရာ  လာဖွန်တိန်း(La Fontaine ၁၆၂၁- ၁၆၉၅) ကလည်း  အလားတူ
သင်ခန်းစာပေးသော  ပုံပြင်တစ်ပုဒ်  ရေးသားခဲ့သည်။  ကုလားအုတ်နှင့်  ထင်းစည်းပုံပြင်(The 
Camel and the Faggot)။ သူ့ပုံပြင်က နှစ်ပိုင်းဖြစ်၏။ ပထမအပိုင်းက ကုလားအုတ်။
ကုလားအုတ်ကို  ပထမ  စတွေ့သော  လူတစ်ယောက်က  ဘာကောင်ကြီးမှန်း  မသိဟူ၍
လန့်ပြီး ထွက်ပြေး၏။ ဒုတိယ တစ်ယောက်ကျတော့ နည်းနည်း အရဲကိုးကာ အနားသို့ တိုးလာ
သည်။  တတိယ  တစ်ယောက်  အလှည့်တွင်မူ  လည်ပင်းကို  ကြိုးကွင်းစွပ်ပြီး  ဖမ်းဖို့ပင်  ကြိုးစား
လာလေသည်တဲ့။ အတွေ့ အမြင် များသည့်အခါ အကြောက်အရွံ့ လျော့ပါးပြီး အားမနာပါးမနာ
ဖြစ်လာတတ်သလို တစ်ဖက်၌ မိ မိနှင့် မရင်းနှီး မယဉ်ပါး နားစွန်နားဖျား စမ်းတဝါးဝါး သိရသည့်
သူများကျတော့ အထင်ကြီး တတ်ကြ သည့် သဘောကို လာဖွန်တိန်းက ပုံပြင် ဒုတိယပိုင်းဖြင့်
ဆက်ပြောသည်။
သည်အပိုင်းက ကမ်းခြေမှာ ကင်းစောင့်တာဝန် ယူကြသူများ၏ အတွေ့အကြုံမှ ထွက်လာ
သည့် ပုံပြင်ဖြစ်သည် ဆို၏။ ကမ်းခြေမျှော်စင် မှနေ၍ ပင်လယ်ထဲ စောင့်ကြည့် နေရသော သူ
သည် ဟိုအဝေး ရေပြင် လှိုင်းဂယက်များ ကြားထဲမှ တရွေ့ရွေ့လာနေသည့် ထိုးထိုးထောင်ထောင်
အရာကို  မြင်လျှင်ရုတ်တရက်“ရွက်တိုင်၊  ရွက်တိုင်  မြင်တယ်။  စစ်သင်္ဘောကြီး  တစ်စင်း
လာနေတယ်”ဟု  ထ၍  အော်သည်။  နောက်ထပ်  စောင့်ကြည့်၍  ငါးမိနစ်ခန့်  ကြာလျှင်မူ  စစ်
သင်္ဘောကြီးတော့ မဟုတ်၊၊ ကမ်းရိုး တန်းသွား သင်္ဘောငယ် ဖြစ်မည်ဟု ဆိုသည်။ ထို့ထက်ပို၍
နီးလာသောအခါ  တစ်တက်လှော်  လှေငယ်ဟု  သူထင်လာသည်။  နောက်တော့  လှေမဟုတ်။
ဘေထုပ်  တစ်ထုပ်  ဖြစ်မည်ဟု  ယူဆပြန်သည်။  တကယ်  အနီးကပ်  ရောက်လာသည့်  အခါ၌မူထင်းစည်း တစ်စည်း မျောလာတာ ဖြစ်ကြောင်း သိရလေ တော့သည်၊ ဟူ၍။
နီးနီးစပ်စပ်လူ၊  ကိုယ်နှင့်  ရင်းနှီးသိကျွမ်းသူ  ဆိုလျှင်  အထင်မကြီး။  ဟိုအဝေးကလူ  လူတစိမ်း
ကျတော့  ထင်းစည်းကို  စစ်သင်္ဘော  ထင်သလို  မတန်မဆ  ရမ်းသမ်း၍  အထင်ကြီးတတ်ကြကြောင်းလာဖွန်တိန်းက ဆိုလိုက်ခြင်း ဖြစ်ပါသည်။ ရှေးတရုတ်တို့မှာလည်း သည်သဘောကို ဖော်ပြသည့် ရိုးရာပုံပြင်တစ်ပုဒ်ရှိသည်။ ကြက်ဖနှင့် ငန်းပုံပြင်။ 
လူးနယ်မှ မြို့စားကြီး အိုင်းထံတွင် တိယင်ဂျောင်းအမည်ရှိ အမှုထမ်းတစ်ယောက်ရှိသည်။ တိယင်
ဂျောင်းက မထင်မရှား ရာထူးကလေးမှာ တာဝန်ထမ်းဆောင် နေရတာကြာတော့ စိတ်ပျက်ကာ သူ့သခင်မြို့စားကြီးအား  လျှောက်ထားသည်။"ကျွန်တော်မျိုးတော့  တောငန်းဖြူကြီးတွေလို  ဟိုအဝေးဆီ  ပျံပြေးသွားတော့ မယ် ခင်ဗျ" 
"ဟေ...... ဘာဖြစ်တာတုန်းကွ။ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါဦး" မြို့စားကြီးက မေးသည်။
"မြို့စားမင်းကြီး၊  ခြံထဲက  ကြက်ဖကို  မြင်တယ်မဟုတ်လား" တိယင်ဂျောင်းက  ဆိုသည်။" သူ့ခေါင်းမှာဆောင်းထားတဲ့ အမောက်ဟာ ယဉ်ကျေးမှုကို ပြတဲ့ အမှတ်သင်္ကေတ တစ်ခုဖြစ်တယ်။ သူ့ခြေထောက်ကမာကြောတဲ့ ခြေသည်းနဲ့ ချွန်ထက်တဲ့ အတက်တွေဟာ သူရဲ့ခွန်အားကို ပြသနေတယ်။ ဘယ်ရန်သူကိုမဆိုယှဉ်ခွပ်ဖို့ ဝန်မလေးခြင်းက သူရဲ့ ရဲ့ဝံ့မှုကို ဖော်ပြနေတယ်။ အစာရှာတွေ့တဲ့ အခါတိုင်း အခြားတပါးကြက်တွေကို တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်းဟာလည်း သူ့ရဲ့ ရက်ရောသဘောကောင်းမှုကို ထင်ဟပ်ပြနေတယ်။ ညဥ့်ဦးယံကနေ မိုး သောက်ယံအထိ အချိန်မှန်မှန် တွန်ကျူးတတ်ခြင်းကတော့ အမှန်ကိုသာ ဆိုတတ်တဲ့  သူ့သဘောကို ထင်ရှား အောင်ပြသလို ရှိနေတယ်။ အဲဒီ  ဂုဏ်အရည်အသွေးကောင်း  ငါးရပ်နဲ့ပြည့်စုံပါလျက်  ကြက်ဖတွေဟာ  အရှင်မြို့  စားမင်းကြီး  ပွဲတော်တည်ဖို့အတွက်  နေ့စဉ်နဲ့အမျှ  သတ်ဖြတ်
ခံနေရတယ်။ ဘာကြောင့် သူတို့ကို တန်ဖိုးမထား အလွယ်တကူ သတ်စားနေရသလဲ။ အကြောင်းရင်းကလူနဲ့လက်လှမ်းတမီမှာ ရှိနေတဲ့ အတွက်ကြောင့်ပဲ။ သူဟာ လူနဲ့ စပ်လွန်းနေတယ်။ သူ့ကို အမြဲမြင်နေတွေ့နေရတယ်။ အဲဒီတော့ ရိုးသွားတယ်။ သူ့တန်ဖိုးတွေ ဘယ်လိုရှိတယ်ဆိုတာ မစဉ်းစားမိကြတော့ဘူး။ဟိုးမိုင်ပေါင်း  ထောင်ချီဝေးတဲ့အရပ်က  တစ်ခါတလေမှ  နယ်ပြောင်းပယ်ပြောင်း  ရောက်ရှိ  လာတတ်တဲ့
တောငန်းဖြူကြီးတွေ  ကျတော့  ကြက်ဖရဲ့ဂုဏ်အင်္ဂါနဲ့  ပြည့်စုံကြတာ  မဟုတ်ပေမယ့်   ရှားပါးတယ်၊  တွေ့ရခဲတယ်ဆိုတာ တစ်ခုတည်းနဲ့ မြို့စားကြီးက အင်မတန် တန်ဖိုးထားတယ်။ ဥယျာဉ်ထဲ ရေကန်ထဲမှာ ငါးတွေစား လိပ်တွေစား၊ ကောက်ပင်တွေ ကိုက်ဖြတ်နဲ့ အမျိုးမျိုး ဖျက်ဆီးပေမယ့် သူတို့ကို လုံးဝ ပစ်ခတ် သတ်ဖြတ်ခြင်းမရှိ၊ ဒီအတိုင်း အလှကြည့်ထားတယ်။ ဒါကြောင့်မို့ ကျွန်တော်မျိုးလည်း တော ငန်းဖြူကြီးများလိုဝေးရာဆီပဲ ပျံသန်းသွားတော့မယ်လို့ ပြောတာပါ"၊ ဟူ၍။မှန်သည်။  နီးလွန်းသည့်အခါ  မမြင်ဖြစ်တတ်သည်။  တွေ့ဖန်များသောအခါ  တန်ဖိုးမရှိ  ဖြစ်တတ်သည်။ အဲသည်သဘောကို လူအများ သိကြသည်။ သို့သော် သိသာသိသည်။ လက်တွေ့ မကျင့်ကြ။ အမှုမဲ့အမှတ်မဲ့ နေပြီး တကယ်ခံရသည့် အခါကျမှ တိယင်ဂျောင်းလို ထပြောကြသည်။ အဲသည့်အခါ အကျိုးမရှိ၊မထိရောက်။ ရှားရှားပါးပါး တချို့ပုဂ္ဂိုလ်များသာ သဘောတရားကိုလည်း သိသည်။ သတိဝိရိယထားကာတကယ် လက်တွေ့လည်း ကျင့်ကြံကြသည်။ အဲသည်လို ပု ဂ္ဂိုလ်များထဲမှ ထူးကဲကြီးကျယ်စွာ အောင်မြင်မှုရခဲ့သူ တစ်ဦးက ဒီအိုဆီး(စ) (Deioces.)။
တစ်ရံရောအခါက။ အာရှတိုက် အနောက်ပိုင်းဒေသတွင် ရာစုပေါင်းများစွကြာအောင် အဆီးရီးယန်းတို့ လွှမ်းမိုး ကြီးစိုးခဲ့ကြသည်။ ဘီစီ(၈)ရာစုတွင်မှ လက်အောက်ခံ နယ်မြေတစ်ခုဖြစ်သည့် မိဒိယဒေသ(ယခုခေတ်  အီရန်ပြည်  အနောက်မြောက်ပိုင်း) မှ  ပြည်သူပြည်သား  မီးဒီးများသည်  လက်နက်စွဲကိုင်ကာ အဆီးရီးယန်းတို့၏  ဓားမိုးအုပ်စိုးမှု  အောက်မှ  လွတ်မြောက်အောင်  တော်လှန်  ရုန်းထွက်နိုင်ခဲ့ကြသည်။
သို့သော်  လွတ်လပ်ခါစ  မီးဒီးတို့မှာ  ပြဿနာကြီးတစ်ရပ်  ရင်ဆိုင်ကြရသည်။  
အာဏာပြင်းသော  အဆီးရီးယန်းမင်းများ လက်အောက်တွင် ကာလရှည်ကြာ ရပ်တည်ခဲ့ရသည့်  ခါးသီးသော အတွေ့အကြုံကြောင့်မီးဒီးတို့သည် သက်ဦးဆံပိုင် ဘုရင်စနစ်ကို လုံးဝ မလိုလားနိုင်ကြ။ လူတစ်ဦး တစ်ယောက်တည်း လက်ထဲအာဏာစုံ အပ်နှင်းရမည့် အုပ်ချုပ်ရေး စနစ် မှန်သမျှ သူတို့ လက်မခံနိုင်၊ မစဉ်းစားနိုင်ကြ။
သို့သော် မည်သူ့ကိုမျှ ပြတ်ပြတ်သားသား ခေါင်းဆောင်အရာ မထားဘဲ နေကြ၍ ကာလအတန်
ကြာလျှင်ပင် တိုင်းပြည်၌ အထိန်းအကွပ် မရှိသလို ဖြစ်လာသည်။ ဥပဒေမဲ့ စည်းကမ်းမဲ့ ပရမ်းပတာတွေဖြစ်လာသည်။ တိုင်းပြည်ဟူသော အနေအထား ကွယ်ပျောက်ကာ သူတစ်လူ ငါတစ်မင်း ဖြစ်လာသည်။
မြို့ချင်း ရွာချင်း စစ်ခင်းရမည့် အနေအထားမျိုးတွေပင် မကြာခဏ ကြုံလာရသည်။ အဆိုးဆုံးက ရပ်ရွာများမှာ တရားဥပဒေ စိုး မိုးမှု မရှိခြင်းပင်။ တရားသူကြီးတွေက လာဘ်စား၊ တရားစီရင်ရေးစနစ်က ကစဥ့်ကလျား  ဖြစ်လာသည့်အခါ  လူတွေ  ရုံးပြင်ကနား  အားမကိုးတော့ဘဲ  ကိုယ့်အမှုအခင်း  ကိုယ့်ဘာသာရှင်းမည် ဆိုတာမျိုးတွေ ပေါ်ပေါက် လာသည်။ သည်အခါ အေးချမ်းစွာနေလိုသော လူအများက တရားမျှမျှတတ  တိတိကျကျ  အုပ်စိုးမည့်သူကို  မျှော်လာကြသည်။  အဲသည်အချိန်  ရွာတစ်ရွာမှာ  ဒီအိုဆီး(စ) အမည်ရှိ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာသည်။ သည်ပုဂ္ဂိုလ်သည် ဖြောင့်မတ်တည်ကြည်သည်။ သမာသမတ်ရှိသည်။  ရပ်ရွာရှိ  အမှုအခင်းများကို  တိကျမှန်  ကန်စွာ  စီရင်ဖြေရှင်းပေးနိုင်သော  ဉာဏ်ပညာနှင့်လည်းပြည့်စုံသည်ဟု သတင်းထွက်လာသည်။ နာမည် သတင်း ကျော်ကြားလာသည့်အခါ ရပ်ဝေးရပ်နီး မြို့ရွာများမှပါ သူ့ထံ အဆုံးအဖြတ်ခံရန် ရောက်ရှိလာကြသည်။ တဖြည်းဖြည်း သူ့သြဇာရှိန်ဝါ ကြီးမားလာပြီး နောက်
ဆုံးတော့ မိဒိယ တစ်နယ်လုံးမှာ သူက ကြည်ညိုလေးစားမှု အခံရဆုံး  ပုဂ္ဂိုလ်ဖြစ်လာသည်။ သို့သော် အရှိန်အတက်ဆုံး အချိန်၊ အခိုက်အတန့်တစ်ခုမှာ ဒီအိုဆီး(စ) ရုတ် တရက် သဘောထား ပြောင်းသွားသည်။အရပ်တကာမှ လူအချင်းချင်း ဖြစ်သည့်အမှု၊ ရွာအချင်းချင်း ဖြစ်သည့်အမှု စသည့် အမှု အခင်းပေါင်းစုံကို  သူရှင်းပေးခဲ့ရတာ  သိပ်များသွားပြီ။  တော်လောက်ပြီ။  ကိုယ့်အလုပ်ကိစ္စ  မိသားစု  အရေးကိစ္စတွေကို သည့်ထက် ဆက်ပြီး ပစ်မထားနိုင်တော့။ သည့်ကနေ့မှ စပြီး ဘယ်အမှုအခင်းမှ လက်မခံတော့ဟုဆိုကာ  တကယ်လည်း  အမှုကိစ္စတွေ  လှည့်မကြည့်ဘဲ  လုံးဝ  ဘေးဖယ်  နေလိုက်သည်။  ဒီအိုဆီး(စ)လိုအရှိန်အဝါ ကြီးသည့် ခုံသမာဓိ လူကြီးတစ်ယောက် ရု တ်တရက် ပျောက်ကွယ် သွားသည့်အခါ အမှုအခင်းတွေ  မှိုလိုပေါက်လာသည်။  ရာဇဝတ်မှု  ထူပြောလာသည်။  ခိုးသားဓားပြတွေ  ထကြွလာသည်။  ရပ်ရွာမှာလူကောင်း သူကောင်းတွေ အားလုံး ကျီးလန့်စာစား ဖြစ်ရပြန်သည်။ သည်အခါ မြို့ရွာစုံမှ ရပ်မိရပ်ဖတွေစုဝေးကာ ပြဿနာ ဖြေရှင်းရန် နည်းလမ်း ရှာကြရသည်။ မင်းမဲ့တိုင်းပြည် အနေနှင့် ဆက်နေ၍ မဖြစ်တော့၊တစ်စုံ တစ်ယောက်ကို အုပ်ချုပ်ခိုင်းမှ ဖြစ် တော့မည်ဟု အားလုံးသဘောပေါက်ကာ အကြီးအကဲ တင်မည့်သူကို စဉ်းစားကြသည်။ သည်အခါ တရားမျှတ သော ခုံသမာဓိလူကြီး ဒီအိုဆီး(စ)ကိုပင် အများ မြင်လာကြသည်။  သို့နှင့်  အစိတ်စိတ်အမြွှာမြွှာလို  ဖြစ်နေသော  မိဒိယဒေသ  မြို့ရွာများကို  စုစည်းပြီး  မင်းလုပ်အုပ်ချုပ်ပါရန် သူ့အား ဝိုင်း၍ မေတ္တာရပ်ခံကြသည်။ အစတွင် ဒီအို ဆီး(စ)က လက်မခံ။ အရပ်ရပ်ပြဿနာတွေဖြေရှင်းရသော အလုပ်ကို သူစိတ်ကုန်သွားပြီ၊ ငြီးငွေ့ပြီဟုဆိုသည်။ 
ရပ်မိရပ်ဖတို့က  တိုင်းပြည်ရပ်ရွာအိုးအိမ်  စည်းစိမ်တွေ  ပျက်စီးတော့မည့်  ဘေးကြီးနှင့်  ကြုံတွေ့နေရပြီ။  သူမကယ်လျှင်  မိဒိယပြည်  ပျက်တော့မည်ဟု  အကြိမ်ကြိမ်  တောင်းပန်တော့မှ  ဒီအိုဆီး(စ)ကမင်းအဖြစ် ဆောင် ရွက်ရန် လက်ခံသည်။ သို့သော် သူက သူလိုချင်သော အနေအထားတွေ အရင်ဆုံးတောင်းဆိုသည်။  သူ့အတွက်  နန်းတော်ကြီး  တစ်ဆောင်  တည်ဆောက်ပေးရမည်။  ကိုယ်ရံတော်  တပ်ဖွဲ့
တစ်ခု  ထားရှိခွင့်  ပြုရမည်။  မြို့  ရွာများ  အားလုံးကို  အုပ်ချုပ်ရန်  ဗဟိုဌာနအဖြစ်  မြို့တော်တစ်ခု  တည်ဆောက် ပေးရမည်၊ ဟူ၍။အားလုံး  သဘောတူ  ကြသဖြင့်  မြို့တော်ကြီး  တည်ဆောက်ကြသည်။  မြို့တော်၏  အလယ်တွင်တံတိုင်း အထပ်ထပ် လုံခြုံစွာ ကာရံလျက် နန်းတော်ကြီး တည်ဆောက်သည်။ ထို့နောက် ဒီအိုဆီး(စ)က
သူအလုပ် လုပ်မည့် ပုံစံကို ကြေညာသည်။ နန်းတော်တွင်းသို့ သာမန်အရပ်သူ အရပ်သားများ ဝင်ထွက်ခွင့်မပြု။ အပြင်လူများ သူနှင့် တိုက်ရိုက် တွေ့ဆုံစရာ မလို။ ရှင်ဘုရင်အား ဆက်သွယ် ပြောကြားစရာရှိလျှင်စေတမန်များမှ  တစ်ဆင့်  ဆက်သွယ်  ပြောကြားနိုင်သည်။  နန်းတွင်းသူ  နန်းတွင်းသား  မှူးမတ်များသည်လည်း  ကြိုတင်ခွင့်ပြုချက်  တောင်း  ခံပြီးမှသာ  ရှင်ဘုရင်နှင့်  တွေ့ခွင့်ရနိုင်မည်။  သို့သော်  မည်သူမျှတစ်ပတ်လျှင် တစ်ကြိမ်ထက် ပို၍ တွေ့ခွင့်မရှိ။
အဲသည်ပုံစံဖြင့် ဒီအိုဆီး(စ)သည် မိဒိယပြည်ကို ၅၃ နှစ်မျှကြာအောင် အုပ်စိုးသွားခဲ့သည်။ သူ့လက်ထက်တွင် မိဒိယသည် မူလကထက် နယ်မြေဧရိယာ များစွာ တိုးတက်ကျယ်ဝန်းကာ အင်ပိုင်ယာ နိုင်ငံတစ်ခု ဖြစ်လာပြီး နောင်တစ်နေ့ အနောက်အာရှဒေသတွင် အကြီးအကျယ် တန်ခိုးကြီးမားလာမည့် ပါရှန်းအင်ပိုင်ယာကြီးကို  အခြေချ  ပေးနိုင်ခဲ့သည်။  သူအုပ်စိုးစဉ်  ကာလတစ်လျှောက်လုံးပင်  တိုင်းသူပြည်သားတို့က  ဒီအိုဆီး(စ)ကို  လေးစားကြည်ညိုကြသည်။  ဖူးမြော်ခွင့်  ရခဲလှသော  ရှင်ဘုရင်အပေါ်  ထားရှိသည့်သူ့ပြည်သူတို့၏ ကိုးစားယုံ ကြည်မှုမှာ တစ်နေ့တခြား တိုးပွားခဲ့ရာ နောက်ပိုင်း၌ ကိုးကွယ်သည့် အဆင့်လောက်အထိ ရောက်လာသည်။ ဒီအိုဆီး(စ) မင်းကြီးသည် သာမန်လူသားမဟုတ်၊ နတ်မျိုးနတ်နွယ်မှ ဆင်းသက်သူ ဖြစ်သည်ဟူ၍ပင် တိုင်းသူ ပြည်သား လူအများတို့ ယုံမှတ်ခဲ့ကြလေသည်။
[မဟေသီ  ၂၀၀၁၊ မေ]
ဖေမြင့် တန်ဖိုးထားအပ်သောအရာများ

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...