pages

Saturday, September 1, 2012

မေတ္တာသုတ်တွင်ပါသောကျင့်ဖွယ်ရာများ


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သန္တံ ၊ ငြိမ်သက်အေးချမ်းသော ။ ပဒံ ၊ နိဗ္ဗာန်ကို ။ အဘိသမေစ္စ ၊ အာရုံယူဘိ ထွင်းဖောက် မြင်သိ၍ ။ ( ၀ိဟရိတုကာမေန ၊ နေခြင်းငှာ အလိုရှိသော ) အတ္ထကုသလေန ၊ အကျင့်အမျိုမျိုးအကျိုးစီးပွား၌ လိမ္မာသူသည် ။ ယံ ကရဏီယံ ၊ ပြုကျင့်ရမည့်သိက္ခာ သုံးရပ် အကျင့်မြတ်သည် ။ အတ္ထိ ၊ ရှိ၏ ။

 တံ ၊ ထိုသိက္ခာသုံးရပ်အကျင့် မြတ်ကို ။ ကရဏီယံ ၊ ပြုကျင့်ထိုက်ပေ၏ ။ 
(၁)သက္ကော စ ၊ စွမ်းနိုင်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
(၂) ဥဇူ စ ၊ ဖြောင့်မတ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
(၃) သုဟုဇူ စ ၊ အလွန်ဖြောင့်မတ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ 
(၄)သုဝစော စ ၊ ဆိုဆုံးမလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
(၅) မုဒု စ ၊ နုညံ့ပျော့ပျောင်းသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
(၆) အနတိမာနိ စ ၊ မာန်ထောင်လွှားခြင်းမရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။( ၇ ) သန္တုဿကော စ ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
( ၈) သုဘရော စ ၊ အမွေးအမြူလွယ် သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ 
( ၉)အပ္ပကိစ္စော စ ၊ နည်းပါးသောကိစ္စရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ 
(၁၀)သလ္လဟုက၀ုတ္တိ စ ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ 
(၁၁)သန္တိန္ဒြိယော စ ၊ ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
(၁၂) နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
(၁၃)အပ္ပဂဗ္ဘော စ ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
(၁၄) ကုလေသု ၊ အိမ်သူ လူတို့၌ ။ အနနုဂိဒ္ဓေါ စ ၊ တွယ်တာမက်မောခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...