pages

Sunday, September 2, 2012

ခန္တီဆိုတာ



ခန္တီကိုသည်းခံခြင်းလို့ မြန်မာလို ဘာသာပြန်ကြပါတယ်။ခန္တီဟာဘာကိုသည်းခံတာလဲ။ ဒါဟာ အရမ်းကိုအရေးကြီးပါတယ်။သူတပါးကိုမနိုင်လို သည်းခံနေတာကို ခန္တီလို့မခေါ်နိုင်ပါဘူး။ ကိုယ့်စိတ်ကို ကိုယ်နိုင်လို့သည်းငြင်းခံနိုင်တာကိုပဲသည်းခံတယ်ခေါ်ပါတယ်။တချို့က မနိုင်လို့ ပြန်မလုပ်တာကိုသည်းခံတယ်ထင်ပြီး သည်းခံတာဟာလက်မြှောက်အရှုံးပေးတာလို့ ထင်တတ် ပါတယ်။သည်းခံတယ်ဆိုတာတကယ်တော့ အရှုံးပေးလိုက်တာမဟုတ်ပါဘူး။ ခန္တီဆိုတာဟာ မူလ ရှိရင်းစိတ်ထားမပျက်အောင် ရှိနေနိုင်တာကို ခန္တီလို့ခေါ်တာပါ။
သူကလည်း စွမ်းရည်သတ္တိတစ်မျိုး ပါပဲ။
ခေတ်ပေါ်ပစ္စည်းတွေ အကောင်းဆုံးလိုချင်ရင် originalပစ္စည်းတွေကိုရွေးသုံးကြတယ်မဟုတ် လား။အခုလည်းဒီလိုပါပဲ။ ခန္တီဆိုတာ  “practise to be originaly mind.” စိတ်ကို မူလ အနေအထားတရပ်အတိုင်းရှိနေအောင် ထားရှိခြင်းပါပဲ။ ဥပမာ လူတစ်ယောက်က ကိုယ့်ကို ဆဲဆို လာမယ်ဆိုပါစို့။မိမိကမိမိစိတ်ကိုချုပ်တီးပြီးသည်းခံနေလိုက်တယ်။မိမိရဲ့စိတ်ကို ဒေါသက မအုပ်စိုး မချယ်လှယ်နိုင်အောင်နေမယ်ဆိုရင် ပြည့်ဝတဲ့စိတ်ရှိသူလို့ဆိုနိုင်ပါတယ်။ဒီလိုမှ မဟုတ်ဘဲ မိမိက မိမိစိတ်ကိုမထိန်းနိုင်ဘဲလျက် ပြန်လည်တုန့်ပြန်မယ်ဆိုရင် မူလအနေအထား ဆိုတဲ့ရာထူးက ပြုတ်ကျပျက်စီးသွားပါတယ်။ ဒါဟာစိတ်ပျက်စီးသွားတဲ့သဘောပါပဲ။အဲဒီလိုပျက်စီးသွားမှုမရှိဘဲ သူတပါးတွေရဲ့စိတ်ဓာတ်ကမိမိကို မအုပ်စိုးနိုင်သွားနိုင်အောင် ထိန်းထားနိုင်တာဟာ ခန္တီဖြစ်ပါတယ်။
ခန္တီဆိုတာ အရှုံးပေးမှုမပါဘဲ သူတပါးတွေရဲ့စိတ်­က မိမိအပေါ်ကို မလွှမ်းမိုး မခြယ်လည်နိုင်အောင် ထားတဲ့စိတ်စွမ်းရည်တရပ်ကို ခေါ်ဆိုခြင်းပါ။လူစွမ်းကောင်းတွေရှိတဲ့ စိတ်ထားလို့ပြောရင်လဲ မှန် နိုင်ပါတယ်။ဒါကြောင့်ခန္တီဆိုတာအနိင်ယူခြင်းတရပ်ပါပဲ။                        ခန္တီရဲ့သဘောတရားကိုနားလည်စေချင်လို့ပါ။
ခန္တီ ပရမံ တပေါ တိတိက္ခာ။
တိတိက္ခာ ဟုဆိုအပ်သော သည်းခံခြင်းသည် မြတ်သောအကျင့်တည်း။
အဆူဆူသောဘုရားများ

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...