pages

Sunday, September 16, 2012

အင်တာနက်မှာ ရှာရင် အလွယ်တကူသုံးဖို့ Google search ရဲ့အလွယ်တကူ အသုံးပြုပုံလေးတွေကို စုပြီးshare လိုက်တယ်နော်။ (၁)ပထမဆုံး ဂူဂဲရဲ့search box မှာ သမရိုးကျရိုက်ရှာနေမဲ့အစား advanced search ဆိုတဲ့လင့်မှာ click နှိပ်ပြီး ရှာဖွေကာ ကိုယ်လိုချင်တဲ့ ဖိုင်ရဲ့ extention (e.g).doc, .jpg, .exe, .mp3 စသည်ဖြင့်ရိုက်ရှာမယ်ဆိုရင် တိတိကျကျ ရရှိနိုင်ပါတယ်။ advanced searchရဲ့ အားသာချက် နောက်တခုကတော့ “top level domin name တွေ(.co.uk,.com)ကို domain ရှိတဲ့ ၀က်ဆိုက်တွေကို “*.co.uk”,“*.com” စသဖြင့်ရှာဖွေနိုင်ပါတယ်။ နောက် author chrckov ဆိုတဲ့ စကားလုံးကို Pharse world တွေသုံးပြီး ရှာမယ့်အစား author ဆိုတဲ့စကားလုံးကိုအရင်ရှာပြီး နောက်တဆင့်တက်ကာ chrckov ကိုရှာမယ်ဆိုရင် ပိုပြီးမြန်ဆန်နေမှာပါ။ (၂)AND , OR တို့ကိုအသုံးပြုပြီးရှာမယ်ဆိုရင် မိမိလိုချင်တာကို ပို့ရနိုင်မှာပါ။ ဥပမာ actor AND actress ဆိုပြီးရိုက်ရှာရင် မင်းသားနဲ့မင်းသမီးစုံတွဲပုံတွေကိုအလွယ်တကူရှာဖွေနိုင်မှာပါ။ yangon AND landon လို့ရိုက်ရှာရင် ရန်ကုန်နဲ့ လန်ဒန် နှိုင်းယှဉ်ချက်တွေကိုတွေ့ရမှာပါ။ ORကတော့ တခုမဟုတ်တခု ဆိုတဲ့ သဘောကိုဆောင်တဲ့အတွက် “girl OR glass” ဆိုပြီးရိုက်ရှာရင် girlကိုရောglass ရောပါ ပါဝင်ဖွဲ့စည်းထားတဲ့ webpage မှန်သမျှဆွဲထုတ်ပေးပါမယ်။ သတိထားရမှာက AND ,OR တို့ကို Capital letter(စာလုံးအကြီး) နဲ့သာ သုံးရမှာပါ။ (၃)Synonym စကားလုံးကို ကိုယ်ကမေ့နေတယ်ဆိုရင် ~ သင်္ကေတကိုသုံးနိုင်ပါတယ်။ဥပမာ beautiful ဆိုတဲ့စကားလုံးကိုမေ့နေတယ်။Pretty ကိုပဲ သတိရတယ်ဆိုရင် “~Pretty” နဲ့ရိုက်ရှာမယ်ဆိုရင် Beautiful ဆိုတဲ့tag နဲ့တင်ထားတဲ့ပုံတွေကော Pretty နာမည်နဲ့ ယူထားတဲ့ ပုံရိပ်တွေကိုပါ တွေမြင်ရမှာပါ။ (၄) “-” သင်္ကေသဟာလဲ အသုံးဝင်တဲ့ special operator တခုပါပဲ။ဒါကိုတော့ ကိုယ်မလိုချင်တဲ့ keyword ရဲ့ရှေ့မှာထည့်ပေးရမှာပါ။e.g “pretty girl-glass”ရလဒ်ကတော့မျက်မှန်မပါတဲ့ ကောင်မလေး လှလှလေးကို တွေမြင်ရခြင်းပါပဲ။ (၅) ကိုယ်လိုချင်တဲ့ filetype ကိုထည့်ရှာရင် လျင်မြန်စွာရှာတွေနိုင်မှာပါ။ e.g “akyitaw -file type: pdf” ဒါဆိုရင် နည်းနည်း mix ရအောင်။ “girl and pretty” -glass file type: doc (၆) အလွန်အရေးပါတဲ့ special operatorတခုရှိသေးတယ်ဗျ။ “intitle : girl”ဆိုရင် girl ပါဝင်တဲ့ ခေါင်းစဉ်တိုင်းပြမှာပါ။ “index”page တွေမှာရှာချင်ရင်တော့ “index of intitle : girl” ပေါ့ဗျာ။ “URL” လို့ခေါ်တဲ့ လိပ်စာအတွင်းမှာသာရှာချင်ရင်တော့ “inURL : girl” (၇) “Related:” ကတော့ ထပ်တူ ဆက်စပ် page တွေကိုရှာမှာပါ။ “related: www.myanmarmp3.net” ဆိုရင် ၄င်းနဲ့ဆင်တူတဲ့ တခြားwebpage တွေကို တွေရမှာပါ။ “info” ကတော့ ၄င်းစာမျက်နှာနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်အသေးစိတ်တွေကို တွေရမှာပါ။ e.g- “info. http://www.myanmaritpros.com/” (၈) Google directory တဲ့ အသုံးဝင်မဲ့ဆိုက်ပါပဲ။search သုံးလို့အားမရသေးရင်တော့သုံးကြည့်နော်။ http://directory.google.com (၉) Google news တဲ့ သတင်းအချက်အလက်တွေကို ကြည့်ချင်သူတွေအတွက်ပါ။google search box မှာ “intext:” လို့ရိုက်ရှာလို့ရသလို ပိုပြီးတိကျတဲ့သတင်းတွေကိုသိချင်ရင်တော့ http://news.google.com ကိုသွားပြီး “intext:”ခံကာ ရိုက်ရှာနိုင်ပါတယ်။ဥပမာ-“intext:yangon” သတင်းတွေထဲမှာနေရာ အတိအကျမသိတာတွေကို “location”နဲ့ရှာနိုင်ပါတယ်။ဥပမာ accident location : UK* ကြယ်ပွင့်ကတော့ အသအကျမသိတဲ့နေရာကို ဆိုလိုတာပါ။ (၁၀) ပုံတွေလိုချင်ရင်တော့ http://image.google.com နော်။မြန်မာနိုင်ငံက နောက်ဆုံး update လုပ်ထားတဲ့ပုံတွေ ရခိုင်မှာဖြစ်ပျက်ခဲ့တာတွေ၊ ၂၀၀၇ အရေးအခင်းကပုံတွေက အစ အောင်ဆန်းစုကြည်ပုံတွေ ကိုပါတွေရမှာပါ။photo အတွက်ကတော့ http://photo.google.com နော်။ (၁၁) အင်တာနက်ပေါ်ရောက်နေပြီဆိုရင် ၀င်းဒိုးက calculatorကိုမေ့ထားလိုက်ပါ။excel ကိုလည်းရပ်လိုက် တော့။ google က ဂဏန်းလဲတွက်လို့ရတယ်။ 125* 175 ဆိုပြီးရိုက်ထည့်လိုက်ရင် တိကျတဲ့ အဖြေကို တွေ့ရမှာပါ။ * က အမြှောက်လက္ခဏာကို ကိုယ်စားပြုပါတယ်။ / လက္ခဏာက အစားပေါ့။ google ဟာ ငွေကြေးကိုလည်း သိရှိပါတယ်။ ဥပမာပေါင်(၂၀၀)ဟာ ယူရိုဘယ်လောက်နဲ့ ညီမျှသလဲ ဆိုရင် 200 pounds in euros လို့သာ ရိုက်ထည့်လိုက်ပေါ့ဗျာ။ အပူချိန် ကိုလဲ ပြောင်းလဲ ပြီးသိနိုင်ပါတယ်။ 98F to C (၁၂) ဂဏန်းတွေကို ရောမအက္ခရာနဲ့လည်းသိဖို့အခက်ပါဘူး။ ‘8603 in roman numerals’ (၁၃) google ရဲ့ igoogle ကိုလည်းသုံးကြည့်အုန်းနော်။ ကိုယ်ရဲ့ ကိုယ်ပိုင် ကမ္ဘာငယ်လေးပါ။ (၁၄) မြေပုံအတွက်တော့စိတ်မပူနဲ့ ကိုယ်လိုချင်တဲ့ မြို့ရဲ့ နာမည်ရိုက်ပြီး map လို့သာရိုက်ထည့်လိုက် ပေတော့။ဒါမှမကျေနပ်ဘူးဆိုရင်တော့ http://map.google.com ကိုသာဝင်လိုက်ပေတော့။ (၁၅)သိပြီးသူတွေအတွက်တော့မဟုတ်ပါဘူး။ကမ္ဘာမြေကြီးကို အပေါ်စီးကနေ ကြည့်ချင်ရင်တော့ http://earth.google.com ကိုဝင်လိုက်နော်။ပြီးဒေါင်းလိုက်ပေါ့။ (၁၆)နိုင်ငံခြားဘာသာစကားတွေလေ့လာနေသူတွေအတွက်ကတော့ www.google.com/translate ကအကောင်းပဲဗျ။ မြန်မာစကားကလွဲရင် ဘာသာစကားတော်တော်များများကို ဘာသာပြန်နိုင်ပါတယ်။ဒါမှ မဟုတ်ရင်လဲ “http://www.google.com/language_tools” မှာpaste လုပ်ပြီးလဲ ဘာသာပြန်ကြည့်ပေါ့။ (၁၇)ဘယ်နှစ်နာရီထိုးပြီလဲ။သိချင်လား။ကိုယ်သိချင်တဲ့ time ကိုရိုက်ပြီးရင် ကိုယ်သိချင်တဲ့နေရာကို သာ ရိုက်ထည့်လိုက်ပါ။တချို့ အင်တာနက်ဆိုင်ကနာရီက မမှန်နေရင်တောင်မှ အကူအညီပေးမှာနော်။ (၁၈)spelling စစ်ချင်ရင်လဲ ရပါတယ်။ “spell: myammar” လို့ရိုက်ထည့်လိုက်။အမှန်ပြင်ပေးလိုက်မယ်။ (၁၉) “population” ကလဲ အသုံးဝင်မှာပါ။ “population of USA” (၂၀)ပျော်စရာနဲ့ စိတ်ကြည်နူးစရာလေးတွေကိုတော့ http://www.google.com/intl/xx-kligton ရှာပေတော့။ http://www.google.com/intl/xx-bork ကိုလဲဝင်ကြည့်ဖို့မမေ့နဲ့နော် (၂၁)ရေပန်းစားတဲ့ brand တွေကိုသိချင်ရင်တော့ http://www.google.com/trends ကိုသာဝင်လိုက်ပါ။ For gmail (၁၃) Gmail မှာကိုယ်လိုချင်တဲ့ ဖိုင်တွေကို online store အနေနဲ့သိမ်းထားလို့ရပါတယ်။ ရလဒ်ကတော့ အမြဲတမ်းဖွင့်နေကျ gmail ဖွင့်ရုံနဲ့ရနိုင်ပါတယ်။ -ပထမဆုံး setting ထဲကိုဝင်ပါ။ label မှာ Notes ဆိုတဲ့ အမည်တခု တည်ဆောက်ပါ။ပြီးရင် Filter ထဲကိုဝင်ပါ။ create new filter ကိုနှိပ်ပါ။ -Emailမှာ သင့်နာမည်+Notes@gmail.com ကိုပေးပါ။ Toမှာ သင့်နာမည်+Notes@gmail.com ကိုရိုက်ထည့်ပါ။skip the inbox ကို အမှန်ခြစ်ပေးပါ။ပြီးရင်တော့ ဘယ်မေးကပဲဖြစ်ဖြစ် toနေရာမှာ သင့်နာမည်+Notes@gmail.com ဆိုပြီးပို့နိုင်ပါတယ်။ ဒါဆိုရင် Notes ဆိုတဲ့ label ထဲကိုပဲရောက်သွားမှာမို့ ခက်ခဲစွာရှာစရာမလိုတော့ပါဘူး။ ကိုယ့်မေးနဲ့ကိုယ်ပို့ပြီး ဒေတာတွေကိုသိမ်းထား နိုင်ပါတယ်။ကိုယ့်မေးနဲ့ကိုပို့ရင်တော့ to နေရာမှာNotes လို့ တော့ရိုက်ထည့်ပေးရင်လည်းရတယ်နော်။ vedio file တွေ image file တွေကိုလဲအလွယ်တကူသိမ်းထား နိုင်တာပေါ့နော်။ Google က သူ့ရဲ့မေးမှာလဲ ရှာဖွေပေးတဲ့စနစ်ကို ထည့်သွင်းထားတယ်နော်။ ‘From:’ ကပို့သူထံမှာစာတွေကိုပြပါတယ်။ from:mg mg ‘to:’ ကလက်ခံသူထံ to: aung aung ‘OR:’ form:mgmg OR form:aungaung ‘_’ ကိုယ်မပါစေလိုတဲ့ အရာ mgmg-aungaung ‘has: attachment’ Attach fileတွေရှာမယ်။ from:mgmg has:attachment ‘in: inbox’ in: inbox form:mgmg Inbox ထဲက မောင်မောင်ဆီကစာတွေကိုရှာမှာပါ။ ဒီနည်းတူ ‘in:trash’ ‘in:spam’ ‘in:chat’ စတာတွေလဲသုံးနိုင်ပါတယ်။ Gmailမှာ exe file စတာတွေကို ပို့ခွင့်မပြုတဲ့အတွက် ပို့ချင်တယ်ဆိုရင် ‘win rar’ file, ‘zip’ file တွေနဲ့ချုံ့ပြီးပို့နိုင်ပါတယ်။ဒါမှမဟုတ်ရင်လဲ .doc, .jpg, စတဲ့ဖိုင်တွေပြောင်းပြီး နောက်မှ exe ဖိုင်ပြန်ပြောင်းကာ ပြန်လည်ရယူနိုင်ပါ တယ်။

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...