(၁)ဥဋ္ဌာန သမ္ပဒါ-ထကြွလုံ့လနဲ့ပြည့်စုံခြင်း
ကျွန်တော်တို့
ဗုဒ္ဓဘာသာတွေက စေတနာကောင်းရင်၊ ဘုရားရှိခိုးနေရင်၊ ပရိတ်ပဋ္ဌာန်းစ တဲ့တရား စာတွေ ဂါထာတွေ
ရွက်နေရင်၊ ပုတီးစိပ်ရင် အလိုလိုပစ္စည်းဥစ္စာတွေ ၀င်လာတယ်လို့ထင်ကြ တယ်။ တချို့ နလဘိန်းတုန်းတွေကတော့
နတ်တို့၊ ဓာတ်တို့ကိုးကွယ်နေရင်သူတို့က မစမယ်လို့တောင် ယုံကြည်နေကြသေးတယ်။ဒီနေရာမှာ
ကြားဖြတ်ပြီးပြောချင်တာက ဗုဒ္ဓဘာသာဆိုတာ
၁။creator
၂။saviour
၃။destroyer
ဆိုတဲ့ပုဂ္ဂိုလ်သုံးမျိုး သို့မဟုတ် အရာသုံးမျိုးကိုပယ်ပြီး
မိမိမှာရှိတဲ့ စွမ်းရည်သတ္တိကိုအသုံးချတဲ့သူကို
ဆိုလိုတာပါ။
တနည်းအားဖြင့် အဲဒီသုံးကို ပယ်ခြင်းပါပဲ။စွမ်းရည်သတ္တိဆိုတာ
အပြင်ဘက်စွမ်းရည်သတ္တိနဲ့ အတွင်းဘက်စွမ်းရည်ဆိုပြီးနှစ်မျိုးရှိပါတယ်။ဗုဒ္ဓဘာသာဟာ External
powerကို အားမကိုးပဲ မိမိနှလုံးသားထဲက Internal
powerဆိုတဲ့ စိတ်စွမ်းရည်သတ္တိကိုသာလျှင် အားကိုးပါတယ်။ မိမိသည်သာလျှင်မိမိရှိ အားကိုးရာပဲမဟုတ်လား။
တော်ကြာ
ဗုဒ္ဓဘာသာလို့ အမည်ခံပြီး ဗုဒ္ဓဘာသာမဖြစ်ပဲ ဖြစ်နေအုန်းမယ်။
ကဲဟုတ်ပြီ။ဝီရိယရဲ့ ဘယ်လောက်အရေးကြီးသလဲ
ဆိုတာပြောရအောင်။မြတ်စွာဘုရား ဟောကြားတော်မှုတဲ့ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ကိုအကျဉ်းချုံ့ရင်
ဗောဓိပက္ခိယတရား ၃၇ပါး ရပါတယ်။အဲဒါကိုအကျဉ်းပြန်ချုံ့ရင် မဂ္ဂင် ၈ပါးရတယ်။ ထပ်ချုံ့ရင်သီလ၊
သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးရပြန်ပါတယ်။ဒီထဲမှာပြောချင်တာက ဗောဓိပက္ခိယတရား ၃၇ပါးအကြောင်းပါ။
ဗောဓိပက္ခိယတရား ၃၇ပါး ဆိုတာက နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ တရား၃၇ပါးလို့ အဓိပ္ပါယ်ရပါတယ်။
ဒါတွေကိုတရားကိုယ်ကောက်လိုက်ရင် တရားကိုယ် အများဆုံး တရားကိုယ်ဟာ ၀ီရိယပါ။ဝီရိယရဲ့
ဋ္ဌာနဟာ ၉ဋ္ဌာနရှိပါတယ်။ဝီရိယ လုပ်ဆောင်ရတဲ့နေရာ၉ နေရာရှိ ပါတယ်။ဆိုလိုတာက ၀ီရိယလုပ်မှဖြစ်နိုင်တဲ့နေရာ
အားစိုက်ပြီးလုပ်မှ ပြီးနိုင်တဲ့အရာ၉ခု ရှိပါတယ်။ဒါဟာဘာကိုပြသလဲဆိုရင်ဗုဒ္ဓ၀ါဒဟာ ၀ီရိယဟာအရမ်း
အရေးကြီးတယ်ဆိုတာကို ပြတာပဲ။ဝီရိယရှိမှသာလျှင်အရာရာပြီးစီးအောင်မြင်မှာပါ။ဝီရိယမပါဘဲဘယ်အရာမှ
အောင်မြင် ပြီးမြောက်သွားဆိုတာမရှိပါဘူး။
ဗုဒ္ဓ၀ါဒဟာ သူတပါးအားကိုးနေတဲ့ဝါဒမဟုတ်ပါဘူး။ကိုယ်တိုင်ဖန်တီးယူရမယ်ဆိုတဲ့
theory ကိုပြောပြတဲ့ဝါဒပါ။တခါက လူငယ်လေးတဦးဟာ ဗုဒ္ဓထံရောက်ရှိလာပြီးဗုဒ္ဓကိုမေးလျှောက်ဘူး
တယ်။ “အကျိုးစီးပွား အလုံးစုံရရေအတွက် ပဓာနအကျဆုံး၊ အရေးအကြီးဆုံး အကြောင်းတစ်ခု ကိုအတိုဆုံး
ပုဒ်နဲ့ပြောနိုင်ပါသလား။ပြောနိုင်ရင်အဲဒီတစ်ခုတည်းသောပုဒ်ဟာ ဘာပါလဲ”တဲ့။ အဲဒီအခါဗုဒ္ဓက “အကျိုးစီးပွား အလုံးစုံကို သိမ်းကျုံမိတဲ့
အကျိုးစီးပွားဖြစ်ကြောင်း ပုဒ်ကတော့ ၀ီရိယဖြစ်တယ်” လို့ ဖြေခဲ့ဖူးပါတယ်။
ဝီရိယဆိုတဲ့နေရာမှာ
၁။ လုပ်ငန်းကျွမ်းကျင်မှု
(skill)
၂။ ဇွဲ(perseverance)
၃။ နည်းစနည်း(method or technology) ဒီသုံးခုပါဝင်နေပါတယ်။ဒီသုံးခုပါဝင်ပေါင်းစပ်ပြီးလုပ်ဆောင်တာကိုသာ
ဝီရိယလို့ခေါ်ပါတယ်။ လူဆိုတာ ၀ီရိယအားကိုးရတဲ့ပုဂ္ဂိုလ်ပါ။ဝီရိယမရှိရင် ဘယ်အရာမှ မပြီးစီးနိုင်ပါဘူး။ဒါကြောင့်
ထကြွနိုးကြားခြင်းဟာ
အောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတရပ်ပါပဲ။
၂။အာရက္ခ
သမ္ပဒါ - ကာကွယ်စောင့်ရှောက်မှုနဲ့ ပြည့်စုံခြင်း
ဝီရိယရှိလို့
ရရှိလာပြီဆိုရင် ရရှိလာတဲ့ ဥစ္စာကို စောင့်ရှောက်တတ်ဖို့ အရေးကြီး ပါတယ်။မီး၊ရေခိုးသူဘေးစသည့်ဘေးအန္တရာယ်ကနေမပျက်စီးအောင်စောင့် ရှောက် ရသလိုပဲ
(၁)ကာမဂုဏ်လွန်ကြူးခြင်း၊
(၂)အရက်သေစာသောက်စားခြင်း၊
(၃)လောင်းကစားကြူးလွန်ခြင်းဆိုတဲ့
ယိုပေါက်၃
ပေါက်ကနေထွက်မကျအောင်လဲ
သတိထားရမှာပါ။
ဒါကိုလည်း မြတ်ဗုဒ္ဓက ကြီးပွားတိုးတက်ခြင်းတပါးလို့ဟောကြားတော်မူပြန်ပါတယ်။
၃။ကလျာဏမိတ္တတာ
- မိတ်ကောင်းဆွေကောင်းရှိခြင်း၊
မိတ်ကောင်းဆွေကောင်းရှိခြင်းဟာ မိမိရဲ့အကျိုးစီးပွား အားလုံးကို
ပြီးစေနိုင်တယ်လို့ဗုဒ္ဓဟောကြားခဲ့ဘူးပါတယ်။လောကမှာ မိတ်ဆွေကောင်းဆိုတာ အလွန်အရေးကြီးလှပါတယ်။
ကဲဟုတ်ပြီ။ဒါဆို မိတ်ဆွေကောင်းဆိုတာဘာလဲ။ လောကရေး၊ ဓမ္မရေးတို့မှာ တိုးတက်ကြီးပွားကြောင်း
နည်းလမ်း ကောင်းများညွှန်ပြနိုင်သူကိုခေါ်ပါတယ်။တခါတရံမှာ တချို့လူတွေက မိတ်ဆွေကောင်း
ဟန်ဆောင် ပြီး မိမိကိုအတွင်းပူးသတ်သွားတာမျိုးရှိနိုင်တာမို့ ကလျာဏမိတ္တ ဖြစ်မဖြစ်ဆိုတာကိုတော့
သေချာစိစစ်ရမှာပါ။
၎။သမဇီဝိတာ - မျှမျှတတသုံးစွဲခြင်း
ဝင်ငွေကတော့အရမ်းကောင်းပါတယ်။ဒါပေမဲ့ထွက်ငွေတွေအရမ်းများနေမယ်ဆိုရင်တော့ကြီးပွားတိုးတက်လာမှာမဟုတ်ပါဘူး။ဒါကြောင့်မြတ်စွာဘုရားကငွေကြေးအ၀င်များပြီးအထွက်နည်းအောင်
မျှတစွာခြွေတာသုံးစွဲရမယ်လို့ဆိုထားတာပါ။ ဗုဒ္ဓဘာသာဟာ စီးပွားရေး၊ အိမ်ထောင်ရေးစတာတွေကို
ဖျက်ဆီးတဲ့ဝါဒမဟုတ်ဘူးဆိုတာ ဒီမှာသိနိုင်မှာပါ။ ဗုဒ္ဓကမျှမျှသုံးဆိုတဲ့နေရာမှာ ရရှိလာတဲ့ဥစ္စာကို
လေးဖို့ခွဲဝေပြီး
(၁) နှစ်ဖို့ကို ပြန်လည်အရင်းအနှီးလုပ်၊
(၂) တစ်ဖို့ကို ဝေမျှစားသုံးပြီး၊
(၃) ကျန်တစ်ဖို့ကိုတော့ စုဆောင်းကာအရေးကြုံရင်လဲသုံးလို့
မှာကြားထားပါတယ်။တကယ်လို့ အလှူဒါနပြုမယ်ဆိုရင် မိမိစားသုံးတဲ့အထဲက
ခွဲလှူရမည်လို့ဆိုပါတယ်။
ဒီလေးချက်နဲ့အညီ ကျင့်ကြံမယ်ဆိုရင် ပစ္စုပ္ပန်မှာတင် ကြီးပွားနိုင်ပါတယ်..။
written by shweyoelay
No comments:
Post a Comment