pages

Wednesday, October 24, 2012

အောင်မြင်မှုရဲ့သော့ချက်


ဘ၀မှာ အောင်မြင်ဖို့အတွက် ပထမဆုံး လိုအပ်တာကတော့ ကိုယ့်ကိုယ်ကိုယ် အပေါင်းလက္ခဏာ ယုံကြည်မှုတွေ ရှိုဖို့ပါပဲ။
သင့်ရဲ့ ယုံကြည်မှုတွေက အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ ယုံကြည်မှုတွေက သင့်ရဲ့စွမ်းဆောင်ရည်ကို အဆုံးအဖြတ်ပေးလို့ပါပဲ။
ဒါကြောင့် အခြေခံအားဖြင့်ပြောရမယ်ဆိုရင် သင့်ရဲ့ ယုံကြည်မှုတွေဟာ သင့်ကို အောင်မြင်အောင် ပြုလုပ်နိုင်သလို၊ ရှုံးနိမ့်အောင်လည်း ပြုလုပ်နိုင်ပါတယ်။
ယုံကြည်မှုတွေက ဦးနှောက်ကို အမိန့်ပေးပါတယ်။ ဒါကြောင့် သင်ဟာ ဘ၀မှာ အောင်မြင်ရမယ်၊ ပျော်ရွှင်ရမယ်၊ ချမ်းသာရမယ်လို့ ယုံကြည်တယ်ဆိုရင်ကိုပဲ တိုက်ပွဲတစ်ဝက် အောင်နိုင်ပြီးသား ဖြစ်သွားပါပြီ။ သင့်ရဲ့ ဦးနှောက်က သင့်ယုံကြည်ချက်ကို အကောင်အထည်ဖေါ်ဖို့အတွက် လုပ်ဆောင်ရမယ့်အရာတွေကို ရှာဖွေပါလိမ့်မယ်။
ဒါက ဘာကိုပြသလဲဆိုတော့ သင့်ရဲ့ယုံကြည်မှုတွေဟာ သင့်ရဲ့အမြင့်မားဆုံးစွမ်းဆောင်ရည်ကို မွေးထုတ်ဖို့ အသုံးပြုနိုင်တဲ့ အကောင်းဆုံး စွမ်းအားတွေဖြစ်တယ်ဆိုတာပါပဲ။
ကိုယ့်ကိုယ်ကိုယ် အပေါင်းလက္ခဏာယုံကြည်မှုတွေနဲ့ ခွန်အားဖြည့်ပြီး အခက်အခဲတွေကို ကျော်လွှားအောင်မြင်သွားသူတွေကို တွေ့ဖူးပါတယ်။
တိုတိုပြောရရင်တော့ လူဟာ ကိုယ်တွေးခေါ်ကြံစည်ထားတဲ့အတိုင်း တကယ်ဖြစ်ပါတယ်။
ဘ၀မှာ အောင်မြင်ရမယ်လို့ ယုံကြည်မှုရှိတဲ့လူဟာ တကယ်ပဲ အောင်မြင်ပါတယ်။
အောင်မြင်မှုအားလုံးဟာ ယုံကြည်မှုတစ်ခုမှ အစပြုပါတယ်။
Ref : Unleash Your Maximum Potential by Vincent Tan

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...