pages

Friday, October 19, 2012

အင်တာနက်အသုံးပြုသူတိုင်းသိထားသင့်သည့်အချက်များ


အင်တာနက်သုံးရင် မိမိအကောင့်ပျောက်သွားတာတွေ ဒေတာတွေအခိုးခံရတာတွေကြုံတွေရမှာပါ။
ဒါကြောင့် café သွားတော့မယ်ဆိုရင် ဒါတွေသိထားသင့်ပါတယ်။
၁။မိမိ အကောင့်သုံးတော့မယ်ဆိုရင် remember password တို့ remember my passwordတို့ရဲ့ရှေ့မှာ အမှန် ခြစ်မရှိအောင်သတိထားပါ။အမှန်ခြစ်ရှိနေရင် မိမိ password ကိုcomputer ကမှတ်သားထားမှာပါ။
          ၂။ဘယ်ဝက်ဆိုက်ထဲပဲဝင်ဝင် user name, password နဲ့ဝင်ရတာတွေမှန်သမျှ sign out,log out, တို့နဲ့ပြန်ထွက်ရမှာမို့ အမြဲတမ်းထွက်ဖို့ သတိရပါ။
          ၃။မိမိpasswordကိုလွယ်ကူတဲ့ password ပေးခြင်းမှ ရှောင်ကြည်ပါ။ မိမိသာလျှင်သိနိုင်တဲ့အကြောင်းအရာတွေရှိပါတယ်။အဲဒါတွေကို မြန်မာလိုပဲရိုက်ထည့်လိုက်ပါ။passwordကို အမြဲချိန်းပေးပါ။
          ၄။browser တခုခုထဲဝင်ရင် remember thie list စတာတွေမေးနေရင် never this list ကိုနှိပ်ခြင်းဖြင့် မှတ်သားထားခြင်းကို ကာကွယ်ပါ။
၅။IE ဘဲသုံးသုံး firefox ဘဲ သုံးသုံး အသုံးပြုပြီးရင် ctrl+shift+del နှိပ်ပြီးမိမိရဲ့အချက်အလက်ကို ရှင်းနိုင်ပါတယ်။
          ၆။တခါတရံမိမိက ၀က်ဆိုက်တခုထဲဝင်လို့ သူငယ်ချင်းတွေကိုဖိတ်ခေါ်ရန် စသဖြင့် ပြောပြီး password
တောင်းတတ်ပါတယ်။Passwordတောင်းတိုင်းမပေးမိဖို့တသိထားပါ။ပေးမိရင်လဲ Passwordကိုချိန်းဖို့သတိရပါ။
Gtalk စတာတွေကို သူ့ရဲ့ service ပေးတဲ့တိုက်ရိုက်software ကနေ၀င်ပါ။တခြားweb ပေါ်ကနေသွားခြင်းမှရှောင်ပါ။
ဥပမာfacebook icon တွေရုံနဲ့ မ၀င်ပဲ www.facebook.com ကနေ၀င်ပါ။
Gmailရဲ့ မေးလိပ်စာအတိအကျဟာ http://mail.google.com ဖြစ်ပါတယ်။ www.gmail.com ဆိုတာက သာမန်လိပ်စာလေးပါ။ ဒါကြောင့် လုံခြုံမှုအပြည့်အ၀ရတဲ့ http://mail.google.com ကနေပဲသွားပါ။
          ၇။တခြားwebsiteထဲဝင်ရင် မိမိရဲ့ အီးမေးpassword ကိုအသုံးမပြုပဲ တခြားpassword ကိုအသုံးပြုပါ။
အဲဒီ passwordတွေဟာ ပျောက်သွားရင်တောင်မှမိမိအီးမေးနဲ့ ပြန်ရှာနိုင်ပါတယ်။ဒါကြောင့်မိမိ အီးမေး password နဲ့ တခြားသောpassword များကိုတမျိုးစီပေးပါ
အင်တာနက်သုံးရင်အခက်အခဲလေးတွေတွေ့ ကြမှာပါ။
အခက်အခဲရှိနိင်သူတွေအတွက်ပါ။
Gtalk မှာအကောင့်နှစ်ခုဖွင့်လို့မရဘူးလား
တခါတလေမိမိက သူငယ်ချင်းနဲ့အတူသွားပြီးဆရာကြီးလုပ်မယ်။gtalkဖွင့်မယ်။gtalk နှစ်ခုဖွင့်မရရင်တော့
သေပြီပေါ့။ ဒီအတွက်စိတ်မပူပါနဲ့။ပထမဆုံး desktop ပေါ်က gtalk iconေ ပ်ါမှာ right click နှိပ်ပါ။preperties ကိုနှိပ်ပါ။အဲဒီထဲက target မှာ "C:\Program Files (x86)\Google\Google Talk\googletalk.exe" /startmenu ကို "C:\Program Files (x86)\Google\Google Talk\googletalk.exe" /nomutex လို့ startmenuနေရာမှာထည့်၊apply> ok ဆိုရင်ok ပြီပေါ့ဗျ။
ပြီးရင်gtalk box ကနေ စိတ်ကြိုက်သာဝင်ပေတော့ဗျို့

စိတ်ကြိုက်web page တခုတွေ့ထားပြီ ။ဘယ်လိုကူးယူမလဲ။
မိမိနှစ်သက်တဲ့ web page တခုကိုကူးချင်ရင်တော့ file>save page as (ctrl+s)နှိပ်ပြီး မိမိလိုချင်တဲ့နေရာမှာ save ပေတော့။ ပြီးရင်ဘယ်ကွန်ပျူတာမှာမဆို ဖွင့်နိုင်ပါတယ်။

ကိုယ့် gmailဘယ်သူသုံးသွားသလဲ။
Gmail ဖွင့်ပြီး page ရဲ့အောက်မှာ last account account activity ဆိုတာကိုတွေ့အောင်ရှာပြီး 
Details ကိုသာနှိပ်ပေတော့။ ဟဲဟဲ ဒါပေမဲ့ ကွန်ပျူတာ ရဲ့နာရီက မှန်သလားဆိုတာကိုတော့ သိထားဖို့လိုမယ်နော်။ ကိုယ်မသုံးပဲ သုံးထားတာတွေ့နေရင်တော့ password ကိုချိန်းထားပေတော့။

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...